← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉)

လူတိုင်းက ပွဲကြည့်ဖို့ ဝိုင်းအုံလာကြလေပြီ။

ထူထပ်နေသော ညောင်ပင်ကြီးကို မော်ကြည့်လိုက်လျှင် ရွှေလင်းယုန်ကြီးနှင့် ဂျာဖယ်ကွန်သိမ်းငှက်တို့၏ အသိုက်များကို ဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။

လင်းယန်သည် ဤအသိုက်နှစ်ခုကို တည်ဆောက်ရန်အတွက် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရသည်။

ဤအိမ်နီးချင်းနှစ်ကောင် ရန်ဖြစ်ကြလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

လင်းယန်ကို မြင်သည်နှင့် ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံသည် ချက်ချင်းပင် အောက်သို့ ပျံသန်းဆင်းသက်လာကာ ဒေါသတကြီးဖြင့် စတင်တိုင်တောကြလေတော့သည်။

“ကျွိ... ကျွိ၊”

“ကွာ... ကွာ၊”

ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံ၏ စကားသံများတွင် ရွှေလင်းယုန်ကြီးအပေါ် မကျေနပ်ချက်များ အပြည့်အဝ ပါဝင်နေသည်။

ထိုအခါ ရွှေလင်းယုန်ကြီးကလည်း အရှုံးမပေးလိုစွာဖြင့် အောက်သို့ ပျံဆင်းလာခဲ့သည်။

“ကအော...”

ဤငှက်သုံးကောင်၏ ဆူညံစွာ အော်ဟစ်နေမှုများကြောင့် လင်းယန်မှာ အကြီးအကျယ် ခေါင်းကိုက်သွားရလေသည်။

သို့သော် ထိုငှက်သုံးကောင်၏ ဖရိုဖရဲ စကားသံများမှတစ်ဆင့် အတိအကျ ဘာတွေဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို သူ နားလည်သွားခဲ့သည်။

အကြမ်းဖျင်း အဓိပ္ပာယ်မှာ ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံသည် ညဉ့်နက်ပိုင်းအထိ မအိပ်ဘဲ ဘေးနားရှိ အသိုက်တွင် သီချင်းဆိုလေ့ကျင့်နေခဲ့ကြသည်။

သူတို့၏ ဆူညံသံများကြောင့် ရွှေလင်းယုန်ကြီးမှာ အနားယူ၍ မရနိုင်တော့သဖြင့် သူတို့သုံးကောင် စတင်ရန်ဖြစ်ကြခြင်းပင်။

လင်းယန်သည် ရွှေလင်းယုန်ကြီးထံမှ ကျွတ်ကျနေသော ငှက်မွေးများကို ကြည့်လိုက်ရာ ရွှေလင်းယုန်ကြီးတစ်ကောင်တည်းဖြင့် ထိုဇနီးမောင်နှံကို မယှဉ်နိုင်ခဲ့ကြောင်း ထင်ရှားနေပေသည်။

လင်းယန်က ဆူပူလိုက်သည်။

“မင်းတို့ကောင်တွေ၊ ပါးစပ်နဲ့ ရန်ဖြစ်ရင်ဖြစ်ပေါ့ ဘာလို့ အကြောင်းမဲ့ ခြေသည်းတွေကို သုံးနေကြရတာလဲ”

ရွှေလင်းယုန်ကြီးသည် သူ့တောင်ပံမှ ကျွတ်ထွက်သွားသော ငှက်မွေးများကို နှမြောတသစွာ ကြည့်ရင်း ဤငှက်နှစ်ကောင်နှင့် သီးခြားခွဲနေရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။

သူသည် ဤငှက်နှစ်ကောင်ကို လုံးဝကို ဆက်လက်သည်းမခံနိုင်တော့ပေ။

လင်းယန်က သူ့ခေါင်းကို ချော့မော့ကာ ပွတ်သပ်ပေးလိုက်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဒါက မင်းအမှားမဟုတ်ဘူးဆိုတာ ငါသိပါတယ်”

