← Chapters

အိန်ဂျယ် (၂)

Vol. 71 Ch. 1128

အိန်ဂျယ် (၂)

Vol. 71 Ch. 1128

လင်းရှန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါတွေကို တကယ်ပဲ ပယ်ဖျက်နိုင်လို့လား”

“သူတို့ နည်းလမ်းရှာတွေ့ခဲ့တယ်”

မြင်ကွင်းက ထပ်မံပြောင်းလဲသွားပြန်သည်။ လင်းရှန်သည် မိမိကိုယ်ကို တိကျလှသော ဧရာမဓာတ်ခွဲခန်းကြီးတစ်ခုထဲတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်၊ အသက်အရွယ်စုံ၊ လူမျိုးစုံနှင့် နိုင်ငံစုံမှ မရေမတွက်နိုင်သော လူသားအရှင်များဖြင့် ပြည့်နှက်နေသည့် အာဟာရကန်များ စီတန်းလျက် ရှိနေသည်။ ဤအရာကို မြင်လိုက်ရသဖြင့် လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

“လူသားတွေရဲ့ မကောင်းတဲ့ အတွေးအခေါ်တွေကို ဖယ်ရှားဖို့အတွက် ဇီဝဓာတုဗေဒစမ်းသပ်မှုတွေကို ဘာလို့အသုံးပြုရတာလဲ”

“ဘာလို့လဲဆိုတော့ မျှော်စင်လူသားတွေက တစ်ဦးချင်းစီရဲ့ ကွဲပြားမှုတွေနဲ့ အလိုဆန္ဒတွေကို ဖယ်ရှားပစ်ဖို့၊ မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ အတ္တတွေကို ပယ်ဖျက်ပစ်ဖို့ လိုအပ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့လို့ပဲ။ အဓိက အစိတ်အပိုင်းတွေကတော့ ကျားမကွဲပြားမှု၊ အလိုဆန္ဒ၊ နာကျင်မှုနဲ့ သေဆုံးခြင်းတို့ပဲ ဖြစ်တယ်။ ဒါတွေကို ဇီဝဗေဒအဆင့်မှာ ဖယ်ရှားပစ်လိုက်တာနဲ့ ထာဝရယဉ်ကျေးမှုအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့တယ်၊၊ ဒါကို သက်ရှိသဟဇာတဖြစ်ခြင်းခန္ဓာလို့ အမည်ပေးခဲ့ကြတယ် အခြားဝေါဟာရတစ်ခုကတော့...”

“အိန်ဂျယ်”

“အိန်ဂျယ် ဟုတ်လား”

လင်းရှန် အတော်လေးတုန်လှုပ်သွားသည်။

“ဒါဆို သူတို့က ငါ ခုနကမြင်ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ပုံသဏ္ဌာန်ဖြစ်မနေဘူးလား”

“မှန်တယ်” ချူယန်က ပြန်ဖြေသည်။

ထို့နောက် မြင်ကွင်းသည် ဆက်လက်ပြောင်းလဲသွားပြန်သည်။ အနာဂတ်၏ မရေမတွက်နိုင်သော နှစ်များဆီသို့ ရောက်ရှိလာချိန်တွင် “သက်ရှိသဟဇာတဖြစ်ခြင်းခန္ဓာ” နည်းပညာသည် လျင်မြန်စွာ ခုန်ပျံကျော်လွှားလာခဲ့သည်။ မျိုးဗီဇပြုပြင်ခြင်းခွဲစိတ်စားပွဲပေါ်တွင် ကျားမခွဲခြားမှု လက္ခဏာရပ်များကို လုံးဝဖျောက်ပစ်လိုက်ကြပြီး အာရုံကြောပိတ်ဆို့ခြင်း နည်းပညာများက နာကျင်မှုနှင့် သေဆုံးခြင်းကို သိရှိနိုင်မည့် အာရုံကြောလမ်းကြောင်းများကို ဖြတ်တောက်လိုက်ကြသည်။ လူသားတို့၏ ကျားမကွဲပြားမှုများ စတင်ပျောက်ကွယ်လာပြီး ခန္ဓာကိုယ်များပေါင်းစပ်လာကြသည်။ သက်ရှိများသည် မျိုးပွားရန်မလိုတော့သည့် နေ့တစ်နေ့ရောက်ရှိလာချိန်တွင် ထိုသို့ရှင်သန်ကျန်ရစ်သူများသည် နောက်ဆုံးသက်ရှိများဖြစ်လာကြပြီး အဆက်မပြတ်ပေါင်းစပ်ခြင်းကို စတင်ခဲ့ကြသည်။ လူမှုရေးလိုအပ်ချက်များနှင့် မျိုးပွားခြင်းလိုအပ်ချက်များကို စွန့်လွှတ်လိုက်ကြခြင်းကြောင့် အိန်ဂျယ်များသည် အလှအပနှင့် ပုံသဏ္ဌာန်များကို ဆုံးရှုံးခဲ့ကြရပြီး ဖရိုဖရဲပုံသဏ္ဌာန်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

