← Chapters

အခန်း ၂၆၈

Vol. 19 Ch. 268

အခန်း ၂၆၈

Vol. 19 Ch. 268

အပိုင်း(၂၆၈) ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်များ၊ လျှို့ဝှက်ချက်များကို အပြန်အလှန်ဖော်ထုတ်ခြင်း

မဏ္ဍပ်အနီးတွင် ဆောင်းဦးရွက်များ တရှဲရှဲ မြည်နေ၏။

ညနေခင်းလေပြေက မျက်နှာကို နမ်းရှိုက်သွားပြီး ခံစားမှုများကို လန်းဆန်းစေကာ လက်ဖက်ရည်၏ ရနံ့ကို ခံစားရခြင်းမှာ စစ်မှန်သော ပျော်ရွှင်မှုပင်။

သို့သော် ဤအခိုက်အတန့်တွင် မုန့်ချင်ကျိုးက လုံးဝ စိတ်အေးလက်အေး မနေနိုင်ပေ။ လီမိသားစုထဲသို့ သူဝင်ရောက်ပြီး နာရီဝက်အကြာမှာပင် လျှို့ဝှက်ချက် ဖော်ထုတ်ခံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အစောပိုင်းက လီရွှမ်ကျင်း၏ တွန့်ဆုတ်မှုကို ထည့်တွက်ကြည့်လျှင် သူ၏ သရုပ်မှန်ကို ခန့်မှန်းမိသွားပြီ ဖြစ်သည်။

သူက အတုအယောင် နတ်ဘုရားခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်တဲ့အတွက် ဒါက ကပ်ဘေးနတ်ဘုရား ခန္ဓာကိုယ် ဖြစ်တယ်ဆိုတာကိုလည်း သေချာပေါက် သိရမယ်။ ကပ်ဘေးက တောရိုင်းမြေမှာ ပျောက်သွားတာ။ လီတိုင်ယွမ်က မသိနိုင်ပေမယ့် ကောင်းကင်ပြည်နယ်က အဓိက မိသားစု(၅)ခုရဲ့ ဘိုးဘေးတစ်ယောက်အနေနဲ့ သေချာပေါက် သိရမှာပဲ။

ထို့ကြောင့် အမှန်တရားကို ကောက်ချက်ချရန် မခက်ခဲပေ။

ပြီးတော့...

အဲဒီအဘိုးကြီးက လီတိုင်ယွမ်ကို လီမိသားစုရွာက မဟုတ်ဘူးလို့ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။

တစ်ခုခုတော့ ထူးဆန်းနေတယ်။

မုန့်ချင်ကျိုးက သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ပြီး လက်ဖက်ရည်ကို တိတ်ဆိတ်စွာသောက်ရင်း နောက်ဆက်တွဲစကားများကို ဆက်လက်နားထောင်ရန် စောင့်ဆိုင်းနေလိုက်သည်။

"တိုင်ယွမ်... မင်း အခု သွားလို့ရပြီ။ ဒီအထူးဧည့်သည်တော်နဲ့ ငါ ဆွေးနွေးစရာတစ်ခု ရှိတယ်။" လီရွှမ်ကျင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လီတိုင်ယွမ်က အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့သော်လည်း ဘိုးဘေးသည် ကောင်းကင်ကြည့်ဆောင်မှဖြစ်ပြီး မှတ်ဉာဏ်လည်း မပျောက်ဆုံးသေးသဖြင့် မှားယွင်းသော ဆုံးဖြတ်ချက်ချမည် မဟုတ်ကြောင်း တွေးမိလိုက်သည်။ ယခုဘိုးဘေးက ယွမ်သည် ပုံမှန်မဟုတ်ကြောင်း သိထားပြီးဖြစ်သဖြင့် သူ စိုးရိမ်စရာ မလိုတော့ပေ။ ထို့ကြောင့် သူ ထွက်ခွာသွားလေသည်။

