← Chapters

အခန်း ၈၀၄

Vol. 42 Ch. 804

အခန်း ၈၀၄

Vol. 42 Ch. 804

အပိုင်း (၈၀၄) ကောက်ကျစ်ဆိုးရွားသော ဆရာဖန်။

ပြည်သူတို့၏ မေတ္တာကို ရယူမည် ဟုတ်လား။ ဤကဲ့သို့သော အတွေ့အကြုံမျိုး ဆိုလျှင် သူ့ထံ၌ ပို၍ပင် မရှိတော့ချေ။ ဆရာ၏ အစီအစဉ်ကိုသာ ဆက်လက် နာခံရဦးမည် မဟုတ်ပါလား။ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ဘာတစ်ခုမျှ မဟုတ်သေးကြောင်း ခံစားလိုက်ရပြီး အာလီပိုင်၏ ရင်ထဲတွင် အားငယ်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့၏။ “ဘယ်လိုလုပ်ပြီး ရယူရမှာလဲ။”

ဖန်ကျန်းရီသည် လက်ကို နောက်ပစ်ကာ လှမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ရှိ ရုပ်အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ဒီလောကကြီးမှာ ထိခိုက်ဖို့ အခက်ခဲဆုံးသော အရာနှစ်ခု ရှိတယ်။”

အာလီပိုင်က မေးလိုက်၏။ “ဘာများလဲ။”

ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “အထက်တန်းစားတွေရဲ့ အကျိုးအမြတ်နဲ့ အောက်ခြေလူတန်းစားတွေရဲ့ အယူအဆပဲ။ ဒါပေမဲ့ မင်းက အဲဒီနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ထိခိုက်စေမယ် ဆိုရင် ခိုင်မာတောင့်တင်းလှပါတယ်ဆိုတဲ့ အရာတွေကလည်း လွယ်ကူသွားလိမ့်မယ်။”

ဖန်ကျန်းရီသည် ဖြည်းညင်းစွာဖြင့် ဆက်ပြော၏။ “အထက်တန်းစားတွေရဲ့ အကျိုးအမြတ်ကို ထိခိုက်လို့ မရဘူး ဆိုရင် သူတို့ရဲ့ အသက်ကိုသာ ယူလိုက်။ အောက်ခြေလူတန်းစားတွေရဲ့ အယူအဆကို ပြောင်းလဲလို့ မရဘူး ဆိုရင် အထက်တန်းစားတွေရဲ့ အကျိုးအမြတ်ကိုသုံးပြီး သူတို့ကို ဝယ်ယူလိုက်။

အခု မင်းက တစ်ဝက်လောက် အောင်မြင်နေပါပြီ။ သေဆုံးသွားတဲ့ ဒီအမတ်တွေရဲ့ အိမ်တွေကို မင်းက ဝင်ရောက် ပစ္စည်းသိမ်းနိုင်တယ်။ လှုပ်ရှားချင်နေတဲ့ အရာရှိငယ်လေးတွေကိုလည်း ဝယ်ယူလိုက်လို့ ရတယ်။ ဝယ်လို့မရဘူး၊ ဒါမှမဟုတ် တောင်းဆိုတာ များလွန်းနေရင် အင်အားသုံးပြီး ခြိမ်းခြောက်လိုက်။

သာမန်ပြည်သူတွေကို ဘယ်လို ဝယ်ယူရမလဲ ဆိုတာကတော့ နည်းပညာကျတဲ့ အလုပ်တစ်ခုပဲ။ ဒါပေမဲ့ အဲဒါက ဆရာ အကျွမ်းကျင်ဆုံးသော နယ်ပယ်တစ်ခု ဖြစ်နေတယ်။”

ဖန်ကျန်းရီ အကျွမ်းကျင်ဆုံးသော နယ်ပယ် ဟုတ်လား။ ဆရာ ကိုယ်တိုင် ကျွမ်းကျင်သော နယ်ပယ်အကြောင်းကို ပြောပြသည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ အာလီပိုင်သည် အံ့အားသင့် ချီးကျူးစွာဖြင့် ပြောလိုက်သည်။ “ဆရာ ... လမ်းညွှန်ပြသပေးပါ။”

ဖန်ကျန်းရီက တိုက်ရိုက်မရှင်းပြဘဲ ပြန်မေးလိုက်၏။ “တကယ်လို့ မင်းသာဆိုရင် ဘယ်လို လုပ်မလဲ။”

