← Chapters

အခန်း ၈၀၃

Vol. 42 Ch. 803

အခန်း ၈၀၃

Vol. 42 Ch. 803

အပိုင်း (၈၀၃) တစ်မြို့လုံးကို ထိန်းချုပ်မည့် မဟာအစီအစဉ်ကြီး။

အာလီပိုင်သည် ထိုစကားကို ပြောပြီးနောက် ခန္ဓာကိုယ်ရှိ အရိုးများ အကုန်လုံး ဆွဲထုတ်ခံလိုက်ရသည့်အလား ရိုရိုကျိုးကျိုးဖြင့် နေရာတွင်ပင် ရပ်နေခဲ့၏။

တခြားအရာများကို ပြောနေရန်ပင် မလိုတော့ချေ။ ဘေးနားတွင် ကျန်းပြောင်နှင့် ကျိုးထျဲ့တို့ နှစ်ဦးက ကျားတစ်ကောင်လို စောင့်ကြည့်နေကြရာ လုံးဝ ပြန်လည် ခုခံနိုင်စရာ အကြောင်းမရှိတော့ပေ။

ဖန်ကျန်းရီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်ရှိ အမူအရာမှာ နွေဦးရာသီ ကဲ့သို့ ပြန်လည် နွေးထွေးလာခဲ့သည်။

အာလီပိုင်သည် အခြေအနေကို နားလည်သူ ဖြစ်၏။ ယခုအခါတွင် သူ၏အတွက် တခြား ရွေးချယ်စရာ လမ်းမရှိတော့ချေ။

အကယ်၍များ တစ်ဖက်လူများ တဇောက်ကန်း လုပ်ချင်ရာလုပ်မည်ဆိုလျှင် သူ မည်သို့ ဖြေရှင်းရမည်ကို တကယ်ပင် မသိနိုင်တော့ပေ။

"အဲဒီလိုမှပေါ့ တပည့်လေး။ မင်း ကြောက်နေစရာ မလိုဘူး။ လေးကြိုးကို ဆွဲပြီးရင် ပြန်လှည့်လာတဲ့ မြှားဆိုတာ မရှိဘူးလေ။ အခု မင်းရဲ့ တစ်ခုတည်းသော တာဝန်က ပစ်မှတ်ကို အတိအကျ မှန်အောင် ပစ်ဖို့ပဲ။ ဆရာက မင်းကို ကူညီပေးမှာမို့ ဒီလို ကိစ္စသေးသေးလေးတွေက အရမ်း လွယ်ကူတယ်လို့ ပြောလို့ရတယ်။

မင်းက ကျန်းပြောင်၊ ကျိုးထျဲ့တို့နဲ့ အတူ အပြင်ကို အရင်ထွက်သွားလိုက်။ ပြီးတာနဲ့ မင်းရဲ့ စစ်သားတွေကို စစ်သူကြီး အိမ်တော်ကို လုံခြုံနေအောင် စောင့်ရှောက်ထားဖို့ ချက်ချင်း အမိန့်ပေးလိုက်။ ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် မရှိဘူး ... အမိန့် ဖီဆန်တဲ့သူကို ခေါင်းဖြတ်သတ်။ ပြီးတာနဲ့ ငါ့ဆီကို ချက်ချင်း ပြန်လာခဲ့ ... ဆရာ ဒီနေရာကနေ မင်းကို စောင့်နေမယ်။"

အာလီပိုင်သည် သဘောတူစကား မဆိုရသေးမီမှာပင် ကျန်းပြောင်နှင့် ကျိုးထျဲ့တို့က ရှေ့သို့တက်လာကာ မည်သည့်စကားမျှ မဆိုဘဲ သူ့ကို အတင်းအဓမ္မ ခေါ်ဆောင်သွားကြတော့၏။

သူ ပြန်လည် ရောက်ရှိလာချိန်မှာတော့ နဖူးပေါ်တွင် ချွေးများ အနည်းငယ် ထွက်နေခဲ့ပြီး တုန်ရီသော လေသံဖြင့် မေးလိုက်သည်။ "ဆရာ ... အကုန်လုံး စီစဉ်ပြီးသွားပါပြီ။ ဒါဆို ကျုပ် ဆက်ပြီး ဘာလုပ်ရမလဲ။ "

