အခန်း ၈၂
Vol. 6 Ch. 82
အခန်း (၈၂)
"ဖြစ်နိုင်တယ်၊ ဖန်မိသားစုက လူကြီးနှစ်ယောက်က ယောကျ်ားလေးကို အလေးသာပြီး မိန်းကလေးကို နှိမ်တတ်ကြတာလေ။ ဖန်ခယ်က မွေးစကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရတာ။ သူ့စိတ်ကသာ နည်းနည်း မမာရင် အဲဒီအိမ်မှာ နေရတာ သိပ်လွယ်မှာ မဟုတ်ဘူး။ ကံကောင်းတာက သူ့အဘိုးဘက်က မိသားစုက အင်အားမနည်းတော့ သူတို့တွေ ဖန်ခယ်ကို ဘာမှမလုပ်ရဲကြဘူး။ ဒါပေမဲ့ သူ အောင်မြင်တာကိုတော့ လုံးဝ ကြည့်ချင်မှာ မဟုတ်ဘူး”
ချန်ရွေ့က ဖန်ခယ်ကို ဒီအစီအစဉ်မှာ ပါဝင်ဖို့ စည်းရုံးခဲ့တယ်ဆိုတာ သိကတည်းက တုဇယ်ချန်းသည် ဖန်မိသားစု၏ အခြေအနေကို အနှံ့အစပ် စုံစမ်းထားခဲ့တာ ဖြစ်သည်။
"အခု သူ အစီအစဉ်မှာ နာမည်ကြီးလာပြီး လူတွေက သူ့ကို သဘောကျလာတာ မြင်တော့ သူတို့တွေ စိုးရိမ်နေကြတာ ဖြစ်မှာပေါ့”
ရှန်ယို့ယောင်က အံ့ဩတကြီး ပြောလိုက်သည်။ "သူ့အခြေအနေက ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး..."
တုဇယ်ချန်းက ပြောလိုက်သည်။ "အင်း... သူက တော်တော်လေး စိတ်ဓာတ်မာတဲ့သူပဲ”
ရှန်ယို့ယောင်က မေးလိုက်သည်။ "ဒါဆို နောက်ကျရင် ကျွန်မတို့..."
သူမ စကားမဆုံးခင်မှာပဲ ရှကျွင်းချီဆီက ဖုန်းဝင်လာခဲ့သည်။ တုဇယ်ချန်းက စပီကာ ဖွင့်လိုက်သည်။
ရှကျွင်းချီ၏ အသံမှာ အရင်လို မနူးညံ့ဘဲ အနည်းငယ် အေးစက်နေကာ ပြောလိုက်သည်။ "ငါ ဒီရက်ပိုင်း နိုင်ငံခြားမှာ ရောက်နေတာ၊ အခုမှ လေယာဉ်ပေါ်က ဆင်းတာ။ မနက်ဖြန်ကျရင် အရင်ဆုံး ခယ်ခယ့်ကို သွားတွေ့မယ်”
တုဇယ်ချန်းက သူ့ကို စနောက်ကာ ပြောလိုက်သည်။ "ခယ်ခယ်... တော်တော်လေးတောင် ရင်းနှီးနေပါလား။ သူ့ရဲ့ အချစ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီလား”
ရှကျွင်းချီက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။ "မင်းတို့တွေက ခယ်ခယ့်ကို မရီးလို့ ခေါ်နေကြတာ ကြာလှပြီပဲ၊ ဒါက သိသာနေတာပဲ မဟုတ်လား။ မနက်ဖြန် သူ့ကို တွေ့ပြီးရင် ငါ မင်းဆီ လာခဲ့မယ်၊ ငါ့အတွက် အချိန်နည်းနည်း ဖယ်ထားပေးဦး”
