အခန်း ၂၇၈
Vol. 19 Ch. 278
အပိုင်း(၂၇၈) မျိုးနွယ်စု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ကျိမိသားစု ရောက်လာခြင်း
မျက်မိတစ်မှိတ်အတွင်း (၁၀)ရက်ကုန်လွန်သွားခဲ့ပြီး မျိုးနွယ်စု(၅)ခုကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယနေ့ စတင်မည်ဖြစ်သည်။
ဘိုးဘေး၏ တိတ်တဆိတ်အကူအညီနှင့် ဖခင်ဖြစ်သူ လီရှောင်၏ အထူးအကူအညီတို့ဖြင့် လီတိုင်ယွမ်က မိသားစု(၅)ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နေရာတည်ဆောက်မှုကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့သည်။
ထိုကာလအတွင်း။
လီရှစ်သည် ပြဿနာရှာရန် အဆက်မပြတ် ရောက်လာခဲ့ပြီး တစ်ရက်လျှင် (၇)ကြိမ် သို့မဟုတ် (၈)ကြိမ် တိုက်ခိုက်မည်ဟု အာမခံထားကာ ပြင်းထန်သော ဒဏ်ရာမရမချင်း နောက်ဆုတ်မည်မဟုတ်ပေ။
ဤအခြေအနေများအောက်တွင် လီတိုင်ယွမ်က နွေရာသီ ကျောင်းပိတ်ရက် နောက်ဆုံးရက် အနည်းငယ်တွင် အိမ်စာများကို အလျင်စလိုပြီးအောင် လုပ်နေရသည့် မူလတန်းကျောင်းသူ တစ်ယောက်နှင့် တူနေပြီး မျက်လုံးအောက်တွင် အမည်းကွင်းများရှိနေကာ တာဝန်ကို ပြီးစီးအောင်လုပ်ပြီး အပ်နှံရန် မနည်းကြိုးစားခဲ့ရသည်။ မျိုးနွယ်စု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန်အတွက်မူ သူ့တွင် ဂရုစိုက်ရန် အချိန်လုံးဝ မရှိခဲ့ပေ။
ထို့အပြင် စုချင်ချိုးသည် သူ၏တာဝန်များကို မရှောင်လွှဲနိုင်စေရန် ဘေးမှနေ၍ အဆက်မပြတ် ကြီးကြပ်နေခဲ့သည်။
"နောက်ဆုံးတော့ ငါ လွတ်လပ်သွားပြီ။"
"မိသားစု(၅)ခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးတာနဲ့ လီရှစ်ကို ငါ ကောင်းကောင်း ဆုံးမပစ်မယ်။ ပြီးတော့ ယွမ်၊ စုချင်အာနဲ့ လီယွမ်ခုံးတို့ကိုရော"
လီတိုင်ယွမ်က ပျက်စီးသွားသူတစ်ယောက်ကဲ့သို့ အသက်ကင်းမဲ့နေသော မျက်လုံးများဖြင့် အိပ်ရာပေါ် လဲလျောင်းနေလေသည်။
နာတယ်။
အရမ်းကို နာကျင်ရတယ်။
လူသားဧကရာဇ် ပြန်လည်မွေးဖွားလာအောင် မြှင့်တင်ပေးရန်နှင့် လူသားမျိုးနွယ်စု၏ မျှော်လင့်ချက်ကို ပုံဖော်ပေးရန်ဆိုသည့် ခက်ခဲပြီးကြီးမားသောတာဝန်ကို ထမ်းဆောင်နေရသော်လည်း ကောင်းကင်ပြည်နယ်က မျိုးနွယ်စု(၅)ခုနဲ့အတူ ဂုဏ်ကျက်သရေရှိပြီး စိတ်လှုပ်ရှားစရာကောင်းသော ဉာဏ်ပညာနှင့်သတ္တိတိုက်ပွဲတစ်ခုတွင် သူ ပါဝင်ခဲ့သင့်သည်။
