အခန်း ၇၃
Vol. 5 Ch. 73
အခန်း (၇၃) စည်းမျဉ်းများနှင့် အားပြိုင်မှု
တုဇယ်ချန်းက နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အချိန်ရောက်ပြီ၊ သူတို့ လာကြတော့မယ်”
သူ ပြောပြီးသည်နှင့် အိမ်တော်ထိန်းက ရောက်လာကာ အစီရင်ခံလိုက်သည်။ "သခင်လေး... မစ္စချန်တို့ ရောက်ပါပြီ”
ကင်မရာသည် အိမ်ရှေ့တံခါးသို့ ဦးတည်သွားရာ ကားသုံးစီး ဝင်ရောက်လာသည်ကို တွေ့ရသည်။
ဧည့်သည် သုံးယောက်စလုံးက အချိန်မှန်ကြကြောင်း ဒါရိုက်တာက ဆိုသည်။
တုဇယ်ချန်းက ပြန်ပြောလိုက်သည်။ "တကယ်တော့ ကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်တွေက အချိန် အရမ်းတိကျကြတယ်။ အရေးပေါ်ကိစ္စ မရှိရင်တော့ အချိန်မှန်ကြတာပဲ။ အချိန်မှန်ခြင်းကလည်း သူဌေးကြီးတွေရဲ့ ဂုဏ်သိက္ခာ တစ်ခုပါပဲ”
ထိုစကားကြောင့် ကြည့်ရှုသူများကြားတွင် မှတ်ချက်များစွာ ထွက်ပေါ်လာသည်။
ကျွန်တော် ဆင်းရဲနေရတဲ့ အကြောင်းရင်း နောက်တစ်ခုကို ရှာတွေ့ပြန်ပြီ။ ကျွန်တော်ကတော့ ကျွန်တော် ချမ်းသာလာမဲ့ အကြောင်းရင်းကို ရှာတွေ့သွားတာ၊ အခုကစပြီး အချိန်မှန်အောင် နေတော့မယ်။
ဧည့်သည် သုံးဦးမှာ ကားပေါ်မှ ဆင်းလာကြသည်။
ချန်ရွေ့သည် အနက်ရောင် ဇာဝတ်စုံနှင့် အပေါ်မှ ကုတ်အင်္ကျီလေးကို ဝတ်ဆင်ထားပြီး တည်ငြိမ်လှပလှသည်။ သူမက ကင်မရာကို ကြည့်၍ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ ကျစ်ရှင်းအုပ်စုရဲ့ အထွေထွေမန်နေဂျာ ချန်ရွေ့ ဖြစ်ပါတယ်”
ဟောက်ယွမ်ရွေ့မှာမူ သာမန်ဝတ်စုံနှင့်ပင် ခန့်ညားထည်ဝါလှသည်။ သူက ရယ်မောလျက် ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ရိတျန့်အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဟောက်ယွမ်ရွေ့ ဖြစ်ပါတယ်”
ဖန်ခယ်မှာမူ ပို၍ ထူးခြားသည်။ သူမသည် ကိုယ်လုံးကိုယ်ပေါက် လှပသော်လည်း ယောက်ျားဆန်ဆန် ဝတ်ဆင်ထားပြီး အရှိန်အဝါ ကြီးမားလှသည်။ သူမက ပြောလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ ဟူရှင်းနည်းပညာရဲ့ အလုပ်လက်မဲ့ ဖန်ခယ် ဖြစ်ပါတယ်”
အားလုံးက သူမကို အံ့သြစွာ ကြည့်နေကြသဖြင့် ဖန်ခယ်က ပြန်ပြောလိုက်သည်။ "ထူးဆန်းလို့လား။ ကျွန်မ ချမ်းသာတာက လူဖြစ်လာဖို့ ကံကောင်းခဲ့လို့ပဲလေ”
တုဇယ်ချန်းက ရယ်မောရင်း မေးလိုက်သည်။ "ဒါဆိုရင် မင်းက မင်းရဲ့ ရိုးသားမှုကို ပြသချင်တာပေါ့လေ”