တုဇယ်ချန်းက ရယ်မောဆဲဆိုလျက် ပြောလိုက်သည်။ "ငါ့မှာတော့ အလုပ်တွေနဲ့ ဗျာများနေတာကို၊ မင်းက မင်းရဲ့ အသေးအဖွဲ ကိစ္စတွေနဲ့ လာပြီး ဒုက္ခပေးနေတယ်ပေါ့လေ”
ရှကျွင်းချီကလည်း အရှုံးမပေးဘဲ ပြောလိုက်သည်။ "မင်းရဲ့ အလုပ်တွေက ငါ့ရဲ့ ဘဝတစ်ခုလုံးစာ အရေးကြီးတဲ့ ကိစ္စနဲ့ ယှဉ်လို့ရမလား။ အစွမ်းရှိရင်တော့ ငါ့ဆီ အကူအညီ မတောင်းနဲ့ပေါ့”
တုဇယ်ချန်းက ပြောလိုက်သည်။ "ဒါကို အကူအညီတောင်းတာလို့ ဘယ်လိုခေါ်မလဲ၊ တစ်ယောက်ကို တစ်ယောက် ကူညီကြတာပဲလေ”
ရှကျွင်းချီက ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ငါ့ကို စောင့်နေလိုက်”
သူတို့နှစ်ဦး၏ လေသံနှင့် အပြုအမူများမှာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ရှန်ယို့ယောင် ခံစားလိုက်ရသည်။ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသကဲ့သို့ပင်။
ထိုကိစ္စကို ပြောပြီးနောက် ရှကျွင်းချီက ထန်မိသားစု လုပ်ငန်းစု၏ အခြေအနေအပေါ် သူ၏ ထင်မြင်ချက်ကို ပြောလိုက်သည်။
"အခုတော့ မင်းက သူတို့ကို အကျပ်ရိုက်အောင် လုပ်ပြီးတော့ မင်းဘက်က အားနည်းသလို ဟန်ဆောင်နေတာဆိုတော့... သူတို့တွေ သိပ်ပြီး ကြာကြာ စောင့်နိုင်မှာ မဟုတ်တော့ဘူး။ လူတွေရော ပြင်ဆင်ပြီးပြီလား”
တုဇယ်ချန်းက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။ "အဆင်သင့်ပါပဲ”
ကိုယ်တိုင် ကြုံတွေ့ရချိန်မှသာ အဘိုးဖြစ်သူသည် သူ့အတွက် မည်မျှအထိ စဉ်းစားပေးခဲ့သည်ကို သူ သိလိုက်ရသည်။ ရှန်ယို့ယောင် ပြောပြချက်အရ အဘိုးထန်သည် တုဟုန်ရိ၏ ဖောက်ပြန်မှုကို သိရှိပြီးနောက် လပိုင်းအတွင်းမှာတင် သူ့အတွက် အစစအရာရာ လမ်းခင်းပေးခဲ့သည်ကို တွေးမိတိုင်း သူ စိတ်မကောင်း ဖြစ်ရသည်။
ရှကျွင်းချီကလည်း မနေနိုင်ဘဲ ချီးကျူးမိကာ ပြောလိုက်သည်။
"အဘိုးထန်က တကယ်ကို စေတနာကြီးလွန်းတယ်..."
