← Chapters

အခန်း ၂၆၄

Vol. 19 Ch. 264

အခန်း ၂၆၄

Vol. 19 Ch. 264

အပိုင်း(၂၆၄) ခိုင်မာသောရပ်တည်ချက်၊ တိုင်ယွမ်ပြိုလဲသွားခြင်း

"မင်း ဘာတွေမြင်ခဲ့လဲ။"

တည်ငြိမ်ပြီး ညင်သာသော အသံတစ်ခုက လီတိုင်ယွမ်၏ နားထဲသို့ ရောက်ရှိလာသည်။ ၎င်းမှာ အနက်ရောင်ဝတ်ရုံနှင့်လူငယ်မှ ပြောနေခြင်းဖြစ်ကြောင်း သိသောကြောင့် သူ့မျက်လုံးကို တည့်တည့်မကြည့်ရဲပေ။ သူ၏စိတ်ထဲရှိ တဆစ်ဆစ်နာကျင်နေမှုကို သည်းခံရင်း မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲဘဲ ပြောလိုက်သည်။

"ကျွန်မ... ရှင်ရဲ့ အတိတ်ကို မြင်ခဲ့တယ်။ ရှင်က...ကောင်းကင်..."

သူက ထိုစကားကိုပြောရန် ခက်ခဲနေသည်။

ကောင်းကင်နယ်ပယ်။

သူသည် ဒဏ္ဍာရီလာနယ်ပယ်တစ်ခုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး မျက်စိရှေ့တွင် အသက်ရှင်နေသော ဥပမာတစ်ခုကို မြင်တွေ့ခဲ့ရသည်။

အားလုံး အံ့အားသင့်သွားအောင် အနက်ရောင်ဝတ်လူငယ်က ပြုံးပြီး ခေါင်းခါပြလိုက်သည်။

"အခုက အဲဒီလို မဟုတ်တော့ပါဘူး။ မင်းရှေ့မှာ မြင်နေရတဲ့သူက နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်း အဆင့်မှာပဲ ရှိပါသေးတယ်။"

သူ၏ ပွင့်လင်းပြီး ယုံကြည်မှုရှိသောအဖြေကို ကြားရာ လီတိုင်ယွမ်သည် သူ့ကို အထင်မသေးရုံသာမက ပို၍ပင် ထိတ်လန့်သွားလေသည်။

သူက အနက်ရောင်ဝတ်လူငယ်၏ အဖြေကို စဉ်းစားကာ တစ်လုံးချင်းစီ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

အခု မဟုတ်တော့ဘူးဆိုတော့...

အရင်တုန်းက ဖြစ်ခဲ့တယ်ဆိုတာကို ပြနေတာပဲ။

ဒါပေမဲ့ သူ့ရဲ့ နယ်ပယ်က ဘာလို့ ထိုးကျသွားရတာလဲ။

လီတိုင်ယွမ်က မျက်မှောင်ကြုတ်ကာ တိတ်တဆိတ် ခန့်မှန်းနေစဉ် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာလေသည်။

ရှေးခေတ်ကတည်းက ပုန်းအောင်းနေခဲ့တဲ့ ဒီနတ်ဘုရားက တစ်ဘဝစာအတွက် ပြိုင်ဖက်ကင်းဖို့ ကံကြမ္မာ ပါလာခဲ့တာပဲ။ ဒါပမေဲ့ ရှေးခေတ်မှာ လူသားဧကရာဇ် ဖြစ်လာမယ့် အခွင့်အရေးကို ပထမဆုံး လူသားဧကရာဇ်က လုယူသွားခဲ့တယ်။ ဒါကြောင့် သူက ကိုယ်တိုင် ပုန်းအောင်းနေပြီးတော့ လူသားဧကရာဇ်ရဲ့ အာဏာကို ယှဉ်ပြိုင်ဖို့ ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကိုတက်လှမ်းဖို့ ဒုတိယဘဝကို စောင့်ဆိုင်းဖို့ ရွေးချယ်ခဲ့တယ်။

ဒါကြောင့် ပထမဆုံး လူသားဧကရာဇ်အတွက် လမ်းဖယ်ပေးဖို့ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို ကိုယ်တိုင် ဖြတ်တောက်လိုက်တာပဲ။