ဖန်ခယ်က ပြန်ပြောလိုက်သည်။ "ပြီးတော့ မကောင်းတဲ့ ပုံစံတစ်ခုကို ပြသဖို့ သတ္တိရှိကြောင်းလည်း ပြချင်တာပါ”
အားလုံးက ရယ်မောသွားကြသည်။ တုဇယ်ချန်းက သူတို့ကို ဖန်လုံအိမ် ပန်းစိုက်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ဖန်ခယ်က ထိုနေရာကို သဘောကျသဖြင့် မည်သူက စီစဉ်သနည်းဟု မေးလိုက်သည်။
ချန်ရွေ့က စကားပြောခွင့်ရသည်နှင့် ချက်ချင်းပင် ဝင်ပြောလိုက်သည်။ "အန်တီထန်လေ၊ သူမက ပန်းပင်တွေကို အရမ်းဝါသနာပါတာ”
ဟောက်ယွမ်ရွေ့က ပြုံးလျက် ပြောလိုက်သည်။ "မစ္စချန်နဲ့ သခင်လေးတုက တကယ် ရင်းနှီးတာပဲ။ အရင်က အမွေဆက်ခံတဲ့ ကိစ္စမှာလည်း မစ္စချန်က အများကြီး ကူညီပေးခဲ့တယ်လို့ ကြားတယ်နော်”
ချန်ရွေ့က ဆိုသည်။ "အများကြီး ကူညီတာမျိုးတော့ မဟုတ်ပါဘူး၊ အဲဒီတုန်းက သူ အမွေဆက်ခံဖို့အတွက် အခက်အခဲအချို့ ရှိခဲ့လို့ပါ"
သူမက မလိမ်ခဲ့သော်လည်း ဟောက်ယွမ်ရွေ့၏ စကားအရဆိုလျှင် သူမ ကူညီခဲ့သည်ဟု ဝန်ခံလိုက်သကဲ့သို့ ဖြစ်နေသည်။
သခင်လေးတု အခက်အခဲဖြစ်နေချိန်မှာ ရှန်ယို့ယောင်က အပြင်မှာ ရိုက်ကူးရေးသွားနေတာလေ၊ တခြားလူက ကူညီပေးရတယ်ဆိုတော့... တကယ့် အရေးကြီးတဲ့အချိန်မှာတော့ အရည်အချင်းရှိတဲ့သူကပဲ အားကိုးရတာပဲ တကယ်ကို သူတို့နှစ်ယောက်က ပိုလိုက်ဖက်နေသလိုပ။
တုဇယ်ချန်းသည် ချန်ရွေ့၏ အကြံအစည်ကို သိရှိထားပြီး သူမက အိမ်ရှင်မကောင်း တစ်ဦးကဲ့သို့ ဟန်ဆောင်နေသည်ကို မနှစ်မြို့ပေ။ သူက အေးစက်စွာပင် ပြောလိုက်သည်။
"အကူအညီပေးတာမျိုးတော့ မဟုတ်ပါဘူး၊ ကျွန်တော့်အဘိုးရဲ့ သေတမ်းစာက အကုန်လုံး အတိအကျ ရှိပြီးသားပဲလေ၊ သူမ ကူညီစရာ မလိုပါဘူး။ အခက်အခဲဆိုတာကတော့ အခုထိ ရှိနေတုန်းပဲ၊ ရှယ်ယာဈေးတွေ ကျနေတုန်းပဲလေ”
ချန်ရွေ့၏ မျက်နှာမှာ ပျက်သွားတော့သည်။ လူအများရှေ့တွင် တုဇယ်ချန်းက ယဉ်ကျေးစွာ နေလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူက တိုက်ရိုက်ပင် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
တုဇယ်ချန်းသည် ချန်ရွေ့က ရှန်ယို့ယောင်ကို နှိမ်ချရန် ကြိုးစားနေခြင်းကို သိသဖြင့် သူမအား ရှန်ယို့ယောင်နှင့် နှိုင်းယှဉ်ပြရန် ဆုံးဖြတ်လိုက်သည်။
ဒါရိုက်တာက အစီအစဉ်၏ စည်းမျဉ်းများကို ကြေညာလိုက်သည်။
"'ရှောင်းယောင် Live' ရဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့ ပြသသွားမှာပါ။ အခုကစပြီး ခင်ဗျားတို့ တစ်ဦးချင်းစီအတွက် Live အခန်းတွေ ရှိမှာဖြစ်ပြီး တစ်လတာလုံး ပြသသွားမှာ ဖြစ်ပါတယ်”
