← Chapters

အခန်း ၂၇၃

Vol. 19 Ch. 273

အခန်း ၂၇၃

Vol. 19 Ch. 273

အပိုင်း(၂၇၃) ပြိုင်ဘက်ကင်းကြယ်ကောင်းကင်ယံ၊ လောကကိုကြောက်လန့်စေခြင်း

နားကိုဖောက်ထွင်းသွားတဲ့ နတ်ဆိုးအသံလို "ကျိုင်းကောင်နယ်ပယ် ပိုးချည်လမ်းကြောင်း" ဟူသော စကားလုံးများ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် လီမိသားစု၏ နံနက်ခင်းအလင်းနယ်ပယ် အဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက်က အသွေးအသားများ ပုပ်သိုးယိုယွင်းလာပြီး ကျင့်ကြံမှုနှင့် တာအိုအသီးအပွင့်များ တိုက်စားခံရသောဒဏ်ကို ခံစားလိုက်ရသည်။ သူတို့၏ ဝိညာဉ်အသိဉာဏ်ပင်လယ်ထဲမှ ပုံရိပ်အသေးလေးများ ရုတ်တရက် မျက်လုံးဖွင့်လာပြီး အသံတိတ် ဟိန်းဟောက်လိုက်ကြသည်။

ကျင့်ကြံမှု၊ အသွေးအသား၊ တာအိုနိယာမနှင့် ဝိညာဉ်ကိုပင် ကျိုင်းကောင်များ ဖြတ်သန်းသွားသလိုမျိုး အရာအားလုံးကို တိုက်စားပြီး ဝါးမျိုခံနေရလေသည်။

"လီကျောက်... ဘိုးဘေးဓမ္မပုံရိပ်၊ အသက်မွန်မန္တန်။" လီယွမ်ခုံးက မုန့်ချင်ကျိုး၏ အတွေးများကို လုံးဝဂရုမစိုက်ဘဲ သူ့ကို သတိပေးလိုက်သည်။

သူတို့ကို ဝိုင်းရံတိုက်ခိုက်နေသော နံနက်ခင်းအလင်း တစ်ဒါဇင်ကျော်ထဲမှ သာမန်ရုပ်ရည်ရှိသော လူတစ်ယောက်က ထိုစကားကို ကြားသည်နှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။

လီကျောက်က မျက်ခုံးကြားကို လက်ညှိုးထိုးပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

စကားလုံးများ ထွက်လာ၏။

ချင်လွမ်ဓမ္မပုံရိပ်က လီကျောက်ကိုလွှမ်းခြုံထားသော မဟာတာအိုတောက်ပမှုကို ထုတ်လွှတ်လိုက်သည်။ အလင်းရောင်က ရေပူနှင့်တွေ့သော ရေခဲလို ချက်ချင်း အရည်ပျော်သွားပြီး တရှဲရှဲ အသံတစ်ခု ထွက်လာသည်။

ကပ်ဘေးများနှင့် ဘေးဒုက္ခများက ချင်လွမ်ဓမ္မပုံရိပ်ရှေ့တွင် တကယ်ပင် အားနည်းချက် ဖြစ်နေခဲ့သည်။

ထိုအခြေအနေကိုမြင်သော် လီယွမ်ခုံးက ကျေနပ်စွာဖြင့် မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြုံးလိုက်၏။

"လီကျောက်က လီမိသားစုရဲ့ ဒုတိယမျိုးဆက် လူငယ်တွေကြားမှာ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ပဲ။ ချင်လွမ်ဓမ္မပုံရိပ်ကို သူ နားလည်သဘောပေါက်မှုက ရွယ်တူတွေထက် အများကြီး သာလွန်တယ်။ ဒီနောက်လိုက်မှာ အသိပညာ နည်းနည်းပါးပါး ရှိပေမယ့်လည်း သူ့ရဲ့နားလည်နိုင်စွမ်းက လီမိသားစုဘိုးဘေးရဲ့ နတ်ဘုရားစွမ်းအားရှေ့မှာ ကောင်းကင်ကိုလှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်နဲ့တူတယ်။"

