← Chapters

အခန်း ၇၂၅

Vol. 61 Ch. 725

အခန်း ၇၂၅

Vol. 61 Ch. 725

အပိုင်း (၇၂၅)

နောက်တစ်နေ့...

ယွင်ကျုံးဟဲ့ နိုးလာချိန်မှာတော့ သူ့ကို ပြုစုပေးမည့်သူများ ရှိနေဆဲ ဖြစ်သည်။

ထို့အပြင် စံအိမ်အတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း မိဖုရား တူရှားကို မတွေ့ရသလို ဘာအလုပ်မှလည်း လုပ်စရာ မရှိပေ။

စံအိမ်အတွင်းတွင် သိုင်းသမား အများအပြား၊ အမျိုးသမီး အရာရှိ အများအပြား ရှိသော်လည်း မည်သူကမှ သူ့ကို ဂရုမစိုက်ကြပေ။ သူသည် ခရီးသွား ဧည့်သည် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ဤစံအိမ်ကြီးက အလွန် လှပလှသည်။ ခေတ်သစ် ကမ္ဘာမြေတွင် ဆိုပါက ကမ္ဘာ့ထိပ်တန်း စံအိမ်ကြီး တစ်ခု သေချာပေါက် ဖြစ်ပေလိမ့်မည်။

ရှုခင်းများ လှပသော်လည်း ယွင်ကျုံးဟဲ့ကိုမူ လေဟာနယ်လို သဘောထားနေကြသည်။

ဤကဲ့သို့သော နေ့ရက်များ သုံးရက်တိတိ ကြာသွားခဲ့သည်။ သူ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေဆဲပင်။

နေ့တိုင်း စား၊ အိပ်၊ ကစားပဲ ဖြစ်သည်။ မည်သူကမှ သူ့ကို ဂရုမစိုက်သလို မည်သူကမှ သူ့ကို စကားမပြောကြဘဲ လေဟာနယ်လိုပဲ ရှိနေ၏။

ထိုအမျိုးသမီး အရာရှိက ပြန်ချင်ပါက အချိန်မရွေး မြင်းလှည်းစီးပြီး ပြန်နိုင်ကြောင်း တိုက်ရိုက် ပြောခဲ့သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ မပြန်ခဲ့ပေ။

မိဖုရား တူရှား ဘယ်ရောက်သွားသည်ကို မသိသလို ထိုပြိုင်ဘက်ကင်း အချောအလှလေး ကျီးချန်လည်း ပျောက်နေသည်။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် ခမ်းနားသော မြင်းတပ်ကြီးတစ်ခု ပြန်လည် ရောက်ရှိလာ၏။

အဝေးမှနေ၍ မိဖုရား တူရှားကို မြင်တွေ့နိုင်၏။ သူမသည် မြင်းဖြူတစ်ကောင်ကို စီးထားပြီး မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားသည်။

ဘေးတိုက် မျက်နှာကိုသာ မြင်ရသော်လည်း အဝေးမှ နှင်းတောင်များကို အရောင်မှိန်သွားစေနိုင်ပြီး သဘာဝတရား၏ ဖန်တီးမှုကိုပဲ လုယူနိုင်စွမ်း ရှိ၏။

ကျစ်လျစ်သော မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ ခန္ဓာကိုယ်သည် အမျိုးသားများကိုသာမက အမျိုးသမီးများကိုပါ အသက်ရှူမှားစေနိုင်သည်။

အမြင်အာရုံ တွင်းနက်ကြီးတစ်ခုကဲ့သို့ ဝိညာဉ်ကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ အမျိုးသားများ တစ်ချက် ကြည့်လိုက်ရုံဖြင့် အမျိုးသမီးများအပေါ် ထားရှိသော အတွင်းကျဆုံး စိတ်ကူးယဉ်မှု အားလုံးကို ပေါက်ကွဲထွက်သွားစေနိုင်၏။