ပွဲလာကြည့်ကြသော ဒန်နီရယ်နှင့် အခြားသုံးဦးမှာမူ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်နေကြ၏။

“ဘာတွေဖြစ်နေတာလဲ၊ သူတို့ ဘာတွေပြောနေကြတာလဲဆိုတာ တစ်ယောက်ယောက် ဘာသာပြန်ပေးလို့ ရမလား”

အန်နီက ခေါင်းခါယမ်းပြလိုက်သည်။

“ငါလည်း နားမလည်ဘူး၊ ဒီမှာ လင်းယန်ကလွဲလို့ တိရစ္ဆာန်တွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့သူ ရှိသေးလို့လား”

ထို့နောက် သူတို့အားလုံးသည် ယန်အာဟူကို ဝိုင်းကြည့်လိုက်ကြသည်။

ယန်အာဟူက ခေါင်းကုတ်ရင်း ပြန်ပြောလာ၏။

“ဘာလို့ ကျွန်တော့်ကို လာကြည့်နေကြတာလဲ၊ ကျွန်တော့်မှာသာ အဲဒီလို ကောင်းကင်ဘုံကိုတ

အာခံနိုင်တဲ့ စွမ်းရည်မျိုးရှိရင် လိုက်ဖ်လွှင့်ပြီး ပစ္စည်းတွေ ရောင်းနေတာ ကြာလှပေါ့၊ အခုဆို လန်းရိုဗာကားကြီးတောင် စီးနေလောက်ပြီ”

လိုက်ဖ်လွှင့်မှုကို ကြည့်ရှုနေကြသော အွန်လိုင်းအသုံးပြုသူများမှာ ပွဲကျသွားကြလေတော့၏။

“အာဟူ၊ မင်းက တော်တော်လေး ရည်မှန်းချက် ကြီးတာပဲ”

“ဟားဟားဟားဟား၊ ရိုးရွိုက်ပဲ စီးလိုက်ပါ၊ ဘာလို့ လန်းရိုဗာကို သွားစီးနေဦးမှာလဲ”

“ပိုက်ဆံရှာချင်ရင် မင်းသူဌေးကို အရောင်းလိုက်ဖ်တွေ အများကြီး လွှင့်ခိုင်းလိုက်လေ၊ သူက အခုတလော ပစ္စည်းရောင်းဖို့ကို သိပ်စိတ်မဝင်စားဘူး၊ တစ်နေကုန် ဘာတွေ လုပ်နေမှန်းကို မသိတာ”

“ဟုတ်တယ်၊ ငါ့မိန်းမက ယူရီယာပျားရည်ကိုဝယ်ဖို့ မင်းတို့ရဲ့ လိုက်ဖ်ကို ဝင်ကြည့်ခိုင်းနေတာ၊ ပြဿနာက မင်းတို့ အခုထိ ပစ္စည်းကို စင်ပေါ်မတင်သေးတာပဲ”

“ဒီအခြေအနေကို ကြည့်ရတာ ရွှေလင်းယုန်ကြီးက သူ့ရဲ့ အိမ်နီးချင်းအသစ်တွေကို သဘောမကျလို့ ရန်ဖြစ်ကြတဲ့ပုံပဲ”

လင်းယန်သည် ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံဘက်သို့ လှည့်ကာ ဆူပူလိုက်သည်။

“မင်းတို့နှစ်ကောင်၊ အိပ်ရမယ့် ညဉ့်နက်အချိန်ကြီးမှာ ဘာလို့ ဆူညံနေရတာလဲ၊ ကိုယ်မအိပ်ဘူးဆိုရင်တောင် အိမ်နီးချင်းတွေ အနားယူတာကိုတော့ အနှောင့်အယှက်မပေးသင့်ဘူး မဟုတ်လား၊ ဒါက သူများရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးနေတာဆိုတာ သိရဲ့လား”