စည်းမျဉ်းမှာ တစ်ဦးလျှင် ယွမ်တစ်သိန်းစီ ပေးထားမည်ဖြစ်ပြီး တစ်လအတွင်း မိမိ၏ အရည်အချင်းဖြင့် ပိုက်ဆံရှာရမည် ဖြစ်သည်။ ပိုက်ဆံ အများဆုံးရှာနိုင်သူက ရတနာအတွက် သဲလွန်စများ ပိုမိုရရှိမည် ဖြစ်သည်။ ထို့ပြင် မိမိ၏ ဂုဏ်သတင်းကိုလည်း လူအများရှေ့၌ ပြသရမည် ဖြစ်သည်။
ရတနာက ဘာလဲဟု ဖန်ခယ်က မေးမြန်းလိုက်သည်။
ဒါရိုက်တာက လျှို့ဝှက်ထားပြီး တစ်ကမ္ဘာလုံးက အားကျရမည့်အရာ ဖြစ်ကြောင်းသာ ဆိုသည်။
ဟောက်ယွမ်ရွေ့က ကြိုးစားကြည့်ရမည်ဟု ဆိုသည်။
ချန်ရွေ့က စတင် စဉ်းစားလိုက်သည်။ သူမက ဟောက်ယွမ်ရွေ့ကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုရွေ့အတွက်ကတော့ ဒါက မခက်ဘူး ထင်တယ်၊ အစ်ကိုက ရင်းနှီးမြှုပ်နှံမှုမှာ အတော်ဆုံးပဲလေ”
ဟောက်ယွမ်ရွေ့က ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
ချန်ရွေ့က တုဇယ်ချန်းကို မေးလိုက်သည်။ "သခင်လေးတုကော ဘာလုပ်မလို့လဲ”
တုဇယ်ချန်းက စဉ်းစားရင်း ပြန်ပြောလိုက်သည်။ "ဒါတွေကို ကျွန်တော်က ဘယ်လိုလုပ် စဉ်းစားတတ်မှာလဲ။ ကျွမ်းကျင်သူကိုပဲ အပ်ရမှာပေါ့၊ ကျွန်တော်ကတော့ ဒီတစ်သိန်းနဲ့ ကျွန်တော့်ကို အကြံပေးမဲ့သူတစ်ယောက်ကို ငှားမယ်”
ချန်ရွေ့က ပြုံးလျက် ဆိုသည်။ "ကျွန်မတို့ရဲ့ Live ပလက်ဖောင်းနှစ်ခုက လက်တွဲထားတာဆိုတော့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ကြရင်ကော။ အတူတူ လက်တွဲလုပ်လို့ ရတာပဲလေ”
ဖန်ခယ်က ဖြတ်ပြောလိုက်သည်။ "ဘာလို့ လက်တွဲတယ်လို့ သုံးတာလဲ၊ Live ပလက်ဖောင်းမှာ ယောက်ျား၊ မိန်းမ ရှိလို့လား”
ချန်ရွေ့က သူမ၏ အသုံးအနှုန်း မှားသွားကြောင်းနှင့် လူအများက သူမအား တုဇယ်ချန်းနှင့် ပတ်သက်ချင်နေသည်ဟု ထင်သွားမည်ကို စိုးရိမ်သဖြင့် ပြန်လည် ရှင်းပြလိုက်သည်။ သို့သော် ဖန်ခယ်က တုဇယ်ချန်းကို ကြည့်ကာ ပြောလိုက်သည်။ "သခင်လေးတု... ကျွန်မကို ငှားလိုက်ပါ၊ ကျွန်မက ပိုပြီး စွမ်းဆောင်နိုင်ပါတယ်”
တုဇယ်ချန်းက ဖန်ခယ်ကို ကြည့်ကာ ရယ်မောလိုက်သည်။ "မင်းက တကယ်ကို မနှိမ့်ချတတ်ဘူးပဲ”
ဖန်ခယ်က ဆိုသည်။ "ဘယ်လိုလဲ၊ ရှစ်သောင်းနဲ့ ကျွန်မကို ငှားလိုက်ပါ၊ ကျန်တဲ့ နှစ်သောင်းကို အရင်းလုပ်ပြီး ရလာတဲ့ အမြတ်ကို တစ်ဝက်စီ ခွဲကြမယ်”
