← Chapters

အခန်း ၇၉၁

Vol. 42 Ch. 791

အခန်း ၇၉၁

Vol. 42 Ch. 791

အပိုင်း (၇၉၁) အရှင်မင်းသားတွင် ကောလိပ်ကျောင်းသားတစ်ဦး၏ အရည်အချင်းရှိသည်။

လီယွမ်ကျောက်၏ မြို့တော်အတွင်းရှိ နေ့ရက်များက အလွန်အမင်း သက်တောင့်သက်သာ ရှိလှသည်။

ယခင်က ပန်းရှန်းရပ်ကွက်တွင် လုပ်ဆောင်ခဲ့သော လုပ်ငန်းများအားလုံးမှာ လမ်းကြောင်းမှန်ပေါ်သို့ အပြည့်အဝ ရောက်ရှိနေပြီဖြစ်ရာ စိတ်အင်အားများစွာ စိုက်ထုတ်ရန် မလိုအပ်တော့ချေ။

တစ်ခါတစ်ရံတွင် အချိန်ခွဲ၍ အောက်မှ တင်ပြလာသော အစီရင်ခံစာများကို ကြည့်ရှုပြီးနောက် ရိုးရှင်းသော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရုံသာ ရှိ၏။

တစ်ခုတည်းသော အခက်အခဲမှာ အရှင်မင်းကြီးက သူ့ကို အမြောက်အမြား ပေးအပ်ထားသော တင်ပြလွှာများကို စစ်ဆေးဖတ်ရှုရခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ပေမည့် ဤအလုပ်များကို သူ အစောကြီးတည်းက ကျင့်သားရနေပြီဖြစ်ရာ အချိန်များစွာ ပေးစရာ မလိုတော့ချေ။

သူက အားမနေနိုင်သော သူတစ်ဦးဖြစ်ရာ တင်ပြလွှာများကို စစ်ဆေးဖတ်ရှုပြီးနောက် သဘာဝကျကျ တစ်ခုခု လုပ်ရန် ရှာဖွေရမည် မဟုတ်ပါလား။

ဖန်ကျန်းရီ မရှိချိန်တွင် ရွှေတိုင်းပြည်သို့ သွားရောက် စုံစမ်းလိုစိတ် အကြိမ်အနည်းငယ် ဖြစ်ပေါ်ခဲ့ဖူးသော်လည်း အရှင်မင်းကြီး၏ အချိန်အတော်ကြာ အသုံးမပြုရသေးသော တုတ်ကြီးကို ပြန်လည်တွေးမိသောအခါ နောက်ဆုံးတွင်တော့ လက်လျှော့လိုက်ရ၏။

ယခုအချိန်တွင် သူက အရှေ့နန်းဆောင်၏ ဘေးဆောင်တစ်ခု အတွင်း၌ ရှိနေသည်။

ဤဘေးဆောင်ကို ရိုးရှင်းသော စက်ရုံတစ်ခုအဖြစ် အစောကြီးတည်းက ပြောင်းလဲတည်ဆောက်ထားခဲ့ပြီ ဖြစ်၏။

အခန်း၏ နံရံများအားလုံး ညစ်ပတ်နေပြီး စာအုပ်စင် နှစ်တန်းသာ ထားရှိကာ ၎င်းအပေါ်တွင် မူကြမ်းစာရွက် အပုံလိုက်ကြီးများ တင်ထားသည်။

မြေပြင်ပေါ်တွင်လည်း ပြန့်ကျဲနေသော ဒီဇိုင်းပုံစံတချို့ ရှိနေ၏။

အခန်းတစ်ခုလုံးတွင် အပို အလှဆင်ပစ္စည်းများ မရှိဘဲ အလယ်ဗဟို၌ စက်ဝိုင်းပုံစံ သံလမ်းတစ်ခုကို ထားရှိကာ ရေနွေးငွေ့များ ထွက်နေသော ရထားငယ်လေးတစ်စီးက သံလမ်းပေါ်တွင် ဂီး ဂီး ဟု မြည်သံများပေးလျက် ပြေးနေသည်။

