← Chapters

အခန်း ၇၈၈

Vol. 42 Ch. 788

အခန်း ၇၈၈

Vol. 42 Ch. 788

အပိုင်း (၇၈၈) ကြီးမားတဲ့ အမြတ်ကြီး ထွက်သွားပြီ။

သူ၏ ရုတ်တရက် အော်ဟစ်လိုက်မှုကြောင့် လင်လုံသည် ချက်ချင်းပင် ထိတ်လန့် အံ့သြသွားပြီး ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော စစ်သည်နှစ်ဦးက အလောတကြီး ပြေးဝင်လာပြီး သူမ၏ ဘယ်ညာကို တွဲကူကာ ဆွဲခေါ်သွားကြသည်။

ချန်ခိုင်ကမူ သူ၏ လက်ထဲရှိ ခါးဆွဲပြားကိုသာ မှင်သက်စွာ စိုက်ကြည့်နေပြီး အဆက်မပြတ် ပွတ်သပ်နေခဲ့၏။

ဆင်စွယ်ခါးဆွဲပြား ... တကယ်ကို ဆင်စွယ်ခါးဆွဲပြားပင်၊ ဤကဲ့သို့သော အမျိုးအစားကို ကျင်းယီဝေတပ်ဖွဲ့၏ တပ်မှူးနှင့် ဒုတပ်မှူးတို့သာ သုံးစွဲနိုင်ပေသည်။

၎င်းအပေါ်ရှိ သေသပ်လှပသော ပန်းပုလက်ရာများက ပိုင်ရှင်ဖြစ်သူ၏ အဆင့်အတန်းကို ဖော်ပြနေခဲ့သည်။

ဤကဲ့သို့သော အရာမျိုး ပျောက်ဆုံးသွားပါက ကြီးမားလှသော ကိစ္စကြီးတစ်ခု ဖြစ်ပေမည်။ တကယ်၍ မြို့တော်တွင် ပျောက်ဆုံးသွားခဲ့ပါက မြေကို သုံးပေခန့် တူး၍ ရှာဖွေရမည့် အရာမျိုး ဖြစ်သည်။

သူစိမ်းတစ်ယောက်က ဤအရာကို ကိုင်တွယ်ရဲပါက ခေါင်းဖြတ်ခံရလျှင်ပင် မလွန်ချေ။

ဖန်ကျန်းရီက ကျင်းတိုင်းပြည်သို့ သံတမန်အဖြစ် သွားရောက်ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ဤခါးဆွဲပြားက ဘယ်လိုလုပ်ပြီး သာမန် အမျိုးသမီးတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားရသနည်း။

ချန်ခိုင်သည် မျက်မှောင်ကြုတ်လျက် ခါးဆွဲပြားကို နောက်တစ်ဖက်သို့ လှန်လိုက်ရာ ချက်ချင်းပင် သူ၏ အကြည့်များ က စူးရှသွားခဲ့၏။

စာလုံးတွေ မရှိတော့ဘူး ... စာလုံးတွေရော။

မူလက ၎င်းအပေါ်တွင် ကျင်းယီဝေတပ်ဖွဲ့ တပ်မှူး ဖန်ကျန်းရီ ဟု ရေးသားထားသင့်သော်လည်း ယခုအခါတွင် စာလုံးများက ခြစ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

ချန်ခိုင်က ရေရွတ်လိုက်၏။ "ဒါက ... "

ချန်ခိုင်၏ မျက်နှာပေါ်တွင် ထိတ်လန့်နေဆဲ အမူအရာများ ရှိနေစဉ်မှာပင် တံခါးအပြင်ဘက်မှ စစ်သည်က လာရောက် သတင်းပို့လိုက်သည်။ "အမတ်မင်း ... အဲဒီ မိန်းကလေးကို ဖမ်းဆီးပြီးပါပြီ၊ သူ ယူဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း ရှာဖွေပြီးပါပြီ။"

ချန်ခိုင်က မေးလိုက်၏။ "တစ်ခုခု တွေ့သေးလား။"