ဆူပူခံလိုက်ရသော ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံမှာ အနည်းငယ် မကျေမနပ်ဖြစ်သွားကြ၏။

“ကျွိ... ကျွိ”

(ညဉ့်နက်ပိုင်း သီချင်းမဆိုရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ)

(ငါတို့ ညဘက် အိပ်မပျော်ရင် ဘာလုပ်ရမှာလဲ)

(ငါတို့ရဲ့ သီချင်းဆိုသံက သဘာဝတရားကြီးရဲ့ အသံစဉ်လိုပဲ အရမ်းကို သာယာနာပျော်ဖွယ် ကောင်းတာလေ၊ ငါတို့ရဲ့ အိမ်နီးချင်းဖြစ်ရတာ သူ့အတွက် အကျိုးအမြတ်တောင် ရနေသေးတယ်)

(သူ နားမထောင်ချင်ရင် တခြားနေရာ သွားနေလို့ရတာပဲ၊ ငါတို့အနောက်ဘက်မှာ ဒီလောက်ကျယ်ပြန့်တဲ့ တောင်ပေါ်တောအုပ်ကြီး ရှိနေတာကို၊ အဲဒီမှာ သူ သွားနေလို့မရဘူးလား)

ယင်းကို ကြားလိုက်ရသောအခါ လင်းယန်သည် ဂျာဖယ်ကွန်သိမ်းငှက်ဇနီးမောင်နှံမှာ အလွန် အနိုင်ကျင့်လိုစိတ်ရှိသည်ဟု ခံစားလိုက်ရသည်

“မင်းတို့က ဒီလိုပဲ ဆက်ပြီး အကျိုးသင့်အကြောင်းသင့်မရှိဘူးဆိုရင် မင်းတို့ကို လူလုပ်ရေကန်ဘက် ပို့ပစ်လိုက်တော့မယ်”

ရွှေလင်းယုန်ကြီးမှာ အနည်းငယ် ကျေနပ်ဂုဏ်ယူသွားဟန်ပေါ်သည်။

သူ၏ငှက်မွေးများ ကျွတ်သွားရခြင်းက အချည်းနှီးတော့ မဟုတ်ပေ။

အနည်းဆုံးတော့ နှင်ထုတ်ခံရမည့်သူမှာ သူ မဟုတ်ခဲ့ပေ။

ဘေးနားရှိ ဘဲငန်းဖြူကြီးမှာမူ တရားမျှတမှုအတွက် အလွန်အမင်း ဒေါသထွက်နေလေပြီ။

(ဟုတ်တယ်၊ ဒီတုံးအတဲ့ ငှက်နှစ်ကောင်ကို မောင်းထုတ်ပစ်လိုက်)

(ငါ့အစ်ကိုကြီး အနားယူတာကိုတောင် သူတို့က အနှောင့်အယှက်ပေးရဲတယ်ပေါ့၊ သူတို့က အသက်ရှည်ရှည် မနေချင်တော့ဘူးလား)

(သူတို့ကို ဟိုးအဝေးကြီးအထိ မောင်းထုတ်ပစ်လိုက်)

လင်းယန်က ဘဲငန်းဖြူကြီး၏ ခေါင်းကို တစ်ချက်လှမ်းရိုက်လိုက်သည်

“မင်းကများ ဒီမှာ ဝင်ပြောရဲသေးတယ်ပေါ့လေ၊ အဲဒီတုန်းကသာ မင်း သူများရဲ့ဥကို သွားမခိုးခဲ့ရင် ငါက ဒီဘိုးဘေးနှစ်ကောင်နဲ့ ပတ်သက်စရာအကြောင်းရှိပါ့မလား၊

နောက်ပိုင်းကျရင် သူတို့ရဲ့ သားပေါက်လေးတွေကိုပါ ငါက ဆက်ပြီး ကျွေးမွေးစောင့်ရှောက်ပေးရဦးမှာ”