"ရှင်က တကယ် ကောင်းကင်ကြည့်ဆောင်ရဲ့ သခင်လေးပဲ။" လီတိုင်ယွမ်မှာ ပိုမို၍ စိတ်ရှုပ်ထွေးသွားပြီး သူ ယခင်က သိထားခဲ့သမျှကို မယုံကြည်နိုင် ဖြစ်သွားသည်။

ကျိမိသားစုရဲ့သားက ကောင်းကင်ကြည့်ဆောင်က ခန့်အပ်ထားတဲ့ ဒုတိယမြောက် ဧကရာဇ် တကယ်ပဲ ဟုတ်ရဲ့လား။

ငါကရော တကယ်ပဲ ဧကရာဇ်ရဲ့လက်ထောက်လား။

စာလိပ်တစ်ခုတည်းနဲ့ လက်ရေးနည်းနည်းဆင်တဲ့ စာပိုဒ်တချို့အပေါ် အခြေခံပြီး ဘယ်အရာက ငါ့ရဲ့ ယုံကြည်ချက်ကို ဒီလောက် သေချာစေခဲ့တာလဲ။

မုန့်ချင်ကျိုးသည် အစပိုင်းတွင် နားမလည်နိုင်ဖြစ်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်…"

ငါ နားမလည်တာက ဒီအထဲမှာ တစ်ခုခု မှားနေလို့လား။

ငါ မင်းကို လှည့်ကွက်တွေ အများကြီး ပြခဲ့တာတောင် မင်း ငါ့ကို မယုံသေးဘူးလား။ ဒီကောင်မလေးက သံသယ အရမ်းများနေတာပဲ။

အကောင်းဆုံးရလဒ်များ ရရှိရန်အတွက်။

မုန့်ချင်ကျိုးက ပတ်ဝန်းကျင်ကို ကြိုတင်စီစဉ်ခဲ့ပြီး လီတိုင်ယွမ် ယခင်က ကြုံတွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်ဖန်တီးရန် အချိန်-နေရာလွတ် မဟာတာအိုကို အဝေးမှနေ၍ အသုံးပြုခဲ့သည်အထိ ကြိုးစားခဲ့သည်။

ဥပမာအားဖြင့် အမှောင်သစ်တောက အလင်းကို ပုံပျက်စေခြင်းနှင့် နတ်ဘုရားအာရုံကို ပိတ်လှောင်ခြင်း ကဲ့သို့သော နေရာလွတ်လမ်းကြောင်း၏ အသေးစားလှည့်ကွက်တစ်ခု ဖြစ်သည်။

နောက်ဆက်တွဲ အချိန်ဥမင်၊ ကြေးဝါ ဝင်ပေါက်နှင့် ကြယ်တာရာနဂါးငွေ့တန်းအားလုံးသည် အချိန်-နေရာလွတ် နိယာမများကို ပါးနပ်စွာ အသုံးပြုထားခြင်း ဖြစ်သည်။

၎င်းတင် မကသေးပေ။။

မုန့်ချင်ကျိုးက လီတိုင်ယွမ်ကို ရဲရဲဝံ့ဝံ့ စူးစမ်းလေ့လာရန် လုံလောက်သောအချိန်ကို တမင်ပေးထားခဲ့ပြီး ထို့နောက် သူက အဆင့်မြင့်နတ်ဘုရားတစ်ပါးရဲ့ နတ်ဘုရားအနှစ်သာရကို မြင်တွေ့ရမည်ဖြစ်ပြီး သူ လျှောက်လှမ်းခဲ့သောလမ်းကြောင်းကို မျက်မြင်တွေ့ရှိရမည် ဖြစ်သည်။

ဤရင်းနှီးမြှုပ်နှံမှုအားလုံးသည် သူက ကောင်းကင်ကြည့်ဆောင်၏သခင်လေးဖြစ်ကြောင်း လီတိုင်ယွမ်ကို လုံးဝယုံကြည်သွားစေရန် ဖြစ်သည်။

မုန့်ချင်ကျိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"မေးချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးပါ။"

ပူးပေါင်းဆောင်ရွက်ရန် မဆွေးနွေးခင် ဤကောင်မလေး၏စိုးရိမ်မှုများကို အရင် ဖြေရှင်းပေးရပေမည်။

အလျင်လိုလျှင် အလုပ်မဖြစ်နိုင်ပေ။

သံသယများနှင့် ပြည့်နှက်နေသော လီတိုင်ယွမ်က မေးခွန်းမေးခွင့်ရလိုက်သောအခါ ဆက်ပြီး မထိန်းထားနိုင်တော့ပေ။