စစ်သည်က ပြန်ဖြေလိုက်သည်။ "ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး၊ ရိုးရိုး သာမန် ကျင်းတိုင်းပြည်ရဲ့ ဒေသထွက်ကုန်တချို့နဲ့ လက်မှုပစ္စည်းလေးတွေပဲ ဖါးပါးတယ်။"

ချန်ခိုင်က ထရပ်လိုက်ပြီး ပြောလိုက်၏။ "ကျုပ်နဲ့လိုက်ခဲ့၊ အဲဒီ မိန်းကလေးကို သွားစစ်ဆေးမယ်။"

ရုံးတော်အတွင်း၌ အထူးသီးသန့် ထောင်ခန်းတစ်ခု ရှိပြီး လူမျိုးစုံ ရောနှောနေသော နေရာဖြစ်ရာ ပုံမှန်အားဖြင့် ရန်ဖြစ်မှုများ၊ ပြဿနာများ ရှိတတ်သည်။ ဤထောင်ခန်းက သိပ်ပြီး တင်းကျပ်မှု မရှိဘဲ လူများကို ယာယီ ရက်အနည်းငယ်သာ ဖမ်းဆီးထားလေ့ရှိ၏။

ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများ သိပ်များများစားစား မရှိဘဲ သာမန် ရိုက်နှက်သည့် တုတ်များကိုသာ ထားရှိသော်လည်း လင်လုံကမူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။

လက်နှစ်ဖက်ဖြင့် ထောင်တံခါးကို ဆုပ်ကိုင်ကာ အကူအညီမဲ့စွာဖြင့် အော်ဟစ်နေခဲ့၏။

ချန်ခိုင် ရောက်လာချိန်မှသာ လင်လုံသည် ချက်ချင်းပင် ရှေ့သို့ တိုးသွားပြီး ငိုယိုကာ မေးလိုက်သည်။ "အမတ်မင်း ... ကျွန်မက ဘာအပြစ်လုပ်မိလို့လဲ၊ ဘာလို့ ကျွန်မကို ဖမ်းတာလဲ။"

အခြေအနေက ချက်ချင်း ဆုံးဖြတ်ရန် ခက်ခဲနေသောကြောင့် ချန်ခိုင်သည် သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခါးဆွဲပြားကို ထုတ်ယူကာ မေးလိုက်၏။ "မိန်းကလေး ... ဒီခါးဆွဲပြားကို ခင်ဗျား ဘယ်ကရလာတာလဲ။"

လင်လုံက ပြန်ဖြေလိုက်သည်။ "အမတ်မင်း ဖန်က ကျွန်မကို ပေးလိုက်တာပါ၊ ကျွန်မ ပြောပြီးပြီလေ။"

ချန်ခိုင်က မေးလိုက်၏။ "ဒါဆို အမတ်မင်း ဖန်က ဘာလို့ မင်းကို ဒီခါးဆွဲပြား ပေးလိုက်တာလဲ၊ ဒီခါးဆွဲပြားက သာမန်လူတွေ သုံးလို့ရတာ မဟုတ်ဘူး။"

လင်လုံသည် မျက်ရည်များကို သုတ်ရင်း ပြန်ပြောလိုက်သည်။ "ကျွန်မ တာ့ကျင်းကို သွားချင်တယ်လို့ ပြောတော့ အမတ်မင်း ဖန်က ကူညီပေးမယ်လို့ ပြောပါတယ်။ ဒီခါးဆွဲပြားကို ကိုင်ထားရင် အမတ်မင်း တို့က ကူညီပေးလိမ့်မယ်တဲ့။ တကယ်ပဲ သူ ကျွန်မကို ပေးလိုက်တာပါ၊ မဟုတ်ရင် ကျွန်မက ဒီခါးဆွဲပြားကို ကိုင်ပြီး အမတ်မင်း တို့ကို ရဲရဲတင်းတင်း လာရှာပါ့မလား။"

ချန်ခိုင်သည် မြေပြင်ကို စိုက်ကြည့်ရင်း စဉ်းစားခန်း ဝင်သွား၏။

တကယ်တော့ ဖန်ကျန်းရီ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ခြင်းမှလွဲ၍ အခြား ဖြစ်နိုင်ခြေ မရှိနိုင်လောက်တော့ချေ။

