← Chapters

အခန်း ၇၂၄

Vol. 61 Ch. 724

အခန်း ၇၂၄

Vol. 61 Ch. 724

အပိုင်း (၇၂၄)

ယွင်ကျုံးဟဲ့က မြင်းလှည်းပေါ်မှ ဆင်းလာခဲ့၏။ ထိုအချိန်တွင် ညမှောင်နေပြီဖြစ်ပြီး ကောင်းကင်အပြည့် ကြယ်များက အလွန် လှပနေသည်။

ဤနေရာက တောင်ထိပ်ဖြစ်သောကြောင့် ကောင်းကင်ရှိ ကြယ်များနှင့် ပို၍ နီးကပ်နေသကဲ့သို့ ခံစားရသည်။ ယွင်ကျုံးဟဲ့သည် အလိုအလျောက် ဇီဝေကြယ်နှင့် ထျန်းလန်ကြယ်တို့ကို တစ်ချက် ကြည့်လိုက်မိ၏။။

ဇီဝေကြယ်က ဆက်လက် မှေးမှိန်နေပြီး ထျန်းလန်ကြယ်ကမူ အမြင့်ဆုံးအဆင့်အထိ တောက်ပနေသည်။

‘တာ့ယင် ဧကရာဇ်နှင့် ပိုင်ယင် မြို့စားတို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီလား။ ရလဒ်က ဘယ်လိုလဲ မသိဘူး။ ကျုပ် ထွက်လာခဲ့တာ နှစ်ဝက်ခန့် ရှိနေပြီဆိုတော့ အရှေ့တိုင်း အင်ပါယာကြီး လေးခု ဘယ်လို အခြေအနေ ရှိနေပြီလဲ မသိဘူး။’

တစ်နည်းအားဖြင့် ပြောရလျှင် အရှေ့တိုင်း အင်ပါယာကြီး လေးခုသည် သူ၏ ဇာတိမြေ ဖြစ်သည်။ သို့ပေမည့် ဤတာ့ယန် အင်ပါယာသစ်သည်လည်း သူစိမ်း တိုင်းပြည် မဟုတ်ပေ။ အလွန် ဝေးကွာသော်လည်း ဤနေရာရှိ လူများကလည်း ယဉ်ကျေးမှုနှင့် လူမျိုး တူညီကြ၏။

ယွင်ကျုံးဟဲ့သည် ဤနေရာတွင် လောလောဆယ် အာဏာ မရှိသော်လည်း အမိမြေကဲ့သို့ ခံစားချက်မျိုး လုံးဝ မရှိသည်တော့ မဟုတ်ပေ။

“ကျွန်မနောက် လိုက်ခဲ့။” အမျိုးသမီး အရာရှိတစ်ဦးက ရှေ့ထွက်လာကာ ပြောလိုက်သည်။

ယွင်ကျုံးဟဲ့သည် သူမနောက်မှ လိုက်ကာ စံအိမ်အတွင်းသို့ ဝင်သွားသည်။ ပတ်ဝန်းကျင်မှ လေထုက ပို၍ မွှေးပျံ့လာပြီး ပတ်ဝန်းကျင်ကလည်း ပို၍ ခမ်းနားလာ၏။

နောက်ဆုံးတွင် ခမ်းနားသော ဧရာမ ရေချိုးကန်ကြီး တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

နွားနို့ တစ်ကန်၊ ပန်းပွင့် တစ်ကန်၊ ရေပူစမ်း တစ်ကန် ရှိသည်။ ရေချိုးခန်း တစ်ခုလုံး နွေဦးပေါက်ကဲ့သို့ နွေးထွေးနေပြီး ခြေထောက်အောက်တွင် နင်းထားသော ကျောက်တုံးတိုင်းကပင် နွေးထွေးနေ၏။

ထို့အပြင် မာကျောခြင်း မရှိဘဲ နို့နှစ်ရောင်ဖြစ်ကာ အလွန် ပြောင်လက်နေသော်လည်း အနည်းငယ်မျှ ချောမနေသောကြောင့် ချော်လဲမည်ကို စိုးရိမ်ရန် မလိုပေ။

