← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ( ၇၃ ) – လက်ရဖမ်းဆီးခြင်း

[ယွီချွမ် : ဟုတ်ပါပြီ။ နားလည်ပါပြီ]

သူ ဖတ်ခဲ့သော စာအုပ်များ၏ အကြောင်းအရာသည် လုံးဝ မမှန်ကန်ပုံရသည်။

အနည်းဆုံး သူမအတွက်တော့ ၎င်းတို့သည် လုံးဝ အသုံးမဝင်သည့်အပြင် သူမသည် သူ့ကို ပုံမှန်မဟုတ်ဟုပင် ခံစားစေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူသည် ရိုးရာပုံပြင်စာအုပ်အချို့ကို ကြည့်ရှုပြီး ၎င်းတို့မှ သင်ယူစရာတစ်ခုခု ရှိ မရှိ ကြည့်ရှုနိုင်သည်။

[ချင်းယီ : အရင်လိုပဲ စကားပြောကြရအောင်]

[ချင်းယီ : နောက်နှစ်ပတ်မှာ ကျွန်မရဲ့ နှစ်ဝက်စာမေးပွဲရှိသေးတယ်။ ဒီနှစ် စာသင်ချိန်တွေက အချိန်ကုန်တာ အရမ်းမြန်တယ်လို့ ခံစားရတယ်။]

[ချင်းယီ : အဲဒါတွေအတွက် ကြိုးကြိုးစားစား လေ့လာဖို့ လိုတယ်၊ ပြီးတော့ ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်တယ်။]

သူမ၏ သင်တန်းချိန်များသည် မပြီးဆုံးသေးသောကြောင့် သူမ ကြိုးစားအားထုတ်ရန် လိုအပ်သည်။

[ယွီချွမ် : မင်း သေချာပေါက် လုပ်နိုင်မှာပါ]

ချင်ယွီချွမ်သည် ဖုန့်ချင်းယီ၏ အမှတ်များကို စိုးရိမ်ပူပန်ခြင်း မရှိသော်လည်း သူမသည် သူမ၏ ပညာရေးအခြေအနေကို သူ့အား မပြောပြခဲ့ပေ။

သို့သော် သူ၏ နေ့စဉ် စောင့်ကြည့်မှုများမှ သူမ၌ ကိုယ်ပိုင်အစီအစဉ်များ ရှိကြောင်း သူသိသည်။

ပြီးတော့ သူမက သူမ လုပ်ဆောင်နေတဲ့အရာတွေအပေါ်ကို အလွန်အာရုံစိုက်တတ်တဲ့အတွက် သူ့မှာ သူမအပေါ် ယုံကြည်မှုရှိတယ်။

ဖုန့်ချင်းယီသည် သူမ၏ နှစ်ဝက်စာမေးပွဲများနှင့် အလုပ်များနေစဉ် ချင်ယွီချွမ်သည် ချိုးထုန်ဖူ၏ ကိစ္စကို စုံစမ်းစစ်ဆေးခြင်းကို အပြီးသတ်လုနီးပါး ဖြစ်နေသည်။

ချင်ယွီချွမ်သည် ရွှမ်းယွမ်ရှန့်နှင့် တွေ့ဆုံရန် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ချင်ယွီချွမ် တင်ပြသော သက်သေကို မြင်သောအခါ ရွှမ်းယွမ်ရှန့်သည် အလွန်အမျက်ထွက်သွားခဲ့သည်။

ရွှမ်းယွမ်ရှန့်သည် သူ အားကိုးခဲ့သော အမတ်ချုပ်ကြီးသည် ရှင်းကျန်းတောင်ပိုင်းမှ စေလွှတ်သော သူလျှိုဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် သူ၏ ဩဇာအာဏာသည် နန်းတွင်း၌ အမြစ်တွယ်နေပြီး ၎င်းကို တစ်ကြိမ်တည်းဖြင့် လုံးဝ ချေမှုန်းရန် မဖြစ်နိုင်ပေ။

