အခန်း ၇၂၀
Vol. 61 Ch. 720
အပိုင်း (၇၂၀)
ယွင်ကျုံးဟဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒါက ဘယ်လို အခြေအနေကြီးလဲ။ သူမက အပျော်တော်ယောကျ်ားကို ရွေးချယ်ပြီးသွားပြီလား။ စောစောက ဝင်သွားတဲ့ ပြိုင်ဘက်ကင်းလောက်အောင် ချောမောတဲ့ ချောမောတဲ့ ယောက်ျားလေးကိုပဲလား။”
ကျူ့ယွီယန်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ပြောလိုက်၏။ “မသိဘူးလေ။ ဒါက ရှင့်ကို ကိုယ့်ကိုယ်ကိုယ် အောက်တန်းမကျစေဖို့ ကောင်းကင်ဘုံက ဖန်တီးပေးလိုက်တဲ့ ကံကြမ္မာလည်း ဖြစ်နိုင်တာပဲ။”
ထို့နောက် သူမက အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။ “အကယ်လို့ ရှင်က ဒီမှာ ကောင်းကောင်းမွန်မွန် နေထိုင်ချင်ရုံ သက်သက်ပဲဆိုရင် ကျွန်မ... ကျွန်မ ရှင့်အတွက် စမ်းသပ်ခန်း လက်ထောက် အလုပ်တစ်ခု စီစဉ်ပေးနိုင်ပါတယ်။ လစာက အရမ်းနည်းပေမဲ့ ကျွန်မမှာ ပိုက်ဆံ အတော်လေး ရှိပါတယ်။”
လူအများစုမှာ စံအိမ်တော် ကွင်းပြင်တွင် နေထိုင်နေကြပြီး မထွက်ခွာချင်ကြသည်ကို မြင်ချိန်မှာတော့ ချက်ချင်းပဲ စံအိမ်တော်အတွင်းမှ စစ်သည် တစ်အုပ်စု ထွက်လာခဲ့ကြပြီး လက်နက်များကို ကိုင်ဆောင်ကာ နှင်ထုတ်ရန် ပြင်ဆင်လိုက်ကြ၏။
ဤမိဖုရား တူရှားက တကယ့်ကို အေးစက်လွန်းလှပြီး မျက်နှာပြောင်းမည်ဆိုပါက ချက်ချင်း မျက်နှာပြောင်း သွားတတ်သည်။
သို့ပေမည့် ဤအရာက ဘာမှမဟုတ်သေးချေ။ ထိုနှစ်များက သူမ အုပ်ချုပ်ရေးအာဏာကို ရယူထားချိန်တွင် လူပေါင်းမရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ဖူး၏။
ထိုခဏတွင် ကွင်းပြင်တစ်ခုလုံး၌ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ ဤသူများမှာ စာပေပညာရပ်ကို သင်ယူထားသော လူငယ် အရည်အချင်းရှိသူများ ဖြစ်ကြ၏။ သိုင်းပညာကို သင်ယူထားသော လူငယ်များမှာမူ သိုင်းပညာ မည်မျှပင် မြင့်မားနေပါစေ ခုခံရန် မဝံ့ရဲကြချေ။
အချိန်အတော်ကြာပြီးနောက် နောက်ထပ် အမျိုးသမီး စစ်သူကြီးတစ်ဦး ထွက်လာကာ ပြောလိုက်၏။ “သခင်မက အမိန့်ပေးပါတယ်။ ကျန်နေတဲ့သူတွေ အားလုံးကို တပြိုင်နက်တည်း ခေါ်တွေ့ပါမယ်တဲ့။”
လူဆယ်နှင့်ချီ၍ တပြိုင်နက်တည်း ခေါ်တွေ့ခြင်းမှာလည်း ဖြစ်သလို လုပ်လိုက်ခြင်းသာ ဖြစ်ပြီး အခွင့်အရေး လုံးဝ မရှိတော့သကဲ့သို့ပင် ဖြစ်သည်။
ကျူ့ယွီယန်က မေးလိုက်၏။ “ရှင် စဉ်းစားပြီးပြီလား။ ကျွန်မနဲ့ အတူ ပြန်လိုက်မလား။ ဒါမှမဟုတ် စံအိမ်တော်ထဲကို ဝင်ပြီး အခြားသူတွေရဲ့ ရွေးချယ်တာကို ခံမလား။”
ယွင်ကျုံးဟဲ့က ရထားလုံးပေါ်မှ ဆင်းလိုက်သည်။
ထိုနေရာရှိ လူဆယ်နှင့်ချီ၍ အားလုံးက ရထားလုံးပေါ်မှ ဆင်းလာကြပြီး စံအိမ်တော်၏ ရဲတိုက်အတွင်းသို့ အတူတကွ လျှောက်သွားကြ၏။
အားလုံးမှာ ချောမောသည့် ယောက်ျားများချည်းသာ ဖြစ်ကြပြီး အင်ပါယာ၏ အမျိုးသား အလှမယ် ရွေးချယ်ပွဲကြီးနှင့်ပင် တူနေတော့သည်။
လူတစ်ထောင်တွင် တစ်ယောက်၊ လူတစ်သောင်းတွင် တစ်ယောက် ရွေးချယ်ခံရသူမျိုး မဟုတ်ပါက ဤအကြို ရွေးချယ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။
................
