← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

Chapter 162

ရေနွေးများစိုရွှဲသော အဝတ်စက သူ့အသားအရေပေါ်တွင် ကပ်နေကာ နေရခက်စေသည်။

ရေအပူချိန်ကို အနေတော်ဖြစ်အောင် ချိန်ညှိထားသော် လည်း အခိုးအငွေ့များ ရိုက်ခတ်ခာသော အခန်းကျဉ်းလေးထဲရှိ စိုစွတ်မှုကြောင့် ထိုအပူရှိန်က သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။

ဟော်ချန်ယဲ့ ရင်ဘတ်က အပြင်းအထန်ခုန်ပေါက်လျက်ပင်။ စိုရွှဲနေသော သူ့အပေါ်ပိုင်းက ဂျုံရောင် ရင်အုပ်ကြွက်သားများကို တစွန်းတစ ပေါ်လွင်စေပြီး ပြင်းထန်သော အသက်ရှူသံတိုင်းနှင့်အတူ စိုစွတ်နေသော ဆံနွယ်များမှ ရေပေါက်များ တစ်ပေါက်ချင်း ကျဆင်းနေမှုက တောင့်တင်းသော သူ့ခန္ဓာကိုယ်ကို ပိုဆွဲဆောင်မှုရှိစေသည်။

သူ တံတွေးကို ခပ်ပြင်းပြင်း မြိုချမိသည်။ သူ့ ပါးစပ်များလည်း ခြောက်ကပ်နေပြီး အကြောင်းပြချက်မရှိဘဲ ရေဆာ လောင်နေသလို ခံစားရသည်။

ကျေးလက်ဒေသမှ အမျိုးသားတစ်ယောက်အတွက် အထူး သဖြင့် မိန်းကလေးတစ်ယောက်နှင့် ယခင်က မည်သည့် ရင်းနှီးသော အထိအတွေ့မျိုးမှ မရှိခဲ့ဖူးဘဲ မကြာသေးမီကမှ ဤအရာများကို စတင်ကြုံတွေ့ဖူးသူ တစ်ယောက်အတွက် ထိုအခြေအနေသည် အမှန်တကယ်ပင် ရင်ဆိုင်ရ ခက်လွန်းလှသည်။

ယွီရွေ့ကျူးက သူတို့နှစ်ယောက် အတူတူ ရေချိုးကြရန် အကြံပြုလာခဲ့သည်။

ပိုဆိုးသည်က ယွီရွေ့ကျူး သူ့အနားသို့ တိုးကပ်လာသည်ကို ဟော်ချန်ယဲ့ မယုံနိုင်စွာဖြင့် ကြည့်မိသည်။ သူမက စောစောက သူလုပ်ခဲ့သည့် အပြုအမူများကို ရယ်စရာအဖြစ် သဘော ထားကာ လိုက်တုပနေပုံရပြီး သူ့အနားသို့ ကပ်လာကာ သူမ၏နှာခေါင်းလေးက သူ့အသားနှင့် ကပ်နေသော အင်္ကျီကို လာရောက် ပွတ်တိုက်သည်။

ဟော်ချန်ယဲ့က အလိုအလျောက်ပင် ခေါင်းကို နောက်သို့ဆုတ်ပြီး သူ့လက်က သူမ ပခုံးပေါ်သို့ ရောက်သွားကာ အက်ရှရှအသံဖြင့် သူမနာမည်ကို ခေါ်သည်။

"ရွေ့ကျူး"

သို့သော် ဝတ်လစ်စလစ်ဖြစ်နေသော နွေးထွေးပြီး ဖြူဝင်းသော သူမ အသားအရေကို သူ့လက်ဖဝါးဖြင့် ထိမိသောအခါ ဟော်ချန်ယဲ့မှာ မီးပူဟပ်ခံရသည့်အလား အမြန်လက်ပြန်ရုပ်မိပြီး သူ့နားရွက်များမှာလည်း ရဲရဲနီသွားသည်။

အရက်ရှိန်ကြောင့် ပါးပြင်များ ရဲနီကာ အသားအရေများ ပန်းသွေးရောင် သန်းနေသော ယွီရွေ့ကျူးက သူ့လည်ပင်းကို လက်ဖြင့် သိုင်းဖက်ကာ အနားသို့ ပိုတိုးလာပြီး သူ့ကိုယ်ပေါ်တွင် ကပ်နေသော စိုစွတ်နေသည့် အင်္ကျီကို ထိလာသည်။

သူမက နှာခေါင်းကို မဖယ်ရှားဘဲ သွားလေးများဖြင့် ဖွဖွလေး ကိုက်ကာ ဘေးဘက်သို့ ဆွဲယူလေသည်။

သူမ အနားသို့ ကပ်လာချိန်တွင် အရက်နံ့သင်းနေသော သူမ အသက်ရှူငွေ့များကို ဟော်ချန်ယဲ့ ခံစားသိရှိနေရပြီး ထိုအသက်ရှူငွေ့များ သူ့မျက်နှာပေါ်သို့ ကျရောက်လာသောအခါ သူပါ လိုက်ပြီး မူးယစ်လာသလို ခံစားရသည်။

သစ်သားစည်ပိုင်းအစွန်းတွင် တင်ထားသော သူ့လက်ဖဝါးကြီးများကို ပြင်းထန်သော ထိန်းချုပ်မှုဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရာ လက်ဖမိုးမှနေ၍ လက်မောင်းတစ် လျှောက်ရှိ သွေးကြောများမှာ တင်းမာ ထင်းထွက်နေသည်။

ဟော်ချန်ယဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ပြီး သူ့ နက်မှောင်သော မျက်လုံးများက ယွီရွေ့ကျူးကို စူးစိုက်ကြည့်နေကာ ပြင်းထန်သော ထိန်းချုပ်မှုကြောင့် သူ့မျက်လုံးထောင့်များပင် အနည်းငယ် နီမြန်းသွားသည်။