"အသက်မွန်မန္တန်ကို ဘိုးဘေးက ဖန်တီးခဲ့တာ။ ဒဏ္ဍာရီတွေအရ ဒါကို နတ်ဘုရားတွေ အားလုံးကို အနိုင်ယူဖို့ အသုံးပြုနိုင်တယ်တဲ့။ ဒီလူရဲ့ သဘာဝလွန်စွမ်းအားတွေက နတ်ဘုရားအာဏာရဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေတယ်။ သူက နတ်ဘုရားတစ်ပါးပါးရဲ့ ပုံရိပ်ကို လေ့လာပြီးတော့ ဒီထူးဆန်းတဲ့ သဘာဝလွန်စွမ်းအားကို နားလည်သဘောပေါက်ခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။"

လီရှစ်ကလည်း သဘောတူညီစွာ ပြုံးလိုက်ပြီး တင်းမာနေသော စိတ်ခံစားချက်က အနည်းငယ် ပြေလျော့သွားသည်။

သူက အနက်ရောင်ဝတ်လူငယ်ကို ကြောက်၍မဟုတ်ဘဲ တစ်ဖက်လူ၏ အရှိန်အဟုန်က အလွန်ပင် ပြင်းထန်လွန်း၍ ကိုယ်တိုင်ဝင်ပါပြီး နောက်လိုက်တစ်ယောက်နှင့် တိုက်ခိုက်ရမည်ကို စိုးရိမ်နေခဲ့သည်။ ရလဒ်က မည်သို့ဖြစ်စေ သူ မျက်နှာပျက်ရပေလိမ့်မည်။

အကယ်၍ မျက်နှာပျက်သွားလျှင် လူများ၏နှလုံးသားကို သိမ်းပိုက်ရန် မည်သို့ ပြောနိုင်တော့မည်နည်း။ မိသားစုထဲတွင် မည်သူက သူ့ကို ယုံကြည်တော့မည်နည်း။

မိသားစုခေါင်းဆောင် ဖြစ်လာရန်ကိုမူ မေ့ထားလိုက်သင့်တော့သည်။

ကံကောင်းထောက်မစွာဖြင့် လီကျောက်နှင့်အဖွဲ့က ထိုလူ၏ ထူးဆန်းသော သဘာဝလွန်စွမ်းရည်များကို တန်ပြန်နိုင်ခဲ့၍ သူတို့တွင် အနိုင်ရရန်အခွင့်အရေး အလွန်များသွားသည်။

"ကောင်လေး။"

"မင်းရဲ့ တာအိုပညာရပ်တွေက တော်တော်လေး ကောင်းပါတယ်။ မင်းက ငါ့ရဲ့ အစွမ်းကုန်ကြိုးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒီလိုပါရမီနဲ့ လီတိုင်ယွမ်နောက်ကို လိုက်တာက မင်းရဲ့ အဆင့်အတန်းကို စော်ကားပြိးတော့ မင်းကိုကိုယ်မင်း နှိမ့်ချနေတာပဲ။"

"ဒီရွှေခေတ်ကြီးမှာ ဂုဏ်ယူဝင့်ကြွားပြီး မြင့်မြတ်တဲ့ငါတို့က မင်းလို ကျွန်တွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်။ ငါတို့ မင်းကိုမသတ်ရင် ငါတို့ လိပ်ပြာသန့်မှာ မဟုတ်ဘူး။"

"ငါ့ရဲ့စိတ်ငြိမ်းချမ်းမှုကို နှောင့်ယှက်တဲ့သူတွေ သေရမယ်။"

လီကျောက်က ဟိန်းဟောက်လိုက်ပြီး ချင်လွမ်ဓမ္မပုံရိပ်၏ တောက်ပမှုက ပိုမို၍ ကျယ်ပြန့်လာကာ ကျန်ရှိနေသော လူတစ်ဒါဇင်ကျော်ကို လွှမ်းခြုံပြီး ကပ်ဘေးနှင့် ဘေးဒုက္မများကို ဖယ်ရှားပစ်လိုက်၏။

တစ်ခဏချင်းမှာပင် လီမိသားစုဝင် တစ်ဒါဇင်ကျော်သည် နောက်တစ်ကြိမ် ဂုဏ်ယူစွာဖြင့် မတ်မတ် ရပ်တည်နိုင်ခဲ့သည်။