တုဇယ်ချန်း တိတ်ဆိတ်သွားစဉ် ရှန်ယို့ယောင်က သူ၏ နဖူးကို အသာအယာ နမ်းလိုက်သည်။ အတူရှိခဲ့သည့် အချိန်မှာ နှစ်နာရီခန့်သာ ရှိသော်လည်း အဘိုး၏ အစီအစဉ်များကမူ သူတို့အား ရှေ့သို့ ဆက်လျှောက်နိုင်ရန် အမြဲ ဖေးမပေးနေဆဲ ဖြစ်သည်။
ရှကျွင်းချီက သူ၏ စိတ်အခြေအနေကို ရိပ်မိသဖြင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောလိုက်သည်။
"မင်းရဲ့ ဒီခြေလှမ်းက မဆိုးပါဘူး။ ထန်မိသားစု ရှယ်ယာရှင်တွေနဲ့ အမှုဆောင်ကြီးတွေက ဖိအားပေးလာကြပြီဆိုတော့ ချန်ရွေ့လည်း သူ့ရဲ့ အစစ်အမှန် ရုပ်သွင်ကို မကြာခင် ဖွင့်ပြတော့မှာပဲ”
တုဇယ်ချန်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဒါပေါ့... ငါက ဘယ်သူလဲဆိုတာ ကြည့်ဦးလေ”
ထို့နောက် ရှန်ယို့ယောင်အား ပြောလိုက်သည်။ "ငါတို့ရဲ့ တိုက်ပွဲက အခုမှ တရားဝင် စတင်တာပါ။ ကိုယ့်ရဲ့ နောက်ကျောကိုတော့ မင်းလက်ထဲပဲ အပ်ထားလိုက်မယ်နော်”
ရှန်ယို့ယောင်က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် တုဇယ်ချန်းနှင့် ဖန်ခယ်တို့ကို အားပေးနေကြသော ပရိသတ်များသည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ စောစောစီးစီး ရောက်ရှိနေကြပြီ ဖြစ်သည်။ သူမသည် မနေ့ညက မှတ်ချက်များကို ဖတ်ပြီးနောက် စိတ်အေးအေးထားကာ အခြားသူများအပေါ် အကြောင်းမဲ့ ဒေါသမထွက်ရန် သူတို့က မျှော်လင့်နေကြသည်။
သို့သော် ယနေ့တွင် ဖန်ခယ်သည် လက်ဝှေ့ မထိုးတော့ဘဲ အပြင်သို့ ထွက်ကာ လမ်းလျှောက်နေခဲ့သည်။ လူတိုင်းက စိတ်ပျက်နေကြစဉ်မှာပင် ဖန်ခယ်သည် တံခါးဝ၌ မှင်တက်သွားသည်ကို တွေ့လိုက်ရသည်။ ဓာတ်ပုံဆရာသည် ပရိသတ်များ၏ စပ်စုလိုစိတ်ကို သိရှိဟန်ဖြင့် ကင်မရာကို ဖန်ခယ်၏ အကြည့်အတိုင်း အဝေးမှ အမျိုးသားတစ်ဦးထံသို့ ပို့ဆောင်လိုက်သည်။
[ဘုရားရေ... ရှကျွင်းချီ။]
[ဝိုး... သူ တစ်ခါမှ ပေါ်မလာတော့ မိန်းကလေးဖန်ခယ်ကို စိတ်မဝင်စားဘူးလို့ ထင်နေတာ။]
[ဒီပြင်ဆင်မှုကြီးက ဘာလဲဆိုတာ ဘယ်သူများ ရှင်းပြပေးနိုင်မလဲ။]
လူတိုင်း အံ့ဩကြသည်မှာ မဆန်းပေ။ ရှကျွင်းချီသည် အလွန်ပင် ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း နှင်းဆီပန်းစည်း အကြီးကြီး တစ်ခုကို ပိုက်ထားသည်။ နံနက်စောစောစီးစီး မိန်းကလေးတစ်ယောက်၏ အိမ်ရှေ့တွင် ဤကဲ့သို့သော ပုံစံဖြင့် ပေါ်လာခြင်းမှာ အခြားသော အဓိပ္ပာယ်များစွာကို ထွက်ပေါ်စေသည် မဟုတ်ပါလား။
