အခန်း ၉၆
Vol. 10 Ch. 96
အခန်း ( ၉၆ ) - ချင်းယီကိုယ်မင်းကို ချစ်တယ်
"ဘာလို့ တောင်းပန်တာလဲ။ တမင်လုပ်တာ မဟုတ်ဘူးဆိုတာ မင်း သိတာပဲ။" ချင်ယွီချွမ်ရဲ့ အသံက အနည်းငယ် တိုးလျသည်။
ဖုန့်ချင်းယီဟာ သူ့စကားကြောင့် အနည်းငယ် ရှုပ်ထွေးသွားသည်။ "တမင်” ဟု ဆိုလိုတာ ဘာလဲ။
သူမ ဒီနေ့ သူ့အကြောင်း တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။
"ချင်းယီ၊ကိုယ် အရင်က ကြိုက်နေတဲ့သူ တစ်ယောက်ရှိတယ်လို့ ပြောခဲ့ဖူးတာ မှတ်မိလား။"
ဖုန့်ချင်းယီက ခေါင်းညိတ်လိုက်သည်၊ "မှတ်မိတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ရှင် ကျွန်မကို အဲ့တာက စနောက်နေတာပဲလို့ မပြောဘူးလား။"
"စနောက်တယ်ဆိုတာက အကြောင်းပြချက်တစ်ခုပဲ။ကိုယ် အဲဒီလို မပြောခဲ့ရင် မင်းကိုယ်နဲ့ အရင်အတိုင်း ဆက်ဆံနေဦးမှာလား။"
ဖုန့်ချင်းယီဟာ သူ့ကို လှည့်ကြည့်ပြီး "ရှင် ဘာကို ဆိုလိုတာလဲ။" ဟု မေးလိုက်သည်။
"မင်း သိတယ်လို့ ကိုယ် ထင်ခဲ့တာ။"
ချင်ယွီချွမ်ဟာ ဖုန့်ချင်းယီရဲ့ မျက်လုံးတွေကို စူးစိုက်ကြည့်နေသည်။
"ဘာသိရမှာလဲ။" ဖုန့်ချင်းယီဟာ ဘေးကို အနည်းငယ် ရွှေ့လိုက်သည်။
သူမ နည်းနည်းလေး ရွှေ့လိုက်တာနဲ့ ချင်ယွီချွမ်လည်း သူမနဲ့အတူ ရွှေ့လိုက်သည်။
"ချင်းယီ၊ မင်းကို ကိုယ် ချစ်တယ်။"
ဒါဟာ တိုတောင်းတဲ့ စကားစုတစ်ခု ဖြစ်ပေမယ့် ဖုန့်ချင်းယီကို တကယ် ကြောက်လန့်စေခဲ့သည်။
သူမကို ကြိုက်တယ်။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။"
ချင်ယွီချွမ်က ဖြည်းဖြည်းချင်း စတင်ပြောခဲ့သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ။"
"ချင်းယီ၊ကိုယ်က သာမန်သူငယ်ချင်းတစ်ယောက်အတွက် အကြိမ်ကြိမ် ချက်ပြုတ်ပေးမယ်၊ မင်းကို နေ့တိုင်း နှိုးမယ်၊ ပြီးတော့ ညစာ ယူလာပေးမယ်လို့ မင်း ထင်လို့လား။"
"သူ နေမကောင်းတဲ့အခါကိုယ် စိုးရိမ်တယ်။ သူ အခက်အခဲတွေ ကြုံတဲ့အခါကိုယ် အစွမ်းကုန် ကူညီပေးချင်တယ်။ သူ တောင်းဆိုသမျှ အရာအားလုံးကိုကိုယ် အစွမ်းကုန် ပေးတယ်။"
"ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းခဲ့ကြတာ လအနည်းငယ်ပဲ ရှိသေးတယ်ဆိုပေမယ့်ကိုယ် ဘာလိုချင်လဲဆိုတာကိုယ် ရှင်းရှင်းလင်းလင်း သိတယ်။"