သို့ပေမည့် စာလုံးများကို ခြစ်ထုတ်ထားသည်က ... အနည်းငယ် ထူးဆန်းနေသည်။ ပြဿနာ တစ်ခုခုနဲ့ ကြုံတွေ့နေရလို့ အမျိုးသမီးတစ်ယောက်ကနေ တစ်ဆင့် လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ သတင်းပို့ခိုင်းရတာများလား။

ချန်ခိုင်က ထပ်မေးလိုက်၏။ "မင်းက ဘယ်လို အဆင့်အတန်းရှိတဲ့ သူလဲ၊ ဘာလို့ တာ့ကျင်းကို သွားချင်ရတာလဲ။"

လင်လုံက ဖြေလိုက်သည်။ "ကျွန်မက အရင်တုန်းက တည်းခိုဆောင်မှာ အမတ်မင်း ဖန်ကို အလုပ်အကျွေးပြုခဲ့တဲ့ အစေခံမလေးပါ။ အမတ်မင်း ဖန်က ကျွန်မကို တာ့ကျင်းမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေး ရှိတယ်၊ အမျိုးသမီးတွေလည်း ကျောင်းတက်လို့ရတယ်၊ ပြီးတော့ နတ်ဘုရားမပွဲတော်လည်း ကျင်းပတော့မယ်လို့ ပြောခဲ့လို့ ကျွန်မ သွားကြည့်ချင်တာပါ။"

ချန်ခိုင်၏ တစ်ကိုယ်လုံး တုန်ခါသွားခဲ့၏။

အစေခံမလေး၊ တည်းခိုဆောင်မှာ အမတ်မင်း ဖန်ကို အလုပ်အကျွေးပြုခဲ့တဲ့ အစေခံမလေးတဲ့လား။

အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကိုတောင် ပြောထွက်တယ်ဆိုတော့ သိသိသာသာကို လိမ်ခံလိုက်ရတာပဲ။

ပြဿနာကြီး တစ်ခုခု ဖြစ်သွားပြီလား။

ချန်ခိုင်၏ လည်ချောင်းများ တင်းမာသွားပြီး အလျင်စလို မေးလိုက်၏။ "မက်ူ တာ့ကျင်းကို သွားဖို့ ဘာပစ္စည်းတွေ ယူလာသေးလဲ။"

လင်လုံက ဖြေလိုက်သည်။ "ပစ္စည်းတွေက အမတ်မင်းတို့ ယူသွားပြီလေ။"

ချန်ခိုင်၏ သဘောထား အနည်းငယ် ပြေလျော့သွားသည်ကို မြင်သောအခါ လင်လုံလည်း အတော်လေး တည်ငြိမ်သွားခဲ့သည်။

ချန်ခိုင်က ရှင်းပြလိုက်၏။ "အဲဒါတွေအပြင် တခြားရော ရှိသေးလား။ မိန်းကလေး ... ကျုပ်တို့က မင်းကို ရှာဖွေချင်လို့ မဟုတ်ပါဘူး။ မင်းရဲ့ ဒီခါးဆွဲပြားက အမတ်မင်း ဖန်ရဲ့ ခါးဆွဲပြားလေ။ သူက ဂုဏ်အဆင့်အတန်း မြင့်မားတဲ့သူဖြစ်လို့ ဒီလိုအရာမျိုးကို သူတစ်ပါးကို အလွယ်တကူ ပေးလေ့မရှိဘူး၊ ဒါကြောင့် ကျုပ်တို့ သေချာ စုံစမ်းရတာပါ။ နားလည်ပေးဖို့ တောင်းဆိုပါတယ်။"

လင်လုံသည် နာကြည်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။

အမတ်မင်း ဖန်က သူမကို ခါးဆွဲပြား ပေးတုန်းက ဒီအရာက ဒီလောက် အကျိုးသက်ရောက်မှု ကြီးမားတယ်လို့ မပြောခဲ့ချေ။ တစ်ချက် ကြည့်လိုက်ရုံနှင့်တင် ထောင်ထဲ အဖမ်းခံလိုက်ရပြီ ဖြစ်သည်။

