← Chapters

အခန်း ၇၉၀

Vol. 42 Ch. 790

အခန်း ၇၉၀

Vol. 42 Ch. 790

အပိုင်း (၇၉၀) အနောက်ဘက်ခြံဝန်း ပွက်လောရိုက်သွားပြီ။

ရှဲ့ရှန်းသည် ဆံပင်ကို ဆွဲဖွလျက် အနေရခက်စွာ ပြုံးလိုက်၏။

အရင်တုန်းက သူ ခရိုင်ထဲမှာ စာတတ်မြောက်ရေး စာသင်ပေးတုန်းက သင်ခဲ့ဖူးသော်လည်း ဤအရာက စာလုံးများကို မှတ်မိရန် အထောက်အကူပြု ကိရိယာတစ်ခုမျှသာ ဖြစ်သည်။

သူက စာကို အရင်တတ်ထားပြီး ယခုလည်း စာမသင်တော့ရာ အသုံးမဝင်သော အရာများကို အစောကြီးတည်းက မေ့သွားခဲ့ပြီ ဖြစ်၏။

ရှောင်ထောင်ကတော့ မှတ်မိသင့်တယ်၊ သူမက ဒီလောလောဆယ် မင်းသမီးစံအိမ်မှာပဲ ရှိနေတာဆိုတော့ မင်းသမီးစံအိမ်ကို တစ်ခေါက် သွားမှဖြစ်မယ် ...

ရှဲ့ရှန်းက ရှင်းပြလိုက်သည်။ "ဒါက လျှို့ဝှက်စကားပဲ၊ ဖော်ထုတ်ဖို့ အချိန်လိုတယ်။ အမတ်မင်း အရင် ပြန်လိုက်ပါ၊ ကျုပ် လူရှာပြီး ဖော်ထုတ်ခိုင်းလိုက်မယ်။ တကယ်လို့ အရေးကြီးတဲ့ကိစ္စဆိုရင် ကျုပ် အိမ်ရှေ့စံမင်းသားကို ရှာပြီး အထက်ကို သတင်းပို့လိုက်ပါ့မယ်။"

ချန်ခိုင်သည် တွေဝေစွာဖြင့် တစ်ခုခု ပြောရန် ပြင်လိုက်၏။ "ကျုပ် ... "

ရှဲ့ရှန်းက ကမန်းကတန်း လက်ယှက်ကာ ပြောလိုက်သည်။ "ချန်ခိုင် ... စစ်ဆေးရေးအရာရှိ။ ကျုပ် မှတ်ထားပါမယ်၊ ကျုပ် အိမ်ရှေ့စံမင်းသားကို အစအဆုံး သေချာ ပြောပြပေးပါ့မယ်။ ဂုဏ်ယူပါတယ် အမတ်မင်း ချန် ... ဒီတစ်ခါ ခင်ဗျား အချိန်မီ ရောက်လာတာက တကယ်ကို ကြီးမားတဲ့ ကုသိုလ်ပဲ။ တကယ်လို့ အရေးကြီးတဲ့ သဲလွန်စသာဆိုရင် နိုင်ငံတော်အတွက် ကျေးဇူးရှိသွားပြီ။ ကျုပ်တို့ ပန်းရှန်းသတင်းစာတိုက်က အကြီးအကျယ် ရေးသားဖော်ပြပေးပြီး ကမ္ဘာပေါ်က ပြည်သူတွေ အားလုံးကို အမတ်မင်း ချန်ရဲ့ စွမ်းဆောင်ရည်တွေကို သိရှိစေရပါမယ်။"

"ဟိုင်းယား ... " ချန်ခိုင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ရှေ့သို့တိုး၍ ဖက်ရန် ပြင်လိုက်၏။

တကယ်ကို သိတတ်လွန်းတယ်။

ရှဲ့ရှန်းသည် နောက်သို့ တစ်လှမ်းဆုတ်ကာ သူ၏ လှိုက်လှဲစွာ ပြေးဝင်လာမှုကို ရှောင်လွှဲလိုက်ပြီး နံရံထောင့်တွင် ကျုံ့ကျုံ့လေး နေနေသော လင်လုံကို ညွှန်ပြလျက် မေးလိုက်သည်။ "ဒီအမျိုးသမီးမှာ တခြား ပြောစရာတွေ ရှိသေးလား။"

ချန်ခိုင်က ခေါင်းလှည့်ကြည့်ကာ တဟားဟား ရယ်မောလိုက်၏။ "အသုံးမဝင်တော့ဘူးလို့ ထင်တယ်။ လူလာကြစမ်း၊ သူကို မြို့တော်ထဲက ထောင်ထဲ အရင် ဖမ်းထည့်ထားလိုက်ကြ။"

