အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း ( ၁၀၀ ) - ဈေးဝယ်ခြင်း
ချင်ယွီချွမ်ဟာ သူမ တကယ် စိတ်ဆိုးသွားမှာကို စိုးရိမ်ပြီး "မင်းရဲ့ မွေးနေ့မှာ အံ့အားသင့်စရာတစ်ခု ပေးချင်လို့" ဟု ပြန်ပြောသည်။
"ဒါပေမဲ့ ကျွန်မ လုံးဝ အံ့သြမသွားဘူး။ ဒီရက်ပိုင်း အူကြောင်ကြောင် ဖြစ်နေခဲ့တာ"ဟု ဖုန့်ချင်းယီက ဆံပင်ကို နားနောက်ကို သပ်တင်ရင်း ပြန်ဖြေသည်။
"မင်း ဂရုတစိုက် စဉ်းစားပြီးမှ အဖြေပေးလို့ ကိုယ် ဝမ်းသာတယ်။ နောင်တရဖို့ မင်းကို အခွင့်အရေး မပေးဘူး" ဟု ချင်ယွီချွမ်က ပြောသည်။
သူ့စကားတွေက ချစ်ခင်တဲ့သဘောနဲ့ ပြောတာဖြစ်ပေမယ့် ချင်ယွီချွမ်ရဲ့ ပါးစပ်က ထွက်လာတော့ လေးနက်တဲ့ကတိတစ်ခုနဲ့ ပိုတူတယ်။
ဖုန့်ချင်းယီက "ရှင့်ရဲ့ အချိန်-နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးပြီး ကျွန်မကို မြန်မြန်လေး ပြန်ပို့ပေးပါဦး။ နောက်တစ်ပတ်ကျရင် ကျွန်မကို ဒီကို ပြန်ခေါ်လာလို့ရတယ်။ ကျွန်မ ဈေးဝယ်တောင် မထွက်ရသေးဘူး။" ဟု ပြောသည်။
"အချိန်-နေရာကူးပြောင်းခြင်းအစီအရင်မှာ အချိန်ကန့်သတ်ချက်တွေ ရှိတယ်။ မင်း ဒီကို ပြန်လာချင်ရင် သုံးရက် စောင့်ရလိမ့်မယ်။"
ဖုန့်ချင်းယီက အချိန်ကို တွက်ချက်လိုက်သည်။ နောက်သုံးရက်နေရင် စနေ၊ တနင်္ဂနွေ ပြန်ဖြစ်မှာမို့ အဲဒီအချိန်မှာ ရှန်ကျင်းရဲ့ လမ်းတွေကို လှည့်ပတ်ကြည့်ရှုနိုင်လိမ့်မယ်။
သူမရဲ့ ဗီလာကို ပြန်ရောက်တော့ ဖုန့်ချင်းယီဟာ သူမရဲ့ လက်ကောက်ဝတ်က လက်ကောက်ကို ပွတ်သပ်လိုက်သည်။
သူမမှာ ရည်းစားတစ်ယောက် ရခဲ့ရုံသာမက ရှေးခေတ်ကိုလည်း ခရီးသွားခဲ့ရတယ်။
လက်ကောက် မရှိရင် သူမ အိပ်မက်မက်နေတာလို့ ထင်မိလိမ့်မယ်။
စစ်သူကြီးအိမ်တော်သို့ သူမရဲ့ ခရီးစဉ်က သူမရဲ့ လေ့လာချိန်ကို ယူသွားလေသည်။
ဖုန့်ချင်းယီဟာ ဒီနေ့ လွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လည်ပြင်ဆင်ဖို့ စတင်ရတော့မယ်။
ဖုန်းထဲက သင်တန်းတွေဟာ မာစတာအဆင့် ဆရာများနှင့် စွဲမက်ဖွယ်ကောင်းသော သင်ယူနိုင်စွမ်းတွေ ရှိတာအပြင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းလည်း လိုအပ်တယ်။
လပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် ဖုန့်ချင်းယီဟာ အခြေခံအဆင့် ဂီတသင်တန်းကို ပြီးဆုံးတော့မည်ဖြစ်သည်။ ဒါပေမဲ့ အလယ်အလတ်အဆင့် ကိုယ်ခံပညာနဲ့ အဆင့်မြင့် ပန်းချီသင်တန်းတွေမှာ သူမရဲ့ တိုးတက်မှုဟာ သိသိသာသာ နှေးကွေးသွားသည်။
အဆင့်မြင့်လေ၊ သင်ယူဖို့ အချိန်ပိုကြာလေပဲ။
လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်မှာ ရနိုင်တဲ့ သင်တန်းအားလုံးကို ပြီးဆုံးဖို့ သူမအတွက် ဆယ်စုနှစ်တွေ ကြာနိုင်တယ်လို့ ဖုန့်ချင်းယီ ခံစားရသည်။
...
