← Chapters

အခန်း ၂၆၅

Vol. 19 Ch. 265

အခန်း ၂၆၅

Vol. 19 Ch. 265

အပိုင်း(၂၆၅) ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ရုပ်ဖျက်ထားသောနောက်လိုက်

ချင်လွမ်ထျန်း။

လီမိသားစု။

နို့ကဲ့သို့ဖြူဖွေးနေသော ရဲတိုက်ပုံစံ နန်းတော်များ အစုလိုက်အပြုံလိုက် တည်ရှိနေပြီး ချင်လွမ်ထျန်း နယ်မြေ၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသည်။ လီမျိုးနွယ်စု တစ်ခုလုံးသည် ဤနေရာတွင် နေထိုင်ကြသည်။ ကျိမိသားစု၏ ခေါင်းဆောင်နှစ်ဦး ရောက်ရှိလာမှုကြောင့် မရေမတွက်နိုင်သော နန်းတော်များ ပြိုကျသွားခဲ့ပြီး လူငယ်မျိုးဆက်များက ၎င်းတို့ကို သွားရောက် ပြုပြင်နေကြရသည်။

မိသားစုခေါင်းဆောင် လီရှောင်က အလွန်ပင် စိုးရိမ်ပူပန်နေပြီး ဟိုဘက်ဒီဘက် လမ်းလျှောက်ကာ ချောက်ကမ်းပါးဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေလေသည်။ တံခါးပိတ်ကျင့်ကြံနေပြီး မျိုးနွယ်စုဝင်များကို ချောင်ရှန်းထျန်းနယ်စပ်သို့ မသွားရန် အမိန့်ပေးထားသော လီမိသားစု၏ ဘိုးဘေးနှစ်ဦးသာ မရှိခဲ့ပါက သူသည် ထိုနေရာသို့ ချက်ချင်း ပျံသန်းသွားလောက်ပြီ ဖြစ်သည်။

သမီးဖြစ်သူမှာ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး သူ၏ ကံကြမ္မာကို မသိရသေးပေ။

အရှိန်အဝါသက်သက်ဖြင့်ပင် ကျိမိသားစုကို ခြိမ်းခြောက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့်သူတွင် သာမန်မဟုတ်သော နောက်ခံတစ်ခု ရှိရမည်မှာ သေချာသည်။

"ညီမလေးတိုင်ယွမ်က တကယ်ကို လိုချင်တဲ့သူတွေများတာပဲ။ ပထမတော့ သူ့ကို ကျိမိသားစုက လိုက်ဖမ်းခဲ့လို့ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက် ကယ်တင်သွားတယ်။ အဲဒီလူကလည်း နတ်ဘုရားတာအိုနိယာမဆိုတာကို မျက်စိကျနေပြီးတော့ အဲဒါကို လုယူချင်နေတာများလား။" နီရဲသောနှုတ်ခမ်းများနှင့် ဖြူဖွေးသောသွားများရှိပြီး အရောင်စုံပိုးထည်ဝတ်ရုံကို ဝတ်ထားသော လူငယ်တစ်ဦးက ရယ်မောလိုက်သည်။

လီရှောင်က ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

"လီရှစ်။"

"တိုင်ယွမ်က မင်းနဲ့ မျိုးနွယ်စုတစ်ခုတည်းကပဲ။ ငါ့ကို တိတ်တဆိတ် ဒုက္ခပေးနေတာကို ငါက ပျင်းလို့ မင်းကို ဂရုမစိုက်ဘဲ နေခဲ့တာ။ ဒါပေမဲ့ အခု မင်း ငါ့ကို ထပ်ပြီးပြဿနာရှာရဲရင် မင်းကို ကျောခိုင်းသွားတယ်လို့ ငါ့ကို အပြစ်မတင်နဲ့။"

လီရှစ်က မိန်းမဆန်ဆန် ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

လီမိသားစု၏ အကြီးအကဲ၏ တစ်ဦးတည်းသောမြေးနှင့် အမျိုးသား အမွေဆက်ခံသူဖြစ်သော သူ၏ပါရမီမှာ ရွယ်တူများကြားတွင် လီတိုင်ယွမ်ထက် အနည်းငယ် နိမ့်ကျနေသည်။ ထို့ကြောင့် သူက မိသားစု ခေါင်းဆောင် ရာထူးအတွက် လျှို့ဝှက်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး လီတိုင်ယွမ်အပေါ် အမြဲတမ်း မကျေနပ်မှုများ ရှိနေခဲ့သည်။

