← Chapters

အခန်း ၇၂၁

Vol. 61 Ch. 721

အခန်း ၇၂၁

Vol. 61 Ch. 721

အပိုင်း (၇၂၁)

အော်ဟစ်သံ ဟူသော ထာဝရ လက်ရာမြောက် ပန်းချီကားကို ပန်းချီပညာကို နားမလည်သူများ ကြည့်ရှုလျှင်တောင်မှ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး လိမ်ကောက်နေသော မျဉ်းကြောင်းများ၊ အရိုးစုကဲ့သို့သော မျက်နှာပြင်များ ပါဝင်သည်။

ဤပန်းချီကားမှာ ဒေါ်လာ တစ်ရာ့ကိုးဆယ့်ကိုးသန်း ဟူသော မိုးထိအောင် မြင့်မားသည့် ဈေးနှုန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ဤပန်းချီကားက သေဆုံးပြီးမှ နာမည်ကြီးလာခြင်း မဟုတ်ဘဲ မွေးဖွားလာချိန်တည်းက လက်ရာမြောက်အဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။

ကမ္ဘာမြေ၏ သမိုင်းကြောင်း တစ်ခုလုံးတွင် ဤပန်းချီကားက သမိုင်းဝင် ထိပ်ဆုံး စာရင်းတွင် ပါဝင်နိုင်ပြီး လုံးဝကို နှစ်တစ်ထောင် လက်ရာမွန်ဖြစ်၏။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့၌ ဒါဗင်ချီ ပူးကပ်နေခြင်း မရှိသည်မှာ သေချာသော်လည်း သူက ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသောကြောင့် လုံလောက်သော ပန်းချီစွမ်းရည်များကို ချန်ထားရစ်ခဲ့ပြီး ဖြစ်သည်။

ဤအချိန်တွင် ယွင်ကျုံးဟဲ့ကို ချင်းမင်ပွဲတော် မြစ်ကမ်းဘေး (ရှန်ကျင်းကျုံးယွမ်ည) ကဲ့သို့သော လက်ရာမျိုးကို တစ်ဦးတည်း ကူးယူဆွဲသားခိုင်းရန်မှာ သေချာပေါက် မဖြစ်နိုင်ဘဲ ထိုအရာက အလွန်တရာ ခက်ခဲလွန်းလှသည်။ သို့ပေမည့် အော်ဟစ်သံ ကဲ့သို့သော ပန်းချီကားမျိုးကိုတော့ သူက လုံးဝ ကူးချနိုင်စွမ်း ရှိ၏။

ထို့ကြောင့် သူက ပန်းချီစဆွဲလိုက်၏။ အချိန် နာရီဝက်တိုတိုလေးအတွင်း ကမ္ဘာမြေပေါ်တွင် ထိပ်ဆုံးအဆင့် ရှိသော ထာဝရ လက်ရာမြောက် ပန်းချီကားကို ရေးဆွဲပြီးစီးသွားခဲ့သည်။

ဆက်လက်၍ လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည်။ ကိုယ့်နာမည်ကို တိုက်ရိုက် ရေးထည့်လိုက်ရမည်လား။ ထိုအရာက အရမ်း အောက်တန်းကျလွန်း၏။

ယွင်ကျုံးဟဲ့က အခြားသော အဆင့်မြင့် အစွမ်းပြလှည့်ကွက် တစ်ခုကို အသုံးပြုလိုက်၏။ ထိုအရာက သုံးဘက်မြင် ပုံရိပ် ဖြစ်သည်။

ဤပုံကို အပေါ်ယံ ကြည့်လိုက်ပါက ထပ်ခါတလဲလဲ ဖြစ်နေသော အရောင်ကွက် ပြင်ညီပုံတစ်ခုသာ ဖြစ်သည်။ သို့ပေမည့် အကြည့်များကို ပြန့်ကျဲစေပြီး ဆုံမှတ်ကို ချိန်ညှိလိုက်သည်နှင့် သုံးဘက်မြင် ပုံရိပ်တစ်ခုက ပေါ်ထွက်လာမှာဖြစ်၏။