မဏ္ဍပ်ထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။

နောက်ဆုံးတွင်။

လီရွှမ်ကျင်းက အရင် စကားစလိုက်သည်။ "မင်းက တောရိုင်းမြေက အချိန်-နေရာလွတ် ဓားသူတော်စင် မဟုတ်လား။"

"ဟုတ်ပါတယ်။"

အခြေအနေက ဤအထိ ရောက်လာပြီဖြစ်ရာ မုန့်ချင်ကျိုးကလည်း ဆက်ပြီးဖုံးကွယ်ထားရန် ပျင်းသွားပြီ ဖြစ်သည်။

"ကောင်းတာပေါ့။"

လီရွှမ်ကျင်းက တိုးညင်းစွာရယ်မောလိုက်ပြီး သူ၏အကြည့်များကို မုန့်ချင်ကျိုးအပေါ် စူးစိုက်ထားကာ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။

"မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးပြီး ကောင်းကင်ပြည်နယ် ပေါင်းစည်းရေးကို နှောင့်နှေးအောင်လုပ်ဖို့ လာတာလား။"

"မှန်တယ်။"

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ဖြေကြားလိုက်သည်။

တစ်ဖက်လူ၏ ပွင့်လင်းမြင်သာမှုကို ရင်ဆိုင်ရသောအခါ လီရွှမ်ကျင်းမှာ စကားပြောရန် ဆွံ့အသွားသည်။ မျှော်လင့်ထာသလို အားစိုက်ထုတ်ရမည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ တိုက်ရိုက် ဝန်ခံလိုက်သောကြောင့်ပင်။

"ခင်ဗျားက ဒီမေးခွန်းတွေအားလုံးကို အစကတည်းက မေးနေတာဆိုတော့ အခု ကျွန်တော်မေးရမယ့် အလှည့်ပဲ။"

"မေးလေ။"

"ခင်ဗျားက ကောင်းကင်ကြည့်ဆောင်ရဲ့ တာဝန်ရှိသူ တစ်ယောက်လား။"

တစ်ခဏချင်းမှာပင်။

လီရွှမ်ကျင်းက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး သူ၏ ယဉ်ကျေးသိမ်မွေ့သောအသွင်အပြင်မှာ အနည်းငယ် ပျောက်ကွယ်သွားကာ စိတ်ခံစားမှု အတက်အကျများကို မျက်နှာပေါ်တွင် ရှင်းလင်းစွာမြင်တွေ့ရပြီး အနက်ရောင်ဝတ်လူငယ်ကို အံ့သြမှုများနှင့် မသေချာမှုများဖြင့် စိုက်ကြည့်နေလေသည်။

လခွမ်းပဲ...

ငါက ချင်လွမ်ဘိုးဘေးရဲ့ မြေကြီးတာအိုနိယာမတွေကနေ အကျိုးအမြတ် ရထားလို့ မင်းရဲ့သရုပ်မှန်ကို ခန့်မှန်းနိုင်ခဲ့တာ။ အဲဒါက အဖြေလွှာကို ကြည့်ပြီး မေးခွန်းကိုဖြေတာနဲ့ တူတူပဲ။

ဒါပေမဲ့ မင်းက ငါ့ရဲ့သရုပ်မှန်ကို ဘယ်လိုလုပ် ခန့်မှန်းနိုင်ရတာလဲ။

မုန့်ချင်ကျိုးက ငြင်းဆိုသံ မကြားရသဖြင့် ချက်ချင်း ရယ်ပြီး ပြောလိုက်သည်။

"ခင်ဗျား စိတ်ရှုပ်ထွေးနေပြီလား။"

"ခင်ဗျား ကျွန်တော့်ရဲ့သရုပ်မှန်ကို စပြီးဖော်ထုတ်တော့ မိသားစု(၅)ခုက အင်အားကြီးပြီး တောရိုင်းမြေမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိနေလို့ ဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့တယ်။ ခင်ဗျားက အဲဒီစိတ်ဓာတ်ကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကို တိုက်ရိုက်ဖော်ထုတ်လိုက်တာလို့ ကျွန်တော် ထင်ခဲ့တယ်။"

"ဒါပေမဲ့ ကျွန်တော် သေချာ ပြန်စဉ်းစားကြည့်လိုက်တော့..."