နှင်းတွေ အဆက်မပြတ် ကျပြီးတဲ့နောက် ရှန်ကျင်းဟာ နောက်ဆုံးတော့ နေသာတဲ့ နေ့ရက်တစ်ခုကို ကြိုဆိုခဲ့ရသည်။
ရွှမ်းယွမ်ရှီဟာ ခြံဝင်းထဲက အရည်ပျော်နေတဲ့ နှင်းလူသားကို ကြည့်နေမိသည်။ "ချင်းယီ ဘယ်တော့လောက် ပြန်လာနိုင်မလဲ မသိဘူး။"
ဒါကို ကြားတော့ ပိုင်ဝေက ပြန်ဖြေသည်။ "မိန်းကလေး ချင်းယီက သူမရဲ့ ပညာရေးနဲ့ အလုပ်များနေတယ်။ အားလပ်ရက်ကျမှ လာလိမ့်မယ်ထင်တယ်။"
"ပိုင်ဝေ၊ ချင်ဟွားခြံဝင်းကို သန့်ရှင်းရေးလုပ်ပြီး အလှဆင်ခိုင်းလိုက်ပါ။ ချင်းယီ လာရင် အဲဒီမှာ နေခိုင်းလို့ရတယ်။"
"ဒါ့အပြင် အလုပ်ရုံကို သွားပြီး အဝတ်အစား၊ ဖိနပ်၊ ခြေအိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ မှာလိုက်ပါဦး။ သူမ လိုအပ်နိုင်တဲ့ အရာအားလုံးကို ပြင်ဆင်ထားပါ။"
ပိုင်ဝေက "ဒီအစေခံမက ချက်ချင်း သွားပြီး ဂရုစိုက်ပါ့မယ်။" ဟု ဆိုလိုက်သည်။
ချင်ဟွားခြံဝင်းဟာ လော့ဟွားခြံဝင်းရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ခဏလေး လမ်းလျှောက်ရုံနဲ့ ရောက်နိုင်သည်။
အဲဒီခြံဝင်းမှဦ နှစ်ပေါင်းများစွာ လူသူနေထိုင်ခြင်းမရှိခဲ့ဘူး။
ချင်ယွီချွမ်ဟာ သူ့ရဲ့ စာကြည့်ခန်း ပြတင်းပေါက်ကနေ ချင်ဟွားခြံဝင်းထဲကို စားပွဲတွေနဲ့ ကုလားထိုင်တွေ ရွှေ့နေတဲ့ လူတွေကို မြင်လိုက်သည်။
သူက အခြေအနေကို မေးမြန်းကြည့်မိသည်။ ရွှမ်းယွမ်ရှီရဲ့ အမိန့်ဖြစ်ကြောင်း သိလိုက်ရတော့ သူ နားလည်သွားသည်။
သူ့အမေက သူ့ကို လက်ထပ်စေချင်တာ ကြာပြီဖြစ်ပြီး အစောပိုင်း ပြင်ဆင်မှုတွေ လုပ်နေပုံရတယ်။
ဒါပေမဲ့ အခုချိန်ဟာ သင့်တော်တဲ့အချိန် မဟုတ်သလို ဖုန့်ချင်းယီလည်း သဘောတူမှာ မဟုတ်ဘူး။
သူသိသလောက်တော့ သူတို့ကမ္ဘာမှာ လူတွေဟာ ကျောင်းပြီးပြီးချင်း အလုပ်အကိုင် တည်ငြိမ်မှ လက်ထပ်ဖို့ စဉ်းစားလေ့ရှိတယ်။
သူ့မှာလည်း လုပ်စရာတွေ ရှိသေးပြီး အရာအားလုံး အဆင်မပြေခင် သူမကို အန္တရာယ်တောထဲ ဆွဲမသွင်းနိုင်ဘူး။
[ချင်းယီ: ချွင်ယွီချွမ်၊ အဲဒီမှာ ရှိလား။]
[ချင်းယီ: ဒီနေ့ ဈေးဝယ်ထွက်ဖို့ ကျွန်မတို့ သဘောတူထားတယ်။ ရှင် မေ့သွားတာ မဟုတ်ဘူးမလား။]
[ယွီချွမ်: ကိုယ် မမေ့ဘူး။]
[ချင်းယီ: ကောင်းပြီ။ ဒါဆို ကျွန်မကို မြန်မြန်လာခေါ်ပေးဦး။]
[ယွီချွမ်: ကောင်းပြီ၊ ကိုယ့်ကို စောင့်နေ။]