အမျိုးသားတစ်ဦး၏ အမျိုးသမီးများအပေါ် စိတ်ကူးယဉ်မှု အားလုံးသည် သူမရှေ့တွင် အချည်းနှီး ဖြစ်သွားသကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် သူမသည် စိတ်ကူးယဉ်မှု အားလုံးထက် သာလွန်နေသောကြောင့် ဖြစ်သည်။

ထို့အပြင် သူမ၏ မျက်လုံးများသည်လည်း တွင်းနက်ကြီးကဲ့သို့ လွတ်လပ်ပေါ့ပါးနေပြီး အခြားကမ္ဘာတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ပဲ ဖြစ်နေသည်။ သူမနှင့်အတူ အမဲလိုက် ထွက်သွားသူမှာ ထိုပြိုင်ဘက်ကင်း အချောအလှလေး ကျီးချန် ဖြစ်၏။

ကျီးချန်မှာ အရပ် နှစ်မီတာနီးပါးရှိပြီး ငွေရောင် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားကာ နေနတ်သားကဲ့သို့ ချောမောခန့်ညားလှသည်။

ယွင်ကျုံးဟဲ့သည် လသာဆောင်ပေါ်တွင် ရပ်ကာ ထိုနှစ်ဦးကို ခမ်းနားသော မြင်းတပ်က ခြံရံလျက် စံအိမ်အတွင်းသို့ ဝင်ရောက်လာသည်ကို ကြည့်နေသည်။ သူတို့သည် ယွင်ကျုံးဟဲ့၏ အမြင်အာရုံမှ ပျောက်ကွယ် သွားကြ၏။

ညဘက်တွင် အမျိုးသမီး အရာရှိက ယွင်ကျုံးဟဲ့ကို ညစာ အတူစားရန် လာခေါ်သည်။

၎င်းသည် ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အခမ်းနားဆုံး စားသောက်ခန်း ဖြစ်သည်။ ဖယောင်းတိုင် ရာနှင့်ချီ ထွန်းညှိထား၏။

ဖယောင်းတိုင်ခုံ တိုင်းကို ရွှေ၊ ငွေများဖြင့် ပြုလုပ်ထား၏။ ပန်းကန်ပြားများက ရွှေဖြစ်ပြီး ဓားများက ငွေဖြစ်သည်။

ငွေသည် အောက်ဆီဂျင်နှင့် ဓာတ်ပြုလွယ်သောကြောင့် ဓားများကို အများအားဖြင့် တစ်ခါသုံးအဖြစ်သာ အသုံးပြုကြ၏။

လူသုံးယောက်သာရှိသော ညစာစားပွဲ ဖြစ်သည်။ ယွင်ကျုံးဟဲ့၊ မိဖုရား တူရှား၊ ကျီးချန်တို့ပင်။

မိဖုရား တူရှားနှင့် ကျီးချန်တို့သည် ရယ်မောပျော်ရွှင်စွာဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က အမဲလိုက်ခဲ့သည့် အကြောင်းများကို ပြောဆိုနေကြသည်။ ယနေ့စားသော သမင်ကင်နှင့် ဝက်ဝံသားများသည် အမဲလိုက်ရာမှ ရရှိလာသော အရာများ ဖြစ်၏။

ညစာသည် ညစာ သက်သက်သာ ဖြစ်သည်။ အစမှအဆုံးထိ ယွင်ကျုံးဟဲ့သည် အစားသာ စားနေပြီး စကားတစ်ခွန်းမှ မဟခဲ့ပေ။

ထိုကျီးချန်ကလည်း စကားသိပ်မများပေ။ မိဖုရား တူရှားကသာ သူ့ကို စကားများစွာ ပြောနေပြီး အလွန် ပျော်ရွှင်နေပုံရကာ သူမ၏ မျက်လုံးများက အရောင်လဲ့နေသည်။

ထိုမျက်လုံးထဲမှ အရောင်ကို ယွင်ကျုံးဟဲ့ ဖော်ပြ၍ မရနိုင်ပေ။ သူမက အခြားကမ္ဘာတစ်ခုကို ကြည့်နေသကဲ့သို့ပင်။