မင်းဆက် နှစ်ဆက်တိုင်တိုင် တာဝန်ထမ်းဆောင်နေသည့် တိုင်းပြည်၏ အရေးပါသော အမတ်ချုပ်ကြီးသည် တကယ်တမ်းမှာတော့ အခြားတိုင်းပြည်မှ စေလွှတ်ထားခဲ့သော သူလျှိုတစ်ဦး ဖြစ်နေခဲ့သည်။ သူတင်မကဘဲ သူ့ခမည်းတော် ယခင်ဧကရာဇ်သည်လည်း ဒါကို သတိမထားမိခဲ့ဘူး။

ဤအရာသည် အလွန်နက်ရှိုင်းစွာ ဝှက်ထားခဲ့ပြီး နန်းတော်ကို ရှင်းလင်းရမည်ဖြစ်သည်။

"ယွီချွမ်က ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။"

ချင်ယွီချွမ်သည် ခဏတာ စဉ်းစားပြီး "အရှင်မင်းကြီး ကိုယ်တိုင် ဆင်ခြင်သုံးသပ်ပြီးသားလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ကျွန်တော်မျိုးက စစ်သူကြီးတစ်ယောက်ဖြစ်တာကြောင့် အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါ့မယ်" ဟု ပြောသည်။

ရွှမ်းယွမ်ရှန့်: "ချိုးထုန်ဖူကို ချက်ချင်း ဖမ်းဆီးပြီး သူ့ရဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတွေကို လူအများသိအောင် ဖော်ထုတ်ဖို့ ငါ အမိန့်ပေးတယ်"

"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်" ချင်ယွီချွမ်သည် ယန်ရှင်းခန်းမ၏ တံခါးသို့ လျှောက်သွားစဉ် ရွှမ်းယွမ်ရှန့်ကို လှည့်ကြည့်ကာ "အရှင်မင်းကြီး အလှတရားထောင်ချောက်မှာ မနစ်မွန်းနေဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

ရွှမ်းယွမ်ရှန့်သည် အလွန်ဒေါသထွက်နေပြီး ချင်ယွီချွမ်၏ နောက်ဆုံးစကားကို ကြားသောအခါ သူ၏ လက်ဖက်ရည်ခွက်ကို မြေပြင်သို့ ပစ်ချလိုက်သည်။

"ကျီတန်၊ သူ ဘာကို ဆိုလိုတာလဲ။ သူက ငါ ပေါ့ဆတာကြောင့် တိုင်းပြည်ကို လမ်းမှားရောက်စေတယ်လို့ ဆိုလိုချင်တာလား။"

ကျီတန်သည် တုန်ယင်စွာ ရပ်နေပြီး "စစ်သူကြီးချင်က တစ်ခုခုသိထားပုံပေါ်တယ်" ဟု ပြောသည်။

"ယန်အာရဲ့ အကြောင်း ပြောနေတာလား။ ငါ့ရဲ့ မိသားစုကိစ္စတွေမှာ ဝင်ပါဖို့ သူ့မှာ အခွင့်အရေး မရှိဘူးလေ"

"အရှင်မင်းကြီးပြောတာ မှန်ပါတယ်" ကျီတန်က သဘောတူထောက်ခံလိုက်သည်။

ဤစစ်သူကြီးသည် အခြေအနေကို နားမလည်ပုံရသည်။ အရှင်မင်းကြီးသည် တော်ဝင်ကိုယ်လုပ်တော်ယန်ကို နှစ်သက်ပြီး သူမကို မိဖုရားအဖြစ် တင်မြှောက်လိုသည်။

ထိုအတွက် သူသည် နန်းတွင်းအရာရှိများ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ သူမအား အဆင့်မြင့်အရာရှိတစ်ဦး၏ မွေးစားသမီးအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခု သူတို့သည် သူမ သားတော်တစ်ပါးကို မွေးဖွားလာရန် စောင့်ဆိုင်းနေကြသည်။

ချင်ယွီချွမ်သည် သူ၏ တပ်များကို ဦးဆောင်ကာ အမတ်ချုပ်ကြီး၏ အိမ်တော်ကို ဝိုင်းရံလိုက်သောကြောင့် ရှန်ကျင်းမြို့တော် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။