တုဇယ်ချန်းက စဉ်းစားပြီးမှ ပြောလိုက်သည်။ "ဒါက ကျွန်တော့်အတွက် ဆုံးရှုံးမှုကြီးပဲ၊ ပိုက်ဆံလည်း ထုတ်ရတယ်၊ အရင်းလည်း စိုက်ရတယ်၊ မင်းကတော့ ဘာမှမစိုက်ဘဲ အမြတ်တစ်ဝက် ရမှာပေါ့”
ဖန်ခယ်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။
တုဇယ်ချန်းက ရယ်မောရင်း ပြောလိုက်သည်။
"မင်းရဲ့ ဒီလို ဉာဏ်များတဲ့ စရိုက်ကြောင့်ပဲ ငါ မင်းကို ယုံလိုက်ပြီ"
ဖန်ခယ်က ပြုံးလျက် လက်ကမ်းပေးကာ ပြောလိုက်သည်။ "အလုပ်ရှင်... ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တုဇယ်ချန်းက သူမ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် အရာရာကို မင်းလက်ထဲပဲ အပ်လိုက်ပြီနော်။ တစ်ခုခု လိုအပ်တာ ရှိရင် ငါ့ဆီ တိုက်ရိုက် ပြောလို့ ရတယ်"
ထို့နောက် သူက ကင်မရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒီအရည်အချင်းကိုတော့ သံသယရှိရင် မသုံးနဲ့... သုံးရင် သံသယ မဝင်နဲ့ လို့ ခေါ်တယ်"
(ဒီဂုဏ်သိက္ခာကတော့ ပေါ်တင်ကြီး ပျင်းရိခြင်းလို့ ခေါ်မှာပေါ့)
(ဒီဖန်ခယ်ဆိုတဲ့ မမလေးကတော့ တကယ့်ကို ထက်မြက်မဲ့ပုံပဲ)
တုဇယ်ချန်းက ချန်ရွေ့နဲ့ ဟောက်ယွမ်ရွေ့ကို ကြည့်ကာ ပြောလိုက်သည်။ "ကဲ... ငါတို့နှစ်ယောက်ကတော့ အတည်ဖြစ်သွားပြီ။ မင်းတို့နှစ်ယောက်ကော... အတူတူ ပူးပေါင်းမှာလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာပဲ လုပ်မှာလား"
ချန်ရွေ့သည် ဖန်ခယ်ကို ကြည့်ကာ စိတ်ထဲမှ များစွာ မကျေမနပ် ဖြစ်နေတော့သည်။ ဖန်ခယ်က ကြားဖြတ်ဝင်နှောင့်ယှက်ပြီး သူမ၏ အစီအစဉ်များကို ဖျက်ဆီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဖန်ခယ်သည် ဖန်မိသားစု၏ အလိုလိုက်မခံရသော သမီးကြီးတစ်ဦးသာ ဖြစ်ပြီး စိတ်ကြီးကာ ရာထူးရာခံလည်း မရှိသဖြင့် ရှန်ယို့ယောင်ကို နှိမ်ချရန်အတွက် အသုံးချရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူမ ယူဆခဲ့သည်။ သို့သော် တုဇယ်ချန်းက သူမကို ရွေးချယ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ရှကျွင်းချီကို လိုက်နေတဲ့သူ မို့လို့များလားဟု သူမ တွေးနေမိသည်။
တုဇယ်ချန်းကတော့ ချန်ရွေ့ ဘာတွေ တွေးနေသည်ကို ဂရုမစိုက်ပေ။ ပူးပေါင်းဆောင်ရွက်မှု အတည်ဖြစ်သွားပြီဖြစ်ရာ ကိစ္စအဝဝကို ဖန်ခယ်ထံ အပ်နှံပြီးနောက် ရှန်ယို့ယောင်ကို ကြိုဆိုရန်အတွက် ရိုက်ကူးရေးကွင်းသို့ ထွက်ခွာခဲ့တော့သည်။
…