ကောင်းကင်ပြည်နယ်က နာမည်ကြီး မိသားစု(၅)ခုက မိန်းမတစ်ယောက်ကို ခေါင်းဆောင်နေရာပေးဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။

အခု ဘာဖြစ်သွားလဲ ကြည့်လိုက်ဦး။ လီတိုင်ယွမ်က သူ့ဘာသာ ဒုက္ခရှာပြီး သေလုနီးပါး အတွေ့အကြုံနဲ့ ရင်ဆိုင်ရဖို့ များနေပြီ။ ဒါပေမဲ့ မိသားစုခေါင်းဆောင်နေရာကတော့ သူ့ဆီကို အလကား ရောက်သွားခဲ့တယ်။

"ခေါင်းဆောင်က ဘာလို့ လူငယ်တစ်ယောက်အပေါ် ဒီလောက် ဒေါသထွက်နေရတာလဲ။ မကျေနပ်တာ တစ်ခုခုရှိရင် ငါ့ဆီလာခဲ့ပါ။"

ဆီးသီးပုံစံ နဂါးတောင်ဝှေးကို အားပြုထားပြီး ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအို တစ်ဦးက ပြုံးလျက် မျက်လုံးများကိုမှေးစင်းကာ လမ်းလျှောက်လာလေသည်။

"လီယွမ်ခုံး။"

"လီမိသားစုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းက မင်းရဲ့မြေးနဲ့ ပူးပေါင်းပြီး လူတစ်ယောက် ဒုက္ခရောက်နေချိန်မှာ ထပ်ပြီးကန်ကျောက်ချင်နေတာလား။ ဘိုးဘေးရဲ့ ဒေါသကို မင်း မကြောက်ဘူးလား။။"

လီရှောင်က စူးရဲစွာကြည့်ကာ ဒေါသတကြီး ဆူပူလိုက်သည်။

သူက မိသားစုခေါင်းဆောင် ဖြစ်သော်လည်း သူ၏အာဏာမှာ လူအများထင်သလောက် မကြီးမားပေ။ အနည်းဆုံးတော့ သူ့အထက်တွင် သူ့ကိုဖိနှိပ်ရန် ဘိုးဘေး ရှိနေသေးသည်။

သူတို့နှစ်ဦးက အချင်းချင်း စိုက်ကြည့်နေကြပြီး သူတို့၏အကြည့်များက သူတို့၏ မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ဆုတ်ဖြဲပစ်ချင်နေသည်ဟု ထင်ရစေသည်။

ရုတ်တရက်။

ဝမ်းသာအားရ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"အစ်မတိုင်ယွမ် ပြန်လာပြီ။"

ဝိုး။

လီမိသားစုတစ်ခုလုံး အံ့အားသင့်သွားပြီး အသံလာရာဆီသို့ ကြည့်လိုက်ကြသည်။

ယောက်ျားလေးနှင့်တူပြီး ဆံပင်ကို အထက်သို့စည်းထားသော တက်ကြွသည့် အမျိုးသမီးငယ် တစ်ဦးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဦးဆောင်ကာ လေထဲမှ ဆင်းသက်လာလေသည်။

"တကယ် သူပဲ။ သူက အသက်ရှင်နေသေးတယ်။" လီရှစ်၏ မိန်းမဆန်သောအပြုံးမှာ ချက်ချင်း အေးခဲသွားပြီး အလွန်ပင် မကျေနပ်စွာဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။

လီယွမ်ခုံးက မှုန်ဝါးနေသောမျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး အမည်မသိ ပုံရိပ်နှစ်ခုကို စူးစိုက်ကြည့်နေလေသည်။

သာမန်အသွင်အပြင်ရှိသော အစေခံမှာ အစောပိုင်းက လီတိုင်ယွမ်ကို ခေါ်ဆောင်သွားသူ ဖြစ်သည်။

နောက်တစ်ယောက်မှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဲမျက်နှာဖုံးတစ်ခုကို တပ်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။

ဒီလူက အစေခံပြောတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သခင်လေးများ ဖြစ်နေမလား...

ထိုအချက်ကို တွေးမိပြီးနောက် လီယွမ်ခုံးက ချက်ချင်းပင် ရှေ့သို့ထွက်ကာ လက်ယှက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ချင်လွမ်ထျန်းက လီမိသားစုရဲ့အကြီးအကဲပါ။ လူကြီးမင်းရဲ့နာမည်ကို မေးခွင့်ပြုပါ။"

သမီးကိုလွမ်းဆွတ်နေသော လီရှောင်ပင်လျှင် သူ၏ဘေးသို့ တွန်းဖယ်ခံလိုက်ရပြီး အနက်ရောင်ဝတ် လူငယ်ဆီသို့ အလျင်စလို ပြေးသွားလေသည်။

"သူက လမ်းမှာ ကျွန်မကောက်ရလာတဲ့ နောက်လိုက်တစ်ယောက်ပါ။ သူက နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိပြီးတော့ သူ့ရဲ့ခွန်အားက တော်တော်လေး ကောင်းပါတယ်။ အကြီးအကဲ... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။" လီတိုင်ယွမ်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ...