စံအိမ်တော် ရဲတိုက်၏ ခန်းမဆောင်ကြီးသို့ ရောက်ရှိလာခဲ့သည်။
ယွင်ကျုံးဟဲ့မှာ အလွန်တရာ အံ့မခန်း ဖြစ်သွားရ၏။ ‘သောက်ကျိုးနည်း... တကယ့်ကို ရွှေရောင်တွေ တောက်ပနေပြီး တကယ့်ကို ခမ်းနားထည်ဝါလွန်းလှတာပဲ။’
ဤအရာက အရှေ့ဘက်နယ်မြေ၏ အုပ်ချုပ်ရေးမှူးရုံးထက်ပင် ပို၍ ခမ်းနားထည်ဝါနေသေးရာ အင်ပါယာ၏ ဩဇာအာဏာ အရှိဆုံး အမျိုးသမီးဟူသော ဂုဏ်ပုဒ်နှင့် တကယ့်ကို ထိုက်တန်လှသည်။
ဤကြီးမားလှသော ခန်းမဆောင်ကြီးအတွင်း၌ လူဆယ်နှင့်ချီ၍ ရပ်နေကြသော်လည်း အလွန်တရာ ကျယ်ဝန်း နေသကဲ့သို့ ဖြစ်နေ၏။
ချောမောသည့် ယောက်ျားများအတွက်တော့ ဤသည်မှာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပြီး ငါးကြင်း နဂါးတံခါးကို ခုန်ကျော်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ယွင်ကျုံးဟဲ့အတွက်တော့ ဤသည်မှာ တာ့ယန်အင်ပါယာသစ်၏ အာဏာဗဟိုချက်နှင့် အနီးကပ်ဆုံးသော အခွင့်အရေးတစ်ခု ဖြစ်ပြီး အင်ပါယာ၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်၏။
အင်ပါယာကို အရှေ့ဘက်သို့ စစ်ချီစေပြီး တာ့ရှန်းမိစ္ဆာနိုင်ငံကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်သည်။
သေချာပေါက် တာ့ယန်အင်ပါယာသစ်၏ စစ်တပ်က အလွန်တရာ အင်အားကြီးမားသော်လည်း ယွင်ကျုံးဟဲ့ အတွက်တော့ ဤစစ်တပ်က တာ့ရှန်းမိစ္ဆာနိုင်ငံအပေါ်၌ အထူးတလည် ကြီးမားသော အားသာချက်မျိုး မရှိချေ။
ဤစစ်တပ်ကို ပြုပြင်မွမ်းမံရန် လိုအပ်သည်။ ပြုပြင်မွမ်းမံပြီးနောက် သူ ဒီဇိုင်းဆွဲထားသော လက်နက်သစ်များကို တပ်ဆင်ပေးမှသာ ဤစစ်တပ်က တာ့ရှန်းမိစ္ဆာနိုင်ငံအပေါ် ဖိနှိပ်နိုင်လောက်သော အားသာချက်များကို ပိုင်ဆိုင်လာမှာဖြစ်၏။
သို့ပေမည့် ယခုအချိန်တွင် ယွင်ကျုံးဟဲ့အနေဖြင့် သူ၏ သေနတ်နှင့် အမြောက် ဒီဇိုင်းများကို ထုတ်ပြနိုင်မည်လား။ အံ့မခန်း အစွမ်းထက်သော ယမ်းမှုန့် ထုတ်လုပ်ရေး နည်းလမ်းများကို ထုတ်ပြနိုင်မည်လား။
သေချာပေါက် မရနိုင်ပေ။ ယခုအချိန်တွင် ထုတ်ပြလိုက်ပါက အလကားသက်သက် အလုခံရရုံသာ ရှိမှာဖြစ်ပြီး အသက်ပင် ဆုံးရှုံးသွားနိုင်သည်။
အင်ပါယာ၏ အာဏာကို ဆုပ်ကိုင်နိုင်ပြီးမှသာ ဤအရာများကို ထုတ်ပြနိုင်မည်ဖြစ်ပြီး အင်အား အကြီးမားဆုံးသော စစ်တပ်ကြီးကို တည်ဆောက်နိုင်မှာဖြစ်၏။