သို့သော် တကယ့်အမှန်တရားကတော့ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မမောနိုင်မပန်းနိုင် အလုပ်လုပ်ရသော မြည်းတစ်ကောင်လို (၁၀)ရက်ဆက်တိုက် အလုပ်လုပ်ခဲ့ရသည်။ အရင်းအမြစ်များနှင့် လူအင်အားကို လက်ဝါးကြီးအုပ်ခံခဲ့ရပြီး သူ့ကို အရူးတစ်ယောက်က အနှောင့်အယှက်ပေးပြီး ရိုက်နှက်ခဲ့သည်။
ဒါက ဘယ်လို ရှုပ်ထွေးမှုမျိုးလဲ။။
နောက်ကြောင်းပြန်ကြည့်သော် ၎င်းမှာ ခါးသီးသော မျက်ရည်တွေချည်းပင်။
"သခင်မလေးတိုင်ယွမ်... ဧည့်သည်တွေကို နှုတ်ဆက်ဖို့အတွက် ထရမယ့်အချိန် ရောက်ပြီ။ ဒီနေ့က မိသားစု(၅)ခုက အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်မယ့်နေ့ပဲ။ ဒီပွဲကို စတင်ခဲ့တဲ့သူအနေနဲ့ မင်းက သူတို့ကို ကြိုဆိုဖို့ထွက်လာသင့်တယ်။"
ရုတ်တရက်။
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်မှ ရင်းနှီးပြီးမုန်းစရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ယွမ်။
လီတိုင်ယွမ် ဒေါသထွက်လွန်း၍ အံကြိတ်ချင်စိတ်ပင် ပေါက်သွားသည်။
"ယွမ်"ဆိုတာ ဘာကြီးလဲ။ ဒါက အထင်သေးတဲ့စကားလုံးပဲ။ စာမတတ်တဲ့လူ…
ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ။
အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ ယွမ်ရဲ့ တကယ့်သရုပ်မှန်က ဘာပဲဖြစ်ဖြစ် ငါ ဝန်ခံမှာ မဟုတ်ဘူး။ အနာဂတ်လူသားဧကရာဇ်က ကျိဝူရွှမ် ဖြစ်ကိုဖြစ်ရမယ်။
ယွမ်က လုံးဝမထိုက်တန်ဘူး။
"သခင်မလေး တိုင်ယွမ်... မထဘူးဆိုရင် လီရှစ်ကို လှမ်းခေါ်လိုက်တော့မယ်။"
"..."
ကျွီ…
တံခါး ပွင့်သွားသည်။ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ပွန်းပဲ့ရောင်ရမ်းနေသော မျက်နှာနှင့်အတူ လီတိုင်ယွမ်က ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တံခါးဆီသို့ ဆွဲခေါ်လာခဲ့သည်။ သူက လက်တုံ့ပြန်မည့် သရဲတစ်ကောင်အဖြစ် ပြောင်းသွားမယောင် မကျေနပ်မှုများပြည့်နေသော မျက်လုံးများဖြင့် အနက်ရောင်ဝတ် မျက်နှာဖုံးတပ်လူငယ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။
"လာ။ မင်းကို ဧည့်သည်တွေ နှုတ်ဆက်ဖို့ ခေါ်သွားပေးမယ်။"
မုန့်ချင်ကျိုးက ပြုံးပြီး နောက်သို့လှည့်လိုက်ရာ သူ၏ဘေးရှိ စုချင်ချိုးက တခစ်ခစ် ရယ်မောလိုက်ပြီး အထဲဝင်ရန် လက်ဟန်ပြလိုက်သည်။ "သခင်မလေး တိုင်ယွမ်။ လိုက်ခဲ့ပါ။"
သူတို့က သေစေနိုင်သော သရဲနှစ်ကောင်နှင့် တူနေလေသည်။
...
...