လီယွမ်ခုံး၏အပြုံးက အေးခဲသွားသည်။ သူက လက်ကိုဆုပ်ကာ ဒေါသတကြီးဖြင့် အောက်သို့ ရိုက်ချလိုက်ပြီး အိုမင်းနေသောမျက်နှာမှာ ပူထူသွားလေသည်။ သူက ပပြောလိုက်သည်။

"မင်းက သေဘေးကနေလွတ်လာတာတောင် နောက်လိုက်ရှာဖို့ အားလပ်ချိန် ရှိနေသေးတာလား။ မင်းက တော်တော်လေး အကောင်းကြိုက်တာပဲ။ မင်းဘာသာ မင်းသဘောနဲ့ ချောင်ရှန်းထျန်းကို တိတ်တဆိတ် သွားခဲ့လို့ ကျိမိသားစုရဲ့ ခေါင်းဆောင်နှစ်ဦးရောက်လာပြီး ဘေးဒုက္ခကြီး ဖြစ်လုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတာ မင်း သိရဲ့လား။"

"လီမိသားစုရဲ့ အနာဂတ်ဆက်ခံသူအနေနဲ့ ကျိဝူရွှမ်နဲ့ တိတ်တဆိတ် တွေ့ဆုံပြီးတော့ မိသားစု(၅)ခုရဲ့ အားနည်းချက်တွေကို အပ်နှံဖို့ ကြိုးစားခဲ့တယ်။ ဒါက သစ္စာဖောက်တာပဲ။"

"ငါ့ရဲ့ အကြံပြုချက်ကတော့ တကယ်လို့ မင်းမှာ ရှက်စိတ် နည်းနည်းလေးတောင် ကျန်သေးရင် မိသားစု ခေါင်းဆောင်ရဲ့ဆက်ခံသူ ရာထူးကနေ ချက်ချင်း နုတ်ထွက်ပြီးတော့ တခြား မျိုးဆက်သစ်တစ်ယောက်ယောက်ကို လွှဲပြောင်းပေးလိုက်။ အနည်းဆုံးတော့ မျက်နှာပန်းလှသွားတာပေါ့။"

လီတိုင်ယွမ်က ပြန်လည်ချေပခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

မည်သူမှ ငတုံး မဟုတ်ပေ။ အကယ်၍ ကျိဝူရွှမ်က သူ့ကို လိုက်လံဖမ်းဆီးရန် လူများမလွှတ်ခဲ့ဘဲ သူတို့နှစ်ယောက် အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့လျှင် တစ်ဖက်လူက ဘာလုပ်ရမည်ကို သိနေပေလိမ့်မည်။ ထိုအခါ သူက လီမိသားစုဆီ တိတ်တဆိတ်ပြန်လာပြီး လူတိုင်းကို လှည့်စားနိုင်ခဲ့မည်ဖြစ်သည်။ သို့သော် ကံဆိုးစွာပင် ယခုတော့ ကမ္ဘာကြီးတစ်ခုလုံး သိသွားလေပြီ။

လီတိုင်ယွမ် ယခင်က မျိုးနွယ်စု(၅)ခုကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်အောင် အားထုတ်မှုများနှင့် ပေါင်းစပ်လိုက်လျှင် တစ်ခုခုမှားယွင်းနေကြောင်း ခန့်မှန်းနိုင်သည်။

"အိုး။"

လီတိုင်ယွမ် လှောင်ပြောင်ပြီး ပြောလိုက်သည်။ "တကယ်လို့ အကြီးအကဲက မိသားစုခေါင်းဆောင်ရဲ့ ဆက်ခံသူကို ပြောင်းလဲဖို့ အရမ်းစိတ်အားထက်သန်နေရင် ဘိုးဘေးကို သွားမေးလိုက်တာ ပိုကောင်းမယ်။ တကယ်လို့ ဘိုးဘေးက သဘောတူရင် ကျွန်မလည်း လိုက်နာပါ့မယ်။ အဲဒီလိုမှ မဟုတ်ရင် ရှင့်၏စကားတွေကို အလကား မဖြုန်းတီးတာ ပိုကောင်းမယ်။"

