← Chapters

အခန်း ၇၅

Vol. 5 Ch. 75

အခန်း ၇၅

Vol. 5 Ch. 75

အခန်း (၇၅)

မနက်စာ စားပြီးနောက် ရှန်ယို့ယောင်သည် တုဇယ်ချန်းနှင့်အတူ အလုပ်သွားရန် ပြင်ဆင်လေသည်။ တုဇယ်ချန်းက သူမ၏ အိတ်ကို လူတိုင်းအား ပြသရင်း ပြောလိုက်သည်။

"ဒါက သူ့ရဲ့ နောက်ထပ် ရိုက်ကူးမဲ့ ဇာတ်ညွှန်းလေ၊ ဒါကတော့ မဟာဘွဲ့အတွက် ပြင်ဆင်နေတဲ့ စာအုပ်တွေပေါ့။ သူက MBA ဖြေဖို့ အခုကတည်းက ပြင်နေတာ၊ နောင်ဆိုရင် ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူပြီး ထမ်းပေးလိမ့်မယ်"

[ဟဲဟဲ... အခုမှ ကမန်းကတန်း ကျက်နေတာက ဘာထူးမှာလဲ။ တကယ်သာ ဝန်ထုပ်ဝန်ပိုးကို ခွဲထမ်းချင်ရင် ဘာလို့ သရုပ်ဆောင် လုပ်နေဦးမှာလဲ။ ဟန်ပြသက်သက် လုပ်နေတာ သိသာပါတယ်။]

[ဟယ်လို... မောနင်းပါ၊ ဖျက်လိုဖျက်ဆီးသမားကြီး နိုးလာပြီလား။]

[ဟားဟားဟား၊ မောနင်းပါ ဖျက်လိုဖျက်ဆီးသမားကြီးရေ။]

ဖျက်လိုဖျက်ဆီး လုပ်သူမှာ အလွန်ပင် သိသာလွန်းလှသဖြင့် ကြည့်ရှုသူ ပရိသတ်များမှာလည်း ရိပ်မိနေကြပြီ ဖြစ်သည်။ အကြောင်းပြချက် မရှိဘဲနှင့် တရားဝင် လက်ထပ်ထားသည့် သံယောဇဉ် အလွန်ခိုင်မြဲနေသော ဇနီးမောင်နှံကို မရရအောင် ခွဲခွာစေချင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပရိသတ်များမှာ ဒေါသထွက်မည့်အစား ဟာသတစ်ခုပမာသာ သဘောထားကာ ကြည့်ရှုနေကြတော့သည်။

ချန်ရှီး အဆောက်အဦအတွင်းရှိ ထန်မိသားစု လုပ်ငန်းစုမှ အမှုဆောင်များနှင့် ထိပ်တန်းပညာရှင်များမှာ တက်ကြွလန်းဆန်းလျက် ရှိကြသည်။ ဝမ်ကျန့်ဟွေးသည်လည်း ကုမ္ပဏီသို့ အထူးတလည် ရောက်ရှိနေသော်လည်း သူ၏ စိတ်အခြေအနေမှာမူ များစွာ မကောင်းလှပေ။

အကြောင်းမှာ ယမန်နေ့က တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ထန်မိသားစု၏ စတော့ရှယ်ယာ စျေးနှုန်းများမှာ ပြန်လည် မြင့်တက်လာခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် နိမိတ်ကောင်း မဟုတ်ပေ။ အာဏာကို တရားဝင် သိမ်းပိုက်လိုပါက တုဇယ်ချန်းကို အပြစ်ပြောစရာ တစ်စုံတစ်ရာ မရှိအောင် ပြုလုပ်ရပေမည်။ ထို့ကြောင့် ကိစ္စများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ရာ ယခုအခါတွင်မူ အခွင့်အရေးကောင်းတစ်ခု ရရှိလာခဲ့ပြီ ဖြစ်သည်။

ထန်မိသားစု ဥက္ကဋ္ဌရုံးခန်းအတွင်း၌ ဝမ်ကျန့်ဟွေးသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူ၏နောက်တွင် အမှုဆောင်ကြီး နှစ်ဦး မတ်တတ်ရပ်နေကြသည်။ သူသည် တုဇယ်ချန်းထက်ပင် ဥက္ကဋ္ဌ ပိုဆန်နေပြီး တုဇယ်ချန်းကို ကြည့်ကာ ပြောလိုက်သည်။