ခေတ်သစ် ကမ္ဘာမြေပေါ်တွင် ဤအရာက သေချာပေါက် ဘာမှမဟုတ်သော်လည်း ဤအချိန်တွင်မူ လုံးဝကို နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ လက်မှတ်မှာ တာ့ယန်ဧကရာဇ် ယွင်ကျုံးဟဲ့ ဟူ၍ ဖြစ်၏။

ဆုံမှတ်ကို အတိအကျ ချိန်ရွယ်လိုက်သည်နှင့် ဤစာလုံးကြီးများက ရွှေရောင် တောက်ပကာ သုံးဘက်မြင် အဖြစ် ပေါ်ထွက်လာပေလိမ့်မည်။ သို့ပေမည့် အပေါ်ယံ ကြည့်လိုက်ပါက ဘာကိုမှ မြင်တွေ့ရမည် မဟုတ်ချေ။

ထို့ကြောင့် ဤပန်းချီကားရှိ ယွင်ကျုံးဟဲ့၏ နည်းစနစ်များမှာ လုံးဝကို အမြင့်ဆုံး အဆင့်အထိ အစွမ်းပြထားခြင်း ဖြစ်သည်။

ရေးဆွဲပြီးစီးသွားပြီးနောက် ယွင်ကျုံးဟဲ့က ဤပန်းချီကားကို အမျိုးသမီး အရာရှိထံသို့ ပေးအပ်လိုက်သည်။ သူမမှာ ဘေးဘက်တွင် စောင့်ဆိုင်းရလွန်းသောကြောင့် စိတ်မရှည်ဖြစ်နေပြီ ဖြစ်၏။

ပန်းချီကားကို လက်ခံရယူလိုက်ပြီးနောက် အမျိုးသမီး အရာရှိမှာ ရုတ်တရက် ပြင်းထန်သော မသက်မသာ ခံစားမှုကြီး ဖြစ်ပေါ်သွားခဲ့သည်။ ‘ဒါက ဘာအမှိုက်တွေကို ဆွဲထားတာလဲ။’

“အားလုံးရဲ့ လက်ရာတွေ အပ်နှံပြီးသွားပြီဆိုရင် ကိုယ့်လိပ်စာကို ကိုယ်ရေးထားခဲ့ကြ။ ပြီးရင် စံအိမ်တော်ကနေ ထွက်ခွာပြီး အိမ်ပြန်စောင့်နေကြ။” အမျိုးသမီး အရာရှိက လူများကို စတင် နှင်ထုတ်လိုက်တော့၏။

ချောမောသည့် ယောက်ျား အများအပြားမှာ မည်မျှပင် မကျေမချမ်း ဖြစ်နေကြပါစေ မိဘသေဆုံးသွားသကဲ့သို့ မျက်နှာငယ်လေးများဖြင့် စံအိမ်တော်မှ ထွက်ခွာသွားရုံသာ ရှိတော့သည်။

ဤတစ်ကြိမ် မိဖုရား၏ အပျော်တော်ယောကျ်ားအတွက် လူရွေးချယ်ထားပြီးဖြစ်ကာ သူတို့အတွက် မျှော်လင့်ချက် မရှိတော့ကြောင်း လူတိုင်းနီးပါး သိရှိနေကြ၏။

ယွင်ကျုံးဟဲ့သည်လည်း စံအိမ်တော်မှ နှင်ထုတ်ခံလိုက်ရပြီး တုန်းကျိုးမြို့သို့ ပြန်လာခဲ့ရသည်။

လမ်းတစ်လျှောက်လုံး ချောမောသည့် ယောက်ျား အများအပြားက သနားစရာကောင်းလောက်အောင် ညည်းတွားနေကြသည်။ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးမှာ ့် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။

………..

တူရှား စံအိမ်တော် အတွင်း၌...