အာလီပိုင်က ဖြေလိုက်သည်။ “ပြည်သူတွေကို ငွေတွေ ဝေပေးလိုက်မယ်လေ။”

ဖန်ကျန်းရီသည် ခေါင်းလှည့်ကာ ကျန်းပြောင်ကို ကြည့်လိုက်၏။ “မှားတယ်။ မှားတယ်၊ လုံးဝကို မှားနေတယ်။ လုံးဝကို မှားနေတာပဲ။ ဒီအချက်ကိုတော့ ကျန်းပြောင်တောင်မှ မင်းထက် အများကြီး ပိုပြီး နားလည်သေးတယ်။ ကျန်းပြောင် ... သူ့ကို ဘယ်လို လုပ်ရမလဲ ဆိုတာ ပြောပြလိုက်စမ်းပါ။”

ကျန်းပြောင်သည် ခေါင်းကိုစောင်းကာ ခတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “အိမ်သာ ဆောက်ပေးမလို့လား။”

ဖန်ကျန်းရီက ပြောလိုက်သည်။ “တော်တော့။ တော်တော့။ မင်း ဆက်ပြီး စကားမပြောနဲ့တော့။”

ဤတုံးအလှသော ကောင် …. သူ၏ ဘေးနားတွင် နှစ်ပေါင်းများစွာ လိုက်ပါနေထိုင်လာခဲ့သည်တောင်မှ ရန်ဖြစ် တိုက်ခိုက်ခြင်းမှလွဲ၍ တခြားသော နယ်ပယ်များတွင် နည်းနည်းလေးမျှ တိုးတက်လာခြင်း မရှိချေ။ သူ၏ ဉာဏ်ပညာ အရောင်အဝါများသည် ဤကောင်၏ အပေါ်သို့ နည်းနည်းလေးမျှ ကူးစက်မသွားခဲ့သည်မှာ သေချာလှ၏။

ချီးတဲ့မှ။

ဖန်ကျန်းရီသည် ဒေါသကြောင့် အသက်ရှူပြင်းသွားပြီး စိတ်ကို အတော်လေး တည်ငြိမ်အောင် ထိန်းချုပ်ပြီးမှသာ ပြောလိုက်သည်။ “မင်း လူတစ်ယောက်ကို သဘောကျစေချင်တယ် ဆိုရင် အရေးအကြီးဆုံးက ဆန့်ကျင်ဘက် အခြေအနေကို ဖန်တီးပြီး ကြီးမားတဲ့ အံ့သြဝမ်းသာမှုနဲ့ မျှော်မှန်းထားတာထက် သာလွန်တဲ့ လုပ်ရပ်မျိုးကို ပြသနိုင်ဖို့ပဲ။ အဲဒီလိုမှသာ မင်းက ပြည်သူတွေရဲ့ မေတ္တာကို ရရှိနိုင်လိမ့်မယ်။

ရောက်ရောက်ချင်း ပြည်သူတွေကို ငွေတွေ ဝေပေးမယ် ဆိုတဲ့ ဖန်တီးမှုမရှိတဲ့ အတွေးမျိုးကို လူတိုင်း တွေးမိနိုင်တာပေါ့။ တွေးမိနိုင်တာပေါ့။

ဒါကြောင့် ထူးခြားချင်တယ် ဆိုရင် ပြောင်းပြန် လုပ်ရမယ်။ ငွေတွေ မဝေပေးနိုင်တဲ့အပြင် သူတို့ကို ဖိနှိပ်ပစ်ရလိမ့်မယ်။ ဖိနှိပ်ပစ်ရလိမ့်မယ်။ အသက်ရှူမဝတော့တဲ့ အထိ၊ ဆင်းရဲဒုက္ခ ရောက်လွန်းလို့ မပြောပြနိုင်တော့တဲ့ အထိ ဖိနှိပ်ပစ်ရမယ်။ ဖိနှိပ်ပစ်ရမယ်။ ပထမဦးဆုံး မင်းက လက်ထဲမှာရှိတဲ့ ငွေတွေကို သုံးပြီး ဈေးကွက်ထဲက စားနပ်ရိက္ခာတွေကို အမြောက်အမြား ဝယ်ယူ၊ မြို့တွင်း ဈေးကွက်ကို ထိန်းချုပ်ပြီး ကုန်ဈေးနှုန်းကို ဆွဲတင်လိုက်။