"ဥက္ကဋ္ဌလေးတုက ကျင့်မြို့က ရှန့်လန်ဝမ် ပရောဂျက်ကို မိန်းကလေး ဖန်ခယ်ဆီ လွှဲပေးမလို့ဆို"

"ဒီကိစ္စမှာ ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာ မင်း သိရဲ့လား။ ဒီလောက်ကြီးတဲ့ ကိစ္စမျိုးကို မင်း တစ်ယောက်တည်း ဆုံးဖြတ်လို့ ဘယ်ဖြစ်မလဲ။ ဒီပရောဂျက်ကို တာဝန်ယူထားတဲ့ မန်နေဂျာကျန့်က ပြင်ဆင်နေတာ ကြာလှပြီ။ ဥက္ကဋ္ဌ ဖြစ်နေရင်တောင် ဝန်ထမ်းတွေရဲ့ လုပ်အားကို ဒီလို ဗြောင်ကျကျ လုယူဖို့ မသင့်တော်ဘူး။ ဒါတင် မကသေးဘူး၊ ဒီလောက် အရေးကြီးတဲ့ ပရောဂျက်ကို မိန်းကလေးဖန်ခယ်လို လူမျိုးလက်ထဲ ထည့်ပေးလိုက်လို့ ပြဿနာတက်ရင် ဘယ်သူ တာဝန်ယူမှာလဲ"

[ဝိုး... တော်တော် ကြမ်းတာပဲ၊ ဒါ ထန်မိသားစုရဲ့ နောက်ထပ် ရှယ်ယာရှင် အကြီးစားကြီးလား။]

[ဒါပေမဲ့ တုသခင်လေး လုပ်တာကလည်း မမှန်ဘူး မဟုတ်လား။]

[ဥက္ကဋ္ဌ ဖြစ်တာနဲ့ စိတ်ကြိုက် လုပ်လို့ရမယ် ထင်နေတာ၊ အခုတော့ မဟုတ်ဘူးပဲ။]

[ဘာပဲဖြစ်ဖြစ် တုသခင်လေးကို သနားမိသား။]

[နောက်ဆုံးတော့လည်း အရည်အချင်း မရှိလို့ မထိန်းနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အစောပိုင်းမှာတော့ ကုမ္ပဏီက လူကြီးတွေ စကားကို နားထောင်ပြီး လိမ္မာသလို သင်ယူသင့်တာပေါ့။]

[ဟုတ်တယ်၊ အစီအစဉ်အရ ကိုယ့်ရဲ့ အရင်းအမြစ်တွေကို သုံးခွင့်ရှိတယ် ဆိုပေမဲ့... ဒါကတော့ နည်းနည်း လွန်သွားပြီ။]

တုဇယ်ချန်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ "ဘာပရောဂျက်လဲ"

ဝမ်ကျန့်ဟွေးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဥက္ကဋ္ဌလေးက ဘာပရောဂျက်မှန်းတောင် မသိဘဲနဲ့ တခြားလူကို ခိုင်းလိုက်တာလား။ ကလေးကစားစရာများ မှတ်နေသလား”

[လူသိရှင်ကြား ဆူခံနေရတာပဲ၊ အားနာစရာကြီး။]

[သမာသမတ်ကျကျ ပြောရရင် ဒီကိစ္စက တုသခင်လေးဘက်က မှားတာ အမှန်ပဲ။]

တုဇယ်ချန်းသည်လည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ဥက္ကဋ္ဌဝမ်... ကျွန်တော်က တခြားလူကို လုပ်ခိုင်းမယ်လို့ ဗြောင်မပြောရသေးပါဘူး။ ကျွန်တော် မသေချာသေးခင်မှာတင် ခင်ဗျားက လာပြီး ဆူပူနေတာကရော... ကလေးကစားစရာ မဆန်ဘူးလား”

ဝမ်ကျန့်ဟွေးက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ် တုဇယ်ချန်းက အေးစက်စွာ ပြောလိုက်သည်။

"ဒီကိစ္စကို ခင်ဗျား ဘယ်သူ့ဆီက ကြားလာလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ လိုက်နာရမဲ့ စည်းကမ်းတွေကိုတော့ ကျွန်တော် အားလုံး လိုက်နာမှာပါ။ ကျွန်တော် သေချာ စုံစမ်းပြီးရင် ခင်ဗျားကို ပြန်ပြီး အကြောင်းကြားပေးပါ့မယ်”