မိဖုရား တူရှားက ခုံရှည်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေ၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားက လူများကို အသက်ရှူမှားသွားစေနိုင်လောက်သည်။

မျက်နှာကို ကြည့်စရာမလိုဘဲနှင့် ဝိညာဉ်များကို ဖမ်းစားနိုင်နေပြီ ဖြစ်သည်။ မိစ္ဆာ ခန္ဓာကိုယ်အချိုးအစားဟု ဖော်ပြ၍ မရနိုင်ဘဲ လက်မတိုင်းတွင် မျက်လှည့်ကဲ့သို့သော ဆွဲဆောင်မှုများ ပြည့်နှက်နေ၏။

လက်မတိုင်းက ယောကျ်ားများ၏ ဟော်မုန်းများကို မီးညှိပေးတော့မည့်အလား ဖြစ်နေ၏။ တကယ့်ကို လှပသော မြွေမလေးဖြစ်သလို အင်ပါယာ၏ အလှပဆုံး မိဖုရားလည်း ဖြစ်သည်။

ရွေ့လျားနေသော ကပ်ဘေးဆိုက်စေမည့် အလှတရား ဖြစ်သည့်အပြင် အဆိပ်ပြင်းလှသော ပြိုင်ဘက်ကင်း အလှပန်းလေး တစ်ပွင့်လည်း ဖြစ်၏။

အမျိုးသမီး အရာရှိက မေးလိုက်သည်။ “သခင်မ... ဒီလူတွေရဲ့ ပန်းချီကား အားလုံးကို ဆက်သပြီးပါပြီ။ ကြည့်အုံးမလား။”

မိဖုရား တူရှားက ဖြေလိုက်၏။ “မကြည့်တော့ဘူး။ လူလည်း ရွေးချယ်ပြီးသွားပြီ။ ဒီလတော့ သူ့ကိုပဲ စံအိမ်တော်ထဲမှာ ငါ့ကို အဖော်ပြုပေးခိုင်းလိုက်တော့။ အနုပညာဆန်ဆန် ထွင်းထုထားတဲ့ မျက်နှာမျိုးကို မြင်ရခဲတယ်လေ။”

အမျိုးသမီး အရာရှိက ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါဆို ဒီပန်းချီကားတွေကိုရော။”

မိဖုရား တူရှားက ပြောလိုက်၏။ “အားလုံးကို မီးရှို့လိုက်တော့။”

“ကောင်းပါပြီ။”

ထို့နောက် ဤထူးချွန်လှသော ပန်းချီကားများ အားလုံးမှာ မီးလင်းဖိုအတွင်းသို့ ပစ်သွင်းကာ မီးရှို့ဖျက်ဆီးခံလိုက် ရသည်။

ဤပန်းချီကား တစ်ချပ်ချင်းစီတိုင်းက ထူးချွန်သော ပန်းချီဆရာများ၏ လက်ရာများ ဖြစ်ကြပြီး အချို့မှာ ဆရာကြီးများ၏ လက်ရာများ ဖြစ်ကြ၏။

ထိုချောမောသည့် ယောက်ျားများက မည်မျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ ရယူလာခဲ့မှန်း မသိနိုင်ဘဲ အချို့မှာ မိသားစု ပိုင်ဆိုင်မှုများ အားလုံးကိုပင် ထုတ်သုံးကာ ရယူလာခဲ့ကြခြင်း ဖြစ်သည်။

ရည်ရွယ်ချက်မှာ အင်ပါယာ၏ အလှပဆုံး မိဖုရားကို အံ့အားသင့်သွားစေရန် ဖြစ်သော်လည်း ဤအချိန်တွင်မူ ဤသို့ပင် မီးတောက်အတွင်းသို့ ပစ်သွင်းခံလိုက်ရလေတော့၏။

ဤသည်မှာ အာဏာ ဖြစ်သည်။ မိဖုရား တူရှားမှာ အားလပ်နေသောကြောင့် ပျင်းရိပျင်းတွဲဖြင့် ပန်းချီကား တစ်ချပ်ချင်းစီ မီးရှို့ခံနေရသည်ကို ကြည့်နေပြီး အနည်းငယ်မျှပင် နှမြောတသခြင်း မရှိချေ။

ဤပန်းချီကားများက တကယ့်ကို လူများကို အဆုံးစွန်ထိ စိတ်ပျက်သွားစေနိုင်၏။ ချောမောသည့် ယောက်ျားများ၏ ကိုယ်ပိုင် ပုံတူများ မဟုတ်လျှင် သူမ၏ ပုံတူများသာ ဖြစ်ကြသည်။

ဆွဲထားသည်က အလွန်ကောင်းမွန်ပြီး အားလုံးက လက်ရာမြောက်များ ဖြစ်ကြသော်လည်း အလွန်အကျွံ ကြည့်ရှုခဲ့ရပြီးဖြစ်ရာ အလှတရား ခံစားမှုတွင် တကယ့်ကို ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့၏။