ယင်းကို တွေးမိသောအခါ လင်းယန်သည် ဘဲငန်းဖြူကြီးကို မကျေမချမ်းဖြင့် စိုက်ကြည့်လိုက်သည်။

ဤကောင်က တစ်နေကုန် ပြဿနာရှာဖို့ကသာ သိသည်။

လင်းယန်က ဆက်ပြောလာသည်။

“စကားမစပ်၊ ဒီရွှေလင်းယုန်ကြီးကလည်း မင်းခေါ်လာခဲ့တာပဲ မဟုတ်လား”

လင်းယန်မှာ ပြောစရာစကားပင် မရှိတော့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်တော့သည်။

‘ဒါက ဘယ်လိုလုပ် ဘဲငန်းဖြူကြီး ဟုတ်ရမှာလဲ'

‘ဒါက သေချာပေါက် ငါ့ဘိုးဘေးကြီးပဲ'

‘ဟိုကျားပေါက်လေးနှစ်ကောင်ကတောင် သူ့လောက် ပြဿနာမရှာဘူး'

ဘဲငန်းဖြူကြီးက သူ၏ ခေါင်းကို ပွတ်ရင်း မကျေမနပ် ဖြစ်နေလေသည်။

‘ဘာလို့ အမြဲတမ်း ငါချည်းပဲ အဆူခံ၊ အရိုက်ခံနေရတာလဲ'

‘ငါလေးက သနားစရာ ဘဲငန်းဖြူကြီး တစ်ကောင်သက်သက်ပါ၊ ငါက ဘာများ အမှားလုပ်မိလို့လဲ'

ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံမှာ မတရားအစွပ်စွဲခံရသည့်အလား ခေါင်းငိုက်စိုက်ကျသွားသော်လည်း သူတို့နှင့် သူတို့၏ဥများပါ အတူတကွ နှင်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် ထပ်မံ၍ တစ်ခွန်းမျှမပြောရဲတော့ပေ။

ဤနေရာတွင် နေထိုင်ရသည်မှာ အလွန်သက်ောင့်သက်သာရှိလှရာ သူတို့ လုံးဝ ထွက်မသွားချင်ကြပေ။

နေ့တိုင်း သောက်စရာ အရသာရှိသောရေချိုများလည်း ရှိသည်။

ထို့အပြင် ဤနေရာတွင် အစာရှာထွက်နေစဉ် မိမိတို့၏ အသိုက် ဖျက်ဆီးခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

တောထဲတွင် အင်အားကြီးမားသော ရန်သူများနှင့် ဆုံတွေ့ရမည်ကိုလည်း ပူစရာမလိုတော့ချေ။

အချုပ်အားဖြင့်ဆိုရသော် သူတို့သည် ဤနေရာရှိ နေထိုင်မှုပတ်ဝန်းကျင်ကို အလွန်အမင်း သဘောကျကျေနပ်နေကြခြင်းဖြစ်သည်။

သူတို့သည် ဤနေရာတွင် ဥတစ်ပတ်စာ ဥရန်ပင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

အကယ်၍သာ လင်းယန်သည် ဂျာဖယ်ကွန်သိမ်းငှက် ဇနီးမောင်နှံ၏ တွေးတောနေမှုများကို သိရှိသွားမည်ဆိုပါက သူတို့ကို လက်ခံမိခဲ့ခြင်းအတွက် သေချာပေါက် နောင်တရနေမည်သာ ဖြစ်သည်။

လင်းယန်က တင်းမာစွာ သတိပေးလိုက်သည်။

“မင်းတို့အားလုံး အချင်းချင်း အဆင်ပြေအောင် နေကြရမယ်၊ နောက်တစ်ခါ ဒီလို ထပ်ဖြစ်မယ်ဆိုရင် ပြဿနာရှာတဲ့သူကို လူလုပ်ရေကန်ဘက်မှာ သွားနေဖို့ ငါ ပို့ပစ်မယ်”