လင်လုံသည် ကြိုးစား၍ ပြန်လည် စဉ်းစားလိုက်ပြီးနောက် အင်္ကျီလက်စွပ်ထဲမှ လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူလိုက်၏။ "အဲဒါတွေအပြင် ဒီလက်ကိုင်ပဝါပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ဒီလက်ကိုင်ပဝါနဲ့ ကျွန်မ ယူလာတဲ့ ပစ္စည်းတွေက အမတ်မင်း ဖန်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။"

ချန်ခိုင်သည် လက်ကိုင်ပဝါကို လှမ်းယူကာ သေသေချာချာ နှစ်ခေါက်ခန့် လှန်ကြည့်လိုက်ပြီး ၎င်းအပေါ်တွင် ရှုပ်ထွေးလှသော ပန်းပုလက်ရာများ ရှိနေသည်ကို မြင်သောအခါ ထပ်မေးလိုက်သည်။ "ဒီပစ္စည်းတွေကို မင်း ဘယ်သူ့ကို ပေးမှာလဲ။"

လင်လုံက ဖြေလိုက်၏။ "ဒါက အမတ်မင်း ဖန်ရဲ့ သူငယ်ချင်း ချူချင်ဟန်က သူမရဲ့ သူငယ်ချင်းကို ကိုယ်စားပေးခိုင်းလိုက်တာပါ။ ပန်းရှန်းသတင်းစာတိုက်က ရှဲ့ရှန်းကိုတဲ့၊ သူမ ပြောတာတော့ ရင်းနှီးတဲ့ သူငယ်ချင်းဆိုပဲ ... "

ချန်ခိုင်သည် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကာ တစ်ချိန်တည်းမှာပင် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

ကံထူးပြီ၊ ဒီတစ်ခါတော့ တကယ် ကံထူးပြီပဲ။

ပန်းရှန်းသတင်းစာတိုက်က သာမန်နေရာ မဟုတ်ဘဲ အိမ်ရှေ့စံမင်းသားနှင့် ကြီးမားသော ပတ်သက်ဆက်နွှယ်မှု ရှိ၏။

အိမ်ရှေ့စံမင်းသားနှင့် ဖန်ကျန်းရီ၏ ဆက်ဆံရေးကို လူတိုင်း သိရှိထားကြသည်။

ကျောက်လင်လုံက ဒီလောက်တောင် ပူးပေါင်းဆောင်ရွက်နေတာဆိုတော့ သူ ဘာမှ မသိတာ သေချာတယ်။ ပို့ခိုင်းတဲ့ ပစ္စည်းတွေထဲမှာ အရမ်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပါနေမှာ သေချာတယ်၊ နန်းတော်ထဲကို ပို့ရမယ့်ဟာ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာတယ်။

ဘယ်လောက်တောင် ကြီးမားတဲ့ ကိစ္စကြီးမို့လို့ ဒီလိုနည်းလမ်းနဲ့ သတင်းပို့ရတာလဲ ဆိုတာကိုတော့ မသိပေမဲ့ ... ဘာပဲဖြစ်ဖြစ် ငါတော့ ဒီတစ်ခါ အမြတ်ကြီး ထွက်ပြီပဲ။

ချန်ခိုင် မှင်သက်နေသည်ကို ကြည့်ကာ လင်လုံက ကြောက်ရွံ့စွာဖြင့် မေးလိုက်၏။ "အမတ်မင်း ... ကျွန်မ သွားလို့ရပြီလား။"

ချန်ခိုင်သည် သတိပြန်ဝင်လာပြီး မျက်နှာထား ပြန်လည် ချိုသာလာကာ လက်ကိုင်ပဝါနှင့် ခါးဆွဲပြားကို လင်လုံထံသို့ အတူတကွ ကမ်းပေးလိုက်ပြီး ထောင်တံခါးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးလိုက်သည်။

သူက တောင်းပန်သည့် လေသံဖြင့် ပြောလိုက်၏။ "လင်လုံ မိန်းကလေး ... တကယ်ကို တောင်းပန်ပါတယ်။ ကျုပ်က တာဝန်ကျနေသူဖြစ်လို့ သတိမထားလို့ မရဘူးလေ။