ဖန်ခယ်က ပြုံးလိုက်ရာ ရှကျွင်းချီသည်လည်း တောက်ပသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။ "ငါ ပြန်လာပြီ”
[ဒါဆိုရင် ဒီရက်ပိုင်း ရှကျွင်းချီက နိုင်ငံခြား ရောက်နေတာပေါ့လေ]
ဖန်ခယ်သည် အနေမခက်ဘဲ သူ့ထံသို့ ပြေးသွားကာ ဖက်ထားလိုက်ပြီး မေးလိုက်သည်။ "နင်က ငါ့ရဲ့ အချစ်ကို လက်ခံလိုက်ပြီပေါ့ ဟုတ်လား”
ရှကျွင်းချီက ပန်းများကို သူမ၏ ရင်ခွင်ထဲသို့ ထည့်ပေးပြီး ပြုံး၍ ပြောလိုက်သည်။ "အခုတော့ ကိုယ်ကပဲ မင်းကို ပြန်ပြီး လိုက်ရမဲ့ အချိန် ရောက်ပြီလေ”
ဖန်ခယ်မှာ ခေတ္တ ကြောင်သွားရသည်။ ဒါသည် သူမ မမျှော်လင့်ထားသော အရာပင်။
ရှကျွင်းချီက သူမအား ပွေ့ဖက်လိုက်ပြီး အားနာဟန်ဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ်... ငါ နောက်ကျသွားတယ်”
အမြဲတမ်း ပြတ်သားပြီး မာနကြီးလှသော ဖန်ခယ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်ကလေး တစ်ခု ပေါ်လာပြီး ငိုချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပြောလိုက်သည်။ "ရှကျွင်းချီ... နင် တကယ် ပြောနေတာလား”
ရှကျွင်းချီက သူမ၏ စိုစွတ်နေသော မျက်ဝန်းလေးများကို အသာအယာ သုတ်ပေးလိုက်ရာ ရင်ထဲတွင် သနားစိတ်များ ဖြစ်ပေါ်လာသည်။ ဤမိန်းကလေးမှာ တစ်ခါမှ ဤမျှအထိ အားငယ်သော အမူအရာမျိုး မပြခဲ့ဖူးပေ။ သူက သူမ၏ နဖူးကို နမ်းလိုက်ပြီး ပြောလိုက်သည်။ "တကယ် ပြောတာပေါ့”
ဖန်ခယ်သည် သူ၏ ရင်ခွင်ထဲသို့ တရကြမ်း တိုးဝင်လိုက်ပြီး အကျယ်ကြီး ရယ်မောလိုက်သည်။
"ငါ ဇွဲနပဲနဲ့ လိုက်ခဲ့ရတာ တကယ်ပဲ တန်သွားပြီ”
ရှကျွင်းချီက ပြုံးလျက် သူမအား ပို၍ တင်းကျပ်စွာ ဖက်လိုက်ပြီး ပြောလိုက်သည်။
"နင်က ငါ့ကို ကိုယ်ပွားလားလို့ မေးမယ် ထင်နေတာ”
ဖန်ခယ်သည် အလွန်ပင် ပျော်ရွှင်နေသဖြင့် ရှကျွင်းချီ၏ လည်ပင်းကို ဖက်ကာ ပြုံးလျက် ပြောလိုက်သည်။
"အစတုန်းကတော့ အဲဒီလို တွေးမိပြီး စိတ်မကောင်း ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ အမြင်ကို ငါ ယုံကြည်ပါတယ်။ ငါ ရွေးချယ်ထားတဲ့ ယောကျ်ားက အဲဒီလောက်အထိ အောက်တန်းမကျပါဘူး”