ဒီလိုလုပ်တဲ့နေရာမှာ မင်းရဲ့ နာမည်ကို သုံးလို့ မရဘူးလေ။ သုံးလို့ မရဘူးလေ။ ဒီအခန်းထဲမှာ လဲကျနေတဲ့ သူတွေထဲက ဘယ်သူက သင့်တော်သလဲ ဆိုတာ ကြည့်ပြီး တစ်ယောက်ယောက်ကို ရွေးလိုက်။ သူရဲ့ နာမည်ကို သုံးပြီး အပြင်မှာလုပ်။ မုန့်တစ်ချပ်ကို ငွေငါးမူးလောက်အထိ ရောင်းရပြီး ပြည်သူတွေ လုံးဝ သည်းမခံနိုင်တော့မယ့် အချိန်ကျမှ မင်းက ထွက်လာပြီး လက်ထဲမှာရှိတဲ့ ငွေနဲ့ ရိက္ခာတွေကို အရမ်း သက်သာတဲ့ ဈေးနှုန်းနဲ့၊ ဒါမှမဟုတ် အခမဲ့ ပြည်သူတွေကို ဝေပေးလိုက်။

သိပ်မကြာခင်မှာပဲ တစ်မြို့လုံးက မင်း အာလီပိုင်ရဲ့ နာမည်ကောင်းကို ရင်ထဲမှာ စွဲမြဲသွားကြလိမ့်မယ်။ စွဲမြဲသွားကြလိမ့်မယ်။”

အာလီပိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ “ဒီလိုလုပ်ရင် သူတို့တွေ ပုန်ကန်ကြမှာ မဟုတ်ဘူးလား။”

ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ ဤရှေးခေတ်ကာလမှ ပြည်သူများသည် ခေတ်သစ်ကာလနှင့် မတူညီကြပေ။ ခေတ်သစ်လူသားများ၏ အမြင်တွင် ဤလူများသည် ကျေးကျွန်များနှင့် ဘာမျှ မခြားနားချေ။ အကယ်၍များ မစင်သည် အာဟာရရှိပြီး မစင်စား၍ အသက်ရှင်နိုင်မည် ဆိုလျှင် သူတို့သည် လူတစ်ယောက်အဖြစ် ရပ်တည်ပိုင်ခွင့် ကို ရှာဖွေရန် တွေးတောကြမည် မဟုတ်ပေ။ တွေးတောကြမည် မဟုတ်ပေ။

အကယ်၍ တစ်ယောက်ယောက်က သူတို့ကို ရိက္ခာပေးပြီး ငွေပေးမည် ဆိုလျှင် ပြည်သူများက သူ့ကို ကောင်းကင်အထိ မြှောက်တင်ပေးကြပြီး အလွန်အမင်း ကျေးဇူးတင်ကြပေလိမ့်မည်။ ဤအချက်ကို သူသည် စောစောစီးစီး နားလည် သဘောပေါက်ထားပြီး ဖြစ်၏။

“အခြေအနေတွေကို အဲဒီလောက်အထိ ဆိုးရွားသွားအောင် ဆရာက လွှတ်ထားမှာ မဟုတ်ပါဘူး။ လွှတ်ထားမှာ မဟုတ်ပါဘူး။ သတိထားရမယ့် တစ်ခုတည်းသော အချက်က ... နန်းတွင်းက အကြံရှိတဲ့သူတွေက ပြည်သူတွေကြားမှာ မကျေနပ်မှုတွေ မြင့်တက်နေတာကို အခွင့်ကောင်းယူပြီး ပြဿနာ ဖန်တီးတတ်ကြတယ်။ ဒါကြောင့် ဒီအထဲက အတိုင်းအတာကို တိတိကျကျ ထိန်းချုပ်နိုင်ဖို့ လိုတယ်။ ဒီအချက်ကို ဆရာက မင်းအတွက် သတိထားပေးမှာမို့ မင်း စိတ်ပူစရာ မလိုဘူး။