ရွှေလင်းယုန်ကြီးက တောင်ပံများကို ခတ်ကာ လုံးဝ ပြဿနာမရှိကြောင်း အမူအရာဖြင့် ပြသလိုက်သည်။

လင်းယန်သည် ဘဲငန်းဖြူကြီးကို စိုးရိမ်မကင်းသည့် အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“တကယ်တော့ ငါ ဒီကောင်ကြီးကို မောင်းထုတ်ပစ်ချင်နေတာ”

သို့သော် ဘဲငန်းဖြူကြီးကို သူ့မျက်စိအောက်တွင် ထားမထားပါက ဤကောင်ကြီး ရွာထဲသို့သွားကာ ပြဿနာရှာမည်ကို သူ အမြဲတမ်း စိုးရိမ်နေရသည်။

ထို့အပြင် ဤဘဲငန်းဖြူကြီးသည် နတ်ရေစင်ရေများကြိ မည်မျှအထိ ခိုးသောက်ထားခဲ့သဖြင့် ဤမျှလောက်အထိ ဉာဏ်နီဉာဏ်နက် များနေရသနည်းဆိုသည်ကိုလည်း သူ တွေးတောနေမိသည်။

အွန်လိုင်းအသုံးပြုသူများက မှတ်ချက်ပေးကြ၏။

“ဒါက အိမ်မက်ထဲကလို အေးချမ်းတဲ့ ယာတောအိမ်လေးရဲ့ ဘဝမျိုးလား”

“အမှန်တိုင်းပြောရရင် ဒီဘဲငန်းဖြူကြီးက တော်တော်လေး ရယ်ရတာပဲ”

အနီးနားတွင် ပွဲလာကြည့်နေကြသော ဒန်နီရယ်နှင့် အခြားသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

“လင်းယန်၊ ခင်ဗျားအိမ်မှာ ရွှေလင်းယုန်ကြီးက ဘယ်လိုလုပ် ရှိနေတာလဲ၊ ဒါမျိုးတွေက တီဗီဇာတ်လမ်းတွဲတွေထဲမှာပဲ ပါတယ်လို့ ကျွန်တော်ထင်ထားတာ”

“ခင်ဗျားတို့ နိုင်ငံက အခု ရွှေလင်းယုန်တွေကို အိမ်မှာ မွေးခွင့်ပြုထားတာလား၊ ဟိုဘက်က ငှက်က ဂျာဖယ်ကွန်သိမ်းငှက်လို့ ခေါ်တာမဟုတ်လား၊ ခင်ဗျားဆီမှာ တကယ်ပဲ ဒီလောက်အများကြီး ရှိနေတာလား”

အက်ဘီက ဝင်ပြောလိုက်၏။

“လင်းယန်၊ ခင်ဗျားတို့ တရုတ်စကားနဲ့ ပြောရရင် ခင်ဗျားက နတ်တမျှ အေးချမ်းတဲ့ဘဝမျိုးကို နေထိုင်နေတာပဲ”

ဒန်နီရယ်က လင်းယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“လင်းယန်၊ ဒီလောက် အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေ ရှိနေတာ၊ ဘာလို့ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာရေးအဖွဲ့ထဲကို မဝင်တာလဲ”

အွန်လိုင်းအသုံးပြုသူများက ချက်ချင်းပင် အံ့ဩတကြီး ပြောဆိုလိုက်ကြသည်။

“ဘုရားရေ၊ သူတို့က စထွင်းမာကို အခုကတည်းက စည်းရုံးနေကြပြီလား”

“ဒီတစ်ခါတော့ ခင်ဗျားတို့ ကျောက်နံရံကို ပြေးတိုက်မိပြီပဲ၊ ဘော့စ်လင်းကို လိုချင်နေတာ ခင်ဗျားတို့ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ ဒါပေမဲ့ ဘော့စ်လင်း အိမ်မက်က ယာတောအိမ်လေး ဖွင့်ဖို့လေ၊ အပြင်ထွက်ပြီး စူးစမ်းလေ့လာရေး လုပ်ဖို့မှ မဟုတ်တာ”