သူမရဲ့ မော်ဒန်ခေတ် အဝတ်အစားတွေဟာ ရှေးခေတ်လမ်းမတွေပေါ်မှာ အာရုံစူးစိုက်ခံရနိုင်တယ်လို့ ယူဆရသဖြင့် ဖုန့်ချင်းယီဟာ ချင်ယွီချွမ် ပို့ပေးထားတဲ့ ကြွေပန်းပွင့်အဆင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ချင်ယွီချွမ် ရောက်လာတော့ ဖုန့်ချင်းယီဟာ မှန်ထဲမှာ သူမကိုယ်သူမ စိုးရိမ်တဲ့ မျက်နှာနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ။" ဟု ချင်ယွီချွမ်က သူ့ကိုယ်သူတောင် မသိလိုက်တဲ့ နူးညံ့တဲ့ လေသံနဲ့ မေးလိုက်မိသည်။
ဖုန့်ချင်းယီက သူမရဲ့ ဆံပင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ရှေးခေတ် ဆံထုံးပုံစံနဲ့ ကျွန်မဆံပင်ကို ဘယ်လို ထုံးဖွဲ့ရမှန်း မသိဘူး။ ကျွန်မ ဒီလို အပြင်ထွက်ရင် အရူးမလို့ မြင်မှာ မဟုတ်ဘူးလား။"
ချင်ယွီချွမ်လည်း အမျိုးသမီးတွေရဲ့ ဆံပင်ပုံစံတွေနဲ့ ပတ်သက်ရင် ဘာလုပ်ရမှန်း မသိဘူး။
"ကိုယ်တို့အိမ်တော်ကို ရောက်ရင် အစေခံတစ်ယောက်ကို မင်းကို ကူညီခိုင်းလို့ရတယ်။"
အခု တခြားရွေးချယ်စရာ မရှိတော့ဘူး။
"ကောင်းပြီလေ၊ ဒါဆို သွားကြရအောင်"
အရင်တစ်ခါ အချိန်-နေရာကူးပြောင်းခြင်းအစီအရင်ဖြင့် သွားဖူးတာကြောင့် ဖုန့်ချင်းယီဟာ ဒီတစ်ခါ ပိုပြီး တည်ငြိမ်နေသည်။
အဖြူရောင် အလင်းတန်း တောက်ပသွားပြီးနောက် ဖုန့်ချင်းယီဟာ ချင်ယွီချွမ်ရဲ့ စာကြည့်ခန်းထဲ ရောက်ရှိသွားပြီဖြစ်သည်။
ချင်ယွီချွမ်က သူမကို ချင်ဟွားခြံဝင်းကို ခေါ်သွားပြီး ဆံပင်ထုံးဖွဲ့ဖို့ အစေခံမလေးတစ်ယောက်ကို ခေါ်ခိုင်းလိုက်သည်။
"သခင်မလေး၊ ဘယ်လို ဆံပင်ပုံစံမျိုး လိုချင်ပါသလဲ။" ဟု အစေခံမလေးက မေးသည်။
ရှေးခေတ် ဆံပင်ပုံစံတွေအကြောင်း သိပ်မသိတဲ့ ဖုန့်ချင်းယီက "ရိုးရိုးရှင်းရှင်း တစ်ခုခု လုပ်ပေးပါ" ဟု ပြန်ဖြေသည်။
"ဒီအစေခံက 'ပျံသန်းနေတဲ့ နတ်သမီး' ဆံထုံးပုံစံကို အကျွမ်းကျင်ဆုံးပါ။ သခင်မလေးအတွက် အခု လုပ်ပေးပါ့မယ်။"
"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်။"
ဖုန့်ချင်းယီရဲ့ ကျေးဇူးတင်စကားကို ကြားတော့ အစေခံမလေး အံ့အားသင့်သွားသည်။ "သခင်မလေးက အရမ်း သဘောကောင်းတာပဲ။ ဒါက ဒီအစေခံရဲ့ တာဝန်ပါ။"
ဖုန့်ချင်းယီက "မင်းနာမည် ဘယ်လိုခေါ်လဲ။" ဟု မေးလိုက်သည်။
"ဒီအစေခံမကို ရွှီချာလို့ ခေါ်ပါတယ်။"