ရှကျွင်းချီ၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ အမြဲတမ်း တည်ငြိမ်လှသော သူသည် ရုတ်တရက် ဖန်ခယ်အား ပွေ့ချီကာ တစ်ပတ် ပတ်လိုက်ပြီး ပြောလိုက်သည်။ "ငါ ရှကျွင်းချီဟာ တကယ့်ကို ကံကောင်းတဲ့သူပါပဲ”
ဖန်ခယ်သည် သူ၏ နဖူးနှင့် သူမ၏ နဖူးကို ထိကပ်ထားရင်း အရင်ကထက် ပိုမို ပျော်ရွှင်စွာ ပြုံးနေတော့သည်။
[သက်ပြင်းကို အရှည်ကြီး ချလိုက်နိုင်ပြီ၊ ဒါဆိုရင် အစက သတင်းတွေက အမှားတွေပေါ့လေ]
[ရှကျွင်းချီက ရှန်ယို့ယောင်ကို ကာကွယ်ချင်လို့ တမင် လုပ်ပြနေတာများလား]
[တော်စမ်းပါဗျာ၊ ရှန်ယို့ယောင်ကို ကာကွယ်ဖို့ဆိုရင် ဒီလောက်အထိ လုပ်ပြနေစရာ မလိုပါဘူး။ ဒါက ဖန်ခယ်ကို လူရာဝင်အောင် လုပ်ပေးနေတာ သိသာပါတယ်။]
[အချစ်ဆိုတာ ဖုံးကွယ်လို့ မရပါဘူး၊ ငါကတော့ ဒါကို အမှန်လို့ပဲ ယုံတယ်။]
[ငါ့မှာ အတွေးတစ်ခု ရှိသေးတယ်၊ တကယ်လို့ ဖန်ခယ်က ရှန်ယို့ယောင်ကို မုန်းသွားရင်ကော... တုသခင်လေးကတော့ အဘက်ဘက်က အတိုက်ခံနေရမှာပေါ့]
[အဲဒီလောက်အထိတော့ မဟုတ်လောက်ပါဘူး။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ၊ မဟုတ်ရင်တော့ ကြောက်စရာကြီးဗျာ။ ဒီလောက်အထိ အကွက်စေ့တဲ့ လှည့်ကွက်တွေကြားမှာ တုသခင်လေးတော့ အသက်ရှူကျပ်တော့မှာပဲ။]
[တကယ်လို့သာ အဲဒီအတိုင်း ဖြစ်လာရင် တုသခင်လေးကတော့ ရှေ့မှာ ကျား၊ နောက်မှာ ကျားသစ်နဲ့ အားကိုးရာမဲ့တဲ့ အခြေအနေ ရောက်သွားမှာပေါ့။]
[တွေးကြည့်ရုံနဲ့တင် တုန်လှုပ်စရာကြီးဗျာ။]
[နောက်တစ်မျိုးလည်း ဖြစ်နိုင်သေးတာပဲ။ ရှကျွင်းချီက ဟန်ပြ လုပ်နေတာမျိုးပေါ့။ တကယ်လို့ ဖန်ခယ်က ကိုယ်ပွားဖြစ်နေတာကို သူက လက်ခံလိုက်ရင် တုဇယ်ချန်းက သူ့ကို မုန်းသွားမယ်၊ ရှန်ယို့ယောင်က သူ့ကို ရှောင်သွားမယ်၊ ဖန်ခယ်ကလည်း သူ့ကို ပြဿနာ ရှာဦးမှာလေ။ အဲဒီတော့ အားလုံးအတွက် အကောင်းဆုံးကတော့ အခုလို လုပ်လိုက်တာပဲပေါ့။]
[အမေရေ... လူကုံထံတွေရဲ့ ကမ္ဘာက တကယ် ကြောက်စရာကောင်းတယ်။ ကျွန်မကတော့ သာမန်လူပဲ လုပ်ပါတော့မယ်။]
လမ်းလျှောက်နေသော ချန်ရွေ့သည် နားကြပ်ထဲမှ သတင်းများကို ကြားလိုက်ရချိန်တွင် မျက်နှာပျက်သွားတော့သည်။ သူမသည် ဖန်ခယ်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ရှကျွင်းချီ၏ စကားကို အလွယ်တကူ ယုံကြည်လိုက်သည်တဲ့လား။ သူမက ဖန်မိသားစုမှာ နေရာမရှိတဲ့သူလေ၊ ပြဿနာရှာမှသာ လူရာဝင်တဲ့သူမျိုးကို ရှကျွင်းချီက ဘာလို့ ဒီလောက်အထိ ကောင်းပေးရမှာလဲ။ ဒါတွေ အားလုံးက တုဇယ်ချန်းနဲ့ ရှန်ယို့ယောင်တို့အတွက် လုပ်ပေးနေတာမှန်း သူမ မသိဘူးလား။ တကယ်ကို လူအပဲ၊ ဒါကြောင့်လည်း ဖန်မိသားစုမှာ နေရာမရတာပေါ့။
