ကျပန်းပစ်ခတ်ခြင်း (၂)
Vol. 71 Ch. 1135
လင်းရှန် ခေါင်းကို နောက်သို့မှီချလိုက်သည်။ ချူယန်နှင့်ပတ်သက်သည့် သတင်းကို မရရှိခဲ့သော်လည်း ဂရေ့စ်နှင့် ဆက်သွယ်နိုင်ခြင်းမှာ ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းနှင့် တိုက်ရိုက်ထိတွေ့နိုင်ခြင်းနှင့်အတူတူပင်ဖြစ်ရာ ဤအရာမှာ မကြာသေးမီက သူကြားခဲ့ရသမျှထဲတွင် အကောင်းဆုံးသတင်းဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
“ငါ့ကို ဖီးနစ်နဲ့ ဆက်သွယ်ပေး...”
လင်းရှန် ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဂရေ့စ်ကို ညွှန်ကြားလိုက်သည်။
“ငါ ဘေးကင်းတဲ့အကြောင်း သတင်းစကားကို ဖီးနစ်ဆီပို့ပေးလိုက်၊ ပြီးတော့ ငါ ကော်လိုရာဒိုကို သွားနေတယ်ဆိုတာကို အမိန့်ပေးဌာနကို အကြောင်းကြားပေးပါ”
[သတင်းပဲ ပို့ပေးရမှာလား၊၊ ရှင်က ဖီးနစ်ဆီကနေ အထောက်ပံ့တွေမလိုဘူးလား]
ဂရေ့စ်က မေးလိုက်သည်။
လင်းရှန်က ခေါင်းယမ်းကာ “အပိုထောက်ပံ့မှုမလိုပါဘူး၊ ဒါပေမဲ့...”
သူ ခဏမျှ စဉ်းစားလိုက်ပြီး သူ၏အကြည့်က အနည်းငယ် ရွေ့လျားသွားသည်။
“ဖြစ်နိုင်ရင်တော့... ယူရှူးယာကနေ အမေဇုန်ဒေသအထိစစ်ဆေးဖို့အတွက် အလိုအလျောက်ပတ်လမ်းပြင်ဆင်ရေးယာဉ်တစ်စီးလွှတ်တင်ပေးတာ အကောင်းဆုံးပဲ”
“ဒါ့အပြင်... တောင်ဘက်ကောင်းကင်ဂိတ်ကို အသုံးပြုလို့ရသေးလား”
[ကော်လိုရာဒိုစစ်ဆင်ရေးအတွင်းမှာ တပ်မှူးယဲ့က ပစ်ခတ်ဖို့ အမိန့်ပေးခဲ့လို့ မြေပြင်ပေါ်ကို အပြည့်အဝစွမ်းအားသုံး တိုက်ခိုက်မှု စုစုပေါင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ဖူးတယ်။ စစ်ဆင်ရေးအပြီးမှာတော့ ဂရေ့စ်က ဟာ့ဒ်ဝဲတွေကို အဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ခဲ့ပြီး နောက်ထပ်တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေကို လက်ခံရရှိခြင်းမရှိသေးပါဘူး]
အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း ဂရေ့စ်၏ အစီရင်ခံစာကို ကြားရသောအခါ လင်းရှန်၏ မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ သူ ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဂရေ့စ်... မင်း ပတ်လမ်းကနေ ကမ္ဘာ့အဆင့်ဇီဝသက်ရှိတွေ ဒါမှမဟုတ် S-Class အဆင့် သက်ရှိတွေရဲ့ ပုံရိပ်တွေကို စောင့်ကြည့်နိုင်မလား”
[သွေးနီရောင်မြူတွေ မဖုံးလွှမ်းခင်တုန်းကတော့ ကျွန်အက ကော်လိုရာဒိုရဲ့ ကစဥ့်ကလျားမွန်းစတားကို မြင့်မားတဲ့ အရည်အသွေးရှိ ဂြိုဟ်တုမှန်ဘီလူးတွေကတစ်ဆင့် တိကျစွာလော့ခ်ချထားနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုက မြေပြင်လမ်းညွှန်ကိုဩဒိနိတ်တွေမရှိရင်တော့ တိကျတဲ့ပစ်ခတ်မှုက မဖြစ်နိုင်ပါဘူး]
တကယ်ပဲ...