"ကျွန်မကိုခေါ်ရတဲ့ ရှင့်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။"

"မိသားစု(၄)ခုကို အခက်အခဲကနေ လွတ်မြောက်အောင်ကူညီပေးပြီး ကျိမိသားစုကို ဖျက်ဆီးပစ်ဖို့ပဲ။"

လီတိုင်ယွမ်၏မျက်လုံးများ အနည်းငယ် တုန်ခါသွားပြီး စမ်းသပ်မေးမြန်လိုက်သည်။ "ကျိမိသားစုကို ဖျက်ဆီးပစ်ဖို့ ဟုတ်လား။"

"ဟုတ်တယ်။ ဘာပြဿနာရှိလို့လဲ။" သူ၏လေသံတွင် တစ်ခုခုမှားယွင်းနေကြောင်း မုန့်ချင်ကျိုး ခံစားလိုက်ရသည်။

"ဒါပေမဲ့ ကျိမိသားစုရဲ့ပါရမီရှင် ကျိဝူရွှမ်က ကောင်းကင်ကြည့်ဆောင် ခန့်အပ်ထားတဲ့ ဒုတိယမြောက် လူသားဧကရာဇ်လို့ ကျွန်မ ကြားထားတယ်။ ရှင်က ကျိမိသားစုကို ဖျက်ဆီးပစ်မယ်ဆိုတာ..." လီတိုင်ယွမ်က အံကြိတ်ကာ အံ့သြဖွယ် သတင်းတစ်ပုဒ်ကို ထုတ်ဖော်လိုက်သည်။

ထိုစကားကို ကြားသောအခါ…

တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။

မုန့်ချင်ကျိုး၏အတွေးများ ရှုပ်ထွေးသွားပြီး သူ အချိန်အတော်ကြာ အံ့အားသင့်သွားလေသည်။

ဘာကြီးလဲ။

ကောင်းကင်ကြည့်ဆောင်ရဲ့ လျှို့ဝှက်ချက်တွေကို ကောင်မလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ သိနေရတာလဲ။ ကောင်းကင်ပြည်နယ်မှာ ဒါတွေက လျှို့ဝှက်ချက်တွေလို့ မသတ်မှတ်တော့တာလား။ ဒါမှမဟုတ် အင်အားကြီး မိသားစု(၅)ခုရဲ့ အထက်တန်းလွှာတွေ မျက်စိထဲမှာ လျှို့ဝှက်ချက်တွေ မဟုတ်တော့တာလား...

ချီးပဲ၊ ငါတွက်တာ တော်တော်လွဲသွားတယ်။

ဒီကောင်းကင်ကြည့်ဆောင် အစုတ်ပလုတ်ကရဲ့ လုံခြုံရေးက ဘယ်လိုလုပ် ဒီလောက် ဆိုးရွားရတာလဲ။

သို့သော် မုန့်ချင်ကျိုးက တည်ငြိမ်စွာနေပြီး ရရယ်မောလိုက်သည်။

"သူက မထိုက်တန်ဘူး။"

စကားလုံး တစ်ခွန်းတည်းအပြင် ဘာရှင်းပြချက်မှ မပါပေ။ စစ်မှန်သော အထင်သေးမှု ဆိုသည်မှာ လျစ်လျူရှုခြင်းပင်။

ကျိဝူရွှမ်သည် ဆောင်းဦးရာသီတွင် ခုန်ပေါက်နေသော ကျိုင်းကောင်တစ်ကောင်ထက်မပိုဘဲ သူ၏ အာရုံစိုက်မှုကို အနည်းငယ်မျှ မထိုက်တန်သကဲ့သို့ ဖြစ်နေသည်။

သူတို့နှစ်ဦးစလုံး စကားမပြောကြတော့ဘဲ လေထုမှာ အနည်းငယ် အနေရခက်သွားလေ၏။

စုချင်ချိုးက သခင်လေးဖြစ်သူ၏ ခံ့ညားသောပြသမှုကို အလုပ်ရှုပ်စွာ စောင့်ကြည့်နေစဉ် ရုတ်တရက် သတိဝင်လာပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ သူဝင်ပါရမည့်အလှည့် ရောက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထို့နောက် သူက ရှင်းပြသည်။