"ရွှီချာ၊ နှင်းလက်ဖက်ရည်၊ အေးမြလန်းဆန်းပြီး စိတ်ကို ကြည်လင်စေကာ အာရုံကြောတွေကို ငြိမ်သက်စေတယ်။ နာမည်ကောင်းပဲ။ ဒီနေ့ကစပြီး ကျွန်မရှေ့မှာ 'ဒီအစေခံ'လို့ ကိုယ့်ကိုယ်ကိုယ် မညွှန်းနဲ့တော့။ ကျွန်မ မကြိုက်ဘူး။"
ရွှီချာဟာ ဖုန့်ချင်းယီရဲ့ တောင်းဆိုချက်ကြောင့် ခဏတာ ရှုပ်ထွေးသွားပေမယ့် ဒါဟာ သူမ သခင်မရဲ့ အမိန့်ဖြစ်တာကြောင့် သဘောတူလိုက်သည်။
"ရွှီချာ နားလည်ပါပြီ။"
ကြေးမုံထဲမှာ သူမရဲ့ ဆံပင် ဘယ်လောက် မြန်မြန် ထုံးပြီးသွားလဲဆိုတာကိုကြည့်ပြီး ဖုန့်ချင်းယီ အံ့အားသင့်သွားသည်။
ဒါက မယုံနိုင်စရာ အမြန်နှုန်းပဲ။ ဒီလို အမြန်နှုန်းမျိုးရှိတဲ့သူတစ်ယောက်ဟာ စတိုင်လစ်တစ်ယောက်ဆိုရင် သူတို့ရဲ့ နာမည်က အလွန်ကြီးနေလိမ့်မယ်။
ဆံပင်ထုံးဖွဲ့ပြီးတော့ ရွှီချာက ဖုန့်ချင်းယီအတွက် ဆံပင်အသုံးအဆောင်တချို့ ထပ်ထည့်ပေးတယ်။
အသုံးအဆောင်ပစ္စည်းက ရိုးရှင်းတဲ့ ရွှေရောင် ဆံညှပ်တစ်ခုဖြစ်ပြီး သူမရဲ့ ဝတ်စုံနဲ့ အတော်လိုက်ဖက်ပေသည်။
ဆံပင်ပုံစံက ရိုးရှင်းလှပပေမယ့် ဖုန့်ချင်းယီက သူမရဲ့ ဦးခေါင်းထိပ်မှာ လိပ်ပြာပုံ ဖဲပြားတစ်ခု တပ်ထားသလို ခံစားရသည်။
"သခင်မလေး၊ ပြီးသွားပါပြီ" ဟု ရွှီချာက ပြောသညါ။
ဖုန့်ချင်းယီက ပြုံးပြီး "မင်းရဲ့ ကျွမ်းကျင်မှုက အံ့သြစရာပဲ။ အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု သွားလိုက်ဦးမယ်" ဟု ပြောသည်။
"သခင်မလေး၊ ဂရုစိုက်ပါဦး။ ခြေလှမ်းကို သတိထားပါ။"
ဖုန့်ချင်းယီ တံခါးကနေ အလျင်အမြန် ထွက်သွားခဲ့ပြီဖြစ်ပြီး ချင်ယွီချွမ်က ခြံဝင်းထဲမှာ သူမကို စောင့်ဆိုင်းနေသည်။
ဖုန့်ချင်းယီ ထွက်လာတာကို မြင်တော့ ချင်ယွီချွမ်ဟာ ခဏတာမျှ အံ့အားသင့်သွားသည်။
သူမ လှတယ်ဆိုတာ သူ အမြဲ သိပေမယ့် ဒီနေ့ သူမဟာ အရင်ကထက် ပိုပြီး လှပနေတယ်။
သူမရဲ့ ဆံပင် ထုံးဖွဲ့ထားသဖြင့် ချောမွေ့နေတဲ့ နဖူးကို ပေါ်လွင်စေပြီး ဘေးနှစ်ဖက်ကို ချထားတဲ့ ဆံစလေးတွေကို အနည်းငယ် ကောက်ထားတာကြောင့် သူမကို အသက်ဝင်ပြီး လှပနေစေသည်။
"ကျွန်မရဲ့ ဆံပင်ပုံစံ ဘယ်လိုနေလဲ။"
ချင်ယွီချွမ်က ရိုးရိုးသားသား ပြန်ဖြေသည်။ "လှတယ်။"
"ကောင်းတယ်။ မြန်မြန်လေး သွားကြရအောင်။" ဖုန့်ချင်းယီက တိုက်တွန်းလိုက်သည်။
