အခန်း ၂၇၅
Vol. 19 Ch. 275
အပိုင်း(၂၇၅) ထောင်ခြောက်ဆင်ခံရခြင်း၊ တိုင်ယွမ်၏ခုခံမှုများ ပြိုလဲသွားခြင်း
"မဟုတ်ဘူး။"
"ငါ မရှုံးသေးဘူး။ ရလဒ်က မသေချာသေးဘူး။ ဘယ်သူက အထက်စီးကနေလဲ။ ဘယ်သူက နိမ့်ကျလဲ။ ဘယ်သူက အသုံးမကျတဲ့သူလဲဆိုတာ တရားမျှတတဲ့တိုက်ပွဲတစ်ခုပြီးမှပဲ သိရမယ်။"
လီရှစ်၏ စိတ်ရှုပ်ထွေးမှုနှင့် တွေဝေမှုများ ပျောက်ကွယ်သွားလေသည်။ သူ သတိဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ကပ်ဘေူနှင့် ဘေးဒုက္ခ အငွေ့အသက် အနည်းငယ်ကို တွေ့ရှိလိုက်ရသည်။ ခဲနှင့်ပြဒါးကဲ့သို့သော ရွှေဝါရောင် အငွေ့အသက် နှစ်ခုသည် မီးခိုးရောင်ကြိုးမျှင်အနည်းငယ် ရောယှက်နေသော အစိုင်အခဲ သတ္တုပင်လယ်အဖြစ် ပြောင်းလဲသွားပုံရသည်။
သူက ဖြစ်ပျက်ခဲ့သည်များကို သေသေချာချာ ပြန်လည်အမှတ်ရလိုက်ပြီး သူသည် အစပိုင်းတွင်သာ တိုက်ခိုက်ခံခဲ့ရသော်လည်း အသက်မွန်မန္တန်ဖြင့် ၎င်းကို မောင်းထုတ်နိုင်ခဲ့ကြောင်း သဘောပေါက်သွားသည်။ ဧကန္တ...
အဲဒါက လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ အရိုးမှာ ကပ်နေတဲ့ လောက်ကောင်လိုပဲ ကျန်နေခဲ့ပြီး ငါ့ရဲ့အသိဉာဏ်ကို အဆက်မပြတ် တိုက်စားကာ စိတ်ကို နောက်ကျိစေတယ်။ အဲဒီလိုနဲ့ ငါ့ရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးပစ်ပြီး သွေးထွက်သံယို မရှိဘဲ ရန်သူကို အနိုင်ယူတဲ့ အကျိုးသက်ရောက်မှုကို ရရှိသွားစေတာပဲ။
"ပါးနပ်တဲ့ အကြံအစည်ပဲ..."
"မင်းက အစကတည်းက ခြေလှမ်းတိုင်းကို သေချာစီစဉ်ထားခဲ့တာ။ မင်းက တကယ့်ကို ထူးခြားတဲ့သူပဲ။"
"ငါ မင်းကို အသိအမှတ်ပြုတယ်။"
ဒေါသထွက်နေသော်လည်း လီရှစ်၏လေသံမှာ ရိုးသားပြီး လေးနက်နေလေသည်။
"မင်းက သာမန်ကျွန်တစ်ယောက် မဟုတ်ဘူး။ လီတိုင်ယွမ်မှာ မင်းလို လူထဲကနဂါးတစ်ကောင်ကို အညံ့ခံခိုင်းနိုင်တဲ့ အရည်အချင်းမရှိတာ သေချာလို့ မင်းက သူ့ရဲ့နောက်လိုက်ဆိုတာကို ငါ မယုံဘူး။"
"ဒါပေမဲ့ ဘိုးဘေးက မနေ့က မင်းကိုဆင့်ခေါ်ခဲ့ပြီး မင်းအပေါ် ဘာအရေးယူမှုမှ မလုပ်ခဲ့ဘူးဆိုတာကို ထည့်သွင်းစဉ်းစားရင် မင်းရဲ့သရုပ်မှန်က ပြဿနာ မရှိလောက်ဘူး။"
"ဒူးထောက်ဦးချပြီး ငါ့ရဲ့ တာအိုနှလုံးသားက အားနည်းချက်တွေကို အစားထိုးဖို့အတွက် မင်းရဲ့အမှားကို ဝန်ခံလိုက်။ ဒါဆိုရင် ဒီတစ်ကြိမ်တော့ ငါ မင်းကို လွှတ်ပေးမယ်။"
မုန့်ချင်ကျိုးက သူ့ဘာသာ ရယ်လိုက်သည်။
အဲဒီလိုရှည်လျားတဲ့စကားတွေ အားလုံးက ဒီအချက်ကိုပဲ ရောက်သွားတာပဲ။ ငါ မသေချာဘူးလို့ ခံစားရတယ်။ မင်းကို စကားကောင်းလေး နည်းနည်း ပြောလိုက်ရင်ကော။ မင်းက ငါ့ရဲ့ တာအိုနှလုံးသားကို ပြုပြင်ဖို့ ကူညီပေးတဲ့အနေနဲ့ မြန်မြန်အညံ့ခံပြီး အရှုံးပေးလိုက်လေ။ အဲဒီနောက်မှာ ငါတို့ ညီအစ်ကိုကောင်းတွေ ဖြစ်နိုင်သေးတယ်။