ဖန်ကျန်းရီသည် ရှေ့သို့တက်ကာ သူ၏ ပခုံးကို ရင်းနှီးစွာ ဖက်လိုက်ပြီး ပြောလိုက်၏။ "ကောင်းတယ် ... မေးတာ အတော်ပဲ။ ဒီလို ကြီးမားတဲ့ ကိစ္စကြီးကို ကြုံတွေ့ပြီးတဲ့ နောက်မှာတောင် ပထမဆုံး အချိန်အတွင်းမှာပဲ သတိပြန်ဝင်လာပြီး ဘယ်လို လှုပ်ရှားရမလဲ ဆိုတာကို တွေးတောနိုင်တာကို ကြည့်ခြင်းအားဖြင့် မင်းရဲ့ စိတ်နှလုံး ခိုင်မာမှုကို မြင်တွေ့နိုင်တယ်။

တပည့်လေး ... တခြားအရာတွေကို အရင် မပြောနဲ့အုံး ... မင်းရဲ့ ဒီစိတ်နှလုံး ခိုင်မာမှုမျိုးကို ဧကရာဇ် တော်တော်များများကတောင် မှီနိုင်ဖို့ ခက်ခဲလှတယ်။ နောင်တစ်ချိန်ကျရင် မင်းက သေချာပေါက် ဧကရာဇ်ကောင်း တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဆရာ ယုံကြည်တယ်။

မင်းရဲ့ ဦးဆောင်မှုအောက်မှာ ရွှေတိုင်းပြည်ကလည်း ကျုပ်တို့ တာ့ကျင်းနဲ့ အတူတကွ တဟုန်ထိုး တိုးတက်လာမှာ သေချာတယ်။"

ဤရင်းနှီးနေသော ဟန်ပန်ကြောင့် အာလီပိုင်၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ သာယာ ကြည်နူးမှု အနည်းငယ် ထွက်ပေါ်လာခဲ့ပြီးနောက် ... ငိုရသည်ထက်ပင် ပို၍ ကြည့်ရဆိုးသော မျက်နှာပေးတစ်ခုကို အတင်း လုပ်ပြလိုက်၏။ "ဆရာ ... အဓိက ကိစ္စကိုသာ ပြောပါတော့။ အခု ကျုပ် ခံစားနေရတာ သိပ်မကောင်းဘူး။ ဆက်ပြီး အချိန်ဆွဲနေရင် တစ်ယောက်ယောက် ဒီကို ရောက်လာပြီး ပြဿနာ တက်သွားမှာ စိုးရိမ်ရတယ်။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "တကယ်လို့ မင်းက ပြဿနာ တက်လာမယ်လို့ အမြဲတမ်း တွေးနေရင် ပြဿနာ မတက်သင့်ဘဲနဲ့ ပြဿနာ တက်လာလိမ့်မယ်။ တကယ်လို့ မင်းက အဲဒီလို မတွေးဘူး ဆိုရင် ပြဿနာ တက်လာမှာ မဟုတ်ဘူး။"

"..."

ဖန်ကျန်းရီသည် ဆက်လက်၍ လေလုံးထွားနေခဲ့၏။ "ဒါက ဂမ္ဘီရပညာ မဟုတ်ဘူး ... ဆရာ အသက်ဆယ့်ရှစ်နှစ် အရွယ်တုန်းက သဘောပေါက် နားလည်ခဲ့တဲ့ အရာလေ။ အဲဒါကို 'ဖန်ကျန်းရီ နိယာမ' လို့ မင်း ခေါ်နိုင်တယ်။ မင်းက အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ လောလေလေ ... လက်လွတ်စပယ် ဖြစ်သွားဖို့ ပိုလွယ်လေလေပဲ။ ကိစ္စတွေက မင်း စိတ်ထဲမှာ တွေးနေတဲ့ အတိုင်း ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ မင်းရဲ့ အရှိန်အဟုန်ကို ချိုးဖျက်ပြီး ဆရာ့နောက်ကို လိုက်ရမယ်။ ဆရာ ပြောမယ့် စကားတွေကို သေသေချာချာ နားထောင်ပြီးရင် ကိစ္စတွေကို စနစ်တကျ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို မင်း သိသွားလိမ့်မယ်။ မဟုတ်ရင် ကိုယ့်ဖိနပ် ကိုယ်ပြန်နင်းမိသလို ဖြစ်သွားလိမ့်မယ် ... သဘောပေါက်ပြီလား။ "