လင်းရှန်က စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ “သွေးနီရောင်မြူတွေရဲ့ သိပ်သည်းဆပိုမြင့်တဲ့နေရာတွေကိုရော မင်းဖမ်းယူနိုင်မလား”
ဂရေ့စ်က ချက်ချင်းတုံ့ပြန်သည်။
[အမြင်အာရုံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုစစ်ထုတ်ခြင်းကတစ်ဆင့် ပြောတာဆိုရင်တော့... အရောင်ကွဲပြားမှုအလိုက် သူတို့ကို အဆင့်ဆင့်ခွဲခြားပေးနိုင်ပါတယ်...]
“မလိုဘူး”
လင်းရှန်၏ မျက်လုံးများက ချက်ချင်း တောက်ပလာကာ လေးနက်စွာ ပြောလိုက်သည်။
“တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ပတ်လမ်းလွှမ်းခြုံမှုအတွင်းမှာရှိတဲ့ သွေးနီရောင်မြူသိပ်သည်းဆမြင့်မားတဲ့နေရာမှန်သမျှ ပြီးတော့ ဖီးနစ်ရဲ့ လှုပ်ရှားမှုအဖွဲ့က ပို့ပေးထားတဲ့ ကမ္ဘာ့အဆင့်ဇီဝသက်ရှိရဲ့ ကိုဩဒိနိတ်အားလုံးနဲ့ ငါ့ရဲ့ လက်ရှိကိုဩဒိနိတ်တွေကို ပေါင်းစပ်စစ်ထုတ်ပြီး... မင်းက အဲဒီပစ်မှတ်တွေကို ကျပန်းပစ်ခတ်ပေးတာကို ငါလိုချင်တယ်”
ဂရေ့စ်က ချက်ချင်း မေးလိုက်သည်။
[အမြင့်ဆုံးကြိမ်နှုန်းပရိုတိုကောလား]
“ပုံသေရှိစရာမလိုဘူး၊၊ ပြီးတော့ တောင်ဘက်ကောင်းကင်တံခါးရဲ့ ဖယောင်းနဂါးမှန်ဘီလူးရဲ့ အအေးခံမှုကန့်သတ်ချက်ထက် မကျော်လွန်စေနဲ့။ အာကာသစောင့်ကြည့်ရေးစနစ်ကို သုံးပြီး ပုံရိပ်တွေကိုလည်း ဖမ်းယူထားပါ၊ အဲဒီကမ္ဘာ့အဆင့်ဇီဝသက်ရှိကြီးတွေက အတော်လေးကြီးမားတာမလို့ တစ်ခုခုပြောင်းလဲသွားရင် သေချာပေါက်ဖမ်းမိလိမ့်မယ်။ အဲဒီကျရင် ငါ့ကိုအကြောင်းကြားပါ” လင်းရှန်က ပြောလိုက်သည်။
ဤအချိန်တွင် လင်းရှန်၌ အယူအဆတစ်ခုရှိနေခဲ့ရာ တောင်ဘက်ကောင်းကင်ဂိတ်ကို အသုံးပြု၍ စမ်းသပ်လိုခြင်းဖြစ်သည်။ သူ ထင်မြင်ချက်မှားယွင်းသွားလျှင်ပင် သွေးနီရောင်မြူအတွင်းရှိ ကြီးမားသော မွန်းစတားများကို ဖျက်ဆီးရန် သို့မဟုတ် ကမ္ဘာ့အဆင့်သက်ရှိများကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေရန်အတွက် တောင်ဘက်ကောင်းကင်ဂိတ်ကဲ့သို့သော လက်နက်ကို အသုံးပြုခြင်းက ဘာမှမလုပ်ဘဲထိုင်နေခြင်းထက် ပို၍ကောင်းပေသည်။ ၎င်းက မျှော်စင်လူသားများ၏ လွန်ခဲ့သောလအနည်းငယ်အတွင်း စိတ်ရူးပေါက်သလို ဝါးမြိုနေသည့် ဖြစ်စဉ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်ကောင်းနိုင်လိမ့်မည်။