ဒီအဆင့်အထိ ရောက်ရင်တောင်မှ မပြီးသေးဘူး။ ပြည်သူတွေက မင်းကို ယုံကြည်ပြီး ချစ်ခင်ကြလိမ့်မယ် ... ဒါပေမဲ့ ဒါက လုံးဝ မလုံလောက်သေးဘူး။ ဆရာ လိုချင်တာက မင်းကို နတ်ဘုရား တစ်ပါးအဖြစ် ဖန်တီးပေးဖို့ပဲ။ ပြည်သူတွေရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ တစ်ပါးတည်းသော နတ်ဘုရား ဖြစ်လာစေရမယ်။ ဖန်ထိုက်မြို့မှာရှိတဲ့ မင်းရဲ့ နေရာက လုံးဝ ခိုင်မာနေပြီး ဘယ်သူမှ နည်းနည်းလေးတောင် မထိပါးရဲအောင် လုပ်ရမယ်။

ငွေနဲ့ ရိက္ခာတွေ မဝေပေးခင်မှာ မင်းက တစ်မြို့လုံးမှာရှိတဲ့ ပန်းချီဆရာတွေ၊ ပုံနှိပ်တိုက်တွေနဲ့ ပြဇာတ်ရုံတွေကို အရင် ဝယ်ယူပြီး ဝါဒဖြန့် စာရွက်စာတမ်းတွေကို ကြိုတင် ပုံနှိပ်ရမယ်။ ပြဇာတ်သစ်တွေကို လေ့ကျင့်ခိုင်းထားရမယ်။

ပန်းချီဆရာတွေက မင်းရဲ့ မျက်နှာကို ဝါဒဖြန့် ပန်းချီကားအဖြစ် ဆွဲပြီး တစ်မြို့လုံးကို အခမဲ့ ဖြန့်ဝေရမယ်။ မြို့ထဲမှာရှိတဲ့ နံရံတွေ အကုန်လုံးမှာ ကပ်ထားရလိမ့်မယ်။

ဒီ ဝါဒဖြန့် ပန်းချီကားပေါ်မှာ စကားလုံး အနည်းငယ် ရေးထားရုံနဲ့တင် လုံလောက်ပြီမို့ ပြည်သူတွေက နှစ်ရက်အတွင်းမှာပဲ သိသွားကြလိမ့်မယ်။ ဒီစကားလုံးတွေက မင်းရဲ့ ပြည်သူကို ချစ်ခင်မှု၊ အလုပ်ကြိုးစားမှု စတဲ့ အားသာချက်တွေ အကုန်လုံးကို ဖော်ပြနေရမယ်။ အဲဒါကို မင်းက ဇာတ်လိုက်အဖြစ် ပါဝင်ပြီး သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ပြဇာတ်သစ်တွေကို တစ်မြို့လုံးမှာ အခမဲ့ ကပြတင်ဆက်တာနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် ... တစ်လတောင် မကြာခင်မှာပဲ မင်းက ပြည်သူတွေရဲ့ ကိုးကွယ်ရာ ယုံကြည်မှုတစ်ခု ဖြစ်လာပြီး မင်းရဲ့ နေရာကို ဘယ်သူကမှ လှုပ်ခါနိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာ ရဲရဲကြီး ပြောရဲတယ်။”

ယုံကြည်မှု ဟုတ်လား။ အာလီပိုင်၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ် အံ့သြသွားတော့၏။

ကြီးမားလှသော အစီအစဉ်ကြီးပင်။ သူ တစ်ခါမှ မကြားဖူးခဲ့သော မဟာအစီအစဉ်ကြီးပင် ဖြစ်၏။ ပန်းချီဆရာများ နှင့် ပြဇာတ်ရုံများကို ဤကဲ့သို့ပင် ကစား၍ ရသေးသည်လား။ အကယ်၍များ ဤအစီအစဉ်သာ ချောမွေ့စွာ အောင်မြင်သွားခဲ့မည် ဆိုလျှင် ... ခမည်းတော်၏ ဩဇာအာဏာ ကိုယ်တိုင်ကပင်လျှင် သူ၏အောက်သို့ ရောက်ရှိသွားလောက်သည်။

ထိုသို့ တွေးတောနေရင်း အာလီပိုင်၏ မျက်နှာပေါ်တွင် အရူးတစ်ယောက်ကဲ့သို့သော အပြုံးများ ထွက်ပေါ်လာခဲ့၏။ “ဒါပေမဲ့ ကျုပ်ဆီမှာ ဘာ သူရဲကောင်းဆန်တဲ့ လုပ်ရပ်မှ မရှိဘူးလေ ... ဒါကို ဘယ်လိုလုပ်ပြီး ဝါဒဖြန့်ရမှာလဲ။”