“ရေချိုး၊ အဝတ်အစားလဲ။”

ထို့နောက် အမျိုးသမီး အချို့ ရှေ့ထွက်လာကာ ယွင်ကျုံးဟဲ့ကို ရေချိုးပေးကြသည်။ သန့်စင်ရုံသာမက အရေပြား တစ်လွှာ ခွာချလိုက်သကဲ့သို့ပင်။ ဆံပင် တစ်ပင်ချင်းစီ၊ သွား တစ်ချောင်းချင်းစီကို ပြောင်စင်အောင် ဆေးကြောပေးကြသည်။

ထို့နောက် ပန်းပွင့်ရေချိုးကန်ထဲတွင် စိမ်ပေးပြီး နောက်ဆုံးတွင် နွားနို့ကန်ထဲတွင် စိမ်ပေးကာ နောက်ဆုံး၌ ရေပူစမ်းရေဖြင့် တစ်ကိုယ်လုံးကို ဆေးကြောပေးကြ၏။

ပန်းပွင့် အဆီအနှစ်များကို ယွင်ကျုံးဟဲ့၏ လည်ပင်း သွေးကြောများနှင့် လက်ကောက်ဝတ် သွေးကြောများ ပေါ်တွင် လိမ်းပေးကြသည်။

ယွင်ကျုံးဟဲ့ကို ဖုန်တစ်မှုန်မျှ မရှိအောင် သန့်စင်ပေးလိုက်ပြီး မွှေးပျံ့သော ရနံ့များ လွှမ်းခြုံသွားစေသည်။ ထို့အပြင် ဤရနံ့က အလွန် အဆင့်မြင့်ပြီး အနည်းငယ်မျှ အောက်တန်းကျခြင်း မရှိပေ။

နောက်ဆုံးတွင် ယွင်ကျုံးဟဲ့အား ခမ်းနားသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ပေးကြသည်။ အလှပဆုံး ဆံပင်ပုံစံကို ဖြီးသင်ပေးပြီး အခမ်းနားဆုံး ကျောက်စိမ်း သရဖူကို ဆောင်းပေးကြသည်။

မှန်ရှေ့တွင် ရပ်ကြည့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့ကိုယ်တိုင်ပင် အံ့ဩမှင်တက်သွားရသည်။ သူ အလွန် ချောမောကြောင်း သိသော်လည်း ဤမျှလောက်အထိ ချောမောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူတွေကို မျက်စိကန်းသွားစေနိုင်လောက်အောင်ပင် ဖြစ်လို့နေ၏။

‘ဒီလောက် ချောအောင် ပြင်ဆင်ပြီးသွားရင် မိဖုရား တူရှားကို သွားရောက် ပြုစုရတော့မှာလား။ မိဖုရား တူရှားက ပျော်တော်ဆက်ယောက်ျားတွေကို အိပ်ယာဝင် ပြုစုခိုင်းလေ့ မရှိဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား။’

အမျိုးသမီး သိုင်းသမားအချို့ ရှေ့ထွက်လာကာ ယွင်ကျုံးဟဲ့ကို မ၍ စံအိမ်၏ အတွင်းပိုင်းဆီသို့ ခေါ်ဆောင် သွားကြသည်။

ဤပုံစံက တကယ်ကို မိန်းမစိုးများက ကိုယ်လုပ်တော်များကို မယူ၍ ဧကရာဇ်၏ အခန်းသို့ ပို့ဆောင်ကာ အလှည့်ကျ ဆက်ဆံခံရန် စောင့်ဆိုင်းနေရသကဲ့သို့ ခံစားရ၏။

ရှည်လျားသော စင်္ကြံလမ်းများကို ဖြတ်သန်းပြီး ရှည်လျားသော ပန်းခြံများကို ဖြတ်သန်းကာ နောက်ဆုံးတွင် ရွှေရောင် တောက်ပနေသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