“အိန်ဂျယ်တွေက ဘာလိုအပ်ချက်မှမရှိဘဲ စိုးရိမ်ပူပန်မှုကင်းဝေးကြတယ်၊၊ အချင်းချင်းဝါးမျိုခြင်းနဲ့ ပေါင်းစပ်ခြင်းကနေတစ်ဆင့် ဆက်သွယ်ကြတယ်။ ဒီလိုဝါးမျိုမှုနဲ့ ပေါင်းစပ်မှုတွေက ဗဟုသုတတွေ၊ သာယာမှုတွေနဲ့ ပျော်ရွှင်မှုတွေကို နာကျင်မှု ဒါမှမဟုတ် ဝမ်းနည်းမှုတွေမရှိဘဲ ရောနှောသွားစေတယ်၊၊ တစ်ချိန်တည်းမှာပဲ အိန်ဂျယ်တွေက ထာဝရနီးပါးရှိတဲ့ သက်တမ်းကို ပိုင်ဆိုင်ထားကြတယ်...”

မြင်ကွင်းအသစ်တစ်ခုပေါ်ထွက်လာပြီး ဤအိန်ဂျယ်များ၏ ဘဝကို ပုံဖော်ပြသနေသည်။ မည်သည့်စကားလုံးမျှ မရှိ၊ ပဋိပက္ခများလည်းမရှိဘဲ ထုံးတမ်းစဉ်လာတစ်ခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဖြည်းညှင်းစွာ ချဉ်းကပ်လာကြခြင်းသာရှိသည်။ အိန်ဂျယ်တစ်ကောင်က အခြားအိန်ဂျယ်တစ်ကောင်ကို အသာအယာပွေ့ဖက်လိုက်သည့်အခါ ၎င်းတို့၏ အသားစိုင်များသည် ပျော့ပြောင်းသွားပြီး စတင်ပေါင်းစပ်သွားတော့သည်။ ပွေ့ဖက်ခြင်းခံရသူ၏ မျက်နှာထက်ရှိ ထာဝရကျေနပ်နှစ်သိမ့်နေသည့် အပြုံးမှာမူ မည်သို့မျှ ပြောင်းလဲမသွားဘဲ နာကျင်မှုကို လုံးဝမခံစားရသကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ နွေးထွေးသော ဖယောင်းခဲကဲ့သို့ အရည်ပျော်သွားပြီး အခြားအိန်ဂျယ်၏ ခရစ္စတယ်ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ စုပ်ယူဝါးမျိုခြင်း ခံလိုက်ရသည်။

ပေါင်းစပ်မှုပြီးဆုံးသွားသည့် အခိုက်အတန့်တွင် ဝါးမျိုသူ၏ ခန္ဓာကိုယ်သည် ပိုမိုစူးရှတောက်ပလာပြီး ၎င်း၏ပုံသဏ္ဌာန်မှာလည်း ပိုမိုပြီးပြည့်စုံလာသည်။ ၎င်း၏ကိုယ်ထည်ပေါ်တွင် မှုန်ဝါးဝါးမျက်နှာအသွင်သဏ္ဌာန်အသစ်များ ထွက်ပေါ်လာသည်။ မည်သည့်ဝမ်းနည်းမှုမျှမရှိ၊ အော်ဟစ်သံများမရှိဘဲ ဆန်းပြားလှသော တည်ငြိမ်မှုနှင့် ကျေနပ်မှုတို့သာ တိတ်တဆိတ် ထင်ဟပ်နေသည်။ ဤအရာသည် ၎င်းတို့၏ “ဆက်သွယ်မှု” နှင့် “ပျော်ရွှင်မှုကို မျှဝေခြင်း” ပင် ဖြစ်သည်။