ထို့အပြင် တာ့ယန်အင်ပါယာသစ်တွင် အကောင်းဆုံးသော အခြေခံအုတ်မြစ် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ထုတ်လုပ်နိုင်စွမ်းက အံ့မခန်းဖြစ်ပြီး ရူပဗေဒမှာလည်း အလွန် မြင့်မားသော အဆင့်အထိ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သောကြောင့်ပင်။
ဇီဝဓာတ်ငွေ့မီးအိမ်များ ရှိပြီး အဆင့်မြင့်ဆုံးသော ပန်းပဲလုပ်ငန်း၊ အဆင့်မြင့် ပစ္စည်းများ ရှိကာ သံမဏိ စက်ယန္တရား အမျိုးမျိုး၊ အင်အားကြီးမားသော စစ်သင်္ဘောများနှင့် အရှေ့ဘက် နယ်မြေဟောင်းထက် များစွာ အဆင့်မြင့်သော ဆေးပညာများပင် ရှိနေသည်။
သူတို့၏ တစ်ဦးချင်း သိုင်းပညာအစွမ်းက အလွန်တရာ အားကောင်းလွန်းသောကြောင့်သာ သေနတ်နှင့် အမြောက်များ၏ နည်းပညာသစ်ပင်ကို မီးမထွန်းညှိနိုင်ခဲ့ခြင်း ဖြစ်ပြီး လက်နက်များ အပေါ်တွင်သာ အမြင့်ဆုံး အဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့နှင့် တာ့ယန်အင်ပါယာသစ်ကြီးမှာ လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေပြီး သူက တာ့ယန် အင်ပါယာသစ်၏ နိုင်ငံတော် အင်အားကို တစ်ဟုန်ထိုး တိုးတက်လာစေနိုင်၏။
သို့ပေမည့် သူက အာဏာကို အရင် ရရှိရန် လိုအပ်၏။ အာဏာကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် လက်နက်တပ်ဆင်ရမှာဖြစ်၏။ အာဏာကို ရရှိနိုင်မည့် အတိုဆုံး ဖြတ်လမ်းမှာ ဤမိဖုရား တူရှားပင် ဖြစ်သည်။
အမျိုးသမီး အရာရှိတစ်ဦးက ပြောလိုက်၏။ “ဒီတစ်ကြိမ် သခင်မက ခေါ်ယူချင်နေတာက အိမ်တွင်း ပန်းချီဆရာလေ။ ဒါကြောင့် လူတိုင်းက ပန်းချီကား တစ်ချပ်စီ ပြင်ဆင်ကြပါ။ ကျွန်မက သခင်မဆီကို လွှဲပြောင်းပေးပါ့မယ်။ ဘယ်သူက စံအိမ်တော်ရဲ့ ဆရာအဖြစ် ကျန်ရစ်နိုင်မလဲဆိုတာကို သူမက ဆုံးဖြတ်ပါလိမ့်မယ်။”
‘ချီးတဲ့မှ ပန်းချီဆရာ... အပျော်တော်ယောကျ်ားဆိုတာ သိသာနေတာပဲကို။’
သို့ပေမည့် မိဖုရား တူရှားကလည်း ကျွန်မက အပျော်တော်ယောကျ်ား ခေါ်ချင်လို့ ချောမောတဲ့ ယောက်ျားတွေ အားလုံး လာပြီး စာရင်းသွင်းကြဟု လူသိရှင်ကြား ပြောဆို၍ မရနိုင်ချေ။
အကြိမ်တိုင်းတွင် ပန်းခြံမှူး၊ ပန်းပုဆရာ၊ ပန်းချီဆရာ၊ ဂီတဆရာ စသည်ဖြင့် အမည်ခံအမျိုးမျိုးကို အသုံးပြုလေ့ ရှိသည်။ အရှက်လုံစရာ အဝတ်စလေး တစ်ခု ရှိနေသည်က လုံးဝ မရှိတာထက်တော့ ပိုကောင်းသည် မဟုတ်ပါလား။