လင်လုံက အော်လိုက်သည်။ "မလုပ်ပါနဲ့။"

လင်လုံ၏ အစောကြီးတည်းက မျက်ရည်များ စုဝေးနေသော မျက်ဝန်းများက ချက်ချင်းပင် တမံကျိုးပေါက်သွားသည့်အလား မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

ခြေထောက်များ ခွေယိုင်သွားပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရကာ သနားစရာကောင်းစွာဖြင့် အကူအညီမဲ့နေခဲ့၏။

လူလိမ်။ လိမ်ညာသူအစစ်ပဲ။ ငါ့ကို တာ့ကျင်းကို လိမ်ခေါ်လာတာက တကယ်တော့ လက်ကိုင်ပဝါ ပို့ခိုင်းဖို့သတ်သတ်ပဲလား။

ရှဲ့ရှန်းက တားဆီးလိုက်၏။ "အမတ်မင်း ချန် ခဏနေပါအုံး။ သူ့မှာ တခြား ပြောစရာ ကိစ္စမရှိတော့မှတော့၊ သူမ=့ကို ကျုပ်ဆီ အပ်လိုက်တာ ပိုကောင်းပါတယ်။ ကျုပ် အမတ်မင်း ဖန်ကို နားလည်တယ်၊ သူက ဒီမိန်းကလေးကို သတင်းလာပို့ခိုင်းမှတော့ သူ့ကို သေချာပေါက် မတရား လုပ်မှာ မဟုတ်ဘူး။ ကျန်တဲ့ ကိစ္စသေးသေးမွှားမွှားတွေကို ကျုပ် ကျင်းယီဝေတပ်ဖွဲ့ကို အကြောင်းကြားပြီး ရှင်းခိုင်းလိုက်မယ်၊ အမတ်မင်း ပူပန်နေဖို့ မလိုပါဘူး။"

ချန်ခိုင်က ပြန်ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင်လည်း အစ်ကိုရှဲ့ကိုပဲ အပူကပ်ရတော့မှာပေါ့။ ကျုပ်က အလျင်စလို မြို့တော်ကို ပြန်လာတာဆိုတော့ စည်းမျဉ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားတယ်။ စောစောပြန်ပြီး ရေချိုးအဝတ်အစားလဲ၊ အချိန်ကောင်းတစ်ခု ရှာပြီး နိုင်ငံတော်ကို သတင်းပို့မယ်။ အရှင်မင်းကြီးကို တွေ့ဖို့ လိုသေးတယ်။ လာတုန်းက သတင်းစာတိုက်အနီးမှာ တည်းခိုခန်းတစ်ခု တွေ့ခဲ့တယ်၊ အဲဒီ တည်းခိုခန်းမှာပဲ ယာယီ တည်းခိုနေလိုက်မယ်။ အစ်ကိုရှဲ့ အကူအညီလိုတဲ့ နေရာရှိရင် တတ်နိုင်သမျှ အကြောင်းကြားပါ။"

ရှဲ့ရှန်းသည် နောက်တစ်ကြိမ် လက်ယှက်လိုက်၏။ "အမတ်မင်း ချန် စိတ်ချပါ၊ ဒီလက်ကိုင်ပဝါထဲက အကြောင်းအရာတွေကို ဖော်ထုတ်ပြီးတာနဲ့ အမတ်မင်း ကို အမြန်ဆုံး အကြောင်းကြားပါ့မယ်။ အမတ်မင်း အရှင်မင်းကြီးကို တွေ့တဲ့အခါ အရှင်မင်းကြီးသေချာပေါက် အလွန်အမင်း ဝမ်းသာသွားမှာပါ။"

ချန်ခိုင်သည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

တကယ်ကောင်းတာပဲ၊ ရှဲ့ရှန်းလို လူမျိုးနဲ့ တွေ့ရတာ တကယ်ကို စိတ်အေးရတယ်။

ချန်ခိုင် လူများကို ခေါ်ဆောင်၍ သတင်းစာတိုက်မှ ထွက်သွားပြီးနောက် ရှဲ့ရှန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော လင်လုံကို ထူပေးကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "လင်လုံ မိန်းကလေး ထပါ၊ မင်း မကြောက်ပါနဲ့။ ကျုပ်တို့ သခင်လေးက မင်းကို ဒီကို လာခိုင်းတာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကိစ္စအားလုံး ရှင်းလင်းသွားရင် ကျုပ် လူလွှတ်ပြီး မင်းကို အိမ်ပြန်ပို့ပေးပါ့မယ်။"