[တုသခင်လေးက ချန်မိသားစု သခင်မလေးလောက်တောင် မစွမ်းဘူး ထင်တယ်။ ချန်ရွေ့ကတော့ ကုမ္ပဏီမှာ အစစအရာရာ အောင်မြင်နေတာပဲ၊ အရှိန်အဝါလည်း ရှိတယ်။]

[တုသခင်လေးအတွက် စိုးရိမ်လာပြီ။ ကုမ္ပဏီမှာ နေရတာ သိပ်အဆင်မပြေဘူး ထင်တယ်။]

[ဒါကြောင့် ပြောတာပေါ့၊ လူကုံထံ ဖြစ်ရတာလည်း မလွယ်ပါဘူး။]

[ထန်မိသားစု လုပ်ငန်းစုက တကယ်ပဲ ရှုပ်ထွေးနေတာလား။ တုသခင်လေးတောင် မသိသေးတဲ့ ကိစ္စကို ရှယ်ယာရှင်က အတည်ပြုနေပြီဆိုတော့။]

[ဒါဆို တုသခင်လေးက ထိန်းကျောင်းနိုင်စွမ်း မရှိဘူးပေါ့လေ?]

ဤကိစ္စပြီးနောက် ယမန်နေ့က ပြန်တက်လာသော စတော့ရှယ်ယာ စျေးနှုန်းများမှာ ပြန်လည် ကျဆင်းလာပြန်သည်။

တုဇယ်ချန်းသည် ဝမ်ကျန့်ဟွေးကို ပြန်လွှတ်လိုက်ပြီးနောက် ရှောင်းမင်ကျန့်သည် ဖန်ခယ်ကို ခေါ်ဆောင်၍ ဝင်လာခဲ့သည်။ သူမက ပြဿနာ ရှာခဲ့မိမှန်း မသိဘဲ ပခုံးတွန့်ကာ ပြောလိုက်သည်။

"နင်တို့ ထန်မိသားစု ရှယ်ယာရှင်တွေက တော်တော် ခံစားလွယ်တာပဲ။ ငါက မနေ့က ပရောဂျက်အကြောင်း နည်းနည်း စပ်စုမိတာကို... လုပ်မယ်လို့တောင် မပြောရသေးဘူး၊ သူတို့က အကာအကွယ်တွေ တင်းကျပ်နေကြပြီ”

တုဇယ်ချန်း၏ စိတ်အခြေအနေမှာ များစွာ မကောင်းလှပေ။ မေးလိုက်သည်။ "အတိအကျ ဘာဖြစ်တာလဲ”

ဖန်ခယ်က အစီအစဉ် တစ်စောင်ကို ထုတ်ပေးလိုက်ရင်း ပြောလိုက်သည်။ "ဒါကို အရင် ကြည့်မလား”

တုဇယ်ချန်းသည် သူမနှင့် ရှန်ယို့ယောင်တို့ကို ခေါ်ဆောင်၍ အစည်းအဝေးခန်းငယ်တစ်ခုသို့ သွားခဲ့ကြသည်။

လျှို့ဝှက်ချက်များ ပါဝင်နေသဖြင့် ကင်မရာကို အဝေးမှသာ ရိုက်ကူးနေခြင်း ဖြစ်သည်။ ပရိသတ်များမှာ သူတို့ ဘာပြောနေကြသည်ကို မကြားရသော်လည်း တုဇယ်ချန်း၏ ပြေလျော့လာသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဆွေးနွေးမှုမှာ အဆင်ပြေနေကြောင်း သိနိုင်သည်။

ဆွေးနွေးမှုများ ပြီးဆုံးသွားချိန်တွင် ကင်မရာက အနားသို့ တိုးသွားရာ တုဇယ်ချန်း ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ဒီကိစ္စကို ငါ အစွမ်းကုန် အကောင်အထည် ဖော်ပေးမယ်”

ဖန်ခယ်က ရယ်မောလျက် ပြောလိုက်သည်။

"နင် ရှယ်ယာရှင်တွေနဲ့ အမှုဆောင်ကြီးတွေကို အမြန်ဆုံး စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိစ္စက စောစောလုပ်နိုင်လေ ကောင်းလေပဲ”

တုဇယ်ချန်းက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ” ကြည့်ရသည်မှာ ဤတာဝန်မှာ များစွာ မလွယ်ကူလှပေ။

ရှန်ယို့ယောင်က သူ၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း အသံတိတ် အားပေးလိုက်သည်။