ထို့အပြင် လင်းရှန် ဤသို့ ပြုလုပ်ရခြင်းမှာ... ကော်လိုရာဒိုတွင် ပိတ်မိနေသည့် ရထားအဖွဲ့သားများနှင့် သွေးနီရောင်မြူအတွင်း သမုဒ္ဒရာတစ်ဖက်ကမ်းသို့ ရွှေ့ပြောင်းသွားသည့် တိတ်ဆိတ်မြို့တော်တို့၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို သေချာမသိရသေးသည်မှအပ ကမ္ဘာပေါ်တွင် လူသားတို့၏ သက်ရှိအင်အားစုဟူ၍ မကျန်တော့သလောက်ဖြစ်နေသောကြောင့် ဖြစ်သည်။ ဖီးနစ်၏ စောင့်ကြည့်ရေးကိုဩဒိနိတ်များရှိနေသဖြင့် ဂရေ့စ်သည် မဟာမိတ်များရှိရာနေရာများကို ရှောင်ရှားပြီး ကမ္ဘာ့အဆင့်ဇီဝသက်ရှိများရှိရာဒေသများကိုသာ အဓိကထား၍ ပစ်ခတ်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
[ဂရေ့စ် နားလည်ပါပြီ၊၊ တိုက်ခိုက်မှုအစီအစဉ်ကို ချက်ချင်း ရေးဆွဲလိုက်ပါ့မယ်]
ဂရေ့စ်၏ တုံ့ပြန်မှုကို ကြားပြီးနောက် လင်းရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အကြည့်က အနည်းငယ်အေးစက်သွားခဲ့သည်။
သွေးနီရောင်မြူများသည် ကမ္ဘာပျက်ကပ်လှိုင်းကြီးကဲ့သို့ဖြစ်နေပြီး လူသားများမှာ အဆက်မပြတ်ဆုတ်ခွာကာ ဝင်ရိုးစွန်းဒေသများသို့ ရွှေ့ပြောင်းနေကြရသည်။ ထိုကမ္ဘာ့အဆင့်ဇီဝသက်ရှိများကို တိုက်ခိုက်လိုက်ပါက မည်သို့သောတုံ့ပြန်မှုမျိုးဖြစ်ပေါ်လာမည်နည်းဟူသည်ကို သူ တွေးနေမိသည်။
သမုဒ္ဒရာနတ်ဘုရားကြီးသည် အိန်ဂျယ်၏ ခွဲထွက်လာသော ခန္ဓာကိုယ်ဖြစ်နေခဲ့လျှင်... မျှော်စင်လူသားများ၏ အစီအစဉ်အရ ဤကမ္ဘာ့အဆင့်သက်ရှိများသည် ဝါးမြိုခြင်းနှင့် ပေါင်းစပ်ခြင်းများပြုလုပ်ရန်အတွက် ပြန်လည်စုစည်းကာ ယူနီအာဂါကို အသက်သွင်းကြလိမ့်မည် ဖြစ်သည်။
လင်းရှန် ဤသို့ ပြုလုပ်ခြင်းမှာ ထိုကမ္ဘာ့အဆင့်သက်ရှိများကို စမ်းသပ်ရန်နှင့် အာကာသနှောင့်ယှက်မှုမှတစ်ဆင့် ၎င်းတို့၏ လှုပ်ရှားမှုလမ်းကြောင်းများကို ဖမ်းယူရန် သို့မဟုတ် ဤဖြစ်စဉ်ကို ရိုးရှင်းစွာ ပိတ်ဆို့နှောင့်နှေးစေရန် ကြိုးစားခြင်းသာဖြစ်ပေသည်။
ယဉ်ကျေးမှုပုံတူပွားစက်လုံးကို မြင်တွေ့ပြီးနောက် လင်းရှန်သည် သူတစ်ခုခုကို လျစ်လျူရှုမိသွားခဲ့သည်ဟု ခံစားနေရသော်လည်း လက်ရှိတွင်မူ ထိုအရာကို မတွေးမိသေးပေ။
ဤအချိန်တွင် ဗလာဖြစ်နေသော အာကာသပြင်ကျယ်ကြီးထဲ၌ ၁၂ ကီလိုမီတာ အချင်းရှိသော ကွင်းပတ်ပုံသဏ္ဌာန် စွမ်းအင်သိုလှောင်မှုအခင်းအကျင်းသည် ရုတ်တရက်ပင် စူးရှလှသော တစ္ဆေဆန်သည့် အပြာရောင်လျှပ်စစ်များဖြင့် လင်းထိန်လာခဲ့သည်။ ၂၄ ခုသော ဖယောင်းနဂါးအဆင့် ကန့်သတ်ချက်ရှိ အမှုန်လင်းတန်းဖွဲ့စည်းပုံများသည် တရားစီရင်ခြင်းအတောင်ပံများကဲ့သို့ ပွင့်ထွက်လာပြီး လေဟာနယ်ထဲတွင် အမြောက်ဦးတည်ချက်ကို တိတ်တဆိတ်ညှိလိုက်ကြသည်။ မူလက ဥက္ကာခဲများကို ဖျက်ဆီးရန်အတွက် စကြာဝဠာအာကာသနက်ကြီးဆီသို့ ချိန်ရွယ်ထားသော ထိုအမြောက်ကြီးများသည် ပစိဖိတ်သမုဒ္ဒရာ၏ အောက်ခြေရှိ တစ်နေရာသို့ ဦးတည်လှည့်ပြောင်းသွားခဲ့ပြီး အာကာသနက်ရေဒါစနစ်က ကိုဩဒိနိတ်အချက်အလက်များကို တစ်ပြိုင်တည်း ချိန်ရွယ်လိုက်ရာ အမှုန်တန်းအရှိန်မြှင့်စက်ကွင်းသည် ပုံသေကြယ်တစ်စင်း မွေးဖွားလာသကဲ့သို့ တောက်ပလှသော အဖြူရောင်အလင်းတန်းများကို မှုတ်ထုတ်လိုက်တော့သည်။