သို့သော် ရှကျွင်းချီ ကိုယ်တိုင်က တုဇယ်ချန်းဘက်က ရပ်တည်ပေးနေမှတော့ သူမလည်း အခြေအနေကို ပြန်ပြီး သုံးသပ်ရတော့မည်။ ရှကျွင်းချီ ဆိုသည်မှာ လူကုံထံ အသိုင်းအဝိုင်းထဲတွင် လူကော အလုပ်ပါ အမှားနည်းသူ တစ်ဦး ဖြစ်သည် မဟုတ်ပါလား။ ချန်ရွေ့၏ ထိုအတွေးမှာ အကြာကြီး မခံခဲ့ပေ။ ထန်မိသားစု ကုမ္ပဏီမှ အမှုဆောင်ကြီးများ၏ လုပ်ရပ်က သူမကို အံ့ဩစေခဲ့သည်။
မန်နေဂျာကျန့် အလုပ်ထွက်ပြီးနောက် တုဇယ်ချန်းသည် ရှန့်လန်ဝမ် ပရောဂျက်ကို သူ့လက်ထဲသို့ လွှဲပြောင်းယူလိုက်သည်။ ရှန်ယို့ယောင်သည်လည်း ဖန်ခယ်နှင့်အတူ ပရောဂျက် တည်ရှိရာသို့ သွားခဲ့သည်။ ထန်မိသားစု ဌာနချုပ်၏ အခြေအနေမှာလည်း ပိုမို တင်းမာလာခဲ့သည်။ တုဇယ်ချန်းက မန်နေဂျာကျန့်ကို ထွက်ခိုင်းလိုက်ပြီး တုဟုန်ရိ ဦးဆောင်သော ရှယ်ယာရှင်များနှင့် ဆွေးနွေးရန် ငြင်းဆိုလိုက်ပြီးနောက် အမှုဆောင်ကြီးများမှာ ကြောက်ရွံ့မည့်အစား သူ့ကို ပြန်လည် တိုက်ခိုက်လာကြတော့သည်။ ပရောဂျက် အကြောင်းအရာများကို ကြည့်ရှုရန် တောင်းဆိုချက်ကို ထပ်မံ ငြင်းပယ်ခံရပြီးနောက် တုဇယ်ချန်းသည် အမှုဆောင်ကြီး တစ်ဦးကို အလုပ်ထုတ်ရန် ထပ်မံ ပြောဆိုလိုက်သည်။
လူတိုင်းက ဤအချိန်ကို စောင့်နေကြသည့်အလား သူ၏ စကားထွက်လာသည်နှင့် ဆူညံပွက်လောရိုက်ကုန်တော့သည်။ ရှယ်ယာရှင် အများအပြားသည် ချန်ရှီး အဆောက်အဦသို့ ရောက်ရှိလာကြပြီး အမှုဆောင်ကြီးများနှင့်အတူ အစည်းအဝေးခန်းမကြီးအတွင်းသို့ စုပေါင်း သွားရောက်ခဲ့ကြသည်။ လူ ၆၀ ဆံ့သော အစည်းအဝေးခန်းမမှာ တစ်ခါမှ ဤမျှအထိ မပြည့်ဖူးခဲ့ပေ။ ထိုင်ခုံတင် မကဘဲ မတ်တတ်ရပ်နေသူများပင် ရှိနေတော့သည်။
တုဇယ်ချန်းသည် ထိုသတင်းကို ကြားသော်လည်း အစည်းအဝေးခန်းမသို့ ချက်ချင်း မသွားဘဲ ချန်ရွေ့ထံသို့ ဖုန်း အရင် ခေါ်လိုက်သည်။
ချန်ရွေ့၏ အသံမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားပြီး ပြောလိုက်သည်။
"လူ ဘယ်လောက်တောင်လဲ” သူမ ထင်ထားသည်မှာ အမှုဆောင် ၁၀ ယောက်လောက် ထွက်လျှင်ပင် အခြေအနေ ဆိုးနေပြီ ဖြစ်သော်လည်း ယခု ၄၀ နီးပါး ဆိုပါက... ထန်မိသားစု လုပ်ငန်းစုကြီးမှာ ကယ်တင်လို့ မရတော့ပေ။