လီတိုင်ယွမ် အနည်းငယ် ရှုပ်ထွေးသွား၏။

ယွမ်က အဆင့်မြင့်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားအနှစ်သာရကို အသုံးပြုပြီး ဤအတုအယောင် ခန္ဓာကိုယ်ကို ဖန်တီးထားခဲ့ကြောင်း ယမန်ညက လီရွှမ်ကျင်း ပြောခဲ့သည်ကို သူ မှတ်မိနေသည်

ဆိုလိုသည်မှာ ထိုမကောင်းဆိုးဝါးနှင့် ကပ်ဘေးဆန်သော အရှိန်အဝါက နတ်ဘုရား၏စွမ်းအားကို ကိုယ်စားပြုနေခြင်းပင်။

အဆင့်မြင့်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အားနည်းပြီး ဘိုးဘေးရဲ့ နိယာမတွ ဟန့်တားမှုကို ခံနေရတာလဲ။

[ ချင်လွမ်တာအိုနိယာမ - ကောင်းကင်ကိုနှိမ်နင်းပြီး နတ်ဘုရားတွေကိုဆင်းသက်စေခြင်း ]

[ လူသားမျိုးနွယ်စု ထွန်းကားလာရမယ်။ ဘုရားကျောင်းတွေ ဖျက်ဆီးခံရမယ်။ ကောင်းကင်ကြီး မှောက်လှန်သွားရမယ်။ သတ္တဝါအားလုံးအတွက် မျှော်လင့်ချက်အလင်းရောင် ထွန်းလင်းဖို့ ငါ့ရဲ့ကိုယ်ပိုင် အသွေးအသားကို အသုံးပြုဖို့ ငါ ဆန္ဒရှိတယ် ]

[ နတ်ဘုရား ငါ့ကို မြင်တဲ့အခါ ကောင်းကင်ကို မြင်လိမ့်မယ် ]

လီကျောက်၏မျက်လုံးများ ဒေါသတကြီး ပြူးကျယ်လာသည်။ သူ လက်သီးကို မြှောက်လိုက်သောအခါ ချင်လွမ်ဓမ္မပုံရိပ်၏ ဆံပင်ရှည်မျာ ယိမ်းနွဲ့သွားပြီး အေးစက်သောမျက်လုံးတွေက လျှပ်စီးလို တောက်ပလာသည်။ ၎င်းက ရှေးဟောင်းနတ်ဘုရားများကို ဖျက်ဆီးခဲ့စဉ်က ဒေါသတကြီးအမူအရာကို ပြန်လည်ဖန်တီးထားခြင်းပင်။ ပြိုင်ဖက်ကင်းစွမ်းအားရှိနေသာ သူက ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်များကို ဆုတ်ဖြဲပြီး နတ်ဘုရားများ၏ သွေးတွေနှင့်ရေချိုးကာ ကောင်းကင်ကို ဟိန်းဟောက်လိုက်လေသည်။

ချင်လွမ်ဓမ္မပုံရိပ်က ပေထောင်ပေါင်းများစွာ မြင့်မားပြီး အောက်ကို လက်သီးနှင့် ထိုးချလိုက်သောအခါ ကြယ်တံခွန်တစ်ခုလောက် ကြီးမားနေသည်။

ရိုးရှင်းပြီး အလှဆင်မထားသော လက်သီးချက်ထဲ ချင်လွမ်ဘိုးဘေး၏ နက်နဲသော တာအိုနိယာမ အမျိုးမျိုး ပါဝင်နေ၏။

စကြဝဠာကြီး အက်ကွဲသွားပြီး ကြယ်စင်စုများ အပိုင်းပိုင်းအစ ပေါက်ကွဲသွားသည်။ ၎င်းက အလွန် ပြင်းထန်လွန်းပြီ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်သော လက်သီးချက်ပင်။

မုန့်ချင်ကျိုးက မတုန်မလှုပ်ဘဲ ရုတ်တရက် ရှေ့သို့ခုန်တက်ကာ ချင်လွမ်ဓမ္မပုံရိပ်ဆီသို့ မြားတစ်စင်းလို တည့်တည့် ပျံသန်းသွားသည်။