အပြန်လမ်းတွင် သူက တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

စာလိပ်ထဲမှာ ရေးထားတာအများစုက အမှန်တွေပဲ။ အနက်ရောင်ဝတ်လူငယ်ရဲ့ ခြိမ်းခြောက်မှုကို ခံလိုက်ရလို့ ဘာတွေဖြစ်နေတယ်ဆိုတာကို ငါ သတိမထားမိခဲ့တာ။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ။ ခန္ဓာကိုယ်ထဲ ပိတ်လှောင်ထားတဲ့ စွမ်းအားကတော့ အစစ်အမှန်ပဲ။

ငါက ကောင်းကင်ထောက်တိုင် အလယ်အလတ်အဆင့်ရဲ့ တိုက်ခိုက်ရေးခွန်အားကို တကယ်ပဲ ပိုင်ဆိုင်ထားတယ်။

ပြီးတော့ လီမိသားစုရဲ့ ဘိုးဘေးနှစ်ဦးထဲမှာ တစ်ဦးက ကောင်းကင်ကြည့်ဆောင် သူလျှိုဖြစ်တယ်လို့ စာလိပ်တွင် မှတ်တမ်းတင်ထားတယ်။

အဲဒီဘိုးဘေး အသက်ရှင်နေသရွေ့ ငါ့ရဲ့ မိသားစုခေါင်းဆောင်ဆက်ခံသူ အဆင့်အတန်းကို ဘယ်သူမှ လှုပ်ခါနိုင်မှာ မဟုတ်ဘူး။

တိတ်တဆိတ် တွေးတောနေစဉ်။

လီတိုင်ယွမ်က အနက်ရောင်ဝတ်လူငယ်နှင့် စုချင်ချိုးတို့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

သို့သော်လည်း သူက နှိုင်းယှဉ်ရမည်ဆိုလျှင် ကောင်းကင်ကြည့်ဆောင်၏ တကယ့်သခင်လေးမှာ မည်သူဖြစ်ကြောင်းကို အတိအကျ မပြောနိုင်ပေ။

ကျိဝူရွှမ်က ကောင်းကင်ထောက်တိုင်နယ်ပယ် ဖြစ်ပြီး အနက်ရောင်ဝတ် လူငယ်က စွမ်းအားများကို ကိုင်စွဲကာ ကောင်းကင်နယ်ပယ်သို့ တက်လှမ်းထားသည်။ အနက်ရောင်ဝတ်လူငယ်က ပိုသာသည်။

အာဏာပိုင်းတွင်တေော့ ကျိမိသားစုက ကောင်းကင်ပြည်နယ်ကို လွှမ်းမိုးထားသလောက် ဖြစ်နေပြီဖြစ်ရာ ကျိဝူရွှမ်က သံသယဝင်စရာမလိုအောင် သာလွန်နေသည်။

ကောင်းကင်ကြည့်ဆောင်နှင့် ရင်းနှီးကျွမ်းဝင်မှုတွင်မူ သူတို့နှစ်ဦးမှာ တူညီနေသည်။ ကျိဝူရွှမ်က သူ့ကို ချက်ချင်းမမှတ်မိဘဲ လိုက်လံ ဖမ်းဆီးရန်ပင် လူများကို စေလွှတ်ခဲ့သည်။ အနက်ရောင်ဝတ်လူငယ်ကလည်း သူ ကောင်းကင်ကြည့်ဆောင်မှအဖွဲ့ဝင်ဖြစ်ကြောင်းကို လုံးဝ မသိသေးပေ။

ထိုအခြေအနေကို ရင်ဆိုင်ရသောအခါ လီတိုင်ယွမ် စိတ်ရှုပ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

စိတ်တိုလာပြီ။

လီယွမ်ခုံးနှင့် သူ၏မြေးဖြစ်သူ လီရှစ်တို့နှင့် ငြင်းခုံပြီး အချိန်ဖြုန်းရန် ပျင်းသဖြင့် သူက စကားကို အဆုံးသတ်လိုက်ပြီး လီရှောင်ကို ဘေးကင်းကြောင်း အသိပေးကာ ယဉ်ကျေးမှု စကားအနည်းငယ် ဖလှယ်ပြီးနောက် နောက်လုပ်ရမည့် အဆင့်များကို သေချာစွာစဉ်းစားရန် အခန်းသို့ ပြန်သွားချင်ခဲ့သည်။