လီယွမ်ကျောက်သည် ရထားငယ်လေးကို အာရုံစိုက်ကာ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေခဲ့၏။

မိုရှောင်ဟူကလည်း ဘေးတွင် ရထားငယ်လေးကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး ခဏမျှ လေ့လာပြီးနောက် ပြောလိုက်သည်။ "အရှင်မင်းသား... အရှင်မင်းသားပြုပြင်မွမ်းမံထားတဲ့ ဒီတတိယမြောက် ပုံစံက အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။"

လီယွမ်ကျောက်သည် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "အဲဒါကတော့ ကျုပ် ပြင်ထားတဲ့ ဒီရထားက ခင်ဗျား တို့ရဲ့ စစ်နတ်ဘုရား ဆိုတာထက် အများကြီး ပိုမြန်တာပဲ။ ခင်ဗျား ကြည့်လေ ... ဒီအပြင်ပန်းပုံစံက ပုဆိန်နဲ့ တူတယ်။ ရှောင်လဲ့ထျန်းရဲ့ နောက်ဆုံးထုတ် စာတမ်းမှာ ရေးထားတဲ့အတိုင်းဆိုရင် ဒါက လေတိုက်ခတ်မှု ကို ထိထိရောက်ရောက် လျှော့ချပေးတာလို့ ခေါ်တယ်။

ဒီတတိယမြောက် ပုံစံကို ကိုယ်တော်က 'မြန်ဆန်သောပုဆိန်' လို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။"

မိုရှောင်ဟူက လက်ခုပ်တီးလိုက်၏။ "ကောင်းတဲ့ နာမည်လေးပါ၊ အရှင်မင်းသားက တကယ်ကို အရည်အချင်းရှိပါတယ်။"

နောက်ထပ် ခဏမျှ ကြည့်ပြီးနောက် လီယွမ်ကျောက်က ခေါင်းမော့၍ မေးလိုက်သည်။ "ဒါက နောက်ဆုံးတော့လည်း ရိုးရှင်းတဲ့ ပုံစံပဲလေ၊ တကယ့် ရေနွေးငွေ့ရထားနဲ့ ယှဉ်လို့မရဘူး။ ပြီးခဲ့တဲ့အကြိမ် ကိုယ်တော် အသစ်ပြန်ဆွဲထားတဲ့ လေထုတ်ပြွန် ပုံစံကိုရော တပ်ဆင်ပြီးပြီလား။"

မိုရှောင်ဟူက ခေါင်းညိတ်လိုက်ပြီး လေးစားစွာဖြင့် ပြန်ဖြေလိုက်၏။ "အရှင်မင်းသားက တကယ်ကို ဉာဏ်ကောင်းပါတယ်။ အရှင်မင်းသား ပြီးခဲ့တဲ့အကြိမ်က အကြံပြုခဲ့တဲ့ လေပိုက်ဘားတွေ၊ လေပိုက်လိုင်း ပြုပြင်မွမ်းမံမှုတွေကို လူတွေကို တပ်ဆင်ခိုင်းပြီးပါပြီ။ ကျုပ်တို့ရဲံ စမ်းသပ်မှုအရ စွမ်းဆောင်ရည်က ဆယ်ရာခိုင်နှုန်းလောက် တက်လာတယ်၊ ဒါက တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုပါပဲ။

ကျုပ် ထင်တာတော့ သုံးနှစ်တောင် အချိန်မယူရဘဲ ရေနွေးငွေ့ရထားက တရားဝင် ပေါ်ထွက်လာနိုင်တော့မယ်။"

လီယွမ်ကျောက်၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည်ကို မရှောင်လွှဲနိုင်ချေ။