မည်သည့်အရာမဆို မည်မျှပင် ထူးချွန်နေပါစေ၊ အရေအတွက် များပြားလာသည်နှင့် ထိုအရာက သာမန် ဖြစ်သွားတော့သည်။

မကြာမီမှာပဲ အမျိုးသမီး အရာရှိက ယွင်ကျုံးဟဲ့၏ ပန်းချီကားကို ကိုင်ဆောင်ကာ မီးလင်းဖိုအတွင်းသို့ ပစ်သွင်း၍ မီးရှို့လိုက်၏။

မိဖုရား တူရှားကလည်း ဂရုမစိုက်မိချေ။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ ပန်းချီကားကို မြင်လိုက်ရသည့် ပထမဆုံး အကြည့်တွင်ပင် သူမမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကြီးကို ခံလိုက်ရသည်။

ဤကဲ့သို့သော ပန်းချီကားမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ မျဉ်းကြောင်းများက လိမ်ကောက်နေပြီး ပုံရိပ်များကလည်း ထူးဆန်းနေ၏။

ကောင်းကင်ယံက လိမ်ကောက်နေပြီး မြေပြင်ကလည်း လိမ်ကောက်နေကာ ပန်းချီကားပေါ်ရှိ လူက အရိုးစု တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

နေရာတိုင်းတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ၊ နေရာတိုင်းတွင် ကြောက်မက်ဖွယ်ရာများ ရှိနေပြီး သေဆုံးခြင်းနှင့် အထီးကျန်မှုများ ပြည့်နှက်နေသည်။ ဤကဲ့သို့သော ပန်းချီကားမျိုးမှာ ယခင်က လုံးဝ မမြင်ဖူးခဲ့သောအရာ ဖြစ်၏။

မိဖုရား တူရှားက ရုတ်တရက် ထထိုင်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ဆွဲထုတ်လိုက်။ ဒီပန်းချီကားကို မြန်မြန် ဆွဲထုတ်လိုက်။ သူ့ကို ဆွဲတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်စမ်း။”

...............

အမျိုးသမီး အရာရှိက ထိုဆီဆေးပန်းချီကားကို မီးလင်းဖိုထဲမှ ပြန်ဆွဲထုတ်လိုက်ချိန်တွင် ပန်းချီကား၏ ထောင့်တစ်နေရာက မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူမက အားကုန်သုံး၍ ဖြန့်ကာ မိဖုရား တူရှား၏ ရှေ့တွင် ချထားလိုက်၏။

“ဒီပန်းချီကားကို နင် ဘယ်လိုထင်လဲ။” မိဖုရား တူရှားက မေးလိုက်သည်။

“အမှိုက်ပါ။” အမျိုးသမီး အရာရှိက ဖြေ၏။

မိဖုရားသည် ဆိုဖာရှည်ပေါ်မှ မတ်တတ်ရပ်လိုက်သည်။ ချက်ချင်းပဲ လေထုတစ်ခုလုံး အနည်းငယ် တုန်ယင်သွားပြီး အခန်းတစ်ခုလုံး မွှေးပျံ့သော ရနံ့များ လွှမ်းခြုံသွားသည်။

မိဖုရားက ပန်းချီကားရှေ့သို့ လျှောက်လာကာ သေချာစွာ ကြည့်ရှုလိုက်၏။

‘အမှိုက်... အမြင်အာရုံ အမှိုက်... စိတ်ပိုင်းဆိုင်ရာ အမှိုက်ပဲ...’

ဤအရာက လူအများစု၏ ခံစားချက်ဖြစ်ပြီး မိဖုရားကိုယ်တိုင်လည်း အပါအဝင် ဖြစ်သည်။

ဤကဲ့သို့သော ပန်းချီကားတစ်ချပ်ကို အောင်မြင်မှု မရရှိသေးခင်မှာ အနုပညာ ရတနာတစ်ခုအဖြစ် အတင်းအဓမ္မ တင်စားပြောဆိုမည်ဆိုပါက အလွန် ခက်ခဲလှ၏။