"ကျိဝူရွှမ်က ကောင်းကင်ကြည့်ဆောင်ရဲ့သခင်လေးဆိုတဲ့ အမည်ခံပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကိုခိုးယူဖို့ကြိုးစားနေတဲ့ ယုတ်မာတဲ့လူလိမ်တစ်ယောက်ပါ။ တကယ့်လူသားဧကရာဇ်ဆိုတာ လောကကို လွှမ်းမိုးပြီး၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က ရန်သူတွေကို ဖိနှိပ်ပြီးတော့ အမြဲတမ်း ထက်မြက်ပြီး ဘယ်တော့မှ တားဆီးလို့ မရတဲ့သူ ဖြစ်ရမယ်။"

"ဒါပေမဲ့ သူကတော့ လွန်ခဲ့တဲ့ လအနည်းငယ်က တောရိုင်းမြေထဲကို တိတ်တဆိတ် ဝင်သွားပြီးတော့ နံနက်ခင်းအလင်းနယ်ပယ် အယောင်(၁၀၀)ကို ဦးဆောင်ပြီး နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိတဲ့ ဓားသမားတစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့တယ်။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်။"

လီတိုင်ယွမ်မှာ နားမလည်နိုင်သော်လည်း အထင်ကြီးသွားပြီး သူ၏နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုတစ်ခု ပေါ်ပေါက်လာသည်။

အဲဒါ တကယ်ပဲလား။

ယခုအခါ သူသည် မှတ်ဉာဏ်များကို လုံးဝဆုံးရှုံးသွားပြီး သူ၏လောကအမြင်မှာ မူလလီတိုင်ယွမ်၏ မှတ်ဉာဏ်များအပေါ်တွင် အခြေခံထားသည်။ ၎င်းမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဆေးကြောပစ်ပြီး သူ့ကို လီတိုင်ယွမ်အဖြစ် လုံးဝအစားထိုးလိုက်ခြင်းနှင့် တူညီသည်။ ထို့ကြောင့်ပင် ကျိဝူရွှမ် တောရိုင်းမြေသို့ သွားခဲ့ကြောင်း သူ လုံးဝမသိပေ။

ကျိဝူရွှမ်ကိုယ်တိုင်လည်း ထိုသို့ရှက်စရာကိစ္စမျိုးကို လူသိရှင်ကြား ကြေညာမည် မဟုတ်ပေ။

"ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတာ။"

စုချင်ချိုးက ထိုစကားလုံးများ ပြောလိုက်ချိန် လီတိုင်ယွမ်၏တည်ငြိမ်မှုများ လုံးဝ ပျက်ပြားသွားလုမတတ် ဖြစ်သွားရသည်။

ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ။

ကျိဝူရွှမ်ဆိုတာ ကောင်းကင်ပြည်နယ်မှာ ပြိုင်ဖက်ကင်းဆိုတဲ့စကားလုံးနဲ့ အမြဲတမ်း တွဲဖက်နေတာပဲ။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်ပြီးတာနဲ့ သူက နှစ်ပေါင်းထောင်ချီအောင် အမြစ်တွယ်နေတဲ့ ဂိုဏ်း(၁၈)ခုကို တိုက်ရိုက်ရှင်းလင်းပစ်ပြီး တခြားမိသားစု(၄)ခုကို ဖိနှိပ်ခဲ့တယ်။

တောရိုင်းမြေမှာ ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စုချင်ချိုးက လှောင်ပြောင်လိုက်သည်။

"ရှင့်မှာ အခွင့်အရေးရှိရင် တောရိုင်းမြေကို တစ်ခေါက်လောက် သွားကြည့်လို့ရတယ်။ တောရိုင်းမြေ တစ်ခုလုံးမှာရှိတဲ့ လူတိုင်းက ဒီအကြောင်းကို သိကြတယ်။ အဲဒီအချိန်ကျရင် ဒါက အမှန်လား အမှားလားဆိုတာ သိလာမှာပါ။"

"ပြိုင်ဘက်က တစ်ယောက်တည်း ဖြစ်ပေမယ့် နံနက်ခင်းအလင်းနယ်ပယ် စစ်သည်(၁၀၀)ကို သတ်ဖြတ်ပြီးတော့ ကျိဝူရွှမ်ကို နေရာမှာတင် သတ်လုနီးပါး ဖြစ်ခဲ့တယ်။ ဒီလိုလူမျိုးက နောက်လူသားဧကရာဇ် ဖြစ်လာမယ်လို့ မင်း ထင်လား။ သူ အဲဒါနဲ့ ထိုက်တန်ရဲ့လား။"