'ဖန်ကျန်းရီ နိယာမ' ဟူသည်မှာ အနောက်တိုင်း သမိုင်းတုများကို ဖန်တီးသည့် လုပ်ငန်းစဉ်တွင် အရှေ့တိုင်း၏ ယဉ်ကျေးမှုကို နောက်တစ်ကြိမ် ခိုးယူသွားခဲ့ပြန်ခြင်း ဖြစ်သည်။

အာလီပိုင်သည် ကြောင်တောင်တောင် မျက်နှာပေးဖြင့် ပြန်ဖြေ၏။ "သဘော ... သဘောပေါက်ပါပြီ။ ဆရာ ပြောပြပါ။"

ဖန်ကျန်းရီသည် သူ၏ အမူအရာကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ "အရေးအကြီးဆုံးကိစ္စက စစ်သူကြီး အိမ်တော်ကို ထိန်းချုပ်ဖို့ပဲ။ စစ်သူကြီး အိမ်တော်မှာ စစ်သားတွေ သိပ်မရှိဘူး ဆိုပေမဲ့ အစေခံတွေနဲ့ ကျွန်တွေ အများကြီး ရှိသေးတယ်။ ဒီလူတွေက ဘာမှ မလုပ်နိုင်ဘူး ဆိုပေမဲ့ တိတ်ဆိတ်တဲ့ အန္တရာယ်တစ်ခု ဖြစ်နေမှာပဲ။ နောက်ကျရင် မင်းက စစ်သားတစ်ချို့ကို ထပ်ခေါ်လာပြီး ဒီလူတွေကို ထောင်ထဲ အရင် ထည့်ထားလိုက် ... ပြီးတာနဲ့ မင်းလူတွေကို ခေါ်ပြီး ဒီအိမ်တော်ကို ပစ္စည်းသိမ်းချေ။

အီရှီပူက ဝူထူနဲ့အတူ တစ်သက်လုံး စစ်မြေပြင်မှာ နေလာခဲ့တာ ဆိုတော့ စုဆောင်းထားတဲ့ ဥစ္စာဓနတွေ အများကြီး ရှိနေမှာ သေချာတယ်။ မင်းက ဒီငွေတွေကို ရသွားပြီ ဆိုတာနဲ့ ဖန်ထိုက်မြို့မှာရှိတဲ့ စစ်တပ်တွေ အကုန်လုံးကို သွားရောက် ထိန်းချုပ်လိုက် ... အဲဒီအခါကျရင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရသွားပြီမို့ ဘာ အချုပ်အနှောင်မှ မရှိတော့ဘူး။"

အာလီပိုင်သည် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ "စစ်သူကြီး အိမ်တော်ကို ပစ္စည်းသိမ်းပြီး ဖန်ထိုက်မြို့မှာရှိတဲ့ စစ်တပ်တွေ အကုန်လုံးကို ထိန်းချုပ်ရမယ် ဟုတ်လား။"

ဤစကားလုံးများသည် ဖန်ကျန်းရီ၏ ပါးစပ်မှနေ၍ ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း ... အာလီပိုင်၏ နားထဲသို့ ရောက်ရှိသွားချိန်မှာတော့ ပြင်းထန်သော ဗုံးကြီးများ တစ်လုံးပြီးတစ်လုံး ကျရောက်လာသည့်အလား ဖြစ်နေခဲ့သည်။

သေအောင် ရိုက်မည် ဆိုလျှင်တောင်မှ သူသည် ဤမျှလောက် ကြီးမားသော ကိစ္စကြီးကို လုပ်ရဲလိမ့်မည်ဟု စိတ်ကူးကြည့်၍ပင် ရမည် မဟုတ်ပေ။