"ကိုယ်ဟာ တက်မက်မှုကင်းမဲ့တဲ့သူ မဟုတ်သလို ကြင်နာတတ်တဲ့သူလည်း မဟုတ်ဘူး။"
“ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရှိဘဲ မင်းကို အမှတ်တွေ ရအောင် ကူညီပေးတာ၊ကိုယ် ဘာလို့ သဘောတူညီတယ်လို့ မင်းထင်လဲ။"
"ကိုယ့်မှာ လျှို့ဝှက်တဲ့ ရည်ရွယ်ချက်တွေ ရှိလို့၊ ပြီးတော့ အဲ့ဒါက မင်းပဲ။"
ဖုန့်ချင်းယီဟာ သူမရဲ့ အဝတ်အစားရဲ့ အောက်နားစကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ ဒါဟာ သူမအတွက် အရမ်း ရုတ်တရက်ဆန်နေခဲ့သည်။
ခေတ္တခဏမျှ သူမ ဘာပြောရမည်မှန်း မသိတော့ချေ။
ဒီရက်ပိုင်း သူတို့ဟာ အလွန်အဆင်ပြေစွာ ဆက်ဆံခဲ့ကြပြီး သူမဟာ သူ့ရဲ့ တည်ရှိမှုကို အသားကျနေပြီဖြစ်သည်။
သူမကို နေ့တိုင်း နှိုးတာ၊ ညစာ ပြင်ဆင်ပေးတာ၊ တခါတရံ ဗီဒီယိုဖုန်းခေါ်မှုပြုလုပ်တာ။ ဒါဟာ သာမန် ချစ်ကြည်ရင်းနှီးမှုရဲ့ အတိုင်းအတာထက် ကျော်လွန်သွားတာ အမှန်ပဲ။
ဒါပေမဲ့ သူတို့ဟာ မတူညီတဲ့ကမ္ဘာက လာကြတာ။ တကယ်ပဲ အဆင်ပြေနိုင်ပါ့မလား။
ချင်ယွီချွမ်က အဲဒီစကားတွေကို ပြောပြီးနောက် ဖုန့်ချင်းယီရဲ့ မျက်နှာအမူအရာမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
သူ ဒီနေ့ သူ့ရဲ့ ခံစားချက်တွေကို ဒီလောက် ရဲရဲတင်းတင်း ဖော်ပြရဲတာက သူ့ရှေ့ရှိ မိန်းကလေးဟာ အခုချိန်မှာ သူမ ကြိုက်တဲ့သူ မည်သူမှ မရှိသည်အား သူသိသောကြောင့် ဖြစ်သည်။၊ ပြီးတော့ သူမမှာလည်း သူ့အပေါ် ခံစားချက်အချို့ ရှိနေသည်။
သို့သော် အဲဒီခံစားချက်တွေ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာကို သူ မျှော်လင့်ချက် သိပ်မထားပေ။ အချိန်တွေ ကျန်သေးတယ်၊ အနာဂတ်က ရှည်လျားတယ်။
ဒါပေမဲ့ အခြေခံကတော့ သူမ ဒီနေ့ သူ့ကို ငြင်းပယ်မှာ မဟုတ်ဘူးဆိုတာပဲ။ သူမရဲ့ ပုံစံကို ကြည့်ရင် ဒီနေ့ သဘောမတူရင် သူ့ရဲ့ လမ်းကြောင်းဟာ နောက်ပိုင်းမှာ အလွန်ခက်ခဲနိုင်သည်။
ဖုန့်ချင်းယီက ညင်သာစွာ ပြောလိုက်သည်၊ "ချွင်ယွီချွမ်၊ ရှင် ကျွန်မကို စဉ်းစားဖို့ အချိန်အနည်းငယ် ပေးနိုင်မလား။ ဒါက အရမ်း ရုတ်တရက်ဆန်တယ်၊ ကျွန်မ အခု ဘာလုပ်ရမှန်း မသိဘူး။"
သူမ ငြင်းပယ်ရင် သူတို့နှစ်ယောက်ဟာ အရင်လို ပြန်အဆင်ပြေနိုင်တော့မှာ မဟုတ်ဘူး။
သူ ဂရုမစိုက်ရင်တောင် သူမက သူ့ကို တမင် ရှောင်ဖယ်တယ်လို့ ထင်လိမ့်မယ်။