အစပိုင်းတွင် အရှေ့နန်းဆောင်အတွင်း၌ ပုံစံငယ်လေးများကိုသာ လေ့လာခဲ့သော်လည်း လေ့လာရင်း လေ့လာရင်းဖြင့် ဤပုံစံငယ်များက သူ၏ စိတ်ဝင်စားမှုကို မဖြည့်ဆည်းပေးနိုင်တော့ချေ။

တကယ့် ရထားများကို လေ့လာရန် ပြောင်းလဲခဲ့ပြီး ပုံမှန်အားဖြင့် အလုပ်မရှိချိန်တွင် မိုရှောင်ဟူကို ခေါ်ယူ၍ တိုင်ပင်ဆွေးနွေးရာ ယခုအခါတွင် အောင်မြင်မှု အချို့ ရရှိနေပြီဟု ဆိုနိုင်သည်။

"ကျုပ်ရဲ့ အရည်အချင်းက အရှေ့ပိုင်းဆင်ခြေဖုံး တက္ကသိုလ်ထဲမှာဆိုရင် ဘယ်လောက်လောက် ရှိမလဲ။"

မိုရှောင်ဟူသည် ခဏမျှ စဉ်းစားခန်းဝင်သွားပြီး ဖြေလိုက်၏။ "အရှင်မင်းသားမှာ ကောလိပ်ကျောင်းသား တစ်ယောက်ရဲ့ အရည်အချင်းရှိပါတယ်။"

"ဟားဟား ဟားဟား၊ ပြောတာကောင်းတယ်၊ ကျုပ်လည်း ကောလိပ်ကျောင်းသား တစ်ယောက်ပဲလေ။"

လီယွမ်ကျောက်သည် အားရပါးရ ရယ်မောပြီး ခေါင်းလှည့်ကာ နောက်တစ်ဖန် သက်ပြင်းချလိုက်သည်။ "နှမြောစရာပဲ ... ဖန်ကြီး မရှိဘူး။ မဟုတ်ရင် ကျုပ် သူ့ကို အကြီးအကျယ် ကြွားလိုက်အုံးမယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီရထားကြီး လမ်းပေါ် ပြေးနေရင် ကျုပ်ရဲ့ ကျေးဇူးတွေလည်း ပါတယ်ဆိုတာကိုပေါ့။"

သူ၏ စကားသံ အဆုံးတွင် တံခါးအပြင်ဘက်မှ မိန်းမစိုးတစ်ဦး၏ စိုးရိမ်တကြီး အသံ ထွက်ပေါ်လာခဲ့၏။

"အရှင်မင်းသား... အရှင်မင်းသား အထဲမှာ ရှိပါသလား။ မင်းသမီးစံအိမ်က အရေးပေါ် သတင်းပို့စရာ ရှိလို့ပါ။"

လီယွမ်ကျောက်သည် တံခါးပေါက်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ပုံမှန်အားဖြင့် သူ ပြုပြင်မွမ်းမံထားသော ဤအခန်းကို မည်သူ့ကိုမျှ အနားကပ်ခွင့် မပြုဘဲ တံခါးဝတွင်လည်း နန်းတွင်းသူများ စောင့်ကြပ်နေကြ၏။

ယခု ဘယ်လိုလုပ်ပြီး မင်းသမီးစံအိမ်မှ မိန်းမစိုးက ကျူးကျော်ဝင်ရောက်လာရသနည်း။

မိန်းမစိုး၏ အသံက တံခါးဝတွင် အကြိမ်ကြိမ် ထပ်ခါတလဲလဲ ထွက်ပေါ်နေဆဲဖြစ်ရာ လီယွမ်ကျောက်သည် တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်သွားလိုက်သည်။

အော်ဟစ်သံများက ချက်ချင်း ရပ်တန့်သွားပြီး လီယွမ်ကျောက်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဘာတွေအော်နေတာလဲ၊ ဘာတွေအော်နေတာလဲ။ မိုးကျလာလို့လား။"