ထို့အပြင် မိဖုရား တူရှားကဲ့သို့ ပြိုင်ဘက်ကင်း မိစ္ဆာမလေးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေသော်လည်း တစ်ကိုယ်လုံး လေပေါ် ပျံဝဲနေသကဲ့သို့ ဖြစ်နေ၏။ ထိုအရာက သူမကို ပို၍ ဆွဲဆောင်မှု ရှိစေကြောင်း ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်။

သူမ အစားစားနေသော်လည်း ထိုအစားအစာများသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်း မရှိသကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် မည်သည့် အရသာရှိသော ခံစားချက်မှ မရှိသောကြောင့်ပင်။

မည်မျှပင် အရသာရှိသော အစားအစာ ဖြစ်ပါစေ သူမ၏ ပြိုင်ဘက်ကင်း အလှအပ၊ အရှိန်အဝါတို့နှင့် မတန်သောကြောင့်လား။ သို့မဟုတ် အခြား အကြောင်းပြချက်များ ရှိနေသည်လား။

နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် စံအိမ်၏ စာကြည့်တိုက်သို့ စာဖတ်ရန် သွားခဲ့သည်။ ထိုအခါ ထိုပြိုင်ဘက်ကင်း အချောအလှလေး ကျီးချန်နှင့် ဆုံတွေ့တော့သည်။ ယွင်ကျုံးဟဲ့သည် အရပ်ရှည်သူဟု ဆိုနိုင်သော်လည်း သူ၏ရှေ့တွင် ခေါင်းတစ်ဝက်ခန့် ပုနေသေး၏။

ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်သည်။ “ညီအစ်ကိုကျီး...”

ကျီးချန်က ပြန်နှုတ်ဆက်လိုက်၏။ “ညီအစ်ကိုယွင်...”

သူတို့နှစ်ဦးသည် ချစ်သူလုဖက် နွားလားများကဲ့သို့ ရန်မဖြစ်ကြဘဲ တိတ်ဆိတ်စွာ စာဖတ်နေကြသည်။

ကျီးချန်က ပြောလိုက်၏။ “ညီအစ်ကိုယွင်ရဲ့ ပန်းချီကားကို ကျုပ် ကြည့်ပြီးပါပြီ။ သိပ်နားမလည်ပေမယ့် အရမ်း အံ့ဩဖို့ကောင်းတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုကျီးကရော ဘယ်လို ပန်းချီကားမျိုး ဆွဲခဲ့လဲ။”

ကျီးချန်က ဖြေ၏။ “ကျုပ်က မိဖုရားအတွက် ပုံတူ တစ်ချပ် ဆွဲပေးခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် ကြည့်ခွင့်ရမလား။”

ကျီးချန်က ခေါင်းညိတ်လိုက်၏။ “ညီအစ်ကိုယွင် ကြည့်ချင်တယ်ဆိုရင် ကျုပ် ခေါ်သွားပေးပါ့မယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ကောင်းပါပြီ။”

ထို့နောက် ကျီးချန်က မိဖုရား တူရှားအတွက် ဆွဲပေးခဲ့သော ပုံတူ ပန်းချီကားကို ယွင်ကျုံးဟဲ့ တွေ့လိုက်ရ၏။

သူ အံ့ဩမှင်တက်သွားသည်။ ဤပန်းချီကားကို ခမ်းနားစွာ ဘောင်ကွပ်ထားပြီး စံအိမ်၏ ဧည့်ခန်းမဆောင် အတွင်းတွင် ချိတ်ဆွဲထားသည်။

ထိုအရာသည် မိဖုရား တူရှား အနှစ်သက်ဆုံး ပန်းချီကား ဖြစ်လာခဲ့ပြီး အထင်ရှားဆုံး နေရာတွင် ချိတ်ဆွဲထားကာ သူမ၏ ကိုယ်စားပြု ပုံတူကား ဖြစ်လာပေလိမ့်မည်။