တုဇယ်ချန်းက ဆက်လက်၍ ပြောလိုက်သည်။
"မင်းက နားချတဲ့နေရာမှာ တော်မှန်း ငါ သိပါတယ်။ ငါ့ကို နည်းလမ်းတစ်ခုလောက် စဉ်းစားပေးပါဦး။ ငါနဲ့ သူတို့ကြားမှာ ပြဿနာတွေက ကြီးနေပြီဆိုတော့ ငါ ပြောရင်လည်း သူတို့ နားထောင်မှာ မဟုတ်ဘူး”
မျက်နှာမပျက်ချင်လို့ ငါ့ကို လာပြီး အကူအညီတောင်းနေတာပေါ့လေ၊ ချန်ရွေ့၏ မျက်ဝန်းထဲတွင် အထင်သေးရိပ်များ ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်မူ အခက်တွေ့ဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ လူတစ်ယောက် နှစ်ယောက်ဆိုရင်တော့ ငါ ကူညီလို့ ရပါသေးတယ်။ အခုဟာက လူတွေ အများကြီးပဲလေ..." ထိုသို့ ပြောရင်း သူမက ဒေါသတကြီး ဆက်ပြောသည်။ "ငါ အစကတည်းက သတိပေးထားသားနဲ့၊ နင်ကမှ နားမထောင်တာ..."
တုဇယ်ချန်းက သူမ၏ အပြစ်တင်စကားများကို ဖြတ်ပြောလိုက်သည်။ "ငါ့ကို အပြစ်တင်ဖို့ကတော့ နောက်မှပဲ လုပ်ပါတော့။ အခုလောလောဆယ် ဒီကိစ္စကို ဖြေရှင်းဖို့က ပိုအရေးကြီးတယ်လေ။ ငါ့ကို ကူညီနိုင်မလား”
ချန်ရွေ့က တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့၊ ဒါပေမဲ့ ငါ့ဘက်မှာလည်း အရေးကြီးတဲ့ အလုပ်တစ်ခု ရှိနေလို့ ငါ ကိုယ်တိုင် သွားပြောရမယ်။ သန်ဘက်ခါကျမှ ဖြစ်မလားဟင်။ နင်ကတော့ အခြေအနေကို ခဏလောက် အချိန်ဆွဲထားလိုက်ပေါ့”
ချန်ရွေ့သည် အကွက်မြင်သူ ဖြစ်သော်လည်း အရာရာကို ဖုံးကွယ်နိုင်စွမ်း မရှိသေးပေ။ သူမသည် အနုပညာလောကတွင် ကျင်လည်ခဲ့သူ မဟုတ်သဖြင့် ကင်မရာ ဆိုသည်မှာ လူတစ်ယောက်၏ သေးငယ်သော အမူအရာလေးများကိုပါ ဖမ်းယူထားနိုင်ပြီး ပရိသတ်များက အကြိမ်ကြိမ် ပြန်လည် စစ်ဆေးနိုင်သည်ကို သူမ သတိမထားမိခဲ့ပေ။
[အမလေး... ဒါလား သူငယ်ချင်းကို စိတ်ပူပေးနေတာ။]
[ပုံကို အကြီးကြီး ချဲ့ကြည့်လိုက်တော့... သူငယ်ချင်းကို အထင်သေးနေတာ သေချာသွားပြီ။]
[မျက်လုံးကို ကြည့်ရုံနဲ့တင် သိနိုင်တယ်၊ သူက ပစ္စည်းရှိမှ ပေါင်းမဲ့သူမျိုးပဲ။]
[ကြည့်ရတာ လူကောင်းတော့ မဟုတ်ဘူး။]
[အရင်တုန်းကတော့ အကူအညီ မလိုခင်မှာ နေ့တိုင်း ပြေးလာနေတာ၊ သူများ ဆုံးရှုံးသွားမှာ စိုးရိမ်နေသလိုလိုနဲ့။ အခု ရန်သူတွေက အိမ်ရှေ့အထိ ရောက်နေပြီဆိုမှ... အချိန်ဆွဲထားပါတဲ့...]