ချင်လွမ်ထျန်း၊ လီမိသားစု ကျောက်စိမ်းမဏ္ဍပ်။
မိသားစုခေါင်းဆောင် လီရှောင်၊ အကြီးအကဲ လီယွမ်ခုံးတို့နှင့်အတူ အဆင့်မြင့်မိသားစုဝင်တစ်စုနှင့် ထူးချွန်သော လူငယ်မျိုးဆက်များသည် လေထဲတွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
ခမ်းနားသော အခမ်းအနား ဖြစ်သော်လည်း လူတိုင်း၏အကြည့်များက ဘေးဘက်ရှိ လီတိုင်ယွမ်နှင့် လီရှစ်တို့ထံသို့ အကြိမ်ကြိမ် ရောက်ရှိသွားကြသည်။
တစ်ချိန်က ကျက်သရေရှိပြီး တက်ကြွသော အလှပိုင်ရှင်လေးမှာ ယခုအခါတွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်တွင် အညိုအမည်းစွဲမှုများ ဖုံးလွှမ်းနေလေသည်။ အလှတရား ရှိနေသေးသော်လည်း၊ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံရသည်။
တစ်ချိန်က ချောမောပြီး ခန့်ညားသော လူငယ်လေးမှာ ယခုအခါ တောဝက်တစ်ကောင်နှင့် တူနေလေသည်။ သူ၏ အနက်ရောင်ဆံပင်တစ်ထွေးမှာ ပျောက်ကွယ်သွားပြီး ဆံစပ်မှာ နောက်သို့ ဆုတ်သွားကာ မျက်နှာတစ်ခုလုံးက ပုံမှန်ထက် အဆပေါင်းများစွာ ရောင်ရမ်းနေလေသည်။
"အဟိ..."
စုချင်ချိုးသည် ပါးစပ်ကိုအုပ်ကာ ခေါင်းကိုငုံ့ပြီး ပခုံးများကိုတွန့်ကာ မရယ်ဘဲ မနေနိုင်ခဲ့ပေ။
လူတိုင်း၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူတို့လည်း ရယ်မောမိမည်ကို စိုးရိမ်သဖြင့် တတ်နိုင်သမျှ ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်ကြသည်။
လျှို့ဝှက်ဆန်းကြယ်သော သခင်လေး၏ အစေခံအနေနှင့် စုချင်ချိုးတွင် အထူးအဆင့်အတန်းတစ်ခု ရှိနေသည်။ သူက ရယ်ရဲသော်လည်း တခြားသူများကတော့ မရယ်ရဲကြပေ။
"မင်းရဲ့သမီးက သဘာဝလွန်စွမ်းအားတွေကို သုံးပြီးတော့ အသားနဲ့အရိုးထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်အောင်လုပ်ပြီး ဆေးနဲ့ ဖယ်ရှားဖို့ခက်ခဲတဲ့ အမှတ်အသားတွေ ချန်ထားခဲ့လောက်အောင်ကို ရက်စက်လွန်းတယ်။ သူက ရှစ်အာကို အရှက်ကွဲအောင် တမင်တကာ လုပ်နေတာ မဟုတ်လား။" လီယွမ်ခုံးက ညိုမည်းနေသောမျက်နှာဖြင့် ပြောလိုက်သည်။
လီရှောင်က လှောင်ပြောင်လိုက်သည်။
"မင်းမြေးကလည်း ယုတ်မာတဲ့နေရာမှာ လျော့မနေပါဘူး။ သူက တိုင်ယွမ်ရဲ့မျက်လုံးတွေကို တမင်တကာ ပစ်မှတ်ထားခဲ့ပြီး သူ့လက်သီးပေါ်မှာ ဆေးကြောလို့ လုံးဝမရတဲ့ နတ်ဘုရားဆိုးဆေး တစ်မျိုးကိုတောင် သုတ်လိမ်းထားသေးတယ်။ မင်းလိုပဲ သူက အတော်လေးဆိုးရွားတဲ့ လူယုတ်မာပဲ။"