လင်လုံသည် မျက်ရည်များကြားမှ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။

ယခုအချိန်တွင် သူမက သူတစ်ပါး၏ ခြယ်လှယ်မှုကိုသာ ခံရတော့မည် မဟုတ်ပါလား။

……

ကိစ္စက ကြီးမားလှသဖြင့် ရှဲ့ရှန်းသည် ပေါ့ပေါ့ဆဆ မလုပ်ဝံ့ချေ။ ပထမဦးစွာ အနီးနားရှိ ပုံမှန်အားဖြင့် အဆက်အသွယ်များသော ကျင်းယီဝေတပ်ဖွဲ့ ဌာနခွဲကို ခေါ်ယူကာ လူအင်အား အကူအညီ တောင်းခံလိုက်၏။

ထို့နောက် ကျင်းယီဝေများနှင့် လင်လုံကို ခေါ်ဆောင်ကာ မင်းသမီးစံအိမ်သို့ အမြန်ဆုံး သွားရောက်ခဲ့သည်။

မင်းသမီးစံအိမ်အတွင်း၌ အမျိုးသမီးတစ်ချို့သည် ခြံဝန်းထဲတွင် ဝိုင်းဖွဲ့ထိုင်နေကြ၏။

ပုံမှန်အားဖြင့် ရှောင်ထောင်၊ ရွှေယီပိုင်နှင့် လော့နင်ရှင်းတို့သည် ဖန်မိသားစု၏ အိမ်တော်တွင်သာ နေထိုင်လေ့ရှိကြသည်။

သို့ပေမည့် အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးလာကြရာ မင်းသမီးစံအိမ်အတွင်း၌လည်း စုဝေးလေ့ရှိကြ၏။

လီမြောင်ဟန်သည် အိမ်ထောင်ရှင်မကောင်းတစ်ဦး၏ အရှိန်အဝါ အပြည့်ရှိပြီး အသက်မကြီးသော်လည်း စိတ်နေသဘောထား နူးညံ့ကာ သဘောထား ကြီးမြတ်လှသည်။

မိသားစုတစ်စုလုံး သဟဇာတဖြစ်စွာ နေထိုင်ကြပြီး မည်သည့် ပြဿနာမျှ မရှိသလို စကားပြောဆို တိုင်ပင်နိုင်သော သူအချို့လည်း ရှိပေသည်။

ယခုအချိန်တွင် အမျိုးသမီးအချို့သည် စားပွဲဘေး၌ ဝိုင်းဖွဲ့ထိုင်ကာ စကားစမြည် ပြောဆိုနေကြ၏။

ရုတ်တရက် အစေခံမလေးတစ်ဦးက လခြမ်းပုံတံခါးအပြင်ဘက်မှ လျှောက်လာပြီး လီမြောင်ဟန်အား သတင်း ပို့လိုက်သည်။ "အရှင်မင်းသမီး ... ပန်းရှန်းသတင်းစာတိုက်က ရှဲ့ရှန်းက အရှင်မင်းသမီးကို တွေ့ခွင့်တောင်းနေပါတယ်။"

လီမြောင်ဟန်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်၏။ "သတင်းစာတိုက်က လူတွေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ၊ သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။"

သတင်းရရှိသည်နှင့် ရှဲ့ရှန်းက လျင်မြန်စွာ လျှောက်ဝင်လာပြီး ပထမဦးစွာ ကမန်းကတန်း အရိုအသေ ပေးလိုက်သည်။ ပြီးနောက် အမောတကောဖြင့် ပြောလိုက်သည်။ "အရှင်မင်းသမီး ... ကျွန်တော်မျိုးမှာ သတင်းပို့စရာ အရေးကြီးတဲ့ ကိစ္စရှိလို့ပါ။ ကျွန်တော်မျိုးတို့ရဲ့ သခင်လေးက ရွှေတိုင်းပြည်ကနေ လျှို့ဝှက်စာ တစ်စောင် ပို့လိုက်ပါတယ်။"

ပြောပြီးသည်နှင့် လရောင်ကဲ့သို့ ဖြူဖွေးနေသော လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူလိုက်၏။

အမျိုးသမီးအချို့က ဝိုင်းအုံလာကြပြီး လီမြောင်ဟန်သည် လက်ကိုင်ပဝါကို ယူကာ လေ့လာကြည့်လိုက်သည်။