"တောရိုင်းမြေမှာ ကျွန်တော် ကြေညာခဲ့တာက ကပ်ဘေးနတ်ဘုရား ဟောင်တု သေသွားပြီ ဆိုတာပဲ။ ပျောက်သွားတာမဟုတ်ဘူး။ ဟောင်တု ပျောက်သွားတယ်ဆိုတာကို တကယ်သိခွင့်ရှိတာက ကျွန်တော်ရယ်၊ ပြီးတော့ ကောင်းကင်ကြည့်ဆောင်ရယ်ပဲ ရှိတယ်။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး လူယုံတွေကိုတောင် ကျွန်တော် မပြောပြခဲ့ဘူး။"

"ဒါပေမဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမီးပွားကို ပိုင်ဆိုင်ထားတယ်၊ အဲဒါက ကပ်ဘေးရဲ့ နတ်ဘုရားမီးပွား ဖြစ်နေတယ်ဆိုတာကို ခင်ဗျား သိလိုက်ရတော့ ဘာအံ့သြမှုမှ မပြခဲ့ဘူး။ ဒီအတွက် ရှင်းပြချက် တစ်ခုတည်းပဲ ရှိတယ်။ လီမျိုးနွယ်စုရဲ့ ဘိုးဘေးဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်ကလည်း ကောင်းကင်ကြည့်ဆောင်က သူလျှိုတစ်ယောက်ဖြစ်ပြီးတော့ ခင်ဗျားရဲ့ ရာထူးကလည်း တော်တော်လေး မြင့်လောက်တယ်။ အနည်းဆုံးတော့ နန်းဆောင်သခင် ဆယ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်။"

လီရွှမ်ကျင်း၏နှုတ်ခမ်းများ တွန့်ကွေးသွာ၏။

မိသားစု(၅)ခုက တောရိုင်းမြေတွင် ဖြစ်ပျက်နေသမျှကို သိထားသော်လည်း ကောင်းကင်ကြည့်ဆောင်၏ ဒသမမြောက် နန်ဆောင်သခင်အနေဖြင့် သူသည် ကပ်ဘေးပြန်လည်ရှင်သန်လာခြင်းနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်တို့၏ တိုက်ပွဲအပြီး ပျောက်ကွယ်သွားကြောင်းကို သိခွင့်ရှိသည်။ ထို့ကြောင့် တောရိုင်းမြေတွင် ပျံ့နှံ့နေသော တိုက်ပွဲအခြေအနေများကို သူ စုံစမ်းစစ်ဆေးရန် အချိန်မပေးခဲ့ပေ။

ဤမျှ သေးငယ်သောအမှားကြောင့် သူ၏သရုပ်မှန် ဖော်ထုတ်ခံလိုက်ရလေသည်။

"ကောင်းပြီလေ။ အခု ငါတို့နှစ်ယောက်လုံး လျှို့ဝှက်ချက်တွေ ဖော်ထုတ်ပြီးပြီဆိုတော့ မျက်နှာချင်းဆိုင် သေချာ စကားပြောရမယ့် အချိန်ရောက်ပြီ။"

"ခင်ဗျားအရင် ပြောပါ။ ကျွန်တော့်ဆီက ဘယ်လို သတင်းအချက်အလက်မျိုး ရချင်တာလဲ။"

မုန့်ချင်ကျိုးက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ၊။ ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။ ကောင်းကင်ပြည်နယ်သို့ လာရောက်ရခြင်း၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ကောင်းကင်ကြည့်ဆောင်၏ဌာနချုပ်ကို ရှာဖွေရန်ပင်။ ယခု ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်နှင့် မျက်နှာချင်းဆိုင် ဆက်သွယ်ခွင့်ရခြင်းမှာ သေချာပေါက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

လီရွှမ်ကျင်း ရယ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားပြီး တောင်ပေါ်လေပြေကို ခံစားရင်း မျက်လုံးများကိုမှိတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါက မင်းကို တွေ့ချင်ရုံ သက်သက်ပါ။ အဲဒါပါပဲ..."