"ကျုပ်ညီမက အိမ်ထောင်ကျပြီးတာ နှစ်ပေါင်းရှစ်ရာလောက် ရှိနေပြီ၊ ကျုပ်ကို ဘယ်တုန်းကမှ လာမရှာဘူး။ အခု ဟိုခွေးကောင် နိုင်ငံခြားကို ရောက်သွားမှ ကျုပ်ကို အစ်ကိုလို့ သတိရလာတာလား။"

သတင်းပို့သော မိန်းမစိုးက နဖူးပေါ်ရှိ ချွေးများကိုပင် ဂရုမစိုက်နိုင်ဘဲ စာအိတ်ကို အမြန် ကမ်းပေးလိုက်ပြီး အလောတကြီး ပြောလိုက်သည်။ "အရှင်မင်းသားမြန်မြန် ကြည့်ပါ။ မင်းသမီးက ဒီစာကို အရှင်မင်းသားဆီ အမြန်ဆုံး ပို့ပေးဖို့ အထပ်ထပ်အခါခါ မှာကြားလိုက်ပါတယ်။ ကျုပ် အရင်ပြန်ပြီး သတင်းပို့လိုက်အုံးမယ်။"

ပြောပြီးသည်နှင့် မိန်းမစိုးသည် အလောတကြီး ပြေးထွက်သွား၏။

လီယွမ်ကျောက်လည်း ဂရုမစိုက်တော့ဘဲ စာအိတ်ကို ဖောက်ကာ ကြည့်ရှုလိုက်သည်။

ဤတစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏မျက်နှာထားက ချက်ချင်း တောင့်တင်းသွားပြီး လက်များက သတိမထားမိဘဲ တုန်ယင်လာခဲ့၏။

စာတစ်စောင်လုံးကို ဖတ်ပြီးသွားချိန်တွင် သူသည် တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အကျယ်ကြီး ထဆဲကာ အနွေးဆောင်ဆီသို့ အားကုန် ပြေးသွားတော့သည်။

……

ရာသီဥတုက နေ့စဉ်နှင့်အမျှ အေးလာသဖြင့် အရှင်မင်းကြီး၏ ပုံမှန် ရုံးလုပ်ငန်းများကို အနွေးဆောင်တွင်သာ အမြဲတမ်း ပြုလုပ်လေ့ရှိ၏။

အနွေးဆောင်အတွင်း၌ မီးသွေးဖိုငယ် အချို့ကို ထားရှိသည်။

သက်ကြီးအမတ်အချို့က အရှင်မင်းကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး သစ်သီးဝလံနှင့် မုန့်ပဲသရေစာများ အစုံအလင် ရှိနေကာ ပတ်ဝန်းကျင် အခြေအနေက အတော်လေး ပေါ့ပါးနေ၏။

အရှင်မင်းကြီးသည် မုန့်ကိုစားရင်း အောက်မှလူများနှင့် စကားစမြည် ပြောဆိုနေခဲ့၏။

"မနေ့က သတင်းစာထဲမှာ ကျင်းယီဝေတပ်ဖွဲ့က နောက်ထပ် အမှုတစ်ခုကို စစ်ဆေးအရေးယူခဲ့တယ်လို့ ကိုယ်တော် မြင်လိုက်တယ်။ လက်ယာ စစ်ဆေးရေးအရာရှိချုပ် ဟွမ်တန်ရဲ့ သားက သူ့ရဲ့ အဆင့်အတန်းကို အသုံးချပြီး အရပ်သား မိန်းကလေးတစ်ယောက်ကို မယားငယ်အဖြစ် အတင်းအကျပ် သိမ်းပိုက်ခဲ့တယ်လို့ ဆိုတယ်။ ဟွမ်တန်က သွားပြီး အသနားခံတော့ သူပါ အဖမ်းခံလိုက်ရတယ်တဲ့၊ မင်းတို့အားလုံး ကြည့်ပြီးကြပြီလား။ အခု သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ မင်းတို့ သိထားတာ ရှိလား။"