ဖန်ကျန်းရီက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ “ရှိခြင်း၊ မရှိခြင်းက အရေးမကြီးဘူး။ ငါတို့ ဝါဒဖြန့်ရမယ့် ပစ်မှတ်က မြို့ထဲက အောက်ခြေ ပြည်သူတွေ ဖြစ်တယ်။ ဒါကြောင့် ဝါဒဖြန့်တဲ့ အချက်အလက်တွေက ကြမ်းတမ်း၊ ရှင်းလင်းပြီး ထိရောက်မှု ရှိနေရမယ်။

ဝါဒဖြန့်ခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ပြည်သူတွေကို လွှမ်းမိုး သိမ်းပိုက်ဖို့ပဲ ... ဝါဒဖြန့်ခြင်းရဲ့ အခြေခံမူကတော့ ထိရောက်တဲ့ အချက်အလက်တွေကို အဆက်မပြတ် ထပ်တလဲလဲ ပြောဆိုနေဖို့ပဲ။ လိမ်ညာမှုတွေကို သေသေချာချာ ဖန်တီး အလှဆင်ပြီး ထပ်တလဲလဲ ဖြန့်ဝေလိုက်ရင် လူတွေကို ယုံကြည် သွားစေလိမ့်မယ်။

တကယ်တော့ ဒါတွေက မပြီးသေးဘူး ... အရေးအကြီးဆုံး နောက်တစ်ဆင့် ရှိသေးတယ်။ အဲဒါကတော့ မင်း ကိုယ်တိုင် ထွက်ပြီး လူပုံအလယ်မှာ မိန့်ခွန်းပြောရမယ်။ သောင်းနဲ့ချီတဲ့ ပြည်သူတွေက မင်းကို မြင်တွေ့ရမယ်။ သူတို့ကို စံပြကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားနိုင်မယ်ဆိုတာကို ကိုယ်တိုင် နားနဲ့ ကြားသိစေရမယ်။ အစီအစဉ် စတင်ပြီးတဲ့ နောက်မှာ မင်းအတွက် တစ်နေ့ကို မိန့်ခွန်းပြောပွဲ နှစ်ပွဲ၊ သုံးပွဲလောက် စီစဉ်ပြီး တစ်မြို့လုံး အနှံ့ လှည့်လည်သွားလာခိုင်းမလို့ ဆရာ စဉ်းစားထားတယ်။”

အာလီပိုင်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “အာ ... မိန့်ခွန်းပြောရမယ် ... ကျုပ်က မိန့်ခွန်းမပြောတတ်ဘူးလေ။”

လူပေါင်း သောင်းချီကို ရင်ဆိုင်ရမည်ဟု တွေးမိချိန်မှာတော့ သူသည် ရုတ်တရက် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်ကို ကော့တင်ကာ ကောက်ကျစ်စွာ ပြုံးလိုက်၏။ “မပြောတတ်ဘူး ဟုတ်လား။ ဆရာ့ရဲ့ အတွင်းရေး စာရွက်စာတမ်းတွေထဲမှာ မိန့်ခွန်းပြောတာနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ နည်းလမ်းတွေ ရှိပါတယ်။

“'စကားပြော ရှက်တတ်သူမှသည် မိန့်ခွန်းပြော ကျွမ်းကျင်သူဆီသို့'၊ 'ခုနစ်ရက်အတွင်း မိန့်ခွန်းပြော အမြန်သင်တန်း'၊ 'ဖန်ကျန်းရီ၏ မှော်ဆန်သော မိန့်ခွန်းပြောနည်း' ... ဒီလျှို့ဝှက်နည်းလမ်းတွေကို နောက်ကျရင် ဆရာ မင်းကို တစ်ခုချင်းစီ သင်ပေးမယ်။ တကယ်လို့ မင်း မတတ်ခဲ့ဘူး ဆိုရင်တောင်မှ စာကို ကြည့်ပြီး ဖတ်ပြလို့ ရသေးတာမို့ ကြောက်နေစရာ မလိုဘူး။”

ဖန်ကျန်းရီသည် အာခေါင်ခြောက်မတတ် ပြောဆိုပြီးနောက် အာလီပိုင်ကို ဆက်လက် မှတ်သား နားလည်စေရန် ခတ္တမျှ ရပ်နားလိုက်၏။