ဤနေရာ၏ ခမ်းနားမှုကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ ရွှေရောင် တောက်ပပြီး အလွန်အမင်း ဇိမ်ခံလွန်းလှ၏။

မျက်စိတစ်ဆုံး မြင်ရသမျှ အရာအားလုံးက ရွှေ၊ ခမ်းနားသော ရုပ်တုများနှင့် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသော မျက်နှာကြက်များ ဖြစ်သည်။

ဤခမ်းနားမှုက လွန်ကဲလွန်းလှသည်။ အနည်းငယ် ဖြုန်းတီးလွန်းရာ ကျနေသည်။ နတ်ဘုံနတ်နန်းကဲ့သို့ အလွန်အမင်း တောက်ပလွန်းသောကြောင့် အစစ်အမှန် မဟုတ်သကဲ့သို့ပင်။

တာ့ယန် အင်ပါယာသစ် မည်မျှပင် ခွန်အားကြီးမားပြီး ကြွယ်ဝချမ်းသာပါစေ ဤမျှလောက်အထိ ဇိမ်ခံခြင်းမှာ မဖြစ်သင့်ပေ။

ဆင်စွယ်နှင့် ရွှေများဖြင့် ပြုလုပ်ထားသော ဧရာမ ကုတင်ကြီး တစ်လုံးပေါ်သို့ အမျိုးသမီး သိုင်းသမား အချို့က သူ့ကို ချထားလိုက်ပြီးနောက် အပြင်သို့ ထွက်သွားကာ အခန်းတံခါးကို ပိတ်လိုက်ကြသည်။

ဤနေရာသည် မိဖုရား တူရှား၏ အခန်းဖြစ်မည်မှာ သေချာသည်။ ယွင်ကျုံးဟဲ့သည် ဤနေရာတွင် အင်ပါယာ၏ မိဖုရားအလှလေး ရောက်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

စိတ်ထဲတွင် အလွန် စိုးရိမ်နေသည်။ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမည်နည်း။ သူ၏ လက်ရှိ အဆင့်အတန်းက ပျော်တော်ဆက်ယောက်ျား ဖြစ်ရမည်လား။

ထို့အပြင် ကျူ့ယွီယန် ပြောခဲ့ဖူးသည်။ ဤအင်ပါယာ မိဖုရားအလှလေး၏ အကြိုက်က အလွန် ထူးဆန်းပြီး သူမသည် မီးတွင်းတစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။ သူ ဘာတွေ ကြုံတွေ့ရမည်နည်း။

ခဏအကြာတွင် အခန်းတွင်းရှိ မီးအားလုံး ငြိမ်းသွားပြီး အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။

ထို့နောက် အခန်းတံခါး ပွင့်လာပြီး အလွန်အမင်း ဆွဲဆောင်မှုရှိသော မိစ္ဆာ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဖြည်းညင်းစွာ ဝင်လာ၏။

စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သော ခန္ဓာကိုယ်၊ တောင်ကုန်း တောင်တန်းများကဲ့သို့ အနိမ့်အမြင့်ရှိသော၊ မှော်ဆန်သော ဆွဲဆောင်မှုရှိသည့် ပြိုင်ဘက်ကင်း မိန်းမလှလေးပင်။

သူမ ဝင်လာပြီးနောက် အခန်းတစ်ခုလုံး မွှေးပျံ့သော ရနံ့များ လွှမ်းခြုံသွားသည်။ ဤရနံ့က ပန်းရနံ့ မဟုတ်သလို ရေမွှေးရနံ့လည်း မဟုတ်ဘဲ ဖော်ပြ၍ မရနိုင်သော ရနံ့ဖြစ်ကာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

အင်ပါယာ မိဖုရားအလှလေးက ဖြည်းညင်းစွာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့ ဆိုတာလား။”