ရုတ်တရက် အမျိုးသမီးအချို့၏ မျက်နှာထားက တစ်ပြိုင်နက်တည်း ပြောင်းလဲသွားပြီး ချက်ချင်းပင် ကောက်ချက်ချလိုက်ကြ၏။ "ဒါက မိန်းမသုံးတဲ့ လက်ကိုင်ပဝါပဲ။"

"ဟက် ... ဘာစာကို လက်ကိုင်ပဝါပေါ်မှာ ရေးရတာလဲ၊ အပြင်မှာ နောက်ထပ် မိန်းမရှုပ်နေပြန်ပြီ ဖြစ်မယ်။"

"ဟွန်း။"

"သူ့ကို ရှုပ်ခွင့်ပေးလိုက်စမ်းပါ၊ သူ့ကိုယ်သူ သိပ်စွမ်းတယ်လို့ ထင်နေတာကိုး၊ ပင်ပန်းပြီး သေသွားပါစေတော့။"

အမျိုးသမီးအချို့က တကျီကျီဖြင့် လူယုတ်မာကို အသီးသီး စတင် ပြစ်တင်ဝေဖန်လာကြရာ ရှဲ့ရှန်းသည် ထိုနေရာတွင် ရပ်နေရင်း မျက်နှာတစ်ခုလုံး အနေရခက်နေပြီး သွားရမလား၊ နေရမလား မသိဖြစ်နေခဲ့၏။

ကံကောင်းထောက်မစွာဖြင့် လီမြောင်ဟန်က တုံ့ပြန်မှု မြန်ဆန်ပြီး လက်ကိုင်ပဝါကို ကိုင်ကာ မေးလိုက်သည်။ "စာကရော .. လက်ကိုင်ပဝါပေါ်မှာ ရှိနေတာလား။"

ရှဲ့ရှန်းက ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်၊ ဒီအပေါ်မှာ လျှို့ဝှက်စကားတွေ ရေးထားတာ၊ ပင်ယင်း လို့ ခေါ်ပါတယ် ... "

ရှောင်ထောင်က ပြောလိုက်သည်။ "ကျွန်မကို ပြပါ၊ ကျွန်မ ကြည့်တတ်တယ်။"

ရှဲ့ရှန်း ဆက်ပြောရန် အချိန်မရသေးခင်မှာပင် ရှောင်ထောင်က လက်ကိုင်ပဝါကို ယူကာ သေသေချာချာ ကြည့်ရှုလိုက်ရာ တစ်ကြောင်းခန့် ကြည့်ရုံဖြင့် မျက်နှာထားက ချက်ချင်း ဆိုးရွားသွားခဲ့၏။

နောက်ဆုံးအထိ ကြည့်ပြီးမှသာ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမ၏ မျက်နှာထား ထူးခြားနေသည်ကို မြင်သောအခါ စိုးရိမ်နေသော မျက်လုံးအစုံများစွာက သူမထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာကြပြီး လီမြောင်ဟန်က မေးလိုက်၏။ "ဘာဖြစ်လို့လဲ၊ ဒီအထဲမှာ ဘာတွေ ရေးထားလို့လဲ။"

ရှောင်ထောင်က မျက်မှောင်ကြုတ်လျက် ဖြေလိုက်သည်။ "သူပြောတာက ... သူ ရွှေတိုင်းပြည်မှာ ပိတ်မိနေတယ်တဲ့၊ ရွှေတိုင်းပြည်က မကြာခင် တာ့ကျင်းနဲ့ စစ်တိုက်တော့မှာမို့ သူ့ကို မိုးပျံပူဖောင်းတွေ ဖန်တီးခိုင်းနေတယ်တဲ့။ အထဲမှာ ရေးထားတာက နောက်ဆက်တွဲ စစ်ရေး အစီအစဉ်တချို့ပါ။ ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး၊ သူ အကျယ်ချုပ် ချခံထားရပေမဲ့ အခု လုံခြုံပါတယ်တဲ့။ ဒီကိစ္စကို ချက်ချင်း အရှင်မင်းကြီးဆီ သတင်းပို့ရမယ်။"

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံးက ချက်ချင်းပင် အလွန်အမင်း စိုးရိမ်တကြီး ဖြစ်သွားကြပြီး အမျိုးသမီးအချို့၏ မျက်နှာများ ချက်ချင်း ဖြူရော်သွားကာ လီမြောင်ဟန်က အလောတကြီး မေးလိုက်၏။ "သူ တခြား ဘာပြောသေးလဲ။"