ချိုးထုန်ဖူသည် ဂုဏ်သတင်းကောင်းမွန်ပြီး ပြည်သူများအတွက် ရှေ့ထွက်ရပ်တည်ပေးခြင်းများ ပြုလုပ်ပေးသောကြောင့် ပြည်သူများက အလွန်ချစ်ခင်ကြသည်။

ယခုတစ်ကြိမ်တွင် လူအုပ်ကြီး စုရုံးရောက်ရှိလာပြီး အရာရှိများအား သူ့ကို ပြန်လွှတ်ပေးရန် အော်ဟစ်တောင်းဆိုကြသည်။

သို့သော် ချင်ယွီချွမ်သည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ဘဲ အမတ်ချုပ်ကြီး၏ အိမ်တော်ကို တိုက်ရိုက်ရှာဖွေရန် အမိန့်ပေးကာ မိသားစုဝင်အားလုံးကို ဖမ်းဆီးကာ ထောင်ထဲသို့ ပို့လိုက်သည်။

"စစ်သူကြီးချင်၊ ဒီလိုလုပ်တာ ဘာကို ရည်ရွယ်လဲ မသိဘူး" အသက်ငါးဆယ်နီးပါးရှိပြီး စိတ်ဓာတ်ထက်သန်သော ချိုးထုန်ဖူသည် ထောင်သွင်းအကျဉ်းချခံထားရသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။

ချွင်ယွီချွမ် : "ခင်ဗျား ကျွန်တော့်ကို ဒီလို မေးတာက အဓိပ္ပာယ်မရှိဘူး။ ကျွန်တော် အမိန့်အတိုင်း ဆောင်ရွက်ရတာပါ။"

"စစ်သူကြီးချင်က ဘယ်သူ့အမိန့်ကို နာခံနေတာလဲ။" ချိုးထုန်ဖူက မေးသည်။

ချင်ယွီချွမ်သည် သူ့ကို လျစ်လျူရှုကာ အခန်းမှ ထွက်သွားသည်။

သူသည် ဖမ်းဆီးခြင်းအတွက်သာ တာဝန်ရှိသည်။ စစ်ဆေးမေးမြန်းခြင်းနှင့် ပတ်သက်၍ ရွှမ်းယွမ်ရှန့်က သူ့ကို ယုံကြည်မည် မဟုတ်ပေ။

သူသည် ထိုအုတ်အော်သောင်းတင်းတွင် ပါဝင်ဖို့ ရည်ရွယ်ချက် မရှိပါ။ သက်သေများသည် ခိုင်လုံပြီး ချိုးထုန်ဖူတွင် အငြင်းအခုံပြုရန် နည်းလမ်း မရှိပေ။

သို့သော် ရွှမ်းယွမ်ရှန့်က သူ့ကို မည်သို့ ကိုင်တွယ်မည်ကို မသိရသေးပေ။ သို့သော် ချင်ယွီချွမ်သည် ဒါကို စိုးရိမ်ရန် မလိုပေ။

ရွှမ်းယွမ်ရှန့်သည် သူ၏ အာဏာကို လုံခြုံစေလိုပါက အခြားနိုင်ငံမှ သူလျှိုတစ်ဦးကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

ဒါပေမယ့် နန်းတော်ထဲက အမျိုးသမီးက သူ့အကြံဉာဏ်ကို နားထောင်မှာလားဆိုတာကိုတော့ မသေချာဘူး။

သူသည် တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးဖြစ်ကာ နောင်တမရလိုပါ။

ချင်ယွီချွမ် အိမ်ပြန်ရောက်သောအခါ အိမ်ကနေ ပြန်ထွက်သွားတော့မည့် နာမူချီနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သည်။

"ဒီနေ့ ဘာသတင်းပို့စရာ ရှိလို့လဲ။"

နာမူချီက အသံကို နှိမ့်ပြီး "စစ်သူကြီး၊ ရှင်းကျန်းတောင်ပိုင်းက စေလွှတ်လိုက်တဲ့ လူတွေက အရမ်းသတိကြီးကြတယ်၊ ပြီးတော့ နေရာအနှံ့အပြားမှာ ပြန့်ကျဲနေကြတယ်" ဟု ပြောသည်။