သူ အတော်လေး စဉ်းစား သဘောပေါက်သွားပြီ ဖြစ်ကြောင်း မြင်ချိန်မှသာ ဆက်ပြောလိုက်သည်။ “စစ်တပ်က လက်ထဲမှာရှိပြီး ပြည်သူတွေရဲ့ မေတ္တာကို ရထားပြီ ဆိုတော့ မင်းရဲ့ နေရာက လုံးဝ ခိုင်မာသွားပါပြီ။ နောက်ထပ် ဘယ်လူတစ်စုကများ မင်းကို ဆန့်ကျင်ဝံ့သေးသလဲဆိုရင် အလွန် ရိုးရှင်းသွားပြီလေ။ မင်းက ပြစ်မှုတွေကို စိတ်ကြိုက် ဖန်တီးပြီး ဒီလူတွေက ပြည်သူတွေကို လုယက်ခဲ့တာ ဖြစ်ကြောင်း၊ အရင်က ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ရတာက သူတို့ နောက်ကွယ်ကနေ ဖန်တီးခဲ့တာ ဖြစ်ကြောင်း စွပ်စွဲလိုက် ... ပြီးတာနဲ့ ဆက်ပြီး ပစ္စည်းသိမ်း ... သိမ်းဆည်းရမိတဲ့ ငွေတွေကို သုံးပြီး ပြည်သူတွေကို ထပ် ထောက်ပံ့၊ မင်းရဲ့ နေရာကို ဆက်လက် ထိန်းသိမ်းထားလိုက်။

အဲဒီနောက်ပိုင်း ဖန်ထိုက်မြို့မှာ အသံတစ်မျိုးတည်း၊ အယူအဆ တစ်မျိုးတည်းနဲ့ ဧကရာဇ်သစ် တစ်ပါးတည်းသာ ရှိတော့မယ်။”

ဖန်ကျန်းရီသည် အာလီပိုင်ကို ပြုံးစိစိဖြင့် ကြည့်ကာ မေးလိုက်၏။ “သူက ဘယ်သူလဲ ဆိုတာ ငါ့ကို ပြောစမ်းပါ။”

အာလီပိုင်၏ မျက်စိသူငယ်အိမ်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “သူ ... သူက ကျုပ်လား။”

ဖန်ကျန်းရီသည် သူ၏ ရှေ့တွင် ရပ်ကာ စူးစိုက်ကြည့်လျက် မေးလိုက်၏။ “သူက ဘယ်သူလဲ။ ဘယ်သူက ဧကရာဇ်လဲ။”

“ဟား ... ဟား ...” အ

ာလီပိုင်၏ အသက်ရှူနှုန်းများမှာ အလွန်အမင်း မြန်ဆန်နေခဲ့ပြီး တံတွေးများကို အတင်း မြိုချကာ ဖန်ကျန်းရီကို စူးစိုက်ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများထဲတွင် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော စိတ်လှုပ်ရှား တက်ကြွမှုများ ပြည့်နှက်နေခဲ့သည်။

“အာလီပိုင်ပါ ... ကျုပ် ... ကျုပ်က ဧကရာဇ်ပဲ။”

ဖန်ကျန်းရီသည် ကျေနပ်စွာ ပြုံးလိုက်ပြီး နတ်ဆိုးတစ်ကောင် ကဲ့သို့သော တိုးညင်းသည့် စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။ “အရှင်မင်းကြီး ... စတင် လှုပ်ရှားတော်မူပါ။”

...

ဘေးနားရှိ ကျိုးထျဲ့သည် ထိုစကားများကို ကြားကာ ကြက်သေ သေနေခဲ့ပြီ ဖြစ်၏။ ခန္ဓာကိုယ် တစ်ခုလုံးမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်ဟု ခံစားရကာ လက်နှစ်ဖက်ဖြင့် ပခုံးကို ဖက်၍ အားကုန် ပွတ်သပ်လိုက်၏။ ကျန်းပြောင်ကို လှည့်ကြည့်ကာ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။ “ချီးတဲ့မှ … တကယ့်ကို သောက်ရမ်း ကောက်ကျစ်တာပဲ ... သခင်လေးက ဒီနေ့ တကယ့်ကို ကြောက်စရာ ကောင်းလွန်းနေတယ်။ မင်း ဘာကို ကြည့်နေတာလဲ။”

ကျန်းပြောင်က ပြန်ပြော၏။ “ဟင် ... ငါဗိုက်ဆာနေပြီ။ မြေပေါ်မှာ ကျနေတဲ့ မုန့်က စားလို့ ရသေးလား။”

“…...”

All Chapters