ချက်ချင်းပင် တောင်ဘက်ကောင်းကင်တံခါး၏ စွမ်းအင်မြင့် အမှုန်တန်းအမြောက်အူတိုင်မှနေ၍ မျက်ကြည်လွှာကို ဆုတ်ဖြဲပစ်နိုင်လောက်သော ပြင်းထန်သည့်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး အချင်းမီတာ ၅၀၀ကျော်ရှိသော ပလာစမာစီးကြောင်းကြီးသည် အာကာသထဲတွင် စုစည်းကာ ကောင်းကင်နှင့် မြေပြင်ကို ထိုးဖောက်မည့် နတ်ဘုရားပြစ်ဒဏ်ခတ်လှံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာ့လေထုနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် လေထုမှာ အချင်း ကီလိုမီတာအနည်းငယ်ရှိသော နီရဲသည့် ဝဲဂယက်ကြီးအဖြစ် အိုင်းယွန်းအသွင်ပြောင်းလဲသွားခဲ့ပြီး တိမ်တိုက်များမှာ ထိုးဖောက်ခံရခြင်းမျိုးမဟုတ်ဘဲ တိုက်ရိုက်ပင် အငွေ့ပျံသွားခဲ့ရကာ လမ်းကြောင်းတစ်လျှောက်ရှိ သွေးနီရောင်မြူများသည် မမြင်ရသောဘီလူးကြီးတစ်ကောင်၏ လက်ဝါးဖြင့် ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည့် ဝါဂွမ်းများကဲ့သို့ ပျက်စီးသွားခဲ့ရသည်။
ဘွန်း...ရှဲ
တောင်ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ပြင်တစ်ခုတွင် စွမ်းအင်မြင့်အလင်းတန်းသည် အိုင်းယွန်းလွှာကို ဆုတ်ဖြဲပစ်လိုက်ပြီး ပင်လယ်ရေပြင်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် တန်ချိန်ဘီလီယံပေါင်းများစွာရှိသော ပင်လယ်ရေများကို ချက်ချင်းအငွေ့ပျံသွားစေခဲ့ရာ အချင်းမီတာတစ်ထောင်ကျော်ရှိသော ရေနွေးငွေ့မှိုတိမ်တိုက်ကြီးသည် နီရဲသောလျှပ်စစ်လှိုင်းများကို သယ်ဆောင်လျက် ကောင်းကင်ယံထံသို့ ထိုးတက်သွားခဲ့သည်။ ပေါက်ကွဲမှု၏ တုန်ခါလှိုင်းသည် ရေမိုင်အနည်းငယ်အတွင်းရှိ မုန်တိုင်းတိမ်တိုက်များကို တစ်စစီဆုတ်ဖြဲပစ်လိုက်ပြီး ကြီးမားလှသော ဆူနာမီလှိုင်းကြီးမှာလည်း အပြင်ဘက်သို့ စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် ပြင်းထန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