ဤအသံသည် အဆုံးအစမဲ့ သံလိုက်ဆွဲငင်အားရှိသော သွေးဆောင်မှုများဖြင့် ပြည့်နှက်နေပြီး အသံတစ်သံတည်းဖြင့်ပင် လူတို့၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါနိုင်စွမ်း ရှိသကဲ့သို့ပင်။

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်က ယွင်ကျုံးဟဲ့ပါ။”

အမှောင်ထဲတွင် မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့ကို ကျောခိုင်းထားဆဲဖြစ်ပြီး သူမ၏ ရှည်လျာသော လည်တိုင်ကို မော့ကာ အခန်း၏ မျက်နှာကြက်ကို ကြည့်နေ၏။

မိဖုရား တူရှားက မေးလိုက်သည်။ “ဒီမျက်နှာကြက်မှာ ကျောက်မျက်ရတနာ ဘယ်နှစ်လုံး မြှုပ်နှံထားလဲ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မသိပါဘူး။”

မိဖုရား တူရှားက ပြောလိုက်သည်။ “တစ်သောင်း ကိုးထောင် သုံးရာ ကိုးဆယ့်ငါးလုံး။”

ထိုအရာက လူလုပ် ကြယ်တာရာ ကောင်းကင်ယံပင် ဖြစ်သည်။ Rolls-Royce ကားများ၏ ကြယ်တာရာ မျက်နှာကြက်ထက် အဆတစ်သောင်းမက ပို၍ လှ၏။

မိဖုရား တူရှားက မေးလိုက်သည်။ “ကျွန်မအနားကို ဘာလာလုပ်တာလဲဆိုတာ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သိပါတယ်။ ပျော်တော်ဆက်ယောက်ျား လာလုပ်တာပါ။”

မိဖုရား တူရှားက ပြောလိုက်သည်။ “ရှင့်ရဲ့ အသေးစိတ် အစီရင်ခံစာကို ကျွန်မ ကြည့်ပြီးပြီ။ ရှင်က အရင်က အရှေ့ဘက် နယ်မြေဟောင်းမှာ တာယင် အင်ပါယာ ဟေးလုံထိုင်က သူလျှို တစ်ယောက် ဖြစ်ခဲ့တယ်။ တစ်ယောက်တည်း အင်အားနဲ့ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးကို မှောက်လှန်ပစ်ခဲ့ပြီး အမြင့်ဆုံး အချိန်တုန်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ မြို့စားတောင် ဖြစ်ခဲ့သေးတယ်။

ဧကရာဇ်ရဲ့ အချစ်ဆုံး အမတ် ဖြစ်ခဲ့တယ်။ အဲဒီနောက် ရှင့်ရဲ့ အဆင့်အတန်း ပေါ်လွင်သွားတော့ တာ့ရှအင်ပါယာရဲ့ ယန်ချင်ဝမ် ဖြစ်လာပြန်တယ်။ ပြီးတော့ ရှင့်ကိုယ်ရှင် တာ့ယန် တော်ဝင်မိသားစုရဲ့ အသန့်စင်ဆုံး သွေးကြော ရှိတယ်လို့လည်း ပြောသေးတယ်။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

မိဖုရား တူရှားက မေးလိုက်သည်။ “ဒီလောက် မြင့်မြတ်တဲ့ အဆင့်အတန်း ရှိနေတာတောင် ပျော်တော်ဆက်ယောက်ျား လာလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အောက်တန်းကျခံတာလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်ရဲ့ မှတ်တမ်းတွေကို ခင်ဗျား လေ့လာထားတာ မပြည့်စုံဘူးလို့ ထင်တယ်။ ကျုပ်ရဲ့ တောက်ပတဲ့ အခြမ်းကိုပဲ မြင်ပြီး အောက်တန်းကျတဲ့ အခြမ်းကို မမြင်ခဲ့ဘူး။”