ကျီးချန် ဆွဲထားသည်မှာ အလွန် ကောင်းမွန်ပြီး မိဖုရား တူရှား၏ ရုပ်သွင်နှင့် စိတ်ဝိညာဉ်ကို အပြည့်အဝ ပုံဖော်ထားနိုင်သည်။ သို့ပေမည့် အရေးကြီးသည်မှာ ထိုအချက် မဟုတ်ပေ။

သူ ဆွဲထားသည်မှာ လူမဟုတ်ဘဲ လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော ပြိုင်ဘက်ကင်း မိန်းမလှ တစ်ဦး ဖြစ်သည်။ မိဖုရား တူရှား၏ မျက်နှာ၊ မြွေ၏ ခန္ဓာကိုယ်၊ ထို့အပြင် ဆံပင်များက ဆံပင်များ မဟုတ်ဘဲ မြွေငယ်လေးများ ဖြစ်နေ၏။

ဤသည်မှာ မှော်ဆန်သော အရောင်အသွေးများဖြင့် ပြည့်နှက်နေသည့် ပန်းချီကား တစ်ချပ်ဖြစ်ပြီး မိဖုရား တူရှား၏ နှလုံးသားကို ချက်ချင်း ထိမှန်သွားကာ သူမ အနှစ်သက်ဆုံး ပန်းချီကား ဖြစ်လာခဲ့သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ညီအစ်ကိုကျီး ကိုယ်တိုင် ဆွဲထားတာလား။”

ကျီးချန်က ဖြေသည်။ “အင်း...”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အရမ်း ကောင်းလွန်းတယ်။”

ကျီးချန်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

နောက်တစ်နေ့ မနက်စောစော...

ယွင်ကျုံးဟဲ့ လသာဆောင်ပေါ်တွင် ရပ်နေစဉ် ကျီးချန် မြားပစ် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် နေ့တိုင်း သိုင်းပညာ လေ့ကျင့်ပြီး အလွန် ကြိုးစားကာ အနည်းငယ်မျှ ပျင်းရိခြင်း မရှိပေ။

ထို့နောက် ယွင်ကျုံးဟဲ့သည် အလွန် ဆန်းကြယ်သော မြားပစ်စွမ်းရည်ကို တွေ့လိုက်ရသည်။ ယုံနိုင်စရာ မရှိလောက်အောင်ပင် ဖြစ်သည်။

မီတာ လေးရာ အကွာအဝေးမှ လက်ချောင်းအရွယ် သစ်ကိုင်းကို ထိမှန်အောင် ပစ်နိုင်သည်။ မီတာ လေးရာ အကွာအဝေးမှ ပျံသန်းနေသော လိပ်ပြာကို ထိမှန်အောင် ပစ်နိုင်၏။

အဆက်မပြတ် မြားပစ်ခြင်း၊ ရူးသွပ်စရာကောင်းသော တစ်ဆယ့်ကိုးစင်း ဆက်တိုက် မြားပစ်ခြင်း၊ ဆယ့်ငါးစက္ကန့်အတွင်း မြားတစ်ဆယ့်ကိုးစင်းကို ပစ်လွှတ်နိုင်ပြီး အားလုံးက မီတာ ရာနှင့်ချီ ဝေးကွာသော နေရာမှ ပျံသန်းနေသည့် ပန်းကန်ပြားများကို ထိမှန်သည်။

ထိုအရာက မပြီးသေးပေ။ သူသည် မြားပစ်စွမ်းရည်၏ အကြမ်းဖက်မှုကိုလည်း ပြသခဲ့သည်။ ပေါင်လုံးအရွယ် သစ်ပင်ကြီးကို ပစ်ပြလိုက်၏။

ဇွပ်... ဇွပ်... ဇွပ်...

မြားတိုင်းက ဖောက်ထွက်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အကြမ်းဖက် အလှတရားဖြစ်သည်။

ဇွပ်... ဇွပ်... ဇွပ်...

ရူးသွပ်စရာကောင်းသော မြားများက သစ်ပင်ကြီးကို တန်းစီကာ အဆက်မပြတ် ဖောက်ထွက်သွား၏။

ဝုန်း... ဝုန်း...