"တချို့က ကျူးကျစ်လမ်းကြားမှာ ပုန်းနေတယ်၊ တချို့က လင်ဟွမ်မှာ ပုန်းအောင်းနေပြီး တချို့ကိုတော့ မတွေ့သေးဘူး။ အခုအချိန်မှာ ချိုးထုန်ဖူကနေ စတင်တာက အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော်ထင်တယ်"

ချွင်ယွီချွမ် : "မင်း သူ့ကို နားလည်မှုအပေါ် မူတည်ပြီး သူက ပြောပြမယ်လို့ ထင်လား။"

နာမူချီက သူ၏ အမြင်များကို မျှဝေသည် "ကျွန်တော် အဲဒီပညာရှင်တွေကို မရင်းနှီးဘူး၊ ပြီးတော့ ချိုးထုန်ဖူနဲ့လည်း အဆက်အဆံ သိပ်မရှိဘူး"

"ဒါပေမဲ့ သူက အချိန်အတော်ကြာ အင်အားကြီးတဲ့ အရာရှိတစ်ယောက် ဖြစ်ခဲ့တာ ဆိုတော့ သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး။ သူ့ကို စကားပြောအောင် လုပ်ဖို့ မလွယ်ဘူးလို့ ကျွန်တော် ထင်တယ်"

ချင်ယွီချွမ်သည် နာမူချီ၏ အတွေးများနှင့် သဘောတူသည်။ ချိုးထုန်ဖူသည် နှစ်သုံးဆယ်ကျော် ထျန်းချီတိုင်းပြည်တွင် ပုန်းအောင်းနေနိုင်ခဲ့သောကြောင့် သူ့ကို လျှော့တွက်၍ မရပေ။

ကျန်ရှိသော ရှင်းကျန်းတောင်ပိုင်းမှ လူများ၏ ပုန်းခိုရာနေရာများကို သူ့ထံမှ သိရှိရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။

"ဒါဆို ငါတို့ တွေ့ထားတဲ့သူတွေကို အရင်ရှင်းခိုင်းပြီး ကျန်တာတွေကို ဆက်လက်စုံစမ်းကြစို့"

"နားလည်ပါတယ်၊ ဒါပေမဲ့ စစ်သူကြီးက ချိုးထုန်ဖူနဲ့ ရှင်းကျန်းတောင်ပိုင်းကလူတွေရဲ့ ဆက်စပ်မှုကို ဘယ်လိုသိခဲ့လဲဆိုတာ ကျွန်တော် နားမလည်ဘူး"

နာမူချီသည် နှစ်သုံးဆယ်ကျော် ထျန်းချီတွင် ပုန်းအောင်းနေသော ချိုးထုန်ဖူကို ရှာဖွေတွေ့ရှိရန် အလွန်လွယ်ကူလိမ့်မည်ဟု မထင်ပါ။

သူသည် ရှန်ကျင်းတွင် ဂုဏ်သတင်းကောင်းမွန်ပြီး ပြည်သူများကလည်း ချစ်ခင်ကြသည်။

သူသည် ကြင်နာတတ်သော မျက်နှာနှင့်လည်း ပြည့်စုံသည်။

သာမန်လူများက သူ့ရဲ့ အစစ်အမှန်ကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ချင်ယွီချွမ်က သူ့ကို တိကျစွာ ရှာဖွေတွေ့ရှိနိုင်ဖို့ နာမူချီ မသိသော အရာအချို့ သေချာပေါက် ရှိရမည်။

"ငါ မင်းသားရှန်းရဲ့ အိမ်တော်ကို သွားခဲ့တယ်" ချင်ယွီချွမ်လည်း နာမူချီ ဘာတွေးနေလဲ သိပြီး သူကိုယ်တိုင်လည်း ရှုပ်ထွေးနေသည်။