အခု စုံစမ်းလို့ ရှင်းလင်းသွားပြီဆိုတော့ ဘာပြဿနာမှ မရှိတော့ဘူး။ ဒါဆို ကျုပ် မင်းအတွက် ကုန်သည်အဖွဲ့ကို သွားရှာပေးပြီး မြို့တော်ကို ပို့ပေးမယ်လေ၊ ဘယ်လိုလဲ။"

လင်လုံသည် တုံးတုံးအအဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း ... ကောင်းပါပြီ၊ ကောင်းပါပြီ။"

ရုတ်တရက် စိတ်ထဲတွင် မလုံခြုံသလို ခံစားလိုက်ရပြီး သတိထားကာ တစ်ခွန်း ထပ်မေးလိုက်၏။ "တကယ်ပဲ ဘာပြဿနာမှ မရှိတော့ဘူးလား။"

နိဗ္ဗာန်ဘုံမှ ငရဲဘုံသို့၊ ထိုမှတစ်ဖန် နိဗ္ဗာန်ဘုံသို့ ပြန်ရောက်သွားခြင်းကဲ့သို့ ဤအတက်အကျများက အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။

ချန်ခိုင်က လင်လုံ၏ အင်္ကျီလက်ကို လှိုက်လှဲစွာ ဆွဲကိုင်၍ အပြင်သို့ ထွက်သွားရင်း ပြောလိုက်၏။ "ပြဿနာမရှိပါဘူး။ လုံးဝ ပြဿနာမရှိပါဘူး။ ခုနက ကျုပ် အရမ်း ကြမ်းတမ်းပြီး စိတ်လောသွားလို့ပါ၊ မင်းကို တောင်းပန်ပါတယ်။ မိန်းကလေး ... မင်း အရင် ခဏနားနေလိုက်၊ ကျုပ် သွားစီစဉ်လိုက်အုံးမယ်။"

လင်လုံသည် ရုံးခန်းအတွင်း၌ နောက်တစ်ကြိမ် ပြန်လည် နေရာချထားခံလိုက်ရပြီး စစ်သည်နှစ်ဦးက တံခါးဝတွင် စောင့်ကြပ်နေကြသည်။

ချန်ခိုင်ကမူ သူ၏ လက်ထောက်ကို ကမန်းကတန်း သွားရှာလိုက်၏။ "ကျုပ်အတွက် လက်ရွေးစင် စစ်သည် ငါးဆယ်၊ အကောင်းဆုံး မြင်းတွေနဲ့ မြင်းလှည်းတွေကို ချက်ချင်း စီစဉ်ပေး။ လူတိုင်းက သာမန် အဝတ်အစားတွေကို ဝတ်ဆင်ပြီး ကုန်သည်တွေအဖြစ် ဟန်ဆောင်မယ်။ မြို့တော်ကို ပြန်မယ်။"

လက်အောက်ငယ်သားက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "အမတ်မင်း ... ဘာကိစ္စ ဖြစ်လို့လဲ။"

ချန်ခိုင်က ဖြေလိုက်၏။ "ဒီကိစ္စကို မင်း အများကြီး မေးနေစရာ မလိုပါဘူး။ ကျုပ် ခုလေးတင် လျှို့ဝှက်သတင်း တစ်ခု ရထားတယ်၊ နိုင်ငံတော်က ကျုပ်ကို မြို့တော် ပြန်လာဖို့ ခေါ်နေတယ်။ အထက်က ဒီလိုပဲ စီစဉ်ထားတာပဲ။ ကျုပ်မရှိတဲ့ အချိန်အတွင်းမှာ မင်းက ကိစ္စအားလုံးကို အပြည့်အဝ တာဝန်ယူရမယ်။ မသေချာတဲ့ ကိစ္စတွေရှိရင် အချိန်ဆွဲထားပြီး ကျုပ်ပြန်လာမယ့် အချိန်အထိ စောင့်နေ။"