"မဟုတ်ဘူး။ တကယ်ပြောတာ။"

"ဘာပဲဖြစ်ဖြစ် မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ပုန်းနေတာလေ။ မင်းရဲ့ အတုအယောင်ခန္ဓာကိုယ်ကို သတ်တာက ယာယီဖြေရှင်းနည်းတစ်ခုပဲ ဖြစ်မှာ။ ပြီးတော့ မင်း ပုန်းနေတာထက်စာရင် မင်းရဲ့ အတုအယောင် ခန္ဓာကိုယ်က ငါ့ရဲ့ မျက်စိအောက်မှာ ရှိနေတာက ပိုကောင်းတယ်။"

မုန့်ချင်ကျိုးက နဖူးကို လက်ညှိုးဖြင့်ပွတ်သပ်ပြီး ရုတ်တရက် ပြောလိုက်သည်။

"လီတိုင်ယွမ်လည်း ကောင်းကင်ကြည့်ဆောင်က သူလျှိုတစ်ယောက်ပဲလား။"

တစ်ခဏချင်းမှာပင်။

လေထုမှာ သေမတတ် တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားလေသည်။

လီရွှမ်ကျင်းက အံ့သြတကြီးဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူက ပါးစပ်ကိုဟကာ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

"မင်း အဲဒီလို ဘယ်လိုလုပ် ကောက်ချက်ချလိုက်တာလဲ။"

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ရိုးရှင်းပါတယ်။ သဲလွန်စတွေကို လိုက်ပြီး အရင်းအမြစ်ကိုရှာလိုက်ရုံပဲ။"

"သိထားတဲ့ သတင်းအချက်အလက်တွေက ခင်ဗျားက ကောင်းကင်ကြည့်ဆောင်က နန်ဆောင်သခင် ဖြစ်ပြီးတော့ လီတိုင်ယွမ်က မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြှင့်တင်ဖို့ အာရုံစိုက်နေတယ်။ ခင်ဗျားရဲ့သရုပ်မှန်ကို ကျွန်တော် မသိခင်က လီတိုင်ယွမ်ရဲ့လုပ်ရပ်တွေကို ကျွန်တော် နားမလည်ခဲ့ပေမယ့်၊ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုလျှော့ချဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော် မနည်းဖုံးကွယ်ထားနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်... ဒီလို လူမျိုးတွေလည်း ရှိတာပဲလေ။"

"ဒါပေမဲ့ ခင်ဗျားတို့မိသားစုရဲ့ဘိုးဘေးက ကောင်းကင်ကြည့်ဆောာင်က ဖြစ်နေတော့ လီတိုင်ယွမ်ရဲ့ လုပ်ရပ်တွေက တခြားအဓိပ္ပာယ်တစ်ခုကို ဆောင်နေပြီ။ ပြီးတော့..."

"သူက လီမိသားစုရွာက မဟုတ်ဘူးလို့ ခုနလေးတင် ခင်ဗျား ပြောလိုက်တယ်။ အဲဒါက လီတိုင်ယွမ်ရဲ့ သရုပ်မှာ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒါကြောင့် ကျွန်တော် ရဲရဲဝံ့ဝံ့ မှန်းဆလိုက်တာက လီတိုင်ယွမ်က ဟန်ဆောင်ခံထားရတာပဲ ဖြစ်ရမယ်။ တကယ်လို့ အဲဒါသာ မှန်တယ်ဆိုရင် အရာအားလုံးက ယုတ္တိရှိသွားပြီ။"