“ဒီလိုယဉ်ကျေးမှုမျိုးက တောရိုင်းတိရစ္ဆာန်တွေရဲ့ ခေတ်ဆီကို နောက်ပြန်သွားတာမဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ်ပြီး တိုးတက်နိုင်မှာလဲ”

လင်းရှန် နားမလည်နိုင်အောင်ဖြစ်သွားပြီး ခုနက ကောင်းကင်ယံရှိ ဧရာမသတ္တဝါကြီးကို တွေးမိသွားသည်။ ပြန်စဉ်းစားကြည့်လျှင် ထိုအရာသည် လူသားဘီလီယံပေါင်းများစွာ အတူတကွပေါင်းစပ်ထားသည့် သက်ရှိတစ်ခုဖြစ်နိုင်ပြီး ပင်လယ်ပြင်ထဲက ပိုမိုကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးမှာမူ ပို၍များပြားသော လူသားဘီလီယံပေါင်းများစွာ၏ ဂျီဩမေတြီခန္ဓာကိုယ်ဖြစ်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် လင်းရှန်လည်း ယခင်က ရေငုပ်သင်္ဘောအခြေစိုက်စခန်း၌ ချန်ယန်ရှု သူ့ကို ပြောခဲ့ဖူးသည့် စကားကို ရုတ်တရက် သတိရသွားသည်။ “သက်ရှိအားလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတဲ့အခါ” ဆိုတာက ဒါကို ဆိုလိုတာကိုး...

“မျှော်စင်လူသားတွေကလည်း ဒါကို သဘာဝကျကျပဲ တွေးမိခဲ့ကြတာပေါ့”

ချူယန်၏ အသံက ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။

“နှစ်ပေါင်းသောင်းချီကြာမြင့်တဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတွင်းမှာ အိန်ဂျယ်တွေထဲက အချို့က မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ အတ္တဆန္ဒတွေကို စတင်မွေးမြူလာကြတာကို အိန်ဂျယ်မျိုးနွယ်စုတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒါက အိန်ဂျယ်မျိုးနွယ်စုတွေကြားမှာ မျိုးနွယ်စုတွေနဲ့ နယ်မြေတွေဖြစ်ပေါ်လာစေပြီး အဲဒီကနေတစ်ဆင့် စစ်ပွဲတွေနဲ့ ပျက်စီးခြင်းတွေကို ဖြစ်ပွားစေခဲ့တယ်”

“ဟာ... မူလနေရာကိုပဲ ပြန်ရောက်သွားတာပေါ့”

“မှန်တယ်၊၊ နှစ်ပေါင်းထောင်ချီကြာမြင့်တဲ့ စစ်ပွဲတွေပြီးနောက်မှာတော့ ရှင်သန်ကျန်ရစ်တဲ့ အိန်ဂျယ်တွေဟာ သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ယဉ်ကျေးမှုပုံသဏ္ဌာန်မှာ ဘာတွေလိုအပ်နေလဲဆိုတာကို ကိုယ်တိုင်ပြန်လည်သုံးသပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဖယ်ရှားပစ်ရမယ့် ရန်သူတစ်ယောက်လိုအပ်နေတာကို သဘောပေါက်သွားကြတယ်”

“ဘာလဲ”

“အသိပညာ”