ဤသစ်ပင်ကြီးသည် ခါးလည်မှပြတ်ကာ လဲကျသွားသည်။ ဤကဲ့သို့သော ဆန်းကြယ်သည့် မြားပစ်စွမ်းရည်မျိုးကို ယွင်ကျုံးဟဲ့ မမြင်ဖူးရုံသာမက ကြားတောင် မကြားဖူးခဲ့ပေ။

သို့ပေမည့် မြားပစ်ခြင်းသည် ကျီးချန်၏ စွမ်းရည်တစ်ခု သက်သက်သာ ဖြစ်သည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ သူ၏ သိုင်းပညာ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော ပေါက်ကွဲအား၊ အံ့မခန်း ဓားရေးနှင့် ကြောက်မက်ဖွယ် အတွင်းအားတို့ ဖြစ်၏။

ဤလူ၏ သိုင်းပညာသည် ဖခင်ဖြစ်သူ အောက်ရှင်းထက် သာလွန်ပြီး ယွမ်ထျန်းရှဲ့ထက်လည်း သာလွန်၏။ အတိအကျ မည်မျှ မြင့်မားသည်ကိုတော့ သူမသိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သိုင်းပညာကို နားမလည်သောကြောင့် ဖြစ်သည်။

အတိုချုပ်ဆိုရလျှင် သူ၏သိုင်းပညာက အလွန် အံ့ဩစရာကောင်းပြီး တာ့ရှန်း အင်ပါယာ၏ ထိပ်တန်း သိုင်းသမားများအောက် လုံးဝ မနိမ့်ကျပေ။

ယွင်ကျုံးဟဲ့သည် လသာဆောင်ပေါ်တွင် ရပ်ကာ သူ သိုင်းကျင့်နေသည်ကို ကြည့်နေပြီး မိဖုရား တူရှားကမူ ပို၍ မြင့်မားသော ရွှေရောင် လသာဆောင်ပေါ်တွင် ရပ်ကာ သူ သိုင်းကျင့်နေသည်ကို ကြည့်နေသည်။

နောက်တစ်နေ့....

ယွင်ကျုံးဟဲ့သည် စာကြည့်တိုက်တွင် ကျီးချန်ကို ထပ်မံ တွေ့ရပြန်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ညီအစ်ကိုကျီး... ခင်ဗျားရဲ့ သိုင်းပညာက အရမ်း အံ့ဩဖို့ကောင်းတယ်။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရဘူး။”

ကျီးချန်က ဖြေလိုက်၏။ “ညီအစ်ကိုယွင်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ စာဖတ်နေကြ၏။ နှစ်နာရီကျော်ကြာ စာဖတ်ပြီးနောက် သူတို့နှစ်ဦးစလုံး အနည်းငယ် ပင်ပန်းလာကြသည်။

စားပွဲပေါ်တွင် စစ်တုရင်ကစားခုံ ရှိနေသောကြောင့် သူတို့နှစ်ဦး ကစားကြသည်။ ယွင်ကျုံးဟဲ့သည် ကွမ်တန်၏ တွက်ချက်မှု စွမ်းရည်ကို အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင် စစ်တုရင် ကစားစွမ်းရည်ကိုသာ အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် သူ ရှုံးသွား၏။

ကျီးချန်၏ စစ်တုရင် ကစားစွမ်းရည်ကလည်း အံ့ဩစရာကောင်းလောက်အောင် မြင့်မားလှ၏။ ဤလူက ဘက်စုံတော်သည့်သူ ဖြစ်သည်။

မိသားစု နောက်ခံ မြင့်မားသည်၊ ပြိုင်ဘက်ကင်းအောင် ချောမောသည်၊ သိုင်းပညာ ထိပ်တန်းရောက်သည်၊ မြားပစ်စွမ်းရည် ထိပ်တန်းရောက်သည်၊ ပန်းချီစွမ်းရည် မြင့်မားသည်၊ စစ်တုရင် ကစားစွမ်းရည် ထိပ်တန်း ရောက်သည်။ မနာလိုဖြစ်အောင် မွေးဖွားလာသကဲ့သို့ပင်။