သူမ သဘောတူရင် သူတို့အတွက် အနာဂတ် ရှိသလား သူမ မသိဘူး။
သူတို့ဟာ အမြဲတမ်းကမ္ဘာနှစ်ခုနဲ့ ကွဲကွာနေပြီး ခဏတာပဲ အတူရှိနိုင်မယ်ဆိုရင် ဒါဟာ သူတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး။
သူမ အလွန်အကျွံ မတွေးမိအောင် ချင်ယွီချွမ်က "မင်းမှာ ဘာစိုးရိမ်စရာတွေ ရှိလဲ ပြောနိုင်တယ်" ဟု ပြောလိုက်သည်။
စိုးရိမ်ပူပန်မှုတွေက အရမ်းများလွန်းလို့ ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး။
"မကြာသေးခင်က ရှင်နဲ့အတူ အချိန်ဖြုန်းရတာ တကယ် ပျော်ခဲ့တယ်၊ ဒါပေမဲ့ နောင်မှာ ကျွန်မတို့အတူတူ ဆက်သွားနိုင်မလား ကျွန်မ မသိဘူး။"
"နှလုံးသားရေးရာတွေကို ဂရုတစိုက် စဉ်းစားသင့်တယ်လို့ ထင်တယ်။ ခဏတာ စိတ်ဆန္ဒ တစ်ခုတည်းနဲ့ ကျွန်မတို့ အတူရှိလို့မရဘူး။ အဲဒါက ရေရှည်မှာ နှစ်ယောက်စလုံးအတွက် မကောင်းဘူး။"
သူမက သူ့ကို တိုက်ရိုက် ငြင်းပယ်ခဲ့တာ မဟုတ်ဘူး။ သူမရဲ့ စိုးရိမ်မှုတွေကို သူ နားလည်ပြီးသားပါ။
ဒါပေမဲ့ သူမပြောသည့် အကြောင်းအရာအား သူ သဘောမတူပေ။
"ဒါဟာ ခဏတာ စိတ်ဆန္ဒလို့ မင်း ထင်နေတာလား။"
ဖုန့်ချင်းယီက သူ့ကို လှမ်းကြည့်ပြီး "အဲဒီလို ဆိုလိုတာ မဟုတ်ဘူး... ကျွန်မ ကျွန်မက ရှင်နဲ့ မထိုက်တန်ဘူးလို့ ခံစားရလို့ပါ" ဟု ပြောလာသည်။
ချွင်ယွီချွမ်: "ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်နဲ့။ မင်းက ဘယ်သူနဲ့မဆို ထိုက်တန်တယ်။"
"မင်းကို စဉ်းစားဖို့ အချိန်ပေးမယ်၊ ပြီးတော့ကိုယ့်ကို အဖြေပေးပါ။"
"ကိုယ် အရမ်း အကြာကြီး မစောင့်ချင်ဘူး၊ နားလည်တယ်မလား။"
ဖုန့်ချင်းယီက ထုံထိုင်းစွာ ခေါင်းညိတ်ပြီး "အင်း" ဟု ပြောခဲ့သည်။
"ဒါ မင်းအတွက် မွေးနေ့လက်ဆောင်ပဲ။ ဂရုတစိုက် သိမ်းထား။"
ချင်ယွီချွမ်က ဘယ်နေရာကမှန်းမသိ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူပြီး ဖုန့်ချင်းယီရဲ့ လက်ထဲ ထည့်လိုက်သည်။
ဖုန့်ချင်းယီဟာ သူမရဲ့ လက်ထဲက ကြည်လင်တဲ့ အစိမ်းရောင် ကျောက်စိမ်းကို စိုက်ကြည့်ရင်း ခဏတာမျှ မှင်သက်နေခဲ့သည်။
"ရှင် ကျွန်မကို လက်ဆောင် ပေးပြီးသား မဟုတ်ဘူးလား။"