ထို့အပြင် ယခင်က မိဖုရား တူရှားသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး ရွေးချယ်လေ့ရှိသော်လည်း ယခုအခါတွင် တွေ့ဆုံခြင်းကိုပင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ယခင်က စံအိမ်တော်အတွင်းသို့ ဝင်ရောက်သွားသော အမျိုးသားက ထူးချွန်ပြီး ပြိုင်ဘက်ကင်းလောက်အောင် ချောမောနေ၍များ မိဖုရား တူရှားက အခြား ချောမောသည့် ယောက်ျားများကို တွေ့ဆုံရန် စွန့်လွှတ်လိုက်ခြင်း များလား။
ယခု လူတိုင်းကို ပန်းချီကားများ ဆက်သခိုင်းခြင်းမှာလည်း လုံးဝကို ဖြစ်သလို လုပ်လိုက်ခြင်းသာဖြစ်ပြီး အခွင့်အရေး လုံးဝ မရှိတော့သကဲ့သို့ပင် ဖြစ်နေသည်။
ဤလအတွက် အပျော်တော်ယောကျ်ားကို မိဖုရား တူရှားက စောစောတည်းက ရွေးချယ်ပြီးသွားပြီ ဖြစ်ပေလိမ့်မည်။
အမျိုးသမီး အရာရှိ၏ စကားသံ အဆုံးတွင် ထိုနေရာရှိ ချောမောသည့် ယောက်ျား ဆယ်နှင့်ချီ၍ အားလုံးက ပန်းချီကားများကို အသီးသီး ထုတ်ယူကာ ဆက်သလိုက်ကြသည်။
လူတိုင်းက အဆင့်မြင့် ပန်းချီဆရာတွေချည်းပဲ ဖြစ်နေသည်လား။ သေချာပေါက် မဟုတ်ပေ။ တာ့ယန်အင်ပါယာသစ်တွင် အနုပညာဆိုသည်မှာ အလှဆင်ခြင်း သက်သက်သာ ဖြစ်ပြီး အဓိက လမ်းကြောင်း မဟုတ်ချေ။
လူတိုင်း၏ ပညာရပ်သစ် အောင်မြင်မှုများက တူညီနေချိန် သို့မဟုတ် သိုင်းပညာများ တူညီနေချိန်တွင် အနုပညာ၏ အလှဆင်ခြင်းက အလွန်တရာ အဖိုးတန်လာတော့သည်။
ထို့ကြောင့် အနုပညာဆိုသည်မှာ မရှိမဖြစ် လိုအပ်သောအရာ မဟုတ်ဘဲ ဇိမ်ခံပစ္စည်းတစ်ခုသာ ဖြစ်သည်။ အထက်တန်းလွှာ ဖြစ်လာရန်အတွက် အနုပညာ စွမ်းရည် တစ်ခုခုကို သေချာပေါက် တတ်ကျွမ်းထားရန် လိုအပ်၏။
ထိုနေရာရှိ ချောမောသည့် ယောက်ျားများ ဆက်သလိုက်သော ပန်းချီကားများ၏ အများစုမှာ ဈေးကြီးပေးကာ နာမည်ကြီး ပန်းချီဆရာများထံမှ ဝယ်ယူလာခဲ့ကြခြင်း ဖြစ်သည်။
အများစုမှာ သူတို့ကိုယ်ပိုင် ပုံတူပန်းချီကားများ ဖြစ်ကြပြီး အချို့မှာ အဝတ်အစား မပါသော ပုံတူများပင် ဖြစ်ကြ၏။
မိဖုရား တူရှားကို သူတို့ မည်မျှလောက် ချောမောကြောင်း၊ မည်မျှလောက် ကြံ့ခိုင်ကြောင်းနှင့် မည်မျှလောက် မွေးရာပါ အရည်အချင်း ကောင်းမွန်ကြောင်းတို့ကို မြင်တွေ့စေရန်အတွက် ဖြစ်သည်။
အချို့သော မိသားစုနောက်ခံ ကောင်းမွန်သည့် ချောမောသည့် ယောက်ျားများကမူ ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ ဆရာကြီးအဆင့် ပန်းချီဆရာများထံမှ ပန်းချီကားများကို ဝယ်ယူလာကြသည်။ ထိုပန်းချီကားများ၏ အများစုမှာ မိဖုရား တူရှား၏ ပုံတူပန်းချီကားများ ဖြစ်ကြ၏။