“သူတို့ ပြောနေတာတွေက အရမ်းရယ်ရတယ်လို့ ဘယ်သူမှ မထင်ကြဘူးလား၊ သူတို့ရဲ့ မပီကလာပီကလာ တရုတ်စကားတွေကလေ”

“အိုး၊ အခု သူတို့က တရုတ်နိုင်ငံက လူတိုင်းရဲ့အိမ်က ဒီလိုပဲလို့များ တကယ်ထင်သွားကြမလား မသိဘူးနော်”

လင်းယန်က အနည်းငယ် မတတ်သာသည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

“ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျား မြင်တဲ့အတိုင်းပဲ ကျွန်တော် ဒီနေရာကနေ ထွက်သွားလို့မရဘူး၊ ပိုပြီး တိတိကျကျ ပြောရရင် သူတို့က ကျွန်တော့်ကို ခွဲမသွားနိုင်ကြဘူးလေ၊

ကျွန်တော်သာ ထွက်သွားရင် သူတို့ကို ဂရုစိုက်ပေးမယ့်သူ မရှိတော့ဘူး”

အနာဂတ်တွင် မည်သို့ပင် ဖြစ်လာပါစေ၊ အနည်းဆုံး ယခုအချိန်တွင်တော့ ဤတိရစ္ဆာန်လေးများသည် လင်းယန်၏တာဝန်သာ ဖြစ်ပေသည်။

ဤစကားမှာ ဒန်နီရယ်၏ မျှော်လင့်ထားမှုဘောင်အတွင်း၌ ရှိနေခဲ့သော်လည်း သူ့ကို အနည်းငယ် နှမြောတသဖြစ်သွားစေခဲ့သည်။

“ကောင်းပါပြီ လင်းယန်၊ အကယ်လို့ ခင်ဗျား စိတ်ပြောင်းသွားခဲ့ရင် ကျွန်တော့်ကို အချိန်မရွေး လာရှာလို့ရတယ်”

လင်းယန်က ခေါင်းညိတ်ပြလိုက်သည်။

ထိုနေ့ရက်မျိုး ဘယ်တော့မှ ရောက်လာလိမ့်မည်မဟုတ်ဟု သူ ခံစားနေမိ၏။

လင်းယန်က မေးလိုက်သည်

“ခင်ဗျားတို့ သံရုံးကို ဘယ်တော့ပြန်ကြမှာလဲ”

ဒန်နီရယ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ကိန်းတို့ ဒီနေ့ ကျွန်တော်တို့ဆီ ဖုန်းဆက်တယ်၊ သူတို့ရဲ့ ဒဏ်ရာတွေ သက်သာဖို့ နောက်ထပ် ငါးရက်၊ ခြောက်ရက်လောက် အချိန်လိုဦးမယ်ထင်တယ်၊

ကျွန်တော်တို့ ဒီမှာ နောက်ထပ်တစ်ပတ်လောက် ဆက်နေလို့ ရမလား”

အခြားသုံးဦး၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်များ အပြည့်ရှိနေကြသည်။

သူတို့သည် ဤပျော်စရာကောင်းသော နေရာလေးမှ တကယ်ကို မထွက်ခွာချင်ကြပေ။

လင်းယန်က လွယ်လင့်တကူပင် သဘောတူလိုက်သည်။

“ဒါပေါ့ ရတာပေါ့”

‘ဒါတွေက အခမဲ့ အလုပ်သမားတွေလေ၊ အခမဲ့ လုပ်အားကို ဘယ်အရူးက ငြင်းဆန်မှာလဲ'