သူ၏ အခက်အခဲများနှင့် နှိုင်းယှဉ်လိုက်ပါက ချန်ရွေ့နှင့် ဟောက်ယွမ်ရွေ့ တို့မှာ များစွာ ပိုမို လွယ်ကူနေသည်။

အစီအစဉ်မှာ ဖန်ခယ်တို့ထက် နောက်ကျမှ ထွက်လာခဲ့သော်လည်း သူတို့တွင် မည်သည့် အတားအဆီးမှ မရှိပေ။ တစ်ခုတည်းသော အခက်အခဲမှာ "ငါတို့မှာ ရင်းနှီးမြှုပ်နှံဖို့ ငွေ မလောက်ဘူး။ အနည်းဆုံး သိန်းဆယ်ဂဏန်းလောက် လိုတယ်” ဟု ချန်ရွေ့က ဆိုသည်။

ဟောက်ယွမ်ရွေ့က လက်ဟန်ပြလျက် ပြောလိုက်သည်။ "ဒါကို ငါ့လက်ထဲ အပ်ထားလိုက်။ နင်ကတော့ သွားပြီး ညှိနှိုင်းစရာ ရှိတာတွေ သွားလုပ်ထားလိုက်၊ တစ်ပတ်နေရင် သိန်းဆယ်ဂဏန်း ရစေရမယ်”

ချန်ရွေ့က သူ့အား လက်ချင်း ထိ၍ အားပေးလိုက်သည်။

ဟောက်ယွမ်ရွေ့၏ ငွေရှာနည်းမှာ ရိုးရှင်းလှသည်၊ ၎င်းမှာ စတော့ရှယ်ယာ ကစားခြင်း ဖြစ်သည်။

"ဒါပေမဲ့ ကျွမ်းကျင်သူ မဟုတ်ရင်တော့ ဒီနည်းလမ်းကို မသုံးဖို့ အကြံပေးချင်ပါတယ်”

ကင်မရာသည် ဟောက်ယွမ်ရွေ့၏ စာကြည့်ခန်းကို ရိုက်ပြလိုက်ရာ စင်တစ်ခုလုံးတွင် ဘဏ္ဍာရေးနှင့် သက်ဆိုင်သော စာအုပ်များ ပြည့်နှက်နေသည်ကို တွေ့ရသည်။

ချန်ရွေ့က ဆက်ပြောလိုက်သည်။ "အားလုံးက စတော့ကစားတာကို ငွေလွယ်လွယ်ရတယ် ထင်ကြပေမဲ့ ဒါက အန္တရာယ် အများဆုံး ကစားပွဲ တစ်ခုဆိုတာ မသိကြဘူး။ သေချာ ဂရုစိုက်ပြီး လေ့လာဖို့ လိုတယ်”

"စတော့ကစားတဲ့သူ ဆယ်ယောက်မှာ ရှစ်ယောက်က ရှုံးတာပဲလေ။ အဲဒီ ရှုံးတဲ့ ရှစ်ယောက်ကတော့ တစ်ညတွင်းချင်း သူဌေးဖြစ်ချင်တဲ့ လောင်းကစား စိတ်ဓာတ်ရှိသူတွေပဲ။ တကယ်တမ်းကျတော့ စတော့ကစားတာဟာ ငွေစီမံခန့်ခွဲတဲ့ နည်းလမ်း တစ်ခုပါပဲ။ များများရချင်ရင် များများ လေ့လာရမယ်။ အလကား ရလာတဲ့အရာ ဆိုတာ ဒီလောကမှာ မရှိဘူးလေ။ သူ အောင်မြင်တာက တက္ကသိုလ်ကတည်းက ဒါတွေကို သေချာ လေ့လာခဲ့လို့ပဲ”

သူမ၏ စကားမှာ ယုတ္တိရှိလှသဖြင့် ပရိသတ်များက သူမအပေါ် အမြင်ကောင်းလာကြသည်။

[လူကုံထံတွေမှာ ငါတို့ မရှိတဲ့ အရည်အချင်းတွေ ရှိတာကို အခုမှ သတိထားမိတော့တယ်။]

[အရင်ကတော့ သူတို့က ကံကောင်းလို့၊ ငွေရှိလို့ ငွေရှာနိုင်တာ ထင်ခဲ့တာ။ အခုမှ သူတို့က ငါတို့ထက် ပိုပြီး အမြင်ကျယ်မှန်း သိလိုက်ရတယ်။]