“အင်း...”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ကျုပ်က ငယ်ငယ်တည်းက သူတောင်းစားစခန်းမှာ ကြီးပြင်းလာတာ။ လူလိမ်၊ လူညာ၊ ဘယ်လောက် အောက်တန်းကျတဲ့ အလုပ်မျိုးမဆို အကုန် လုပ်ခဲ့ဖူးတယ်။ အာဏာရှိတဲ့ မိန်းမလှ အယောက်နှစ်ဆယ်၊ သုံးဆယ်လောက်ရဲ့ ပျော်တော်ဆက်ယောက်ျားတောင် ဖြစ်ခဲ့ဖူးတယ်။ ဒီအလုပ်ကို ကျုပ် ကျွမ်းပါတယ်။”

မိဖုရား တူရှား အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်၏။ “ဒါဆိုရင်တော့ လူတစ်ယောက်က အောက်တန်းအကျဆုံး ဖြစ်သွားရင် ပြိုင်ဘက်ကင်း ဖြစ်သွားပြီဆိုတဲ့ စကားက မှန်နေတာပေါ့။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်ပါတယ်။”

မိဖုရား တူရှားက ထပ်မေး၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘာလို့ ရုတ်တရက် လက်ခံတွေ့ဆုံတာကို ရပ်လိုက်လဲ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းအောင် ချောမောတဲ့ လူငယ်လေး တစ်ယောက်က ခင်ဗျားရဲ့ မျက်လုံးတွေကို ချက်ချင်း သိမ်းပိုက်သွားလို့ နေမှာပေါ့။”

မိဖုရား တူရှားက ပြုံးကာ ပြန်မေးလိုက်၏။ “ဟုတ်တယ်။ သူက ကျွန်မ မျက်စိထဲ ချက်ချင်း ဝင်သွားတယ်။ အဲဒါကြောင့် နောက်က အချောအလှလေးတွေကို ကြည့်စရာ မလိုတော့ဘူး။ သူ့နာမည် ဘယ်လိုခေါ်လဲ ရှင် သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မသိပါဘူး။”

မိဖုရား တူရှားက ဖြေ၏။ “ကျီးချန်...”

ထိုနာမည်ကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ တကယ်ကို အံ့ဩသွားသည်။ ‘ကျီး မျိုးရိုးလား။’

တာ့ယန် အင်ပါယာတွင် လူတစ်မျိုးတည်းသာ ကျီးမျိုးရိုး ရှိသည်။ ၎င်းမှာ တော်ဝင်မိသားစု ဖြစ်သည်။ အင်အားကြီးမားသော အင်ပါယာတွင် ကျီးမျိုးရိုး ရှိသူများသာလျှင် အုပ်ချုပ်ရေးမှူး ဖြစ်နိုင်၏။

ပြိုင်ဘက်ကင်း အချောအလှလေးက တော်ဝင်မိသားစုဝင် တစ်ယောက်လား။ ဆိုလိုသည်မှာ တစ်ဖက်လူ၏ ရုပ်ရည်က သူ့ထက် မနိမ့်ကျသလို ဇာစ်မြစ်ကလည်း အလွန် မြင့်မြတ်နေသည်။ သို့ပေမည့် ထိုကဲ့သို့သော သူက အဘယ့်ကြောင့် မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား လာလုပ်ရသနည်း။

မိဖုရား တူရှားက ပြောလိုက်သည်။ “ကျွန်မ သူ့ကို ရွေးချယ်ပြီးပြီ။ တခြား ဘယ်သူ့ကိုမှ မလိုအပ်တော့ဘူး။ ဒါပေမဲ့ ရှင့်ရဲ့ ပန်းချီကားက ကျွန်မရဲ့ သိချင်စိတ်ကို နိုးဆွပေးနိုင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ခေါ်ပြီး ကြည့်လိုက်တာ။”

မိဖုရား တူရှားက လက်ခုပ်တီးကာ အမိန့်ပေးလိုက်၏။ “အခု ကျွန်မ ကြည့်ပြီးသွားပြီ။ လူတွေလာကြ။ သူ့ကို ခေါ်သွားကြတော့။”

မကြာမီပဲ အမျိုးသမီး သိုင်းသမား အချို့ ဝင်လာပြီး ယွင်ကျုံးဟဲ့ကို မ၍ ခေါ်ထုတ်သွားကြသည်။