သူတို့နှစ်ဦးသည် အချင်းချင်း စိုက်ကြည့်နေကြပြီး အချိန်အတော်ကြာသည်အထိ အခြေအနေ တင်းမာနေလေသည်။
မိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များနှင့် ထူးချွန်သော လူငယ်မျိုးဆက်များမှာ အသက်ကို ကျယ်လောင်စွာ မရှူရဲကြပေ။ ထိုအချိန်တွင် ကြေညာသံတစ်ခု ထွက်ပေါ်လာပြီး လက်တွေ့ဘဝသို့ ပြန်လည် ဆွဲခေါ်သွားလေသည်။
"ယင်ထျန်းပြည်နယ်ရဲ့ အဓိကမိသားစုကြီး(၅)ခုထဲက တစ်ခုဖြစ်တဲ့ ချူမိသားစု။"
"ချူမိသားစုရဲ့ခေါင်းဆောင်နဲ့ ချူမိသားစုရဲ့ ထူးချွန်တဲ့ အဖွဲ့ဝင်(၄)ယောက်၊ ယွမ်ယန်နယ်ပယ်ထဲကို ဝင်ရောက်ပြီး ဂုဏ်ထူးဆောင်နေရာတွေ ပေးအပ်ပါမယ်။"
ယွမ်ယန်နယ်ပယ်သည် မျိုးနွယ်စု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် နေရာဖြစ်သည်။
စကားဆုံးသွား၏။
လူရာပေါင်းများစွာ ပါဝင်သော အုပ်စုတစ်စုက ကောင်းကင်ယံမှ နတ်ဘုရားများနှင့် နတ်ဆိုးများကဲ့သို့ လေထဲတွင်ပျံသန်းလာပြီး ကောင်းကင်ယံကို ဖြတ်ကျော်ကာ တာအို အရှိန်အဝါများဖြင့် ရောက်ရှိလာကြသည်။
ချူမိသားစုသည် ရှေးခေတ်ကတည်းက ၎င်းတို့၏ ကျက်သရေရှိမှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့အတွက် လူသိများခဲ့သည်။ သူတို့၏ဘိုးဘေးသည် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်လေးခုအနက် အစွမ်းထက်ဆုံးဖြစ်ပြီး ယခုအခါ ကောင်းကင်ပြည်နယ်တွင် ဒုတိယအကြီးဆုံး အင်အားစု ဖြစ်သည်။ ကျိမိသားစုမှလွဲ၍ ကျန်မိသားစု သုံးခုတွင် မဏ္ဍိုင်နှစ်ခုသာ ရှိသော်လည်း ချူမိသားစုတွင် မဏ္ဍိုင်သုံးခု ရှိသည်။
သူတို့တွင် အလှဆင်စရာများ သို့မဟုတ် တောက်ပသော စီးတော်ယာဉ်များ မလိုအပ်ပေ။ သူတို့၏ တည်ရှိမှုသက်သက်ကပင် ပရိသတ်တစ်ဝန်းလုံးကို ကြောက်ရွံ့လေးစားသွားစေရန် လုံလောက်လေသည်။
ခေါင်းဆောင်မှာ ချောမောသော မျက်နှာနှင့် လူငယ်တစ်ဦး၏ အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူကား ကောင်းကင်ထောက်တိုင်နယ်ပယမှ ကျင့်ကြံသူ ချူရှီရန်ပင်။
"မင်္ဂလာပါ။ မိသားစုခေါင်းဆောင်ချူ။" လီရှောင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
ချူရှီရန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လီမိသားစုဝင်များကို ကြည့်ကာ စကားပြောရန် ပြင်လိုက်စဉ် သူ၏အကြည့်များက လီတိုင်ယွမ်နှင့် လီရှစ်တို့အပေါ်သို့ အလိုအလျောက် ရောက်ရှိသွားလေသည်။
"အင်း..."