သို့ပေမည့် ယွင်ကျုံးဟဲ့ကလည်း အနုပညာရှင်ကြီးတစ်ဦး ဖြစ်လာရန် စိတ်ဝင်စားမှု မရှိပေ။ သူလိုချင်သည်မှာ လူအများ၏ အာရုံစိုက်မှုကို ရရှိရန်သာ ဖြစ်သည်။

ဤအချက်တွင် သူ သေချာပေါက် အောင်မြင်သွားခဲ့ပြီဖြစ်သည်။ မိဖုရားသည် ပန်းချီကားရှေ့သို့ ရောက်လာပြီး ရှေ့၊ နောက်၊ ဘယ်၊ ညာ ထောင့်ပေါင်းစုံမှ ကြည့်ရှုကာ ဆောင့်ကြောင့်ပင် ထိုင်ကြည့်လိုက်၏။

ဤပြိုင်ဘက်ကင်း မိန်းမလှလေး၏ အလှနှင့် ခန္ဓာကိုယ်က အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းသောကြောင့် ထိုအမျိုးသမီး အရာရှိပင်လျှင် ခံနိုင်ရည် မရှိတော့ဘဲ အသက်ရှူ မြန်လာသည်။

မိဖုရားသည် အတော်ကြာအောင် ကြည့်ရှုနေသည်။ ထို့နောက် သူမက ပြောလိုက်၏။ “ဒီပန်းချီကားကို ပုံမှန်လူ ဆွဲထားတာ မဟုတ်ဘူး။ သူက စိတ်ရောဂါသည်ပဲ။ ပြီးတော့ ဒီပန်းချီကားကို အကြာကြီး ကြည့်မိရင် တခြားလူတွေလည်း စိတ်ရောဂါသည် ဖြစ်သွားလိမ့်မယ်။”

ထို့နောက် သူမသည် မတ်တတ်ရပ်ကာ မှော်ဆန်သော ဆွဲဆောင်မှု အပြည့်ရှိသည့် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။

ချက်ချင်းပဲ အရှေ့တွင် ရှိနေသည့် အမျိုးသမီး အရာရှိမှာ တစ်ကိုယ်လုံး ပူထူလာပြီး အကြည့်ကို တခြားနေရာသို့ လွှဲပစ်လိုက်ရ၏။

“မဟုတ်ဘူး။ သူ ဒီပန်းချီကားကို ဆွဲထားတာ သူ့လိုလူမျိုးကို ရှာနေတာ။”

မိဖုရား တူရှားက ပြောလိုက်သည်။ “စိတ်ရောဂါ လက္ခဏာရှိတဲ့ လူတိုင်း ဒီပန်းချီကားကို မြင်ရင် သေချာပေါက် ဆွဲဆောင်ခံရလိမ့်မယ်။”

မိဖုရား၏ ဤစကားက အမှန်တရားကို ထိမှန်သွား၏။

အော်ဟစ်သံ ပန်းချီကားသည် တကယ်ကို စိတ်ရောဂါ လက္ခဏာများ ပါဝင်ပြီး ထိုအကြောင်းပြချက်ကြောင့် ပန်းချီပြပွဲများမှ မကြာခဏ ဖြုတ်ချခံရလေ့ ရှိသည်။

ပုံမှန်လူများ ကြည့်ပါက လိမ်ကောက်နေသည်ဟု ခံစားရပြီး အမြင်အာရုံ အမှိုက်ဟုသာ ထင်မြင်ကြသည်။ သို့ပေမည့် စိတ်ရောဂါ ဖြစ်နိုင်ခြေရှိသူများ ဤပန်းချီကားကို မြင်ချိန်မှာတော့ ပြင်းထန်သော ခံစားချက်ချင်း တူညီမှုကို ရရှိကြ၏။

ထိုမျှော်လင့်ချက်မဲ့မှု၊ အမှောင်ထု၊ အထီးကျန်မှု ခံစားချက်များသည် ဒီရေလှိုင်းများကဲ့သို့ အဆုံးအစမရှိ ဝင်ရောက်လာမှာ ဖြစ်သည်။

ထို့နောက် မိဖုရားသည် ထပ်မံ၍ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ၏ ကောက်ကြောင်းများကို မြင်လိုက်ရ သောကြောင့် အမျိုးသမီး အရာရှိမှာ အသက်ပင် မရှူနိုင်တော့ဘဲ လည်ပင်းများပင် နီရဲသွားတော့၏။

မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့၏ လက်မှတ်ကို တွေ့ရှိသွား၏။ အစပိုင်းတွင် ဘာမှ မထူးခြားဟု ထင်ခဲ့ပြီး ထပ်တလဲလဲ ဖြစ်နေသော အရောင်များသာဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ အမှိုက်ဟုသာ ထင်ခဲ့သည်။

သို့ပေမည့် တစ်ခုခု ထူးခြားနေသည်ဟု ခံစားရသောကြောင့် သူမသည် ပိုမို နီးကပ်စွာ တိုးသွားပြီး မတူညီသော အကွာအဝေး၊ မတူညီသော ထောင့်များမှ ကြည့်ရှုလိုက်၏။

သို့သော်ငြား ထူးခြားသည်ကို မတွေ့ရပေ။ မျက်လုံးများ ကျိန်းစပ်လာသည်အထိ ကြည့်သော်လည်း ဘာမှ မတွေ့ရချေ။

သို့ပေမည့် မိဖုရားက လက်မလျှော့ချင်ပေ။ ဤထပ်တလဲလဲ ဖြစ်နေသော အရောင်များထဲတွင် တစ်ခုခု ဖုံးကွယ်ထားရမည်ဟု သူမ ယုံကြည်နေပြီး သူမ နားမလည်သေးခြင်းသာ ဖြစ်မည်ဟု တွေးလိုက်သည်။

သို့ပေမည့် ပိုပြီး ကြည့်ချင်လေလေ၊ ပိုပြီး မမြင်ရလေလေ ဖြစ်နေသည်။ ထို့ကြောင့် သူမက လက်ယမ်းကာ ပြောလိုက်၏။ “ယူသွားလိုက်။ ယူသွားလိုက်တော့။”

သို့သော်ငြား ထိုအချိန်မှာပဲ သူမ၏ အကြည့်က ဖြန့်ကျက်သွားပြီး တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရ၏။ ရှုပ်ထွေးနေသော အရောင်များထဲတွင် စာလုံးအချို့ ပေါ်လာသည်။

‘တာ့ယန် ဧကရာဇ် ယွင်ကျုံးဟဲ့...’

ထိုအရာမှာ ရွှေရောင် တောက်ပနေသော စာလုံး လေးလုံးဖြစ်ပြီး သုံးဘက်မြင် ပန်းပုရုပ်ကဲ့သို့ စက္ကူပေါ်မှ ထွက်ပေါ်လာ၏။

‘ဒါ... ဒါက အရမ်း ဆန်းကြယ်လွန်းတယ်။ ယုံနိုင်စရာ မရှိလောက်အောင်ပဲ။’

ခေတ်သစ် ကမ္ဘာမြေတွင် ဤအရာက အသေးအဖွဲ ပညာရပ်တစ်ခုသာ ဖြစ်သော်လည်း ဤကမ္ဘာတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

တကယ်ကို ဆန်းကြယ်လွန်းပြီး အမြင်အာရုံ ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ အံ့မခန်း ဖြစ်သွားစေ၏။

သို့ပေမည့် ဤစာလုံး လေးလုံးဖြင့် လက်မှတ်ရေးထိုးခြင်းက တကယ် သေချင်နေသည်လား။ တာ့ယန် အင်ပါယာတွင် ဧကရာဇ် တစ်ပါးတည်းသာရှိပြီး ထိုသူမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ယန်ရှင်းကျုံး ဖြစ်သည်။

‘ရှင်က ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ခေါ်တာလား။ သေလမ်းရှာနေတာပဲ။’

“ဒီယွင်ကျုံးဟဲ့ ဆိုတဲ့သူကို ခေါ်ခဲ့ကြ...” မိဖုရား တူရှားက အမိန့်ပေးလိုက်၏။

အမျိုးသမီး အရာရှိက ပြောလိုက်သည်။ “သခင်မ... ဒီလို စိတ်ရောဂါသည်မျိုးကို သွားမပတ်သက်ပါနဲ့။”

မိဖုရား တူရှားက အမိန့်ပေးလိုက်၏။ “ခေါ်လာခဲ့လိုက်ပါ။”

.................

All Chapters