လီတိုင်ယွမ် စကားမပြောသော်လည်း သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏နှလုံးမှာ အပြင်းအထန် ခုန်ပေါက်နေလေသည်။

စာလိပ်က အတုများလား။

ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းဖို့ ကူညီရမယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုလုံး လိမ်လည်မှုတစ်ခုလား။

ငါက ကောင်းကင်ကြည့်ဆောင် အဖွဲ့ဝင်တစ်ယောက် လုံးဝ မဟုတ်ခဲ့ဘူး။ တကယ့်လီတိုင်ယွမ် ကိုယ်တိုင်ပဲ။ အရင်က အရာအားလုံး ထင်ယောင်ထင်မှားဖြစ်ပြီးတော့ မှော်အတတ်ပြုစားခံရတဲ့ ရလဒ်တစ်ခုပဲ။

လီတိုင်ယွမ်မှာ ပြိုလဲလုမတတ် ဖြစ်နေ၏။

တကယ်လို့ ဒါသာအမှန်ဆိုရင် မိသားစု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်အောင် ကြိုးစားခဲ့တာတွေ၊ မိသားစုကို သစ္စာဖောက်ခဲ့တာတွေ၊ ကျိမိသားစု ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့အတွက် လီမိသားစု တစ်ခုလုံးကို မျိုးဖြုတ်သတ်ပစ်ဖို့ ပြင်ဆင်ခဲ့တာတွေ အားလုံးကကော ဘယ်လိုလုပ်မလဲ။

"တော်ပါတော့... စကားပြောတာ တော်ပါတေ။ာ့" လီတိုင်ယွမ်က နဖူးကို ဆုပ်ကိုင်ရင်း နာကျင်စွာ ပြောလိုက်သည်။

"မျက်လုံးတွေကို ဖွင့်ပြီး ကြည့်လိုက်စမ်းပါ။"

ရုတ်တရက် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

လီတိုင်ယွမ်က အသံလာရာဆီသို့ ကြည့်လိုက်ရာ နဂါးငွေ့တန်းပေါ်တွင် ထိုင်နေသော အနက်ရောင်ဝတ် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ သူ၏လက်ဖဝါးကို ဆန့်ထုတ်ထားပြီး လက်ငါးချောင်းဖြန့်ကာ ကပ်ဘေးနှင့် ဘေးဒုက္ခ ဘောလုံးတစ်လုံးကို စုစည်းနေလေသည်။

"သေချာကြည့်။ ဒါက ဘာလဲ။"

ထိုစကားကို ကြားသောအခါ လီတိုင်ယွမ်က အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများ အရောင်အဝါ ကင်းမဲ့သွားကာ တကိုယ်တည်း ရေရွတ်လိုက်သည်။

"နတ်ဘုရားစွမ်းအား..."

"ရှင်က နတ်ဘုရားတွေရဲ့အကြွင်းအကျန်လား။"

မုန့်ချင်ကျိုးက ပြုံးပြီးပြန်မေးလိုက်သည်။ "ငါက အဲဒီလိုနဲ့ တူတယ်လို့ မင်း ထင်လား။"

"မဟုတ်ဘူး..."

"မဟုတ်ဘူး။ အဲဒီလိုမထင်ရဘူး။ နတ်ဘုရားဆိုတာ အကြင်နာကင်းမဲ့တယ်ဆိုတာ လူတိုင်း သိတာပဲ..."

မုန့်ချင်ကျိုးက ခေါင်းညိတ်ပြီး မေးလိုက်သည်။ "ဒီတော့။"

လီတိုင်ယွမ်က နောက်ဆုံးစကားလုံးများကို ပြောလိုက်သည်။ "ဒီတော့ ရှင်က ကောင်းကင်ကြည့်ဆောင်ရဲ့ တကယ့်သခင်လေးပဲ..."

ထိုသို့ပြောပြီးနောက်တွင် လီတိုင်ယွမ်က မျက်လုံးများလှန်လိုက်ပြီး ခေါင်းကိုနောက်သို့လှန်ကာ သတိမေ့သွားလေသည်။

သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေ လုံးဝ ပြိုလဲသွားလေပြီ။

ဒါဆို ဒီအချိန်တစ်လျှောက်လုံး ငါက ကိုယ့်မိသားစုကို သစ္စာဖောက်ခဲ့တဲ့ သစ္စာမရှိတဲ့သမီးတစ်ယောက် ဖြစ်နေခဲ့တာပေါ့။

…

All Chapters