"အဲဒါက လီတိုင်ယွမ် အမှားကြီးလုပ်မိပြီးတာတောင် မိသားစု ခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဘယ်လို အောင်မြင်ခဲ့သလဲဆိုတာနဲ့ ကျိဝူရွှမ်ကို တိတ်တဆိတ် သွားတွေ့ခဲ့ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းပြနိုင်တယ်။"

လီရွှမ်ကျင်းက ရှေ့မှလူကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး အချိန်အတော် ကြာပြီးနောက်တွင် သက်ပြင်းချလိုက်သည်။

"တကယ်ပါပဲ။"

"တောရိုင်းမြေမှာ မင်း အလျင်အမြန် ထွန်းတောက်လာတာကို ကောင်းကင်ရဲ့မျက်နှာသာပေးမှုဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ရိုးရိုးရှင်းရှင်း ရှင်းပြလို့ မရနိုင်ဘူး။"

သူ အနည်းငယ် ရပ်တန့်လိုက်သည်။

လီရွှမ်ကျင်းက ပြောလိုက်သည်။

"ဒီအထိ ရောက်လာပြီဆိုတော့ ငါလည်း မင်းကို ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။"

"ကောင်းကင်ကြည့်ဆောင်က ဟောင်တုကို သေလည်းမသေ၊ ကောင်းကင်တာအိုဆီလည်း ပြန်ပြီးတော့ မရောက်စေဘဲ ဘယ်လိုနည်းနဲ့ လုံးဝပျောက်ကွယ်သွားအောင် လုပ်ခဲ့လဲဆိုတာ အတိအကျသိချင်တယ်။ ဒါက..."

"ဒီအချက်ကို မင်း ရှင်းရှင်းလင်းလင်း နားလည်ရမယ်၊၏။ မဟုတ်ရင် ပြဿနာကြီးကြီး တက်လိမ့်မယ်။"

မုန့်ချင်ကျိုးက အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါဆို ကျွန်တော်လည်း ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ လကုန်မှာ ကျင်းပမယ့် မိသားစု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲက သေချာပေါက် ကျရှုံးလိမ့်မယ်။ ခင်ဗျားတို့ ပါးပါးနပ်နပ်နေတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ပြဿနာကြီးကြီး တက်လိမ့်မယ်။"

ထိုစကားကို ကြားသောအခါ လီရွှမ်ကျင်းက ချက်ချင်းပင် ဒေါသတကြီး ပြန်ချေပလိုက်သည်။ "မင်း အိပ်မက်မက်နေတာပဲ။"

"ခင်ဗျားလည်း စိတ်ကူးယဉ်နေတာပဲ။" မုန့်ချင်ကျိုးက ပြန်လည်ချေပလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားလေသည်။

သူတို့နှစ်ဦးက အချင်းချင်းစိုက်ကြည့်နေကြပြီး၊ တစ်ယောက်၏မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေကာ အခြားတစ်ယောက်၏ မျက်လုံးများမှာ ဗလာကျင်းပြီး အသက်ကင်းမဲ့နေသော်လည်း ခိုင်မာစွာ စူးရဲကြည့်နေကြသည်။

"ငါတို့ သဘောထားချင်း မတိုက်ဆိုင်ဘူးဆိုရင်တော့ မင်း အခု ထွက်သွားလို့ရပြီ။"

"ပြီးတော့ တိုင်ယွမ်က လုံးဝသေသွားတာ မဟုတ်ဘူး။ သူ ပြန်လည်နိုးထလာဖို့ ဖြစ်နိုင်ခြေ နည်းနည်း ရှိသေးတယ်။ သူ့ကို မင်း ဘာမှ ထိခိုက်အောင် လုပ်လို့မရဘူး။"

လီရွှမ်ကျင်းက သည်းခံနိုင်စွမ်းမရှိဘဲ လက်ဝှေ့ယမ်းကာ မုန့်ချင်ကျိုးကို မောင်းထုတ်လိုက်သည်။

…

All Chapters