[လူကုံထံတွေရဲ့ ဘဝကို ကြည့်ချင်လို့ လာကြည့်တာ... အခုတော့ ဒီအစီအစဉ်က တော်တော်လေး အဓိပ္ပာယ် ရှိမှန်း သိလာရပြီ။]

[ဟုတ်ပ... အစက တုသခင်လေးကို အားကျမိပေမဲ့ အခုတော့ သူလည်း မလွယ်ဘူးဆိုတာ သိလာရပြီ။]

ပရိသတ်များ ဤသို့ ပြောရခြင်းမှာ တုဇယ်ချန်းဘက်တွင် တိုးတက်မှုမှာ အလွန်ပင် နှေးကွေးနေသောကြောင့် ဖြစ်သည်။ သူ တင်ပြလိုက်သော အစီအစဉ်ကို ရှယ်ယာရှင်များနှင့် အမှုဆောင်အမှုဆောင်များ အားလုံးက ကန့်ကွက်နေကြသည်။

[တုသခင်လေးက အာဏာမရှိတာလား။ သူ ကိုယ်တိုင် သဘောကျတဲ့ အစီအစဉ်ဆိုရင် ကောင်းမှာ သေချာတာပဲ။ ကိုယ့်အိမ်က လုပ်ငန်းကို ပျက်စီးအောင်တော့ သူ လုပ်ပါ့မလား။]

[မကောင်းလို့ ဖြစ်မှာပေါ့။ သူက လူသစ်လေ၊ ပြီးတော့ မိန်းကလေးဖန်ခယ်ကလည်း အလုပ်မရှိ အကိုင်မရှိ သမီးလေးပဲလေ။ ငါတို့လည်း အစီအစဉ်ကို မမြင်ရတော့ ဘယ်သူ သိမှာလဲ။ သူတို့နှစ်ယောက်ကပဲ ကောင်းတယ်လို့ ထင်နေတာ ဖြစ်မှာပါ။]

[ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြောရရင်... အစီအစဉ် ကောင်းရုံနဲ့တင် လုပ်လို့မရပါဘူး။ လုပ်ငန်းခွင်မှာ လူအများကြီးရဲ့ အကျိုးစီးပွားကို ကြည့်ရတယ်လေ။ ဒီအစီအစဉ် ကောင်းရင်တောင် လက်ရှိ တာဝန်ခံရဲ့ အကျိုးစီးပွားကို ထိခိုက်နေရင်တော့ အတားအဆီးတွေ ရှိမှာပဲ။ ဒါပေမဲ့ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ပါလျက်နဲ့ အတားအဆီးတွေ ဒီလောက် များနေတာကတော့ တုသခင်လေးရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပဲ။]

တုဇယ်ချန်းသည် ဤကဲ့သို့သော ရလဒ်မျိုးကို ကြိုတင် တွက်ဆထားပြီး ဖြစ်သော်လည်း လက်တွေ့တွင် လူတိုင်းက မိမိကို ဆန့်ကျင်နေသည်ကို မြင်ရသောအခါ စိတ်ထဲတွင် များစွာ ပူလောင်လာရသည်။

"ဇယ်ချန်း” ရှန်ယို့ယောင်က သူ၏ လက်ကို ကိုင်လိုက်သည်။

တုဇယ်ချန်း စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။ ဟုတ်ပါသည်၊ သူ တစ်ယောက်တည်း မဟုတ်ပေ၊ သူ့ဘေးတွင် ရှိနေပေးမည့်သူ ရှိနေသေးသည်။

တုဇယ်ချန်းသည် ရှေ့ဆုံးမှ ကန့်ကွက်နေသော မန်နေဂျာကျန့်ကို ကြည့်ကာ အေးစက်စွာ

"မင်းပေးတဲ့ အစီအစဉ်ကို ငါ ကြည့်ပြီးပြီ၊ မိန်းကလေးဖန်ခယ် ပေးတဲ့ အစီအစဉ်နဲ့ ယှဉ်ရင် အများကြီး လိုသေးတယ်။ အောင်မြင်မှု မှတ်တမ်းကိုတောင် မင်းနာမည်နဲ့ပဲ ထည့်ပေးမယ်လို့ ငါ ပြောထားသားနဲ့... မင်းက ဘာကို ကန့်ကွက်နေရတာလဲ”