"တကယ့်ကို ထူးခြားတာပဲ။"
ချူရှီရန်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ချက်ချင်း ပြောလိုက်သည်။ "အဲဒီ အဘိုးကြီးနှစ်ယောက်၊ လီရွှမ်ကျင်းနဲ့ လီယဲ့တို့ ဘယ်မှာလဲ။"
"မိသားစုခေါင်းဆောင်ချူကို အကြောင်းကြားရရင် ဘိုးဘေးနှစ်ဦးက လီမိသားစုရွာမှာ ရှိနေပါတယ်။" လီရှောင်က ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးက မိသားစု(၅)ခု၏ ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ထိုလူက ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူတို့၏အဆင့်အတန်းမှာ လုံးဝကွဲပြားခြားနားသည်။ သူ့ကို မိသားစု(၅)ခု၏ ဘိုးဘေးများကဲ့သို့တူညီသော ဂရုစိုက်မှုနှင့် လေးစားမှုတို့ဖြင့် ဆက်ဆံသင့်သည်။
ကောင်းကင်ပြည်နယ်၏ မိသားစု(၅)ခု။
ချူမိသားစု၏ ခေါင်းဆောင်သာလျှင် ကောင်းကင်ထောက်တိုင် ချုပ်နှောင်မှုကို ဖောက်ထွင်းနိုင်ခဲ့သည်။ ကျိမိသားစု၏ခေါင်းဆောင် အပါအဝင် အခြားမိသားစု(၄)ခုမှာ ကောင်းကင်ထောက်တိုင်များ မဟုတ်ကြပေ။
၎င်းမှာ အလွန် ထူးခြားလှ၏။
"ကောင်းပြီ။ ငါ သူတို့ကို သွားတွေ့လိုက်မယ်။" ချူရှီရန်က ထိုသို့ ပြောလိုက်ပြီးနောက် မိသားစု၏ လူငယ်မျိုးဆက်များထံသို့ လှည့်ကာ သူတို့ကို ညွှန်ကြားလိုက်သည်။
"မင်းတို့အားလုံး ယွမ်ယန်နယ်ပယ်မှာ အရင်သွားစောင့်နေကြ။"
ထိုသို့ပြောပြီးနောက် ချူရှီရန်က နေရာလွတ်ကို ဆုတ်ဖြဲကာ လီမိသားစုရွာဆီသို့ ဦးတည်သွားလေသည်။
ချူမိသားစု၏ သူရဲကောင်း(၃)ဦးသည် နံနက်ခင်းအလင်းနယ်ပယ်တွင် ရှိသည်။ သူတို့က ချူမိသားစုဝင် (၁၀၀)ကို ယွမ်ယန်နယ်ပယ်သို့ ခမ်းနားသော စီတန်းလှည့်လည်မှုဖြင့် ဦးဆောင်သွားကြပြီး လီမိသားစုကို နောက်တစ်ကြိမ် လှည့်ကြည့်ခြင်းပင် မရှိကြပေ။
"ကောင်းကင်ပြည်နယ်ရဲ့ မိသားစု(၅)ခုထဲက လုံမိသားစုကို ကြိုဆိုပါတယ်။"
"လုံမိသားစုမိခင်နဲ့ အမြွှာသမီးနှစ်ယောက်ကို ယွမ်ယန်နယ်ပယ်မှာ အမြင့်ဆုံးနေရာတွေ ပေးပါမယ်။"
ကြေညာချက် ထပ်မံထွက်ပေါ်လာသည်။
ပုံရိပ်(၃)ခုသာ ရှိသည်။ ငယ်ရွယ်မှုများ ပျောက်ကွယ်သွားသော်လည်း အလှတရားများ ကျန်ရှိနေသေးပြီး နဂါးခေါင်းတောင်ဝှေးကိုအားပြုထားသော အမျိုးသမီးတစ်ဦးနှင့် နောက်တွင် လွင့်ဝဲနေသော စိမ်းပြာရောင် ဂါဝန်များကိုဝတ်ဆင်ထားသည့် အမြွှာညီအစ်မ(၂)ဦး ပါဝင်သည်။ သူတို့သက လုံးဝနီးပါး တူညီကြပြီး သေချာစွာ စစ်ဆေးကြည့်မှသာ ညီအစ်မတစ်ဦး၏မျက်လုံးထောင့်တွင် သွေးရောင်မှဲ့တစ်ခု ရှိနေပြီး အခြားညီအစ်မတွင် ထိုမှဲ့မရှိခြင်းကဲ့သို့သော အနည်းငယ် ကွဲပြားမှုကို တွေ့ရှိနိုင်မည် ဖြစ်သည်။