[ဟဲဟဲ... အပြောပဲ ရှိတဲ့သူပေါ့လေ။ ကိုယ် မဖြေရှင်းနိုင်တော့ဘူး ထင်တော့ ရှောင်ထွက်သွားတာပဲ။]
ပရိသတ်များမှာ ဒေါသထွက်နေကြသည်။ အရင်က ချန်ရွေ့ကို မည်မျှအထိ ချီးကျူးခဲ့ကြစေကာမူ ယခုအခါတွင်မူ ထိုမျှအထိ ပြန်လည် ဆဲဆိုနေကြတော့သည်။ သူမက တုဇယ်ချန်းအား အလုပ်များနေသည်ဟု လိမ်ပြောပြီးနောက် ဖုန်းချလိုက်သည်နှင့် ချန်မိသားစု ကုမ္ပဏီသို့ အမြန် ပြန်သွားခဲ့သည်။ သို့သော် သူမသည် ပရိသတ်များ၏ အမြင်ကို ဂရုမစိုက်နိုင်တော့ပေ။ ထန်မိသားစု လုပ်ငန်းစုကြီး အကြီးအကျယ် တုန်လှုပ်နေချိန်တွင် အမြတ်ထုတ်ရန် စောင့်နေကြသူများကြား၌ သူမသည်လည်း အချိန်နှင့်တစ်ပြေးညီ ပါဝင်ရပေမည်။
သူမ ဘာလုပ်မည်ကို မသေချာသေးသော်လည်း စောစောက သူမ၏ အပြုအမူများက သူမသည် စေတနာမှန်နှင့် ကူညီရန် စိတ်မကူးကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထန်မိသားစု၏ အလှည့်အပြောင်းများကြားတွင် အကွက်မြင်တတ်လာသော ပရိသတ်များမှာ သူမတွင် ယုတ်မာသော အကြံအစည်များ ရှိနေသည်ဟု တွက်ဆနေကြတော့သည်။
[သူကတော့ စေတနာ မရှိတာ သေချာတယ်...]
[တကယ်လို့ ကူညီဖို့ တိုင်ပင်မလို့ ဆိုရင်လည်း တုသခင်လေးကို ဘာလို့ မပြောတာလဲ]
[သခင်လေးရေ... ကြိုးစားပါဦး။။]
[ဘယ်လိုလုပ်ကြမလဲ... ငါကတော့ ဘာနည်းလမ်းမှ စဉ်းစားလို့ မရတော့ဘူး။]
[စိတ်ပူလိုက်တာဗျာ၊ တုသခင်လေးက သနားစရာလေးပါပဲ။]
သို့သော် ဖုန်းချလိုက်သော တုဇယ်ချန်းမှာမူ လူတိုင်း ထင်ထားသကဲ့သို့ ပျာယာခတ်နေခြင်း မရှိပေ။ သူသည် ဖုန်းကို လှုပ်ယမ်းပြရင်း ကင်မရာဘက်သို့ လှည့်ကာ လှောင်ပြုံးတစ်ခု ပြုံးပြလိုက်သည်။ သူ၏ ဆိုလိုရင်းမှာ အထင်အရှားပင်။
[ဒါဆိုရင်... သူက ချန်ရွေ့ ကူညီမှာ မဟုတ်ဘူးဆိုတာကို ကြိုသိနေတာပေါ့ ဟုတ်လား]
[ဒါဆို သူက ဘာလို့ ဒီလိုမျိုး လုပ်ခဲ့တာလဲ]
[နားမလည်တော့ဘူးဗျာ၊ ဒီအစီအစဉ်ကို ကြည့်ပြီးမှ ငါက သာမန်လူ ဖြစ်ရတာ တကယ် ကံကောင်းတယ်လို့ ခံစားရတယ်။]
တုဇယ်ချန်းသည် ချန်ရွေ့ ပြောသကဲ့သို့ နှစ်ရက်လောက် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ထရပ်ကာ အစည်းအဝေးခန်းမဆီသို့ ထွက်ခွာသွားတော့သည်။
…