သနားစရာပဲ။
လီတိုင်ယွမ်က ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်လေ။ မင်းတို့ မြေးအဘိုးနှစ်ယောက်က သူ့ကို ထိန်းထားဖို့ ငါ လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ သူက ပြဿနာတွေ ဆက်ပြီးတော့ ဖန်တီးနေရင် မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူ တွန်းအားပေးသွားနိုင်တယ်။
မုန့်ချင်ကျိုးက အစပိုင်းတွင် တွန့်ဆုတ်နေသကဲ့သို့ ဟန်ဆောင်လိုက်ပြီးနောက် လီတိုင်ယွမ်ကို နောက်သို့ လှည့်ကြည့်လိုက်သည်။ သူက အတွေးနက်နေသကဲ့သို့ ခေါင်းငုံ့ထားပြီး ဆံပင်ရှည်များက မျက်နှာပေါ်တွင် အရိပ်များ ထိုးကျနေကာ အကောင်းအဆိုးများကို ခွဲခြမ်းစိတ်ဖြာနေပုံရသည်။ ထို့နောက် သူက စကားမပြောမီ သက်ပြင်းချလိုက်သည်။
"ဆက်ပြီးဆွေးနွေးနေတာက အဓိပ္ပာယ်မရှိဘူး။"
"သခင်မလေးက မင်းကို သင်ခန်းစာပေးဖို့ ငါ့ကို ခိုင်းထားတယ်။ ဒီနေ့ မင်း သခင်မလေးတိုင်ယွမ်ကို အညံ့ခံရမယ်။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ ဒီကိစ္စကို ဖြေရှင်းရလိမ့်မယ်။"
လီတိုင်ယွမ်က ခေါင်းစောင်းကာ သူကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် နိုးထလာသကဲ့သို့ သူ၏ မျက်လုံးများ အလိုလို ပြူးကျယ်သွားကာ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး ထောင်ချောက်ဆင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဟေ့..."
"အဲဒါက ဘာအဓိပ္ပာယ်လဲ။။"
လီရှစ်က ထိုအပြုအမူများ အားလုံးကို မြင်တွေ့ခဲ့ရသည်။ အနက်ရောင်ဝတ်လူငယ်နှင့် လီတိုင်ယွမ်ကြားတွင် သဘောတူညီမှု တစ်ခုခုရှိနေကြောင်း လက္ခဏာများ အားလုံးက ဖော်ပြနေသည်။ သို့သော် အချို့သောအခြေအနေများတွင် သူက လီတိုင်ယွမ်၏ အမိန့်များကို နာခံရန် ဖိအားပေးခံခဲ့ရပုံရသည်။
"လီတိုင်ယွမ်။ မိသားစုခေါင်းဆောင်နေရာအတွက် ရွယ်တူတွေကြား ပြိုင်ဆိုင်မှုဆိုတာ လီမိသားစုမှာ နှစ်ထောင်ချီကြာတည်ရှိနေတဲ့ စည်းမျဉ်းတစ်ခုပဲ။ ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ အပြင်လူတွေကို အသုံးပြုတာက ငါတို့ ဘိုးဘေးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာလို့ မင်း မခံစားရဘူးလာ။။"
လီတိုင်ယွမ် အလွန် စိုးရိမ်ပူပန်သွားသည်။ ၎င်းက သူ လုပ်ခဲ့သောအရာဖြစ်လျှင် ကိစ္စမရှိသော်လည်း၊ ယခုမူ အကြောင်းပြချက်မရှိဘဲ လုပ်ကြံစွပ်စွဲခံရခြင်း ဖြစ်သည်။ သူ လုံးဝကို သည်းမခံနိုင်တော့ပေ။
"အဲဒါ ကျွန်မ မဟုတ်ဘူး။"
"မိသားစုခေါင်းဆောင်နေရာအတွက် ကျွန်မ ရှင်နဲ့ ဘယ်တုန်းကမှ မယှဉ်ပြိုင်ချင်ခဲ့ဘူး။ ရှင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ တကယ်တော့ သူက..."