သူက ဤအတုအယောင်ခန္ဓာကိုယ်ကို ဖန်တီးရန် အများကြီး အားထုတ်ခဲ့ရသည်။

နတ်ဘုရားအနှစ်သာရကို ပိတ်လှောင်ရန်အတွက် ကောင်းကင်တာအို၏ စုံစမ်းထောက်လှမ်းမှုမှ ကင်းကွာစေပြီး နတ်ဘုရားအနှစ်သာရကို ကောင်းကင်တာအိုက ပြန်လည်ခေါ်ယူခြင်းမှ ကာကွယ်ပေးရန် အတွင်းစကြဝဠာနှင့်ဆင်တူသော နေရာတစ်ခုကိုဖန်တီးရန် အချိန်-နေရာလွတ် နိယာမများကို အရင်ဆုံး အသုံးပြုခဲ့ရသည်။

ထို့နောက် ၎င်းကို အလယ်အလတ်အဆင့် ဟုန်းမုန့်ဖန်တီးခြင်းသွေးကြောနှင့် ကပ်ဘေးနှင့်ဘေးဒုက္ခ အနှစ်သာရတို့ကို ပေါင်းစပ်ကာ ပုံသွင်းထားခြင်း ဖြစ်သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အဆင့်တူများထက် များစွာသာလွန်ပြီး အဆင့်ကျော်လွန်တိုက်ခိုက်ရန် လုံလောက်သည်။

ချင်လွမ် ဘိုးဘေး၏ တာအိုနိယာမများမှာ အမှန်တကယ် အားကောင်းသော်လည်း လီကျောက် ကိုယ်တိုင်မှာ နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိသောကြောင့် ချင်လွမ်ဓမ္မပုံရိပ်၏ အစစ်အမှန် စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ခြင်း မရှိပေ။

ဘုန်း။

ပန်ကူးက လောကကို ဖန်တီးနေသကဲ့သို့ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ဆက်တွဲ ဂယက်လှိုင်းများ အပြင်ဘက်သို့ ပြန့်ထွက်သွားကာ လမ်းတစ်လျှောက်ရှိ ကြယ်များကို ဖျက်ဆီးပစ်ပြီး နေရာလွတ်ကို တစ်လက်မချင်းစီ အက်ကွဲသွားစေသည်။

ပုံရိပ်တစ်ခုက ပေါက်ကွဲမှု၏အလယ်ဗဟိုမှ သွေးများကို အန်ထုတ်ကာ လွင့်စဉ်သွားသည်။ ထိုသူမှာ လုံးဝ ကျိုးပဲ့ပျက်စီးသွားပြီး ပြုတ်ကျသွားကာ နေတစ်စင်းကို ချေမှုန်းပစ်လေသည်။ သွေးများမှာ မိုင်ထောင်ချီအထိ ပက်ဖြန်းသွားလေ၏။

သွေးထွက်လွန်မှုမှာ ပုံမှန်မဟုတ်ဘဲ အလွန်များပြားနေသည်။

"ဘယ်သူ ရှုံးသွားတာလဲ။"

စောင့်ကြည့်နေသူများမှာ စိုက်ကြည့်နေကြပြီး နှလုံးသားများမှာ တင်းမာမှုများဖြင့် အပြင်းအထန် ခုန်ပေါက်နေကြသည်။

"လီကျောက်။"

လီရှစ်၏မျက်နှာမှာ ချက်ချင်း ပာနှမ်းသွားပြီး ပေါက်ကွဲမှု၏အလယ်ဗဟိုကို စူးစိုက်ကြည့်နေလေသည်။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခန့်ညားသည့်လူငယ်တစ်ဦးက လမ်းလျှောက်ထွက်လာသည်။

ချင်လွမ်ဘိုးဘေး၏ တာအိုပညာရပ်များပင်လျှင် သူ့ကို မဖိနှိပ်နိုင်ခဲ့ပေ။

လက်သီးတစ်ချက်တည်းဖြင့် လီမိသားစု၏ ဒုတိယမျိုးဆက်ခေါင်းဆောင်ကို အနိုင်ယူလိုက်သည်။

"စံသတ်မှတ်ချက်ရဲ့ စံနှုန်းပဲ။"