ရွှမ်းယွမ်ယန်သည် ချိုးထုန်ဖူနှင့် ရှင်းကျန်းတောင်ပိုင်း၏ ဆက်စပ်မှုကို အဘယ်ကြောင့် သိရသနည်း၊ ဤအရာတွင် သူ၏ အခန်းကဏ္ဍကား အဘယ်နည်း။

နာမူချီ: "မင်းသားရှန်းက မျက်မမြင်ဖြစ်ပြီး သူ့အိမ်တော်မှာပဲ ပိတ်လှောင်ခံထားရတာ မဟုတ်ဘူးလား။"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ အနည်းဆုံး သူက ငါတို့အပေါ် ဘာမှ မလုပ်ဘူး" ဒီလောက်တော့ သူ ရှင်းရှင်းလင်းလင်း သိပေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးက သူ့ကို လျှော့မတွက်သင့်ဘူး။ အရင်က ဘယ်လောက် ရင်းနှီးခဲ့ပါစေ၊ အချိန်က အရာအားလုံးကို ပြောင်းလဲစေတယ်"

"သူ အခု ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိဘူး၊ စစ်သူကြီးက ဘယ်သူ့ကိုမှ အလွယ်တကူ မယုံသင့်ဘူး"

နာမူချီ၏ စိတ်ထဲတွင် ချင်ယွီချွမ်၏ အသက်သည် အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးပြီး သူ့ကို မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့စေလိုပေ။

ချင်ယွီချွမ်က ခေါင်းညိတ်ပြီး "သိပါတယ်" ဟု ပြောသည်။

"စစ်သူကြီး သတိဝီရိယရှိသရွေ့ အဆင်ပြေပါလိမ့်မယ်။ ကျွန်တော် အခု သွားလိုက်ပါဦးမယ်" နာမူချီက အလျင်အမြန် ထွက်သွားသည်။

ချင်ယွီချွမ်သည် အဝတ်အစားလဲပြီးနောက် ရွှမ်းယွမ်ရှီ၏ ခြံဝင်းဆီသို့ သွားခဲ့သည်။

ပိုင်ဝေသည် ချင်ယွီချွမ်ကို အဝေးမှ မြင်လိုက်ပြီး "မင်းသမီး၊ စစ်သူကြီး ရောက်လာတယ်" ဟု အော်ပြောသည်။

ရွှမ်းယွမ်ရှီသည် အလျင်အမြန် ထရပ်ပြီး တံခါးမှ လျှောက်ထွက်ခဲ့သည်။ ဤရက်ပိုင်းအတွင်း ချင်ယွီချွမ်သည် မကြာခဏ အပြင်ထွက်နေသောကြောင့် သူမသည် သူ့ကို တွေ့ရန် အခွင့်အရေးများစွာ မရရှိခဲ့ပေ။

"အမေကို အရိုအသေပေးပါတယ်။"

ရွှမ်းယွမ်ရှီက အလျင်အမြန် ပြောသည်။ "ယွီချွမ် ရောက်လာပြီလား၊ ထိုင်ပါဦး။ ပိုင်ဝေ၊ လက်ဖက်ရည် ပြင်ပေးပါဦး"

"အမေ၊ ဒီနေ့ ကျွန်တော် အမေ့ဆီ ကိစ္စတချို့ မေးမြန်းဖို့ လာခဲ့တာပါ" ချင်ယွီချွှမ်က ပြောသည်။

ရွှမ်းယွမ်ရှီက ခေါင်းညိတ်ပြီး " ယွီချွမ်၊ မင်း သိချင်တာ ဘာပဲဖြစ်ဖြစ် အမေ့ကို တိုက်ရိုက်မေးလို့ ရတယ်။ ငါသိတာမှန်သမျှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး" ဟု ပြောသည်။

"အမေ၊ မကြာသေးခင်နှစ်တွေအတွင်း မင်းသားရှန်းရဲ့ အကြောင်း ဘာသိထားလဲ။" ချင်ယွီချွှမ်က မေးသည်။

ရွှမ်းယွမ်ရှီသည် အတော်ကြာ စဉ်းစားပြီးမှ "ဒီနှစ်တွေမှာ သူ ငါအပါအဝင် ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး" ဟု ပြောသည်။

***

All Chapters