လီယန်စုန့်က အရုပ်ဆိုးသော အပြုံးတစ်ခုကို ဖော်ပြလျက် ပြန်ဖြေလိုက်သည်။ "ဒီကိစ္စကို ကျွန်တော်မျိုး အနည်းငယ် သိထားပါတယ်။ ဟွမ်တန်က သားကို သေချာ မဆုံးမနိုင်ခဲ့တာကလွဲရင် အပြစ်မရှိပါဘူး။ လူတချို့က ကျွန်တော်မျိုးဆီ လာပြီး သူ့အတွက် အသနားခံပေးဖို့၊ ကျင်းယီဝေတပ်ဖွဲ့ကို လူလွှတ်ပေးခိုင်းဖို့ တောင်းဆိုကြပါတယ်။"

အရှင်မင်းကြီးက ပြုံးလျက် မေးလိုက်၏။ "ဒါဆို ဆရာလီက သူ့အတွက် အသနားခံပေးလိုက်လား။"

လီယန်စုန့်က ခေါင်းခါပြကာ မချိပြုံးပြုံးလျက် ဖြေလိုက်သည်။ "ကျင်းယီဝေတပ်ဖွဲ့ရဲ့ အလုပ်လုပ်ပုံကို ကျွန်တော်မျိုးလည်း မထိရဲပါဘူး၊ အမတ်မင်းဖန် ချန်ထားရစ်ခဲ့တဲ့ စည်းမျဉ်းတွေက တကယ်ကို တင်းကျပ်လွန်းပါတယ်။

လက်အောက်က တပ်မှူးတွေ၊ တပ်ကြပ်တွေကအစ စည်းမျဉ်းအတိုင်း အလုပ်မလုပ်ရင် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ခံရမှာပါ။ အရာရှိတွေ ပါဝင်ပတ်သက်နေတဲ့ အမှုဆိုရင် သတင်းထောက်တွေပါ လိုက်လံမှတ်တမ်းတင်နေတာမို့ တခြားသူတွေ အသနားခံပေးလို့လည်း အသုံးမဝင်ပါဘူး။

ဟွမ်တန်ရဲ့ ပြစ်မှုက ကျင်းယီဝေတပ်ဖွဲ့ရဲ့ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်မှုပါ။ အနီးစပ်ဆုံး တပ်ဖွဲ့ဌာနခွဲမှာ တစ်ရက် ဖမ်းဆီးထားပြီး ဒီနေ့တော့ အိမ်ပြန်ရောက်သွားပါပြီ။ သူ့ရဲ့သားကတော့ အာမခံကြေး ငွေတုံးတစ်ရာ ပေးဆောင်ရပြီး အဲဒီအထဲက ငွေတုံးရှစ်ဆယ်ကို အဲဒီ အရပ်သား မိန်းကလေးအတွက် ထောက်ပံ့ကြေးအဖြစ် ပေးလိုက်ပါတယ်။

ပြည်သူတွေအားလုံးက အရှင်မင်းကြီးက တိုင်းပြည်ကို ကောင်းစွာ အုပ်ချုပ်ဖို့ ကြိုးစားနေတယ်၊ အရာရှိတွေရဲ့ အုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲနေတယ်၊ အခု နိုင်ငံတော် အထက်အောက်က ရှင်းလင်းပြတ်သားနေပြီး အရာရှိတွေကလည်း အာဏာကို အသုံးချပြီး ပြည်သူတွေကို မနှိပ်စက်ရဲတော့ဘူးလို့ သတင်းမွှေးနေကြပါတယ်။"

အရှင်မင်းကြီးက အနည်းငယ် ပြုံးလိုက်ပြီး ချီးကျူးလိုက်၏။ "ကျန်းရီက ပုံမှန်ဆိုရင်တော့ စိတ်က နည်းနည်း လွတ်လပ်ပေါ့ပါးပေမဲ့ အရေးကြီးတဲ့ ကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ ကြုံလာရင်တော့ ယုံကြည်ရပါတယ်။