သူ့ကို ဒိုင်းကာအဖြစ်အသုံးပြုခြင်းမှ တားဆီးရန် မုန့်ချင်ကျိုး၏ သရုပ်မှန်ကို သူ ဖော်ထုတ်တော့မည် ဖြစ်သည်။
သို့သော်လည်း…
စုချင်ချိုး၏ အသံပို့လွှတ်မှုက သူ၏နားထဲ မြည်လာသည်။ "လီမိသားစုမှာ ကောင်းကင်ကြည့်ဆောင်ရဲ့ သူလျှိုတစ်ယောက် ရှိတယ်။ အဲဒါ လီမိသားစုရဲ့ ဘိုးဘေးနှစ်ယောက်ထဲက တစ်ယောက် ဖြစ်ဖို့ အရမ်းများတယ်။ အကယ်၍ ရှင်က သခင်လေးရဲ့သရုပ်မှန်ကို ဖော်ထုတ်ရဲရင် လီမိသားစုက ကောင်းကင်ကြည့်ဆောင်ရဲ့ အကြွင်းအကျန်တွေကို ဖုံးကွယ်ထားတယ်ဆိုတဲ့သတင်းကို ကောင်းကင်ပြည်နယ် တစ်ခုလုံးကို ဖြန့်လိုက်မယ်။ မယုံရင် စမ်းကြည့်လိုက်။"
ထိုစကားကို ကြားသောအခါ လီတိုင်ယွမ်က လည်ပင်းညှစ်ခံရသော ဘဲတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး စကားလုံးများမှာ လည်ချောင်းတွင် တစ်ဆို့နေကာ ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်သွားလေသည်။ လှပသော မျက်နှာလေး နီရဲသွားပြီး လီရှစ်၏ မေးခွန်းထုတ်နေသော အကြည့်အောက်တွင် သူ၏စကားလုံးများကို တဖြည်းဖြည်း ပြန်မျိုချလိုက်ရသည်။ သူ၏အပြုအမူသည် မည်သူ့ကိုမဆို ရမ်းကိုက်တတ်သော လမ်းလွဲနေသည့် လူလိမ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အပြစ်ရှိသလို ခံစားရကာ စကားမပြောနိုင် ဖြစ်သွားသလိုပင်။
အစပိုင်းတွင် သံသယဝင်နေခဲ့သော လီရှစ်က သူ၏တုံ့ပြန်မှုကို မြင်သောအခါ ဒေါသထွက်သွားသည်။
"အဲဒါ တကယ် မင်းပဲကိုး။ လီတိုင်ယွမ်။ မင်းလို... ကောက်ကျစ်ပြီး ရက်စက်တဲ့မိန်းမ၊ မင်းက ဘာမဆို လုပ်လိမ့်မယ်။"
"မင်းလိုလူမျိုးက လီမိသားစုရဲ့ခေါင်းဆောင်ဖြစ်ဖို့ ဘယ်လိုများ အတင့်ရဲရတာလဲ။"
လီတိုင်ယွမ်က အတွင်းစိတ်တွင် မတရားခံရသည်ဟု ခံစားလိုက်ရပြီး သူ၏မျက်လုံးများ နီရဲလာကာ အလွန်စိုးရိမ်ပူပန်သဖြင့် ငိုတော့မလို ဖြစ်သွားလေသည်။ သူက မတရားခံရမှုများကို ငိုယိုပြောဆိုရန် အစိုးရရုံးသို့ ပြေးသွားချင်ပြီး ထို့နောက် နယ်စပ်ရှိ တံတိုင်းကြီးပြိုကျသည်အထိ သွားငိုချင်စိတ် ပေါက်သွားလေသည်။
အရှင်မင်းကြီး... ကျွန်မ အပြစ်ကင်းပါတယ်။ ကျွန်မရဲ့ မတရားခံရမှုက သုံးအော်ထက် ပိုဆိုးပါတယ်။
အဓိက ပြဿနာမှာ သူက စည်းကျော်သောစကားကို မပြောရဲခြင်းပင်။