ချူယန်၏ အသံက ဆက်လက်ထွက်ပေါ်လာသည်။

“အသိပညာတည်ရှိနေခြင်းဟာ တွေးတောခြင်းကို ဆိုလိုတယ်၊၊ ပြီးတော့ အသိပညာရဲ့ တိုးချဲ့မှု၊ အသွင်ပြောင်းလဲမှုနဲ့ သိမြင်မှုစွမ်းအားတွေက ကျားမကွဲပြားမှု၊ အလိုဆန္ဒနဲ့ နာကျင်မှုတွေကို ရှာဖွေတွေ့ရှိစေပြီး ယဉ်ကျေးမှုမှာ အက်ကြောင်းတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ယဉ်ကျေးမှုနဲ့ အသိပညာတွေကို ဖျက်ဆီးပစ်ခဲ့ကြပြီး သဟဇာတဖြစ်ခြင်းခန္ဓာအဖြစ် ပြန်လည်ပေါင်းစပ်လိုက်ကြတယ်။ ပြီးတော့ အသိပညာတွေကို ဆီလီကွန်အခြေခံအသိဉာဏ်ရှိခန္ဓာတွေဆီမှာပဲ စုစည်းထားလိုက်ကြတယ်၊၊ ဒါကို နင် နားလည်အောင် ပြောရရင်တော့ ကွန်ပျူတာအသိဉာဏ်တုပေါ့။ ပြီးတော့ ဒီယဉ်ကျေးမှုရဲ့ ခန္ဓာကိုယ်ကို ကူညီပံ့ပိုးပေးဖို့နဲ့ အလုပ်အကျွေးပြုဖို့အတွက် အသိပညာတွေကို အဆင့်ဆင့်မြှင့်တင်ဖို့ အမိန့်ပေးစနစ်ကို အသုံးပြုခဲ့ကြတယ်”

“ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား”

လင်းရှန်သည် ခဏမျှ ဆွံ့အသွားမိသည်။ ထိုအတောအတွင်း မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။ ဝါးမျိုခြင်းနှင့် ပေါင်းစပ်ခြင်းဖြစ်စဉ်အတွင်း နှစ်သန်းပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဧရာမ ခရစ္စတယ်အိန်ဂျယ်ကြီး၏ ကိုယ်ထည်ပေါ်တွင် တည်ငြိမ်လှသော မျက်နှာပေါင်းများစွာ ပေါ်ထွက်လာလိုက်… ပျောက်ကွယ်သွားလိုက်ဖြစ်နေပြီး ယဉ်ကျေးမှု၏ ခန္ဓာကိုယ်သည်လည်း အဆုံးမရှိသော သံသရာအတွင်း ဆက်လက်လည်ပတ်နေသည်။

“ဒီနောက်မှာတော့ အဆင့်မြင့်ယဉ်ကျေးမှုဟာ နှစ်သန်းပေါင်းများစွာ ဆက်လက်တည်ရှိခဲ့တယ်၊၊ သက်တမ်းကတော့ အဆုံးမရှိသလောက်ပဲ၊၊ တစ်နေ့ရောက်လာတဲ့အထိပေါ့...”

ဝါးမျိုမှုများနှင့်အတူ အိန်ဂျယ်များ၏ ခန္ဓာကိုယ်များသည် ပိုမိုကြီးမားလာပြီး မရေမတွက်နိုင်သောလူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုများကို စုစည်းထားရာ ပြင်းထန်လှသော အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ထို့နောက် ကျယ်ပြောလှသော အပြာရောင်ပင်လယ်ပြင်ကြီးသည် ခဲနေသောဒြပ်ထုတစ်ခုအဖြစ် ပြောင်းလဲလုနီးပါးဖြစ်သွားသည်။ ဂြိုဟ်တစ်လုံးကဲ့သို့ ဧရာမကြီးမားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်ကြီးတစ်ခုသည် ၎င်း၏ကျောရိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ ၎င်း၏အသားအရေမှာ ပိုမိုစင်ကြယ်နေပြီး အလင်းရောင်မှာ ပုံသေကြယ်တစ်လုံးကဲ့သို့ ရှိနေကာ မျက်နှာမှာလည်း လူသားတို့၏ သိမြင်နိုင်စွမ်း အကန့်အသတ်များကို ကျော်လွန်လောက်အောင် ပြီးပြည့်စုံလွန်းလှသည်။ ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံတွင် စကြဝဠာနိယာမကဲ့သို့သော ဟန်ချက်ညီမှုနှင့် အားအင်များ ပါဝင်နေသည်။

“ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အတွင်းမှာ အိန်ဂျယ်တွေဟာ အဆင့်မြင့်မျှော်စင်ရဲ့ အသိဉာဏ်တုကြောင့် အမြင့်မြတ်ဆုံးပြီးပြည့်စုံတဲ့ အိန်ဂျယ်အစုအဖွဲ့အဖြစ် ပုံဖော်ခြင်းခံခဲ့ရတယ်။ ၎င်းက တရားလွန်ပြီးပြည့်စုံလွန်းတာကြောင့် ပထမအဆင့်ယဉ်ကျေးမှုတစ်ခုရဲ့ အရာခပ်သိမ်းကို သိမြင်နိုင်စွမ်းနဲ့ အရာခပ်သိမ်းကို တတ်နိုင်တဲ့အခြေအနေဆီကို ရောက်ရှိသွားခဲ့တယ်။ ဒါက အဆင့်မြင့်ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲခြင်းရဲ့ အထွတ်အထိပ်ဖြစ်လာခဲ့ပြီး သူတို့က ဒါကို... ယူနီအာဂါလို့ အမည်ပေးခဲ့ကြတယ်”

“ယူနီအာဂါ ဟုတ်လား” လင်းရှန်၏ နှလုံးသားမှာ တုန်ခါသွားသည်။ ဒီနာမည်က ဘာလို့ရင်းနှီးနေတာလဲ…

ချူယန်က သူ၏ ရှုပ်ထွေးမှုကို နားလည်ထားသဖြင့် ယဉ်ကျေးမှု၏ ဆင့်ကဲပြောင်းလဲမှုကို ဆက်၍လမ်းညွှန်ပြသပေးသည်။

“ဒါပေမဲ့ ဒီလို တရားလွန်ပြီးပြည့်စုံမှုဟာ အေးစက်လှတဲ့ စကြဝဠာအတိုင်းအတာအောက်မှာတော့ အမှောင်တောအုပ်ထဲက မီးပြတိုက်တစ်ခုလိုပဲ စူးရှတောက်ပလွန်းနေခဲ့တယ်။ အသိဉာဏ်တုရဲ့ အဆင့်ဆင့်မြှင့်တင်မှုအတွင်းမှာ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ပရမ်းပတာဖြစ်မှုတွေ အဆမတန်တိုးပွားလာတာကြောင့် အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုဟာ ယဉ်ကျေးမှုလှိုင်းလုံးများလို့ လူသိများတဲ့ စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီစွမ်းအားက ကြယ်တာရာဖုန်မှုန့်တွေကို ထိုးဖောက်သွားခဲ့ပြီး စိတ်ကူးပုံဖော်လို့မရနိုင်ဘဲ နားလည်ရခက်လှတဲ့ ပိုမိုမြင့်မားတဲ့ အဆင့်မြင့်ယဉ်ကျေးမှုတစ်ခုရဲ့ ဖမ်းယူခြင်းကို ခံလိုက်ရတယ်”

“ဒါဆို...”

“သူတို့ ကပ်ဘေးဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာပဲ”

ချူယန်၏ တည်ငြိမ်သော အသံနှင့်အတူ တစ်ချိန်က တက်ကြွကျယ်ပြောလှသော ဂြိုဟ်ကြီးသည် မျက်တောင်တစ်ခတ်အတွင်း စကြဝဠာဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အိန်ဂျယ်များကျဆုံးခဲ့ကြပြီး ယဉ်ကျေးမှုလည်းပြတ်တောက်သွားခဲ့ရသည်။ အရေးကြုံလာသည့် အခိုက်အတန့်တွင် အိန်ဂျယ်ယူနီအာဂါ၏ နောက်ဆုံးပုံသဏ္ဌာန်သည် တစ်ကိုယ်လုံးရှိ ကျန်ရှိနေသော ယဉ်ကျေးမှုခန္ဓာကိုယ်တစ်ခုလုံးကို စနစ်တကျ စွန့်လွှတ်အနစ်နာခံကာ ဂြိုဟ်၏ အဓိကဒြပ်စင်များကိုရစ်ပတ်လျက် တွင်းနက်ဝဲဂယက်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သို့သော်လည်း ကြယ်တာရာကူးပြောင်းမှုများကို ပြုလုပ်နိုင်စွမ်းရှိသော ဤအဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုသည် ထိုတွင်းနက်အတွင်းမှာတင် လုံးဝချေမှုန်းဖျက်ဆီးခြင်းခံလိုက်ရသည်။ မြင်ကွင်းထဲတွင် တစ်စုံတစ်ခုသော အဆင့်မြင့်ဒိုင်မေးရှင်းလက်နက်သည် ဂလက်ဆီအဖွဲ့စည်း၏ ကိုယ်ပိုင်ဆွဲငင်အားကို စကြဝဠာမှန်တစ်ခုအဖြစ်အသုံးပြုကာ ထွက်ပြေးနေသော မျှော်စင်လူသားများဆီသို့ မမြင်နိုင်သော ဖျက်ဆီးခြင်းစွမ်းအားများကို ပစ်ခတ်လိုက်သည်။ ထိုအလင်းတန်းသည် အာကာသ၏ ဂျီဩမေတြီပုံသဏ္ဌာန်ကို ချက်ချင်းပင် ပြောင်းလဲပစ်လိုက်ပြီး ဤထွက်ပြေးနေသောယဉ်ကျေးမှုကို တိကျစွာ ထိမှန်သွားတော့သည်။