မူလက သူသည် တခြားသူများကို ပြသရန် အောင်မြင်မှု သေးသေးလေး တစ်ခုလောက်ကိုသာ ရယူလိုခဲ့ခြင်း ဖြစ်၏ ... ယခုအခါတွင်တော့ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်နေရချေပြီ။

"ကျုပ် ... ကျုပ် တကယ် လုပ်နိုင်ပါ့မလား။ "

ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။ "ဒါက အရမ်း လွယ်ကူတယ်။ မကြာသေးခင်က မင်းရဲ့ လေ့ကျင့်မှုတွေက စစ်တပ်ထဲမှာ ကောင်းမွန်တဲ့ နာမည်ကောင်း တစ်ခုကို တည်ဆောက်ထားပြီးပြီလေ။ မင်းလက်အောက်က စစ်သားတွေတင် မကဘဲ တခြား စစ်တပ်တွေထဲက စစ်သားတွေကပါ မင်းရဲ့ လူတွေကို အလွန်အမင်း အားကျနေကြတယ်လို့ ကျိုးထျဲ့က ငါ့ကို သတင်းပို့ထားတယ်။ အခြေခံအုတ်မြစ်ကို ဆရာက မင်းအတွက် စောစောစီးစီး ချထားပေးပြီးသားပါ။

ကျန်နေသေးတာက တရားဝင် ဖြစ်သွားဖို့ပဲ။ အီရှီပူ သေသွားပြီ ဆိုတော့ သူရဲ့ တံဆိပ်တုံးနဲ့ စစ်တပ် အမိန့်ပေး တံဆိပ်ပြားက စစ်သူကြီး အိမ်တော်ထဲမှာ ရှိနေမှာ သေချာတယ်။ တံဆိပ်တုံးကို ရှာဖွေပြီး စစ်တပ် အမိန့်စာတု ထုတ်၊ စစ်တပ် တစ်ခုလုံးကို လွှဲပြောင်းရယူလိုက်။ ဒါပေမဲ့ ကိစ္စတွေက ဒီလောက်အထိတော့ မရိုးရှင်းသေးဘူးလေ ... စစ်တပ်ထဲမှာ သူရဲ့ လူယုံတွေ သေချာပေါက် ရှိနေမှာမို့ မင်းကို အလွယ်တကူ ယုံကြည်ကြမှာ မဟုတ်ဘူး။ မင်းက အီရှီပူရဲ့ အလောင်းကို သယ်ပြီး စစ်တပ်ထဲ သွားရလိမ့်မယ်။

စစ်တပ် တစ်ခုလုံးရဲ့ ရှေ့မှာ သူက မျှော်လင့်မထားတဲ့ အန္တရာယ်တစ်ခုနဲ့ ကြုံပြီး ရုတ်တရက် သေဆုံးသွားတာ ဖြစ်ကြောင်း၊ မသေခင်လေးမှာ စစ်တပ်ကြီးကို မင်းထံ အပ်နှံခဲ့ကြောင်း ပြောလိုက်။ အဲဒီအချိန်ကျရင် မင်းက ငိုပြရမယ့် သရုပ်ဆောင်မှု တစ်ခု လုပ်ရအုံးမယ် ... ဒါကို ဆရာ မင်းကို သင်ပေးမယ်။

ဘယ်သူမှ သတိမဝင်လာသေးခင် အချိန်လေးမှာ မင်းက စစ်တပ် အမိန့်တစ်ခုကို အရင် ထုတ်လိုက် ... တပ်မှူးတွေ အကုန်လုံးကို စစ်တပ်ထဲမှာပဲ အသင့်နေခိုင်းပြီး စစ်စည်းကမ်းကို ထိန်းသိမ်း၊ ဖရိုဖရဲ မဖြစ်စေနဲ့။ အရေးကြီးအချိန်ဖြစ်တဲ့အတွက် ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ စစ်တပ်ကနေ ထွက်ခွာခွင့် မရှိဘူး၊ အမိန့် ဖီဆန်တဲ့သူကို သတ်မယ်လို့ အမိန့်ထုတ်။ နောက်ဆုံးကျမှ စစ်သူကြီး အိမ်တော်ထဲကနေ သိမ်းဆည်းရမိတဲ့ ငွေတွေကို သုံးပြီး စစ်သားတွေ အကုန်လုံးရဲ့ လစာကို တိုးပေးလိုက်။