"ချင်လွမ်ဘိုးဘေးရဲ့ တာအိုနိယာမတွေ မင်းလက်ထဲရောက်နေတာက အရှက်ရစရာတစ်ခုပဲ။"

"ဒါက လီမိသားစုရဲ့ ဒုတိယမျိုးဆက်ခေါင်းဆောင်ဆိုတာလား။ ဘာမှ မထူးခြားပါဘူး။"

မုန့်ချင်ကျိုးက လှောင်ပြောင်လိုက်ပြီး မြေကြီးပေါ်တွင် ခွေးသေတစ်ကောင်လို ဒူးထောက်နေသော လီကျောက်ကို အပေါ်စီးမှကြည့်ကာ လီကျောက်၏မျက်ခုံးကြားကို လက်ညှိုးထိုးလိုက်သည်။

"အရင်က မင်း ငါ့ကို ဘာပြောခဲ့လဲ။"

"ကျွန်တွေဟုတ်လား။"

"မင်းကို မသတ်တာက လူသားမျိုးနွယ်စုအတွက် လမ်းဖွင့်ပေးခဲ့တဲ့ ချင်လွမ်ဘိုးဘေးကို လေးစားလို့။ ဒါပေမဲ့ မင်းကို အလွယ်တကူ လွှတ်ပေးလိုက်တာက ချင်လွမ်ဘိုးဘေးရဲ့ တောက်ပတဲ့ မှတ်တမ်းအပေါ် အစွန်းအထင်းတစ်ခု အပေခံလိုက်သလို ဖြစ်သွားလိမ့်မယ်။"

"မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး မင်းရဲ့အခြေခံကို ဖျက်ဆီးလိုက်ပြီ။ အခုကစပြီး မင်း ကောင်းကောင်း နေထိုင်ပြီး သိုသိုသိပ်သိပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ထိုမျှပင်။

ကပ်ဘေးတစ်ခုက သူ၏လက်ညှိုးကြားမှ ထွက်ပေါ်လာပြီး လီကျောက်၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

သွေးရဲနေသော လီကျောက်၏မျက်လုံးများရှိ သတ်ဖြတ်လိုစိတ်မှာ အလွန်သိသာထင်ရှားနေပြီး သူက ခက်ခဲစွာ ပြောလိုက်သည်။

"ကယ်ပါဦး။"

"မင်းတို့အားလုံး ဘာရပ်လုပ်နေတာလဲ။ လီကျောက်ကို ကယ်ကြလေ။" လီရှစ် အော်ပြောလိုက်ပြီးနောက် သူ့ကို ပြင်းထန်စွာ ခြိမ်းခြောက်လိုက်သည်။

"တကယ်လို့ မင်း လီကျောက်ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးရဲရင် အဲဒါက ငါနဲ့ ကမ္ဘာမကြေရန်ငြိုးတစ်ခု ဖြစ်သွားသလိုပဲ။"

"မင်း ဒါကို သေချာ စဉ်းစားပြီးပြီလား။"

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။"

ချက်ချင်းပင်။

သူက တိုက်ခိုက်ရန်အော်ဟစ်နေကြသော လီမိသားစု နံနက်ခင်းအလင်းနယ်ပယ်အဖွဲ့ဝင် တစ်ဒါဇင်ကျော်ကို ရင်ဆိုင်လိုက်ပြီး ဗလာကျင်းနေသော မျက်လုံးများ အနည်းငယ် မှေးစင်းသွားကာ ရုတ်တရက် ပြောလိုက်သည်။

"ကပ်ဘေးတွေ လုံးဝပျောက်ကွယ်သွားပြီလို့ မင်းတို့ ဘာလို့ခံစားနေရတာလဲ။"

"အဲဒီကပ်ဘေနဲ့ ဘေးဒုက္ခတွေကို ငါ တမင်တကာ ပုန်းနေခွင့်ပြုပြီးတော့ မင်းတို့ကို လှည့်စားလိုက်တာ မဖြစ်နိုင်ဘူးလား။"