"ဒါဆို အမတ်မင်း က ဘယ်တော့လောက် ပြန်လာမှာလဲ။"

ဘယ်တော့ ပြန်လာမှာလဲ ဟုတ်လား။ ကောင်းကင်လောက် ကြီးမားတဲ့ ကုသိုလ်ကံတွေ အားလုံးက ကျုပ် တစ်ယောက်တည်းရဲ့ ဟာပဲလေ။

ဒီလို ငှက်တောင် ချီးမပါတဲ့ နေရာမျိုးမှာ မင်းဘာသာမင်း ဆက်နေခဲ့တော့၊ ဒီသခင်ကြီးကတော့ ရာထူးတိုးပြီး မြို့တော်ကို ပြန်ဇိမ်ခံတော့မယ်။

ချန်ခိုင်၏ စိတ်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အလွန်ဆုံး သုံးလလောက်ပေါ့။ အပိုစကားတွေ ပြောမနေနဲ့တော့၊ အချိန်မဆွဲနဲ့၊ မင်း ချက်ချင်း သွားစီစဉ်လိုက်တော့။"

……

နာရီဝက်ခန့် ကြာပြီးနောက် လူအားလုံးနှင့် မြင်းလှည်းများက ရုံးတော်တံခါးဝတွင် စုဝေးရောက်ရှိလာကြသည်။

လင်လုံသည် ရုံးတော်ထဲမှ ဝေဝေဝါးဝါးဖြင့် ဖိတ်ခေါ်ခံလိုက်ရပြီး သာမန်အဝတ်အစားများ လဲလှယ် ဝတ်ဆင်ထားသော ချန်ခိုင်က မြင်းလှည်းဘေးတွင် ရပ်နေသည်ကို ကြည့်ကာ တွေဝေစွာဖြင့် မေးလိုက်၏။ "အမတ်မင်း ချန် ... အမတ်မင်း က ဘယ်လိုလုပ်ပြီး ... "

ချန်ခိုင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကျုပ်က တကယ်တော့ မနက်ဖြန် မြို့တော်ကို ပြန်ပြီး တာဝန်ထမ်းဆောင်ရမှာ။ ဒါကြောင့် မိန်းကလေးက အမတ်မင်း ဖန် ကူညီချင်တဲ့သူ ဖြစ်နေမှတော့၊ ကျုပ်ကလည်း သေချာပေါက် ပိုပြီး ဂရုစိုက်ပေးရမှာပေါ့။ ဒါကြောင့် တစ်ရက်စောပြီး ပြန်လိုက်တာ အကောင်းဆုံးပဲလို့ စဉ်းစားမိတယ်။ ကျုပ်တို့ အချင်းချင်းလည်း စောင့်ရှောက်ပေးလို့ ရတာပေါ့။ မိန်းကလေး လှည်းပေါ် တက်ပါ။"

လင်လုံသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ လှန်ပေးထားသော လှည်းခန်းဆီးကို ကြည့်ကာ ထပ်မေးရန် အချိန်မရတော့ဘဲ အထဲသို့ ဝင်သွားလိုက်ရသည်။

သူမ လှည်းပေါ်သို့ ရောက်သွားချိန်တွင် ချန်ခိုင်က မြင်းလှည်းအဖွဲ့၏ အရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီး ဟန်ဆောင်ထားသော စစ်သည်တစ်စုကို ကြည့်ကာ အသံနှိမ့်၍ ပြတ်သားစွာ ပြောလိုက်၏။ "အားလုံးပဲ ကျုပ်ပြောတာကို သေချာနားထောင်ကြ၊ အဲဒီ မိန်းမကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထား။ သူ ယူဆောင်လာတဲ့ ပစ္စည်းတစ်ခုမှ မပျောက်စေနဲ့၊ ဆံပင်တစ်ပင် ကျွတ်ကျသွားရင်တောင် မင်းတို့ ပြန်ရှာလာခဲ့ရမယ်။ မဟုတ်ရင် ကျုပ်က သက်ညှာပေးမှာ မဟုတ်ဘူး။ အားလုံး မှတ်ထားကြပြီလား။"

"မှတ်ထားပါပြီ။"

All Chapters