"အဝတ်အစားကို လက်ဆောင်လို့ မသတ်မှတ်ဘူး။ ဒီကျောက်စိမ်းဆွဲပြားကကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူရှိခဲ့တာ။ ဒီနေ့ မင်းကို ပေးလိုက်မယ်။ကိုယ်တို့ရဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလို့ သဘောထားပါ။”
ချင်းယီ: "ဒါ အရမ်းတန်ဖိုးကြီးတယ်။ လက်မခံပါရစေနဲ့။"
"တစ်စုံတစ်ခုရဲ့ တန်ဖိုးကို ပစ္စည်းရဲ့ တန်ဖိုးအပေါ်မှာ မဟုတ်ဘဲ နောက်ကွယ်က စေတနာအပေါ်မှာပဲ မူတည်တယ်။"
"မင်းကို သုံးရက် ပေးမယ်။ မင်း သဘောတူရင်ကိုယ် အရမ်းပျော်မိလိမ့်မယ်။ မင်း မလိုလားရင်တော့လည်း မင်းရဲ့ ရွေးချယ်မှုကိုကိုယ် လေးစားပါမယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် သုံးရက်အတွင်း ရှင်းရှင်းလင်းလင်း အဖြေပေးပါ။ ဒီနေ့တော့ကိုယ် သွားတော့မယ်။"
"မင်းရဲ့ စိုးရိမ်မှုတွေကိုကိုယ် နားလည်တယ်။ကိုယ်တို့ကမ္ဘာနှစ်ခုကြား သွားလာနိုင်တဲ့ နည်းလမ်းတစ်ခုကိုကိုယ် ရှာတွေ့ထားပြီးပြီ။ကိုယ် မင်းကို လာတွေ့နိုင်သလို မင်းကိုလည်းကိုယ့်ကမ္ဘာကို ခေါ်သွားနိုင်တယ်။"
"အခုတော့ အကန့်အသတ်တချို့ ရှိပေမယ့် နောင်မှာ ဒါတွေ ပြဿနာတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။"
ချင်ယွီချွမ်က ထိုသို့ပြောပြီးသည်နှင့် ဆိုဖာပေါ်မှ ပျောက်ကွယ်သွားသည်။
သူ ထွက်သွားပြီးနောက် ဖုန့်ချင်းယီဟာ စိတ်ပျက်လက်ပျက်နဲ့ သူမရဲ့ ဆံပင်တွေကို လက်နဲ့ သပ်တင်လိုက်သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေဟာ သူမရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်နေတယ်။
ရိုးရိုး မွေးနေ့ပွဲလေးတစ်ခု ဖြစ်သင့်တာက ဝန်ခံချက်တစ်ခု ဖြစ်သွားပြီး သူမ ဘယ်တုန်းကမှ မတွေးဝံ့တဲ့သူဆီက ဖြစ်လာသည်ပင် မနည်းပေ။
ချင်ယွီချွမ်နဲ့ အချိန်အတော်ကြာ အတူရှိခဲ့တာကြောင့် သူမက သူ့ကို အမြဲတမ်း သူငယ်ချင်းတစ်ယောက်၊ ဆရာတစ်ယောက်၊ လူကြီးတစ်ယောက်အဖြစ် ရှုမြင်ခဲ့ပြီး သူ့အတွက် အချစ်ရေးဆန်တဲ့ ခံစားချက်တွေနဲ့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။
သူက ရင့်ကျက်တယ်၊ တည်ငြိမ်တယ်၊ အေးဆေးတယ်။ သူ့မျက်နှာမှာ သိသာထင်ရှားတဲ့ စိတ်ခံစားချက် ပြောင်းလဲမှုတွေကို သူမ သိပ်မတွေ့ရဘူး။
သူမမှာ အဲဒီလို စွမ်းရည် မရှိဘူးဆိုတာ သိလို့ သူ့ကို အပြည့်အဝ နားလည်ဖို့ သူမ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။