မည်သည့်နေရာမှာပဲ ထားထား၊ ဇာတ်လိုက် ဖြစ်သည်။ ထို့အပြင် လူတိုင်းကို အရောင်မှိန်သွားစေမည့် တောက်ပသော ဇာတ်လိုက်မျိုး ဖြစ်၏။

နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့ကို မိဖုရား တူရှားက နောက်ဆုံးတွင် ခေါ်ယူတွေ့ဆုံသည်။

မိဖုရား တူရှားက မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ဒီရက်ပိုင်းအတွင်း ရှင်နဲ့ ကျီးချန် စကားပြောဖြစ်တာ တော်တော် များတယ်မလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “များပါတယ်။”

မိဖုရား တူရှားက မေး၏။ “ရှင် သူ့ကို ဘယ်လို ထင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အရမ်း ထူးချွန်ပါတယ်။”

မိဖုရား တူရှားက ပြော၏။ “ရှင်က တစ်သောင်းမှာ တစ်ယောက် ရှာရခက်လောက်အောင် ချောမောတဲ့ အမျိုးသားတစ်ယောက်ပါ။ သူ့ရုပ်ရည်က ရှင့်ထက် လုံးဝ မနိမ့်ကျတဲ့အပြင် အရပ်ကလည်း ရှင့်ထက် ပိုရှည်တယ် မလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”

မိဖုရား တူရှားက ဆက်ပြော၏။ “သူ့ရဲ့ ယောက်ျားပီသမှုက ရှင့်ထက် ပိုအားကောင်းတယ်။ သူ့ရဲ့ သိုင်းပညာက ရှင့်ထက် အများကြီး သာလွန်တယ်။ သူ့ရဲ့ ခွန်အားက ရှင့်ထက် အဆပေါင်းများစွာ ပိုများတယ်။ သူ့ရဲ့ စစ်တုရင် ကစားစွမ်းရည်၊ သူ့ရဲ့ ပန်းချီစွမ်းရည်၊ သူ့ရဲ့ အနုပညာ အားလုံးက ရှင့်ထက် သာလွန်တယ်။ သူက အမျိုးသမီးတွေကို ရူးသွပ်သွားစေနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပြီး အမျိုးသမီးတိုင်း တောင့်တတဲ့ အိပ်မက်ထဲက ချစ်သူ ဖြစ်တယ်။ ဟုတ်တယ်မလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ဟုတ်ပါတယ်။”

မိဖုရား တူရှားက ပြောလိုက်၏။ “ဒါဆို ရှင်က ဘာလို့ တူရှား စံအိမ်မှာ ဆက်နေနေတာလဲ။ တစ်နည်းအားဖြင့် ပြောရရင် ရှင့်ကို ကျွန်မအနားမှာ ဘာလို့ ဆက်ထားရမှာလဲ။ ရှင်က ကျွန်မကို ဘာပေးစွမ်းနိုင်မှာလဲ။ ရှင့်ရဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုက ကျူ့ယွီယန်လို မိန်းကလေးမျိုးကို အရူးအမူး ဖြစ်စေနိုင်ကောင်း ဖြစ်စေနိုင်မယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ ရှင်က အရမ်း သာမန်လွန်းနေတယ်။

ယွင်ကျုံးဟဲ့... ရှင် ထွက်သွားရမယ့် အချိန် ရောက်ပြီ ထင်တယ်။ ကျွန်မ လူလွှတ်ပြီး ရှင့်ကို ပို့ပေးမယ်။ ဒါပေမဲ့ စိတ်ချပါ။ ကျွန်မ ရှင့်ကို တုန်းကျိုးမြို့မှာ အိမ်ကြီး တစ်လုံး ပေးပြီး ဂုဏ်သိက္ခာရှိတဲ့ ရာထူးတစ်ခု စီစဉ်ပေးမယ်။”

All Chapters