ယွမ်က သူသည် ကောင်းကင်ကြည့်ဆောင် သူလျှိုတစ်ယောက် ဖြစ်ကြောင်း မရှာတွေ့သေးသော်လည်း လီမိသားစု၏ ဘိုးဘေးနှစ်ယောက်ထဲမှ တစ်ယောက်က မိသားစုကိုသစ္စာဖောက်ပြီး ကောင်းကင်ကြည့်ဆောင်၌ အမှုထမ်းနေသည်ကို သူ သိနေသည်။ ၎င်းကို ဖော်ထုတ်လိုက်သည်နှင့် တခြားသူများက သဲလွန်စများကိုလိုက်ပြီး သူ့ကိုပါ ရှာတွေ့သွားနိုင်တယ်။
ထို့အပြင် လီမိသားစုဘိုးဘေးသည် ကောင်းကင်ကြည့်ဆောင် အဖွဲ့ဝင်ဖြစ်ကြောင်း အတည်ပြု လိုက်သည်နှင့် မိသားစု(၅)ခုကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ချက်ချင်းပင် ကျရှုံးသွားဖွယ်ရှိပြီး တာဝန်လည်း တိုက်ရိုက် ကျရှုံးသွားမည် ဖြစ်သည်။
ဤထိုးနှက်ချက်နှစ်ခုက ကောင်းကင်ကြည့်ဆောင်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ပြီး အလွယ်တကူ ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။
ထို့ကြောင့် လီတိုင်ယွမ် စကားမပြောရဲဘဲ ခါးသီးမှုကို တိတ်ဆိတ်စွာ မျိုချနေရုံသာ ရှိတော့သည်။
"အရင်တုန်းကတော့ မင်းရဲ့အပြစ်က အလွန်ဆုံး ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာပေမယ့် မိန်းမတစ်ယောက် ဖြစ်နေတာပဲလို့ ငါ ထင်ခဲ့တာ။ ဒါကြောင့် ငါ မင်းကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့တာ။"
"လူတစ်ယောက်က ဒီလောက်တောင် ယုတ်မာနိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"
"အနာဂတ်ခေါင်းဆောင်အနနေဲ့ မင်းကို ဘိုးဘေးက ထောက်ခံတာ တကယ်မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းက လီမိသားစုကို ဦးဆောင်မယ်ဆိုရင် မကြာခင်မှာပဲ အခြေခံအုတ်မြစ်တွေ ပြိုလဲသွားပြီးတော့ မိသားစုက ပြိုကွဲလုနီးပါး ဖြစ်သွားလိမ့်မယ်။"
"လီမိသားစုရဲ့ နှစ်ထောင်ချီတဲ့ အမွေအနှစ်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ မင်းလက်ထဲမှာ ပျက်စီးမခံနိုင်ဘူး။"
လီရှစ်က မိမိ၏အသာစီးရမှုကို အခွင့်ကောင်းယူရန်နှင့် လီမိသားစု၏ သရုပ်မှန်ကို ဖော်ထုတ်ရန်၊ လီတိုင်ယွမ်၏ပုံရိပ်ကို ညစ်နွမ်းစေရန်နှင့် မိမိ၏ ကိုယ်ပိုင်ဆွဲဆောင်မှုကို သွယ်ဝိုက်၍ မီးမောင်းထိုးပြရန် ရည်ရွယ်ချက်များဖြင့် ရှည်လျားသော အပြစ်တင်မှုများကို စတင်လိုက်ပြီး ထိုမှတစ်ဆင့် ထောက်ခံမှု ပိုမိုရရှိရန် ကြိုးစားလေသည်။