သူတို့ရဲ့ နေ့စဉ် စကားပြောဆိုမှုတွေမှာတောင် သူမရဲ့ နေ့စဉ်ဘဝကို မျှဝေတဲ့အခါမှာတောင် သူမ အမြဲတမ်း စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းထားပြီး အများကြီး မမေးဘူး၊ ကျော်လွန်ပြီး မလုပ်ဘူး။
အခုတော့ သူမ သူ့အပေါ် ဘယ်လို ခံစားရလဲဆိုတာ အတိအကျ မသိတော့ဘူး။ အကြံဉာဏ်အချို့ ရှာဖွေဖို့ လိုအပ်နေပုံပဲ။
ဖုန့်ချင်းယီဟာ သူမရဲ့ ဖုန်းထဲက အဆက်အသွယ်စာရင်းရှည်ကြီးကို ကြည့်ပြီး နောက်ဆုံးမှာတော့ ကျန်းရှောင်းရှောင်းကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ရှောင်းရှောင်း အလုပ်များနေလား။"
ကျန်းရှောင်းရှောင်းရဲ့ အသံက ဖုန်းရဲ့ တစ်ဖက်ကနေ ထွက်ပေါ်လာသည်။ "မများပါဘူး။ နင့်ကို ဖုန်းခေါ်ဖို့ လုပ်နေတာ။ နင် အရင်ခေါ်မယ်လို့ ဘယ်သူ ထင်မလဲ။ ငါတို့ တကယ်ကို စိတ်တူကိုယ်တူပဲ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
"ကျေးဇူးတင်ပါတယ်။ ဒီနေ့ တစ်ခုခု ဖြစ်သွားလို့ ငါ ဘာလုပ်ရမှန်း မသိဘူး" ဖုန့်ချင်းယီက တည့်တိုး ပြောလိုက်သည်။
ရှောင်းရှောင်း: "ဘာဖြစ်တာလဲ။ ငါ့ကို ပြောပြ။"
"တစ်ယောက်ယောက်က ငါ့ကို သူ့ရဲ့ ခံစားချက်တွေကို ဝန်ခံလာတယ်”
"အဲဒါက ပုံမှန်ကိစ္စတစ်ခု မဟုတ်ဘူးလား။ နင် အရင်က အဲဒါကို မကြုံဖူးတာ မဟုတ်ဘူးလေ။ ဘာတွေ ထူးဆန်းနေတာလဲ။"
ကျန်းရှောင်းရှောင်းက ဒီအခြေအနေမှာ ထူးခြားတာ ဘာမှ မရှိဘူးလို့ ထင်တယ်။ ဖုန့်ချင်းယီအတွက် ချစ်ခြင်းမေတ္တာ ဝန်ခံချက်တွေကို လက်ခံရရှိတာဟာ ပုံမှန် ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပဲ။
ဒါကို ကြားပြီးနောက် ဖုန့်ချင်းယီက "ရှောင်းရှောင်း ဒီတစ်ခါတော့ မတူဘူး။ အဲဒီလူက အွန်လိုင်း သူငယ်ချင်းတစ်ယောက်" ဟု ပြန်ဖြေလိုက်သည်။
"ငါတို့ အွန်လိုင်းမှာ ကောင်းကောင်း စကားပြောဖြစ်တယ်၊ ပြီးတော့ သူက ငါ့မွေးနေ့ကို အတူလာကျင်းပပြီးတော့ ဂုဏ်ပြုပေးတယ်။ ပြီးတော့ သူက သူ့ရဲ့ ခံစားချက်တွေကို ဝန်ခံတယ်။ အခု ငါ ဘာလုပ်ရမှန်း မသိဘူး။"
သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျန်းရှောင်းရှောင်းဟာ အနည်းငယ် အံ့သြသွားခဲ့သည်။ ဒါဟာ သူမ ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတွေနဲ့ လုံးဝ မတူဘူး။
***