လုံမိသားစု၏ ခေါင်းဆောင်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်း လှမ်းထားသည့် မိခင်ကြီးလုံရိုလန် ဖြစ်သည်။
"မိသားစုခေါင်းဆောင်ချူ ဘယ်မှာလဲ။" လုံရိုလန်က မေးလိုက်သည်။
"မိခင်ကြီးလုံကို အကြောင်းကြားရရင် သူက ဘိုးဘေးတွေကို ရှာဖို့ လီမိသားစုရွာကို သွားပါတယ်။" လီရှောင်က ထပ်ပြောလိုက်သည်။
လုံရိုလန်က နောက်သို့လှည့်ကာ ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း အကြည့်များက အလိုအလျောက် ဝက်ခေါင်းနှစ်ခုထံသို့ ရောက်ရှိသွားလေသည်။
"လီမိသားစုရဲ့ စည်းကမ်းတွေက တကယ်ကို တင်းကျပ်တာပဲ။ မဆိုးပါဘူး..." လုံရိုလန်က မှတ်ချက်ပေးရန် အချိန်အတော်ကြာ စဉ်းစားပြီးနောက် တိတ်ဆိတ်သွားကာ အမြွှာညီအစ်မနှစ်ဦးကို ယွမ်ယန်နယ်ပယ်သို့ တည့်တည့် ဦးဆောင်သွားလေသည်။
နောက်ထပ် နာရီဝက်အကြာတွင်။
လင်းမိသားစုက မကြာခင် ရောက်ရှိလာပြီး အခြေအနေမှာ နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာသည်။ လင်းမိသားစု၏ ခေါင်းဆောင်က ဆံပင်ဖြူပြီး ငယ်ရွယ်သော မျက်နှာရှိသည့် အဘိုးအိုတစ်ဦးနှင့်တူသည်။ သူ ရောက်လာသည်နှင့် ဝက်ခေါင်းနှစ်ခုကို စိုက်ကြည့်ကာ အံ့သြတကြီးဖြင့် လျှာကိသပ်လိုက်လေသည်။
လီတိုင်ယွမ်က ရှက်ရွံ့မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသဖြင့် ပုရွက်ဆိတ်များကို ရေတွက်ရင်း ခေါင်းငုံ့ထားကာ လက်သည်းများကို လက်ဖဝါးအသားထဲသို့ စိုက်ဝင်အောင် ဖိထားပြီး နံရံကိုခေါင်းနှင့်ဆောင့်ပြီး သေသွားချင်စိတ် ပေါက်သွားလေသည်။
"ငါ့ရဲ့ တစ်သက်တာနာမည်ကောင်း ပျက်စီးသွားပြီ..." လီရှစ်က ငိုလုမတတ် ဖြစ်နေပြီး အနည်းငယ် နောင်တရနေလေသည်။
ထိုအချိန်အထိ။
အနည်းငယ် တွန့်ဆုတ်ပြီး တင်းမာသော ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
"ကျိမိသားစုရဲ့ ချီလင်သားတော် ကျိဝူရွှမ် ရောက်ရှိလာတာကို ကြိုဆိုပါတယ်။"
"ယွမ်ယန်နယ်ပယ်ထဲကို ဝင်ရောက်လာတဲ့အတွက် ဂုဏ်ထူးဆောင်နေရာ ပေးအပ်ပါတယ်..."
ကျိဝူရွှမ်က အစည်းအဝေးသို့ တစ်ဦးတည်း တက်ရောက်လာသော ကျိမိသားစု၏ တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်သည်။
တစ်ခဏချင်းမှာပင် လူတိုင်း၏ အကြည့်များက မဟာတာအိုသုံးထောင်အပေါ်သို့ ရောက်ရှိလာသော အနက်ရောင် ဆံပင်များ လွင့်ဝဲနေသည့် လူငယ်တစ်ဦးထံသို့ ရောက်ရှိသွားကြသည်။
သို့သော် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သတို့သမီးကို ရှာဖွေနေသကဲ့သို့ပင် မျက်က်လုံးများက တောက်လောင်နေလေသည်။
မုန့်ချင်ကျိုး... မင်းရဲ့အဖေ ရောက်လာပြီ။
မင်း ဘယ်မှာပုန်းနေမလဲ ကြည့်ရသေးတာပေါ့။ ခွေးကောင်။
…