စေးပျစ်လှသော သွေးနီရောင်ကောင်းကင်ပြင်ကြီးမှာ ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် အတင်းအကျပ်ဆုတ်ဖြဲခြင်းကို ခံလိုက်ရသဖြင့် နေရောင်ခြည်မှာ အမှောင်ထုများကို ခေတ္တမျှထိုးဖောက်ဝင်ရောက်လာခဲ့သည်။ နက်ရှိုင်းလှသော သမုဒ္ဒရာအောက်ခြေတွင် တောင်တစ်လုံးထက်ပင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုက ပင်လယ်ပြင်ကို ရုတ်တရက် ထိုးခွဲ၍ ထွက်ပေါ်လာခဲ့သည်။ သမုဒ္ဒရာနတ်ဘုရားကြီး၏ ခန္ဓာကိုယ်ကြီးက ကုန်းမြေအစွန်းတန်းကို ချေမှုန်းလျက် အပေါ်သို့ မြင့်တက်လာခဲ့ပြီး နီရဲသောအမှောင်လျှပ်စီးများဖုံးလွှမ်းနေသည့် ရေတွက်၍မရနိုင်သော လက်တံကြီးများက လေထုကို မွှေနှောက်နေခဲ့ကြရာ ပစိဖိတ်သမုဒ္ဒရာအထက်တွင် မိုးသက်မုန်တိုင်းများ ပြင်းထန်စွာရွာသွန်းလာခဲ့ပြီး ပင်လယ်ပြင်တစ်ခုလုံးတုန်ခါသွားခဲ့ကာ ဤကမ္ဘာပျက်ကပ်သတ္တဝါကြီး၏ ဒေါသကို ဖော်ပြနေသည်။
ကီလိုမီတာ သောင်းပေါင်းများစွာ မြင့်မားသော တည်ငြိမ်ပတ်လမ်းပေါ်တွင် တောင်ဘက်ကောင်းကင်ဂိတ်၏ စောင့်ကြည့်ရေးစနစ်က ထိုကြီးမားလှသော အရိပ်မည်းကြီးကို တိကျစွာဖမ်းယူနိုင်ခဲ့ပြီး ဂရေ့စ်သည် စောင့်ကြည့်ရေးအချက်အလက်များကို လက်ခံရရှိခဲ့ကာ ဒုတိယမြောက် ညွှန်ကြားချက်မှာလည်း မီလီစက္ကန့်ပိုင်းအတွင်း အသက်ဝင်သွားခဲ့သည်။
[ဇီဝသက်ရှိ ၀၄ ရဲ့ ကိုဩဒိနိတ်ကို ဖမ်းမိပါတယ်၊၊ ဒုတိယအကြိမ် တိုက်ခိုက်မှုအတွက် အအေးခံနေပါတယ်]
ဖီးနစ်၏ ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းအတွင်း စူးရှလှသောအချက်ပေးသံများနှင့် အချက်အလက်စီးကြောင်းများက မျက်နှာပြင်အားလုံးတွင် ပြည့်နှက်သွားခဲ့ရာ သုတေသနပညာရှင်တစ်ဦးက ရုတ်တရက် ကုလားထိုင်ကို ရိုက်ကာ မတ်တတ်ရပ်လိုက်ပြီး သူ၏ အော်ဟစ်သံက ဆူညံသံအားလုံးကို လွှမ်းမိုးသွားခဲ့သည်။
“တောင်ဘက်... တောင်ဘက်ကောင်းကင်ဂိတ်က ပစ်ခတ်လိုက်ပြီ...”
ယန်ရှုသည် လူအုပ်ကို တိုးဝှေ့ကာ ပင်မထိန်းချုပ်မှုစားပွဲဆီသို့ ပြေးသွားခဲ့ရာ ဟိုလိုဂရမ်ကြယ်တာရာမြေပုံပေါ်တွင် ပစိဖိတ်ကိုဩဒိနိတ်များက ပြင်းထန်စွာ တဖျတ်ဖျတ်လင်းနေခဲ့သည်။
“ပစ်ခတ်တဲ့ ကိုဩဒိနိတ်က ဘယ်နေရာလဲ...”
“ပစိဖိတ်တွင်းနက် ၁၃ ရဲ့ အစွန်း၊ အနက်... ၆၂၀၀ မီတာ...”
“ဒါက ချူယန် ဒါမှမဟုတ် လင်းရှန် ဖြစ်ရမယ်၊၊ ချိတ်ဆက်မှုအချက်အလက် ပက်ကေ့ခ်ျကို ချက်ချင်းပို့လိုက်...”
“နားလည်ပါပြီ...”
…
အနန္တရထား၏ ရထားတွဲ ၂ အတွင်း ကီကီ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်နေခဲ့ပြီး မျက်နှာပြင်ပေါ်ရှိ အချက်အလက်များ ပြောင်းလဲသွားသည်နှင့်အမျှ သူမ၏ မျက်လုံးသူငယ်အိမ်များက ရုတ်တရက် ကျုံ့ဝင်သွားခဲ့ကာ ဆက်သွယ်ရေးလှိုင်းနှုန်းထဲတွင် တိုက်ရိုက်ပင် အော်ဟစ်လိုက်တော့သည်။
“လင်းရှန်... ဒီကိုအမြန်လာ... သတ္တုအန်စာတုံးက ရှင့်ဆီကို တကယ်ပဲ အချက်အလက်တွေ ပို့နေတယ်...”