ထိုစကားကို ကြားသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

လီမိသားစုဝင် တစ်ဒါဇင်ကျော်က ရုတ်တရက် ရင်ဘတ်ကို ဖိကိုင်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုနှင့် နာကျင်မှုများ ပေါ်လာလေသည်။ သူတို့၏မျက်ဆံများမှာ အပ်ပေါက်လောက်အထိ ကျုံ့သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ငါ့ရဲ့ တာအိုအသီးအပွင့်၊ ကျင့်ကြံမှုအဆင့်နဲ့ နတ်ဘုရားဝိညာဉ်တွေ ဝါးမျိုခံနေရတယ်။"

"ပေ(၁၀၀) နောက်ဆုတ်ရင် မင်းတို့ရဲ့အသက်ကို ငါ ချမ်းသာပေးမယ်။ ဒါပေမဲ့ မင်းတို့တွေ ရှေ့ကို နည်းနည်းလေး ဆက်တိုးရဲရင် သေချာပေါက်သေလိမ့်မယ်။"

မုန့်ချင်ကျိုးက အေးစက်စွာ အော်လိုက်ပြီးနောက် သူ၏လက်ညှိုး တောက်ပလာလေသည်။

လီကျောက်က အော်လိုက်သည်။ "မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ..."

သူ စကားမဆုံးခင်မှာတင်မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားပြီ၊ သူ၏လက်များကို မယုံနိုင်စွာ စိုက်ကြည့်နေလေသည်။

ရာစုနှစ်တစ်ခုစာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့သည်များက တစ်ရက်တည်းနှင့် ဖျက်ဆီးခံလိုက်ရလေပြီ။

"ငါ..."

"ငါ ဒုက္ခိတတစ်ယောက် ဖြစ်သွားပြီလား။"

လီကျောက်၏နှုတ်ခမ်းများ ဖြူရော်သွားပြီး တုန်ရီနေလေသည်။

"လူယုတ်မာ... မင်း ဘယ်လိုများ ရဲတင်းရတာလဲ။။"

လီရှစ်နှင့် လီယွမ်ခုံးတို့ တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။

နံနက်ခင်းအလင်းနယ်ပယ် တစ်ဒါဇင်ကျော်မှာ ရှေ့ဆက်မတိုးရဲတော့ဘဲ တွန့်ဆုတ်ကာ တဖြည်းဖြည်း နောက်ဆုတ်သွားကြသည်။ နောက်ဆုတ်လိုက်တိုင်း သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ကပ်ဘေးနှင့် ဘေးဒုက္ခများ လျော့ကျသွားသည်ကို တွေ့ရှိသောအခါ ချက်ချင်း သက်ပြင်းချလိုက်ပြီး ဆက်မတွန့်ဆုတ်တော့ဘဲ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြလေသည်။ ပေ(၁၀၀၀)အကွာသို့ ရောက်ရှိပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိ ကပ်ဘေးနှင့် ဘေးဒုက္ခများ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိသောအခါမှသာ အကြောက်တရားများ ရှိနေဆဲ ဖြစ်သော်လည်း သူတို့က နောက်ဆုံးတွင် အသက်ရှူချောင်သွားလေသည်။

ဤသို့နှင့် အဆုံးသတ်သွား၏။

လီယွမ်ခုံး၏ နောက်လိုက်များအားလုံး ရှေ့သို့တိုးရန် ကြောက်ရွံ့နေကြပြီး မည်သူမျှ မလှုပ်ရှားရဲကြပေ။

အနက်ရောင်ဝတ်လူငယ်က နေရာလွတ်တစ်ခုတွင် မတ်တတ်ရပ်နေပြီး သူ၏လက်များကို ဘေးတွင် ချထားကာ ကိုယ်ဟန်မှာ လှံတစ်ချောင်းကဲ့သို့ ဖြောင့်မတ်နေပြီး သူ၏မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေလေသည်။

"မပျော်သေးဘူးလား။ ထပ်တိုက်ကြဦးမလား။"

ပြောနေရင်းနှင့်ပင်။

အနက်ရောင်ဝတ်လူငယ်က လီမိသားစု လူငယ်မျိုးဆက်များထဲမှ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ လီရှစ်ကို လက်ယပ်ခေါ်လိုက်သည်။

"လာခဲ့ဦးလေ။"

…

All Chapters