ထိုအချိန်တွင်ပင်။

အချိန်အခါမဟုတ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းတို့နှစ်ယောက်က တော်တော်လေး သတ္တိရှိတာပဲ။ အကြီးအကဲ တစ်ယောက်က ခေါင်းဆောင်ကို ဆူပူရဲပြီးတော့ သာမန်မျိုးနွယ်စုဝင်တစ်ယောက်က ခေါင်းဆောင်လောင်းလျာကို စိုက်ကြည့်ရဲတယ်။"

သရဲမျက်နှာဖုံး တပ်ဆင်ထားသော လူငယ်တွင် ရေခဲလိုအေးစက်ပြီး အရိုးထိအောင်အေးစိမ့်စေသော မျက်လုံးတစ်စုံ ရှိနေကာ လီရှစ်နှင့် လီယွမ်ခုံးတို့ကို အကဲခတ်ကြည့်လိုက်သည်။

လီရှစ်က မှိန်ဖျော့ဖျော့ ပြုံးလိုက်ပြီး အနက်ရောင်ဝတ်လူငယ်၏ ပုံပန်းသွင်ပြင်ကို အကဲခတ်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"မဆိုးဘူး၊ တော်တော် အင်အားကြီးတယ်။ အမှောင်မိုက်ကို စွန့်လွှတ်ပြီး ငါ့နောက်ကို လိုက်ပါလား။"

သူက အနက်ရောင်ဝတ်လူငယ်၏ ရိုင်းစိုင်းသောစကားများကို လုံးဝ လျစ်လျူရှုထားပြီး၊ တောခွေးများ ဟောင်နေသည်ဟု သဘောထားကာ ရယ်မောပစ်လိုက်သည်။

"မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။"

မုန့်ချင်ကျိုးက အသံလာရာဆီသို့ "ကြည့်"လိုက်ပြီးနောက် ပြောလိုက်သည်။

"ငါက သခင်မလေးတိုင်ယွမ်ရဲ့ အစေခံပါ။ သခင်မလေးရဲ့ကိုယ်စား စကားရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့ သူတွေကို သင်ခန်းစာပေးရမယ့်တာဝန် ငါ့မှာ ရှိတယ်။ မင်း ငါနဲ့ တိုက်ရဲလား။"

ထိုစကားကိုကြားရာ လီရှစ်၏မျက်လုံးများကို မှေးစင်းလိုက်သည်။ "မင်း အတည်ပြောနေတာလား။"

လီတိုင်ယွမ် အံ့အားသင့်သွားပြီး ချက်ချင်းပင် သူ့ကိုတားဆီးရန် ကြိုးစားလိုက်သည်။

သို့သော်။

သူ၏အနောက်ဘက်ရှိ စုချင်ချိုးက အသံကို ပို့လွှတ်လိုက်သည်။

"သခင်လေးကို ပေးထားတဲ့ကတိကို မမေ့နဲ့။"

"သခင်လေးက ရှင် ကောင်းကင်ပြည်နယ်ရဲ့အရှင်သခင် ဖြစ်လာဖို့ အစွမ်းကုန် ကူညီပေးလိမ့်မယ်၊ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်တွေကို ဝင်မစွက်ဖက်ရဘူး။ မဟုတ်ရင်..."

"အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ ရှင် ကောင်းကောင်း သိပါတယ်။"

လီတိုင်ယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်သီးဆုပ်ကာ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရ၏။

ငါ့ကို ကောင်းကင်ပြည်နယ်ရဲ့အရှင်သခင် ဖြစ်လာအောင် ကူညီပေးမယ်...

ဒါ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။

ဒါက စကားသက်သက်ပဲလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ အံ့ဩစရာက လီမိသားစုဆီ ရောက်ရောက်ချင်းမှာပဲ "ယွမ်"လို့ နာမည်ရတဲ့ ဒီလူငယ်က လီမိသားစုရဲ့ သစ္စာမရှိတဲ့အဖွဲ့ဝင်တွေကို စပြီးတော့ အရေးယူဖို့ပြင်နေတာပဲ။

အဓိကအချက်ကတော့ ဒါကိုလုပ်ရင်းနဲ့ ငါ့အတွက် မရေမတွက်နိုင်တဲ့ရန်သူတွေကို ဖန်တီးပေးနေတာပဲ။

လီတိုင်ယွမ်၏အမြင်အာရုံမှာ လှိုင်းများကဲ့သို့ အမည်းရောင်များ ဖုံးလွှမ်းသွားသည်။

ဇာတ်ကွက်က ထိန်းချုပ်လို့မရတော့ဘဲ လုံးဝပြိုလဲသွားတဲ့ပုံပဲ။

…

All Chapters