အချုပ်အားဖြင့်ဆိုရသော် လူတိုင်းက ဂရုတစိုက် ပြင်ဆင်လာခဲ့ကြပြီး အများစုမှာ ဆရာကြီးအဆင့် ပန်းချီဆရာများ၏ လက်ရာများ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ် အပျော်တော်ယောကျ်ား ခေါ်ယူခြင်း၏ အမည်ခံမှာ ပန်းချီဆရာ ခေါ်ယူခြင်း ဖြစ်သောကြောင့်ပင်။
အချိန်က အရမ်း ကပ်လွန်းသောကြောင့် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ပြင်ဆင်ထားခြင်း မရှိပေ။
ပန်းချီဆရာ ခေါ်ယူခြင်းဆိုသည်မှာ လှည့်ကွက်တစ်ခုသာ ဖြစ်ပြီး လုံးဝ အရေးမကြီးဘဲ မိဖုရား တူရှားက ယွင်ကျုံးဟဲ့ကို တွေ့ဆုံချိန်တွင် ရရှိမည့် ခံစားချက်ကသာ အဓိကကျသည်ဟု ကျူ့ယွီယန်က ယူဆထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင် တွေ့ဆုံခွင့်ပင် မပေးတော့ချေ။ မျှော်လင့်ချက် အားလုံးကို အရာမထင်သော ပုံတူပန်းချီကား တစ်ချပ်အပေါ်တွင်သာ ပုံအပ်လိုက်ရတော့၏။
ဤလူများ ဆက်သလိုက်သော ပန်းချီကားများကို ယွင်ကျုံးဟဲ့ မြင်လိုက်ရချိန်မှာတော့ သူ၏ ရင်ထဲတွင် စကားတစ်ခွန်းသာ ရှိတော့သည်။ ‘သောက်ကျိုးနည်း...’
ဤပန်းချီဆရာများကလည်း အရမ်းကို ထူးချွန်လွန်းနေကြသည် မဟုတ်ပါလား။ ယွင်ကျုံးဟဲ့၏ အဓိက လက်နက်အဖြစ် အသုံးပြုမည့် ရောင်စုံခဲပန်းချီ၊ သုံးဘက်မြင် ပုံတူပန်းချီများက ဤနေရာတွင် လုံးဝကို အစွမ်းအစတစ်ခု မဟုတ်တော့ချေ။
လူတစ်ယောက်ကို ဓာတ်ပုံတစ်ပုံလို အသက်ဝင်အောင် ဆွဲနိုင်လျှင်တောင်မှ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် ဤအစွမ်းအစ ရှိနေသောကြောင့် ဖြစ်၏။
ဤလူများ ဆက်သလိုက်သော ပန်းချီကား တစ်ချပ်ချင်းစီတိုင်းမှာ အနုပညာ လက်ရာမြောက်ကြပြီး ယွင်ကျုံးဟဲ့ ကိုယ်တိုင်၏ အဆင့်အတန်းထက် အများကြီး သာလွန်နေကြသည်။
ယွင်ကျုံးဟဲ့သည် ယခင်က ဒါဗင်ချီ ပူးကပ်နေစဉ်အတွင်း ကူးယူဆွဲသားခဲ့သော ရှန်ကျင်းကျုံးယွမ်ည ပန်းချီကားမှာ ပန်းချီနတ်ဘုရား၏ လက်ရာအဖြစ် သတ်မှတ်ခံရပြီး ငွေသန်းချီ၍ လိမ်လည်နိုင်ခဲ့၏။
သို့ပေမည့် ဤနေရာတွင် အသုံးမဝင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တာ့ယန်အင်ပါယာ၏ ရှေးရိုးစွဲ အင်အားစုများ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရဖူးသောကြောင့် ဤနေရာတွင် အရှေ့ဘက်နှင့် ပတ်သက်သော အနုပညာ အားလုံးကို ငြင်းပယ်ထားကြသောကြောင့်ပင်။
ရေတံခွန်၊ တောင်တန်း ပန်းချီကားများကဲ့သို့သော အရာများကို လုံးဝ အသိအမှတ်မပြုဘဲ လုံးလုံးလျားလျား ဖယ်ရှားခံထားရသည်။