‘ချီးတဲ့မှ... ဒီမိန်းမက ဘာသဘောလဲ။’

အလုပ်ရှုပ်ခံပြီး ယွင်ကျုံးဟဲ့ကို နာရီဝက်လောက် အချိန်ယူ ရေချိုးပေးခဲ့ပြီး မွှေးပျံ့နေအောင် လုပ်ပေးခဲ့သည်။ ဆံပင် တစ်ပင်ချင်းစီကိုတောင် သေသေချာချာ သပ်ရပ်အောင် လုပ်ပေးခဲ့ပြီး သယ်လာကာ တစ်ချက်လေး ကြည့်ပြီးတာနှင့် ပြန်ပို့ခိုင်းလိုက်သည်လား။

ထိုအရာက အဝေးကြီးမှ အရမ်း စျေးကြီးသော ဝါဂယူး အမဲသားကို ယူလာပြီး ထိပ်တန်း စားဖိုမှူးကို ချက်ခိုင်းကာ ရှေ့ရောက်လာသည့် အချိန်ကျမှ တစ်ချက်လေးပဲ ကြည့်ပြီး တစ်လုတ်လေးမှ မစားဘဲ လွှင့်ပစ်လိုက်သည်နှင့် တူတူပင် ဖြစ်သည်။

ထို့အပြင် ယွင်ကျုံးဟဲ့က မိဖုရား တူရှားသည် အလွန် ထူးဆန်းသည်ဟု ခံစားရသည်။ မည်သည့်နေရာက ထူးဆန်းနေသည်ကိုတော့ ပြောမပြတတ်ပေ။

ထိုညက ယွင်ကျုံးဟဲ့သည် စံအိမ်၏ ဧည့်ခန်းတွင်သာ အိပ်ခဲ့ရသည်။ သေချာပေါက် အစမှအဆုံးထိ သူသည် အင်ပါယာ မိဖုရားအလှလေး၏ အသံကိုသာ ကြားခဲ့ရပြီး သူမ၏ ကျောပြင်ကိုသာ မြင်ခဲ့ရသည်။

သူမသည် အမျိုးသားများကို ရူးသွပ်သွားစေနိုင်သော မိစ္ဆာမလေး တစ်ဦး ဖြစ်သည်။ ထို့အပြင် ငရဲပြည်၏ တစ်ဆယ့်ရှစ်ထပ် အဆင့်မျိုးဖြစ်ပြီး တစ်ခါ ပြုတ်ကျသွားပါက မည်သည့်အခါမှ ပြန်မထနိုင်တော့မည့် အမျိုးအစား ဖြစ်၏။

လက်ချောင်းလေး တစ်ချောင်း ထိမိရုံဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားစေနိုင်ပြီး အိပ်မက်ပေါင်းများစွာထဲတွင် ဝိညာဉ်ကို ဆွဲဆောင်သွားနိုင်မည့် အမျိုးအစား ဖြစ်သည်။

ဤအရာက အလှအပနှင့် ခန္ဓာကိုယ်ကိုသာ အားကိုးခြင်း မဟုတ်ဘဲ အရှိန်အဝါ၊ ဟန်ပန်၊ စိတ်ဓာတ်၊ အာဏာနှင့် အဆင့်အတန်း စသည်တို့ ပါဝင်နေ၏။

ဤအရာများ အားလုံး ပေါင်းစပ်သွားချိန်မှာတော့မှသာ ပြိုင်ဘက်ကင်း မိစ္ဆာမလေးကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုညက ယွင်ကျုံးဟဲ့ အိပ်မက်ထဲ ရောက်သွားပြီး X စိတ်ရောဂါကုဆေးရုံ၏ အစည်းအဝေးခန်းအတွင်းသို့ ဝင်ရောက်ကာ စိတ်ရောဂါသည် တစ်ယောက်ကို လဲလှယ်လိုက်၏။

All Chapters