ဒီအဆင့်အထိ ရောက်ရင်တောင်မှ အမှန်တရားကို ရှာဖွေဖို့ အပြင်ထွက်ချင်နေမဲ့သူတွေ သေချာပေါက် ရှိနေအုံးမယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ သူတွေ အကုန်လုံးက ဒီမှာ သေကုန်ကြပြီလေ။ အာဏာဟာလာဟင်းလင်း ဖြစ်သွားတဲ့ အချိန်မှာ မင်းက သဘာဝကျကျ အမြင့်ဆုံး နေရာကို ရယူထားပြီးသား ဖြစ်နေလိမ့်မယ်။

သူတို့တွေ သတိဝင်လာတဲ့ အချိန်ကျရင် ငါတို့တွေက ခြေကုပ် မြဲနေလောက်ပြီမို့ တစ်ယောက်ချင်းစီကို အေးအေးဆေးဆေး နှိမ်နင်းလိုက်လို့ ရတယ်။ အဲဒီအခါကျရင် စစ်တပ်ကြီးက မင်းရဲ့ လက်ဝါးထဲကို အခြေခံအားဖြင့် ရောက်နေပါပြီ။ "

အာလီပိုင်သည် စကားလုံး တစ်လုံးချင်းစီကို သေသေချာချာ ချိန်ဆ စဉ်းစားနေခဲ့ပြီး နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ ပြောလိုက်၏။ "မှန်တယ် ... မှန်တာပေါ့။ အဲဒီလိုကိုး ... တကယ်လို့ ကျုပ်ကသာ စစ်တပ်ကို ထိန်းချုပ်လိုက်နိုင်ပြီ ဆိုရင် တစ်မြို့လုံးကို ထိန်းချုပ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ပါလား။ "

သူသည် တကယ်ကိုပဲ ဖန်ထိုက်မြို့ကို အုပ်စိုးနိုင်မည့် အခွင့်အရေး ရရှိနေပြီလား။

ဤတစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အချိန်ကို တွေးမိချိန်မှာတော့ အာလီပိုင်၏ ကြောက်ရွံ့မှုများမှာ များစွာ ပျောက်ကွယ်သွားခဲ့ပြီး ... ယခင်က တစ်ခါမှ မခံစားဖူးသော ခံစားချက် တစ်မျိုးသည် သူ၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သည်။

ဩဇာအာဏာ ... ဤအရာကို သူသည် တကယ်တမ်း တစ်ခါမှ အစစ်အမှန် မထိတွေ့ဖူးခဲ့ချေ။

ဖန်ကျန်းရီက နောက်ကွယ်မှနေ၍ ညွှန်ကြားနေခြင်း ဖြစ်သည် ဆိုလျှင်တောင်မှ ... စစ်တပ်ကြီးက သူ၏ လက်ထဲတွင် အစစ်အမှန် တည်ရှိနေမည် မဟုတ်ပါလား။

အကယ်၍ တာ့ကျင်းသာ စစ်နိုင်ခဲ့မည် ဆိုလျှင် ဖန်ကျန်းရီ၏ အစီအစဉ်အတိုင်း ဆက်သွားရုံသာ ရှိတော့သည်။ မည်သို့ပင်ဆိုစေကာမူ တခြား နည်းလမ်းလည်း မရှိတော့ချေ။

အကယ်၍ ခမည်းတော်သာ စစ်နိုင်ပြီး ပြန်လာခဲ့မည် ဆိုလျှင် ... ဤအောက်တန်းကျသော ကိစ္စရပ်များ အားလုံးကို ဆင်ခြေတစ်ခုရှာပြီး ဖန်ကျန်းရီ၏ ခေါင်းပေါ်သို့ ပုံချလိုက်မည်။ နောက်ဆုံးတွင် သိရှိသူများ အားလုံးကို သတ်ပစ်လိုက်လို့ ရနေသည်။