ဤအကြောင်းပြချက် နှစ်ခုကြောင့် လီရှစ်က လုံးဝကို ယဉ်ကျေးမှုမရှိတော့ဘဲ လူတစ်ယောက်ကို လက်ညှိုးထိုးကာ ဆဲဆိုသည့်အထိ အလွန်ပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။
လီတိုင်ယွမ်၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားကာ ချက်ချင်းပင် ချိပ်ပိတ်ကိုချိုးဖျက်ပြီး သူတို့နှစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ချင်နေသကဲ့သို့ပင် ဖြစ်နေသည်။
သူတို့နှစ်ယောက်လုံးက လူကောင်းများ မဟုတ်ပေ။ တစ်ယောက်က ငတုံးဖြစ်ပြီး နောက်တစ်ယောက်က ယုတ်မာပြီး ကောက်ကျစ်သည်။ သူတို့နှစ်ယောက်လုံး သေထိုက်၏။
"လီရှစ်... ဒါကို ကျွန်မ နောက်ဆုံးအနေနဲ့ ရှင့်ကို ပြောနေတာ။"
"သူက ကျွန်မရဲ့နောက်လိုက် မဟုတ်ဘူး။ ကျွန်မနဲ့လည်း ဘာမှ မဆိုင်ဘူး။ ယုံယုံ မယုံယုံပါ။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်အမြင်လေးတော့ ရှိသင့်တယ်လို့ ထင်တယ်။ ရှင့်လို မိုက်မဲနေမယ့် အစားပေါ့။ စကားနည်းနည်းလေးနဲ့ လွှမ်းမိုးခံရတယ်ဆိုတာ ရယ်စရာကောင်းတယ်။"
လီတိုင်ယွမ်က နောက်မဆုတ်ဘဲ စူးရှသော စကားလုံးများဖြင့် တုံ့ပြန်လိုက်သည်။
လီရှစ်က လက်ပိုက်ကာ လှောင်ပြောင်ပြီး ဘေးသို့တစ်ချက်ကြည့်လိုက်ရာ သူ မျက်လုံးများတွင် သရော်မှုများ တိုးပွားလာလေသည်။ သူ၏အမူအရာက "ဆက်ပြီး ဟန်ဆောင်နေ။ ဆက်ဟန်ဆောင်နေ။ အဲဒါ ကောင်းတယ်။ ကြည့်ရတာ သဘောကျတယ်" ဟူ၍ ပြောနေသကဲ့သို့ ဖြစ်နေသည်။
မင်းက ဒီနေရာမှာ လူပြက်ပွဲ လုပ်နေတာပဲ။ ဒီအထိ လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာ မဟုတ်ဘူးလား။
အစ်မ... ငါ့မျက်လုံးကို တည့်တည့်ကြည့်စမ်း။ မင်း ငါပြောတ ယုံလား။။
"ရှင်နဲ့ စကားပြောပြီးတော့ အချိန်မဖြုန်းနိုင်တော့ဘူး။"
"ကောင်းပြီလေ။ ရှင်က အဲဒီလို ထင်နေတယ်ဆိုတော့ ရှင့်ဆန္ဒအတိုင်း ကျွန်မ လုပ်ပေးမယ်။"
"လာစမ်းပါ။ တိုက်ကြတာပေါ့။"
"ရှင့်ကို အသားစဉ်းတွေ ဖြစ်သွားအောင် ချေမှုန်းပစ်မယ်။ ငတုံးကောင်... ရှင်က လေကို အလကား ဖြုန်းတီးနေတာပဲ။"
သူ ပြောနေရင်းနှင့်ပင်။
လီတိုင်ယွမ်က အင်္ကျီလက်ကို ခေါက်တင်ပြီး တိုက်ခိုက်လိုစိတ်များ အပြည့်အဝ တောက်လောင်လာကာ ထိန်းချုပ်ထားရသော ဒေါသများကို ပေါက်ကွဲထုတ်ပစ်ရန် အသင့်ဖြစ်နေလေသည်။
…