ဒန်နီရယ်နှင့် အခြားလေးဦးတို့၏ ကြိုးကြိုးစားစား အလုပ်လုပ်ပေးမှုကြောင့် လင်းယန်၏ စပါးများအားလုံးကို နောက်ဆုံးတွင် ရိတ်သိမ်းပြီးစီးသွားခဲ့သည်။

ဤသတင်းကို ကြားသောအခါ ပါမောက္ခထန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူသည် လင်းယန် ထမင်းလာပို့စဉ် လင်းယန်နှင့် မိနစ်အနည်းငယ်ခန့် စကားစမြည်ပြောဆိုဖြစ်ခဲ့၏။

“မင်းအိမ်မှာ နိုင်ငံခြားသား မိတ်ဆွေတချို့ တည်းနေတယ်ဆို၊ သူတို့ကို မင်းအတွက် အလုပ်ကူလုပ်ပေးဖို့ ဘယ်လိုများ စည်းရုံးလိုက်တာလဲ”

လင်းယန်၏ မျက်နှာပေါ်တွင် ခေတ္တမျှ ကြောင်အမ်းအမ်းဖြစ်သွားသည့်အမူအရာ ပေါ်လာခဲ့သည်။

“အဲဒါ စည်းရုံးဖို့ လိုလို့လား”

“သူတို့က ကျွန်တော့်ကိုတောင် ပိုက်ဆံပေးပြီး စာရင်းသွင်းချင်လို့ တောင်းဆိုနေကြတာ”

ပါမောက္ခထန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“ငါတို့ဘက်မှာလည်း တော်တော်လေး ပြီးနေပါပြီ၊ မနက်ဖြန်လောက်ဆိုရင် အကုန်ပြီးပြီ”

“ပြီးခဲ့တဲ့တစ်ခေါက်က မင်းရဲ့ အကြံပြုချက်ကို ငါ တခြားပါမောက္ခနှစ်ယောက်နဲ့ ဆွေးနွေးကြည့်တော့ သူတို့အားလုံးက ဒါကို တကယ်ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြတယ်၊ အခုဆို လက်တွေ့ အကောင်အထည်ဖော်နေပြီလေ”

“အကယ်လို့ စပါးမျိုးစေ့တွေကလည်း မျိုးဗီဇပြောင်းလဲတဲ့ အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုရင် မင်းတို့ရဲ့ ရှီးရွှေရွာလေးက အနာဂတ်မှာ စိုက်ပျိုးရေးအခြေစိုက်စခန်းတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်၊

အဲဒီလိုဆိုရင်တော့ စိုက်ပျိုးရေးဗျူရိုက မင်းတို့ ရှီးရွှေရွာကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေတွေ သေချာပေါက်ချထားပေးမှာပဲ”

ဤသတင်းကောင်းကို ကြားလိုက်ရသဖြင့် လင်းယန်မှာ သဘာဝကျကျပင် အလွန်ဝမ်းသာသွားခဲ့သည်။

သူသည် ဤဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေးဖြစ်သည့် ရှီးရွှေရွာတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။

ယခုအခါ ဤတောင်ပေါ်ရွာလေးသည် သူ၏လုပ်ရပ်သေးသေးလေးတစ်ခုကြောင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ရာ ဤရွာ၏ ရွာသားတစ်ဦးအနေဖြင့် သူ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေမိတော့သည်။

လင်းယန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ပါမောက္ခထန်၊ ပြီးတော့ ကျွန်တော့်ကိုယ်စား ပါမောက္ခချောင်နဲ့ နောက်ထပ် ပါမောက္ခထန်ကိုလည်း ကျေးဇူးတင်ပေးပါဦး၊

ခင်ဗျားတို့သာ မရှိခဲ့ရင် ကျွန်တော်တို့ရဲ့ ရှီးရွှေရွာလေးက ဘယ်တော့များမှ ဖွံ့ဖြိုးတိုးတက်လာမယ် မသိဘူး”

All Chapters