လီတစ်ထောင် တောင်တန်းမြစ်ဝှမ်း ပန်းချီကား၊ ဖူချွန်းတောင်တန်း နေထိုင်မှု ပန်းချီကား ကဲ့သို့သော ထာဝရ လက်ရာမြောက် ပန်းချီကားများကို ထုတ်ပြလျှင်တောင်မှ အသုံးဝင်မည် မဟုတ်ချေ။
သို့ပေမည့် တာ့ယန်အင်ပါယာသစ်၏ ပန်းချီရေစီးကြောင်းမှာ ဥရောပ၏ ဉာဏ်သစ်သွေးသစ်လှုပ်ရှားမှု ခေတ်ကာလလောက် ရှိကြောင်းကို ယွင်ကျုံးဟဲ့ သတိပြုမိသွားခဲ့သည်။
အဓိက လမ်းကြောင်းမှာ မိုနာလီဇာ ကဲ့သို့သော ဆီဆေးပန်းချီများ ဖြစ်ပြီး လက်တွေ့ဆန်မှုနှင့် ရှေးဟောင်းဆန်မှုဘက်သို့ ယိမ်းယိုင်နေကာ စိတ်ကူးယဉ်ဆန်သော အရောင်အသွေးများလည်း အတိုင်းအတာ တစ်ခုအထိ ရှိနေ၏။
အမြင်အာရုံ လွန်ကဲမှုဝါဒမှာမူ စတင် ပေါ်ပေါက်လာခြင်း မရှိသေးချေ။ သို့ပေမည့် သူတို့၏ ပန်းချီအနုပညာက ဤလမ်းကြောင်းအတိုင်း ဖြစ်နေပါက အမြင်အာရုံ လွန်ကဲမှုဝါဒဘက်သို့ ဦးတည်သွားရန်မှာလည်း မလွှဲမရှောင်သာ ဖြစ်နေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မည်မျှပင် တူညီအောင် ဆွဲနိုင်ပါစေ၊ ဓာတ်ပုံတစ်ပုံနှင့် တူညီနေလျှင်တောင်မှ အလှတရားကို ခံစားရာတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိလာမည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အမြင်အာရုံ လွန်ကဲမှုဝါဒ ပန်းချီကားများက လျှပ်စီးလက်သကဲ့သို့ ခေတ်ဟောင်း အနုပညာ ကောင်းကင်ယံကို ဆွဲဖြဲပစ်နိုင်မှာဖြစ်သည်။
ဆရာကြီး ပီကာဆို၏ လက်တွေ့ဆန်သော အခြေခံအုတ်မြစ်က အမှန်တကယ်တွင် အလွန်တရာ အားကောင်းလှသော်လည်း ခေါင်းမော့နိုင်စွမ်း မရှိတော့သောကြောင့် သုံးဘက်မြင်ဝါဒဘက်သို့ ကူးပြောင်း သွားခဲ့သကဲ့သို့ ဖြစ်၏။
ဤမိဖုရား တူရှားသည် လက်တွေ့ဆန်မှုနှင့် ရှေးဟောင်းဆန်မှု ပန်းချီကားများကို အလွန်အကျွံ ကြည့်ရှုခဲ့ရပြီးဖြစ်ရာ အလှတရား ခံစားမှုအပိုင်းတွင် စောစောတည်းက ပင်ပန်းနွမ်းနယ်နေပြီဟု ယွင်ကျုံးဟဲ့က ခံစားမိသည်။
ဤအချိန်တွင် အမြင်အာရုံ လွန်ကဲမှုဝါဒ ပန်းချီကား တစ်ချပ်သာ ထွက်ပေါ်လာပါက သူမအတွက် ပြင်းထန်သော လှုံ့ဆော်မှုများကို သေချာပေါက် ယူဆောင်လာပေးနိုင်မှာဖြစ်၏။
မည်သည့် အမြင်အာရုံ လွန်ကဲမှုဝါဒ ပန်းချီကားကို ရွေးချယ်ရမည်နည်း။ ကြယ်တွေစုံတဲ့ည လား၊ နေကြာပန်း လား။
မရပေ။ ဤပန်းချီကား နှစ်ချပ်က အလွန်တရာ ဂန္ထဝင်မြောက်လှသော်လည်း ရိုက်ခတ်မှု အားမကောင်းချေ။
မကြာမီမှာပဲ ယွင်ကျုံးဟဲ့က ကူးချမည့် ပစ်မှတ်ကို ရွေးချယ်လိုက်သည်။ အော်ဟစ်သံ ပန်းချီကားပင် ဖြစ်၏။
..................