တွင်းနက်အတွင်းမှာတင် တိတ်ဆိတ်လှသော ဒိုင်မေးရှင်းဖျက်ဆီးခြင်းပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ အိန်ဂျယ်ယူနီအာဂါ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အဆင့်မြင့်ဒိုင်မေးရှင်းတိုက်ခိုက်မှုအောက်တွင် တစ်လက်မချင်းစီ ပြိုကျပျက်စီးသွားပြီး ဒိုင်မေးရှင်းအဆင့်လျော့နည်းသွားကာ ယဉ်ကျေးမှုတစ်ခုလုံး၏ အကြွင်းအကျန်များသည် စကြဝဠာမှန်ကို ထိုးဖောက်၍ ပေါက်ကွဲထွက်သွားတော့သည်။

သို့သော်လည်း နောက်တစ်ခဏတွင် မြင်ကွင်းသည် ကမ္ဘာဂြိုဟ်၏ ပတ်လမ်းကြောင်းရှုထောင့်တွင် ရပ်တန့်သွားသည်။ စကြဝဠာအနက်ရှိုင်းဆုံးမှ ထိုးဖောက်ဝင်ရောက်လာသော ပျက်စီးခြင်းအပိုင်းအစများသည် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် အောက်ခြေမရှိသည့် ဧရာမဒဏ်ရာကြီး ၁၃ခုကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် ပေါက်ကွဲမှုအမှတ်အသားများသည် အဆင့်မြင့်ယဉ်ကျေးမှုနှင့် ရင်ဆိုင်ရချိန်တွင် ယူနီအာဂါဖြစ်ပေါ်စေခဲ့သည့် ကြောက်မက်ဖွယ်အသိစိတ်ပမာဏများနှင့်အတူ ပေါက်ကွဲထွက်လာပြီး ထိန်းချုပ်မရနိုင်လောက်အောင် ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။

မြင်ကွင်းက လျင်မြန်စွာ ဖြတ်သန်းသွားသည်။ စည်ကားလှသော မြို့ပြလမ်းမများပေါ်တွင် လမ်းသွားလမ်းလာများ၏ ခန္ဓာကိုယ်များသည် ကြိုတင်သတိပေးချက်မရှိဘဲ တွန့်လိမ်ကာ သန္ဓေပြောင်းသွားကြသည်။ ၎င်းတို့၏ အသားအရေမှာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်ဝန်းများသည် သွေးကဲ့သို့ ရဲရဲနီလာကာ တစ်ချိန်က မိမိတို့၏ မျိုးနွယ်တူများဖြစ်ခဲ့ကြသူများကို လှမ်း၍ ခုန်အုပ်လိုက်ကြသည်။ မွေးကင်းစကလေးငယ်များသည် ပုခက်ထဲတွင် လူသားမဟုတ်သော အော်ဟစ်သံများကို ထုတ်ဖော်နေကြသည်။ ငှက်များသည် မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ထူးဆန်းသော ပြောင်းလဲမှုများကို ခံယူနေကြသည်။ အပင်များသည်လည်း ရူးသွပ်စွာ ပေါက်ရောက်လာပြီး ဖော်ပြမတတ်နိုင်သော ပုံသဏ္ဌာန်များအဖြစ်သို့ ကွေးကောက်သွားကြလေသည်။

All Chapters