ကိစ္စမှာ ရိုက်ကူးရေးအတွက် ငွေရှာရန်ဆိုသည်ထက် ပိုမို ကြီးကျယ်သွားခဲ့ပြီ ဖြစ်သည်။ အမှုဆောင်များ၏ အာဏာပြမှုများ စတင်နေပြီဖြစ်ရာ ဤသည်မှာ သူ့ကို လူအများရှေ့တွင် အရှက်ခွဲရန် တမင် ကြံစည်နေခြင်း ဖြစ်သည်။

မန်နေဂျာကျန့်ကမူ ခိုင်လုံသော အကြောင်းပြချက် မရှိသော်လည်း အခွင့်အရေးကို အသုံးချကာ ပြောလိုက်သည်။

"ဥက္ကဋ္ဌလေးတု... ကျွန်တော်က အောင်မြင်မှု မှတ်တမ်းလောက်ကို ကြည့်နေတာ မဟုတ်ပါဘူး။ ထန်မိသားစုကို အကျိုးရှိစေမယ် ဆိုရင် ကျွန်တော့်ရဲ့ ရာထူးကိုတောင် ဖယ်ပေးဖို့ အသင့်ပါပဲ။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ပရောဂျက်ကို အပြင်လူ တစ်ယောက်လက်ထဲ အလွယ်တကူ အပ်လိုက်လို့ ရှုံးနိမ့်သွားရင် ထန်မိသားစုအတွက် ဘယ်လောက် ထိခိုက်မလဲဆိုတာ စဉ်းစားဖူးရဲ့လား။ ခင်ဗျားရဲ့ သိက္ခာတင် မကဘူး၊ ရှယ်ယာရှင်တွေကလည်း ခင်ဗျားကို မယုံတော့သလို ထန်မိသားစုကိုပါ ယုံကြည်မှု ပျောက်ဆုံးကုန်လိမ့်မယ်”

သူတို့က တုဇယ်ချန်းကို ဘာမှမသိဘဲ ဝင်ရှုပ်နေသော ကျူးကျော်သူအဖြစ် ပုံဖော်နေကြခြင်း ဖြစ်သည်။

[အင်း... တုသခင်လေးက အာဏာရဖို့ အရမ်း စိတ်လောနေတာလား။ ထန်မိသားစုကို ဆက်ခံတာ ရက်ပိုင်းပဲ ရှိသေးတာလေ၊ အခုလိုမျိုး ဇွတ်လုပ်တာကတော့ မသင့်တော်ဘူး ထင်တယ်။]

[ဝန်ထမ်းတွေ ဘယ်လောက် တော်တော်၊ ခေါင်းဆောင်က မကောင်းရင်တော့ အလကားပါပဲ။ ကိုယ်တိုင် ကြုံဖူးလို့ပါ။]

သူတို့၏ အစီအစဉ်မှာ အောင်မြင်သည်ဟု ဆိုရပေမည်။ အွန်လိုင်းတွင် လူအများက ရှယ်ယာရှင်များနှင့် အမှုဆောင်များဘက်ကသာ ရပ်တည်ပြောဆိုနေကြပြီး တုဇယ်ချန်း၏ ပရိသတ် အနည်းငယ်သာ သူ့ကို ထောက်ခံနေကြသည်။

ချန်ရွေ့သည် ဤသတင်းကို ကြားလိုက်ရချိန်တွင် ဝမ်းသာသွားတော့သည်။ သူမအတွက် အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။ သူမသည် ထန်မိသားစု အဆောက်အဦသို့ တိုက်ရိုက် သွားခဲ့သည်။

တုဇယ်ချန်းမှာမူ အလွန်ပင် စိတ်ရှုပ်ထွေးနေပုံ ရသည်။

ချန်ရွေ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။ "ယို့ယောင်ကော... အိမ်ပြန်သွားပြီလား”

တုဇယ်ချန်းက သူမကို အဖက်မလုပ်ပေ။

ချန်ရွေ့ကမူ ဂရုမစိုက်ဘဲ ဆက်၍ ပြောလိုက်သည်။ "နင်က အရမ်း စိတ်လောသွားတာပဲ။ အစတုန်းက ငါ ကုမ္ပဏီ စဝင်တုန်းကလည်း ဒီလိုမျိုး အခက်အခဲတွေ ကြုံခဲ့ရတာပေါ့။ ငါ နင့်ကို နည်းလမ်းတစ်ခု သင်ပေးမယ်လေ..."

…

All Chapters