တစ်ဖက်လူ စတင် နစ်မြုပ်နေပြီ ဖြစ်ကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီက ခေါင်းခါရင်း ပြောလိုက်၏။ "ဒါက တစ်မြို့လုံးကို ထိန်းချုပ်လိုက်နိုင်တာ မဟုတ်သေးဘူး ... စစ်တပ်ကို ထိန်းချုပ်လိုက်နိုင်တာလောက်ပဲ သတ်မှတ်လို့ရပြီး မင်းက တစ်ဝက်လောက်ပဲ အောင်မြင်သေးတာ။

တပည့်လေး ... မင်းက ဩဇာအာဏာရဲ့ ဖြားယောင်းမှုကို အရမ်း အထင်သေးလွန်းနေပြီ။ ဒီမြို့ထဲမှာ အာဏာကြီးမားတဲ့သူတွေ အကုန်လုံးက ဒီမှာ သေကုန်ကြပြီ ဆိုပေမဲ့ တခြား မှူးမတ်ငယ်တွေနဲ့ အရာရှိတွေက ရှိနေသေးတယ်လေ။ သူတို့တွေက မင်းနဲ့ ငါ့ရဲ့ အပေါ်ကို တစ်နေ့မဟုတ် တစ်နေ့ စုံစမ်းသိရှိသွားကြမှာ သေချာပြီး နောက်ဆုံးကျရင် အကျိုးအမြတ် တစ်ချို့ကို ခွဲဝေယူဖို့ ပြဿနာ လာရှာကြလိမ့်မယ်။ "

အာလီပိုင်က လွတ်ခနဲ ပြောလိုက်၏။ "ကျုပ် လက်ထဲမှာ စစ်သားတွေ ရှိနေတာပဲ။ သူတို့ကို ကြောက်နေရအုံးမှာလား။ "

ထိုမြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိ၏။

ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိ၏။ ‘ဇာတ်ဝင်သွားပြီ။ ကိုယ်တိုင် အထက်ကို တက်လှမ်းဖို့ စတင် ကြိုးစားလာပြီဆိုတော့ အတော်ပဲ။’

"မှန်တယ်။ မင်းလက်ထဲမှာ စစ်သားတွေ ရှိနေတာက တကယ့်ကို ဖဲချပ်ကောင်း တစ်ချပ်ပါပဲ ... ဒါပေမဲ့ ဒီဖဲချပ်ကို လောလောဆယ် ထုတ်ကစားလို့ မရသေးဘူး။ အခြေခံအုတ်မြစ် မခိုင်မာသေးတဲ့အတွက် မင်းက စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို အားပြုပြီး မျှတအောင် ထိန်းသိမ်းထားရမယ်။ သူတို့ကို အလွယ်တကူ မလှုပ်ရှားရဲအောင် လုပ်ရမယ်။

အချိန်က အရမ်း တိုတောင်းလွန်းတော့ အီရှီပူရဲ့ ကျန်ရစ်တဲ့ လက်အောက်ငယ်သားတွေကို မင်း အကုန်လုံး လဲလှယ်ပစ်လို့ မရနိုင်သေးဘူး။ မင်းက စစ်သားတွေကို ခေါ်ပြီး တခြား အရာရှိတွေကို သွားတိုက်မယ် ဆိုရင် အကျိုးဆက်ကို ခန့်မှန်းလို့ မရနိုင်ဘူးလေ ... တကယ်လို့များ တစ်ကြိမ်လောက် ကျရှုံးသွားခဲ့ရင် မင်းနဲ့ ဆရာက မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေဆုံးသွားကြလိမ့်မယ်။ "

အာလီပိုင်က အလျင်စလို မေးလိုက်၏။ "ဒါဆို ကျုပ် ဘယ်လို လုပ်ရမလဲ။ "

"ဒီ ဒုတိယ အဆင့်ကမှ မင်း တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် အဓိက သော့ချက်ပဲ ... စကားလုံး အနည်းငယ်ပဲ ရှိတယ် ... ပြည်သူ့ မေတ္တာကို ရယူဖို့ပဲ။"

All Chapters