အရာရှိတွေ ပြစ်မှုကျူးလွန်တာကို သတင်းစာမှာ ဖော်ပြလိုက်ရင် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာမှာကို ကိုယ်တော် အစပိုင်းက စိုးရိမ်ခဲ့သေးတယ်။ အမှုတချို့ကို စစ်ဆေးအရေးယူပြီးတဲ့နောက် ပြည်သူတွေက တစ်ခဲနက် ချီးကျူးလာကြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။"

အရှင်မင်းကြီးက ပြောရင်း ကော်ထျန်းယန်ကို စောင်းကြည့်လိုက်သည်။ "တုန်းချန်အဖွဲ့ကလည်း ကျင်းယီဝေတပ်ဖွဲ့ ကို အတုယူပြီး ပြုပြင်မွမ်းမံမှုတွေ အများကြီး လုပ်သင့်တယ်။ တုန်းချန်အဖွဲ့က လူတွေက အလုပ်လုပ်တဲ့အခါ ရိုင်းစိုင်းကြမ်းတမ်းတယ်၊ စည်းကမ်းမရှိဘူးဆိုတာတွေကို ကိုယ်တော် ကြားရတာ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး။"

ကော်ထျန်းယန်သည် နေရခက်သော အမူအရာတစ်ခုကို ဖော်ပြလိုက်ပြီး စိတ်ထဲတွင် လှိုင်းဂယက်မထဘဲ ပြောလိုက်၏။ "အရှင်မင်းကြီး... ဒါတွေအကုန်လုံးက ကျွန်တော်မျိုးရဲ့ အပြစ်ပါ။ ကျွန်တော်မျိုး လူတွေကို ချက်ချင်း ပြောင်းလဲဖို့ စီစဉ်လိုက်ပါ့မယ်။"

"မင်း ဘယ်လို ပြောင်းလဲဖို့ ပြင်ဆင်ထားလဲ။"

" ... ကျွန်တော်မျိုး ပြန်သွားပြီး သေချာ စဉ်းစားပါဦးမယ်၊ ကျင်းယီဝေတပ်ဖွဲ့က စွမ်းဆောင်ရည်ရှိတဲ့ လူတချို့ဆီကနေ သင်ယူပါ့မယ်။" ကော်ထျန်းယန်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး ငိုသံပင် ထွက်မတတ် ဖြစ်သွားခဲ့သည်။

အဘယ်ကြောင့် တစ်ခွန်း ပိုမေးလိုက်ရသနည်း၊ ပုံမှန်ဆိုလျှင် ဆက်မမေးတော့ဘူး မဟုတ်လား။

လက်အောက်က မြေးမိုက်တွေကို ခဏလောက် အသာလေး နေခိုင်းလိုက်ရင် ရပြီကို၊ အခု တကယ်ပဲ ကျင်းယီဝေ တပ်ဖွဲ့ဆီက သင်ယူရတော့မှာလား။

"ဟွန်း။"

အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လာ၏။ "မင်းက ကိုယ်တော့်ကို လှည့်စားနေတာပဲ။ အဆင်သင့်ရှိနေတဲ့ ဥပမာက မျက်စိရှေ့မှာ ရှိနေတာကိုတောင် ပြန်သွားပြီး စဉ်းစားချင်နေသေးတယ်။

ကျင်းယီဝေတပ်ဖွဲ့က အလုပ်လုပ်ရင် စည်းမျဉ်းဥပဒေတွေကို လိုက်နာတယ်၊ အချက်အလက်တွေက ခိုင်လုံမှုရှိတယ်။ လူဖမ်းပြီး အမှုစစ်တာကအစ ကြွေးကြော်သံ တစ်စုံကို အော်ဟစ်ရသေးတယ်၊ အဲဒါကို ဟန်ပြသတ်သတ်လို့ မင်း မထင်နဲ့နော်၊ အဲဒီ ကြွေးကြော်သံက ... "

All Chapters