ချင်ယွီချွမ်က ဖုန့်ချင်းယီရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ့်လက်ကို တင်းတင်းဆုပ်ထား။ လမ်းမပျောက်စေနဲ့။"
"ကျွန်မက သုံးနှစ် ကလေးလေး မဟုတ်ဘူး။ ဈေးဝယ်ထွက်ရင်း ဘယ်လိုလုပ်ပြီး လမ်းပျောက်နိုင်မှာလဲ။" ဟု သူမက ကန့်ကွက်သည်။
ထိုသို့ ပြောလိုက်သော်လည်း၊ ဖုန့်ချင်းယီသည် သူ့လက်မှ မလွတ်မြောက်ခဲ့ပေ။
သူ့လက်ဖဝါးက နွေးထွေးမှုကို ခံစားရင်း ဖုန့်ချင်းယီဟာ သူမရဲ့ ညာဘက်က ချင်ယွီချွမ်ကို ခိုးကြည့်လိုက်သည်။ သူ့မျက်နှာက အရင်အတိုင်း ဘာခံစားချက်မှ မပြဘူး။
ဖုန့်ချင်းယီဟာ သူ့ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြာမြင့်စွာကတည်းက အသားကျနေပြီး ဘာမှ ထူးဆန်းတယ်လို့ မထင်မိဘူး။
သူတို့ စစ်သူကြီး အိမ်တော်ရဲ့ အဓိက တံခါးကနေ ထွက်လာတော့ ဖုန့်ချင်းယီဟာ ယန်ချီနှင့် ယန်ယန်းတို့ကို မြင်းလှည်းဘေးမှာ ရပ်နေတာကို တွေ့လိုက်သည်။
"စစ်သူကြီး၊ မိန်းကလေး ချင်းယီ၊ ရထားလုံးပေါ်ကို ကြွပါ" ဟု ယန်ယန်းက သူတို့အတွက် ကန့်လန်ကာကို မြှောက်ပေးရင်း ပြောလိုက်သည်။
မြင်းလှည်းကို ပထမဆုံးအကြိမ် စီးဖူးတဲ့ ဖုန့်ချင်းယီဟာ အင်မတန် စိတ်လှုပ်ရှားနေတယ်။ သူမဟာ အပြင်ဘက် ရှုခင်းကို ခိုးကြည့်ဖို့ ကန့်လန်ကာကို မကြာခဏ မြှောက်ကြည့်နေမိသည်။
သို့သော် လေပဲရှိပြီး ရှုခင်း မရှိဘူး။
"ဒီလောက် ကြာကြာ ခရီးသွားနေတာကိုတောင် လူတစ်ယောက်မှ မတွေ့ရသေးဘူး။” ဟု ဖုန့်ချင်းယီက စိတ်ဝင်တစား မေးသည်။
ချင်ယွီချွမ်က ရှင်းပြသည်။ "ဒီဒေသက အဆင့်မြင့် အရာရှိတွေနဲ့ သူဌေးတွေ နေထိုင်တဲ့နေရာဖြစ်ပြီး လူစည်ကားတဲ့ ဈေးတွေနဲ့ မတူဘူး။"
"ဪ ဒါဆို ဇိမ်ခံဗီလာရပ်ကွက်နဲ့ တူတာပေါ့။ ဒီလိုနေရာတွေက များသောအားဖြင့် တိတ်ဆိတ်တယ်။"
တိတ်ဆိတ်ပြီး လူသူကင်းမဲ့တဲ့ လမ်းတွေကို ဖြတ်သန်းပြီးနောက် လှည်းဟာ ဖြည်းဖြည်းချင်း စည်ကားတဲ့ ဈေးဝယ်ဧရိယာထဲကို ဝင်ရောက်လာသည်။
ဒီမှာ ကုန်သည်တွေရဲ့ အော်ဟစ်သံများနှင့် လမ်းဘေးဈေးသည်များရဲ့ အသံတွေ လေထဲမှာ ပြည့်နှက်နေပြီး တီဗီ ဇာတ်လမ်းတွဲတွေမှာ သူမ မြင်ဖူးတာနဲ့ အတော်လေး ဆင်တူသည်။
ဖုန့်ချင်းယီဟာ အပြင်ဘက် မြင်ကွင်းကို ကြည့်ချင်တာကြောင့်ကန့်လန်ကာကို မြှောက်လိုက်ပေမယ့် ချင်ယွီချွမ်က သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
***