"တခြားအကြောင်းတွေ အရင် မပြောနဲအုံး … စက္ကူနဲ့ စုတ်တံ မြန်မြန် သွားရှာပေး။ ကျွန်မ ကူးယူရေးသားပြီး နန်းတော်ထဲကို ချက်ချင်း သတင်းပို့ရမယ်။" ရှောင်ထောင်က ပြောပြီးသည်နှင့် ချက်ချင်းပင် အလောတကြီးဖြင့် အိမ်ထဲသို့ ဝင်ကာ စက္ကူနှင့် စုတ်တံ သွားရှာသည်။

လက်ကိုင်ပဝါပေါ်ရှိ အကြောင်းအရာများကို တစ်ခုချင်းစီ ကူးရေးပြီးနောက် လီမြောင်ဟန်သည် မင်းသမီးစံအိမ်အတွင်းရှိ မိန်းမစိုးကို ချက်ချင်း ခေါ်ယူလိုက်သည်။ "ခမည်းတော်က အခု နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေလောက်တယ်။ နောင်တော်ဆီ အရင်သွားပြီး ခမည်းတော်ဆီကို သွားခိုင်းလိုက်။"

မိန်းမစိုးသည် စာကို ကိုင်လျက် မြားတစ်စင်းအလား ပြေးထွက်သွား၏။

"စစ်ရေးကိစ္စကလွဲလို့ သူ ဘာပြောသေးလဲ၊ သူ့ဘက်မှာ တကယ်တော့ ဘယ်လို အခြေအနေ ရှိနေလဲ။"

လူအားလုံး၏ အကြည့်များက ရှောင်ထောင်ထံသို့ နောက်တစ်ကြိမ် စုဝေးရောက်ရှိလာကြရာ ရှောင်ထောင်က လက်ကိုင်ပဝါကို ကိုင်လျက် မချိပြုံးပြုံးကာ ပြောလိုက်၏။ "တခြားတော့ ဘာမှ မရှိတော့ပါဘူး ... နောက်ဆုံးမှာ 'လင်လုံကို ကောင်းကောင်း ဆက်ဆံပါ' လို့ တစ်ခွန်းပဲ ပြောထားတယ်။"

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြံဝန်းထဲတွင် ချက်ချင်းပင် နောက်တစ်ဖန် ပွက်လောရိုက် သွားပြန်သည်။

"လင်လုံ ဆိုတာ အမျိုးသမီးတစ်ယောက် မဟုတ်လား ... လက်ကိုင်ပဝါ ပိုင်ရှင်လား။"

"တခြားအမျိုးသမီး တစ်ယောက်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်မတို့ကို မှာနိုင်သေးတယ်ဆိုတော့ သူ လုံခြုံနေလောက်မှာပါ။"

"သူ တကယ်ကို အစွမ်းထက်တာပဲ ... အသက်က သူများလက်ထဲ ရောက်နေတာတောင် ဒီလိုကိစ္စမျိုးကို စဉ်းစားဖို့ အားလပ်နေသေးတယ်ပေါ့။"

"တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ... ချန်ယွီမှာ အဖေမရှိလို့ မဖြစ်ဘူးနော် ... "

ပြောရင်း ပြောရင်းဖြင့် ရွှေယီပိုင်က မျက်ရည်များ စတင် ကျဆင်းလာပြီး ထိုနောက်တွင် အမျိုးသမီးအချို့က မူလနေရာတွင် စိုးရိမ်တကြီးဖြင့် ခြေတဆောင့်ဆောင့် လုပ်လာကြသည်။

ရှဲ့ရှန်းသည် ဘေးတွင် ရပ်ကာ မှင်သက်နေပြီး နားထောင်ရင်းဖြင့် ခေါင်းပင် နှစ်ဆခန့် ကြီးလာသလို ခံစားလိုက်ရ၏။

နောက်ဆုံးတွင် ဆက်၍ နားမထောင်နိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အားလုံးပဲ တည်ငြိမ်ကြပါ။ သခင်လေး ဘာမှမဖြစ်ပါဘူး။ ရွှေတိုင်းပြည်က သူ့ကို မိုးပျံပူဖောင်း ဖန်တီးခိုင်းတယ်ဆိုမှတော့ သခင်လေးရဲ့ တန်ဖိုးကို အသိအမှတ်ပြုလို့ပေါ့။ သူ့လက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်လေ၊ လက်သည်းကြားထဲကနေ နည်းနည်းလောက် ထုတ်ပေးလိုက်ရင်တောင် အသက်ရှင်နိုင်ပါတယ်၊ လုံးဝ အန္တရာယ်မဖြစ်နိုင်ပါဘူး။"

All Chapters