"ရွေ့ကျူး"

"ရွေ့ကျူး"

သူက ယွီရွေ့ကျူး နာမည်ကို ထပ်ခါတလဲလဲ ခေါ်ဆိုမိပြီး အဆုံးတွင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ရှေ့သို့တိုးကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းသည်။

ထို့နောက် သူမ မေးစေ့ကို ပင့်မကာ စည်ပိုင်းအစွန်းနှင့် ဖိကပ်ထားပြီးနောက် ခေါင်းကိုငုံ့ကာ ပြင်းပြင်းထန်ထန် နမ်းရှိုက်တော့သည်။

ရွာသို့ အပြန်လမ်းတွင် သူ အနည်းငယ် ခံစားခဲ့ရဖူးသော ထိုအရသာမှာ ယခုကျဉ်းမြောင်းသော နေရာလေးထဲရှိ အခိုး အငွေ့များ ဝန်းရံနေသည့် လေထုကြားတွင် ပိုမိုနက်ရှိုင်းသော သွေးဆောင်မှုနှင့် တွန်းအားတစ်ခုအဖြစ် ကူးပြောင်းသွားသည်။

ဟော်ချန်ယဲ့ လှုပ်ရှားမှုများက လျင်မြန်ပြီး အလောတကြီးဖြစ်နေ၏။

သူ့မျက်လုံးများက နီမြန်းနေပြီး ပူလောင်နေသော အကြည့်များဖြင့် ယွီရွေ့ကျူးကို စိုက်ကြည့်ကာ သူ့ ပူနွေးလာသော နှုတ်ခမ်းများက သူမ နှုတ်ခမ်းနီနီလေးများကို တင်းကျပ်စွာ ဖိကပ်ထားသည်။

ဤအခြေအနေတွင် ပြည့်စုံပြီး ပန်းသွေးရောင်သန်းနေသော ယွီရွေ့ကျူး နှုတ်ခမ်းလေးများမှာ ပြင်းထန်စွာ ဖိချေခံရသည်။

အပေါ်ဘက်ရှိ မီးရောင်က အနည်းငယ် ယိမ်းထိုးသည်။ ရေချိုးစည်ပိုင်းလေးက သိပ်မကြီးမားလှပေ။

ယွီရွေ့ကျူးက သူမသွယ်လျပြီး ဖြူဝင်းသော လက်မောင်းလေးများကို မြှောက်ကာ သူ့လည်ပင်းကို သိုင်းဖက်ပြီး မေးစေ့ကို အနည်းငယ် ပင့်တင်ကာ မျက်လုံးမှိတ်လျက် သာယာကြည်နူးနေသော ဟန်ပန်ကို ပြသလာသည်။

ဟော်ချန်ယဲ့ နှုတ်ခမ်းများက သူမ ပါးပြင်ပေါ်တွင် ပူလောင်စွာ ထိကပ်နေပြီး သူမ မျက်လုံးထောင့်ရှိ မှဲ့နီလေးကို သူ့နှုတ်ခမ်းများဖြင့် ငုံထွေးကာ သူမကို နမ်းရသည်မှာ အားမရနိုင်သေးသည့်အလား ဖြစ်နေသည်။

သူ့ မြန်ဆန်လှသော အသက်ရှူသံများနှင့် ရင်ဘတ်မှ တုန်ခါမှုများက ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုကိုဖန်တီးပေးလို့နေသည်။

သူ့နှုတ်ခမ်းများက ထိန်းချုပ်မရစွာ အောက်ဘက်သို့ ရွေ့လျားသွားပြီး ယွီရွေ့ကျူး အလွန်ဖြူဝင်းပြီး သွယ်လျသော လည်တိုင်တစ်လျှောက်တွင် အနီရောင် အမှတ်အသားများ ချန်ထားခဲ့သည်။ ထို့နောက် သူမ ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်ပြီးမှ ရုတ်တရက် ခေါင်းပြန်မော့လာသည်။

ယွီရွေ့ကျူး အသက်ရှူသံများမှာ ကမောက်ကမဖြစ်နေ သည်။ နေ့လယ်က ညစာစားပွဲအတွက် သူမ ကမန်းကတန်း ဆိုးထားခဲ့သော နှုတ်ခမ်းနီများမှာ ယခုအခါ လုံးဝ ပျက်စီးသွားပြီဖြစ်ပြီး ဟော်ချန်ယဲ့ မျိုချမှုကို လုံးလုံးလျားလျားနီးပါး ခံလိုက်ရသည်။

သူမ လှပသော ကြောင်မျက်လုံးလေးများက အလျင်အမြန် မျက်တောင်ခတ်နေကာ အနမ်းများကြောင့် မျက်ရည်များ ရစ်သိုင်းနေဆဲပင်။

သူမ နှုတ်ခမ်းနီနီလေးများက အနည်းငယ် ရောင်အမ်းနေပြီး ခေါင်းလေးကိုစောင်းကာ သူ့ကို ကြည့်လေသည်။

"ဘာလဲ၊ ကျွန်မကို ဆက်ပြီး ရေမချိုးပေးတော့ဘူးလား"

သူမ လက်ကို မြှောက်ပြီး လက်ချောင်းလေးများဖြင့် ဟော်ချန်ယဲ့ ပါးပြင်အကွေ့အကောက်များကို စုန်ဆန်ပွတ်ဆွဲကာ မျက်လုံးထောင့်ရှိ အမာရွတ်ပေါ်တွင် ရပ်တန့်သွားသည်။

သူမ ထိုအမာရွတ်ကို ခဏတာ ထိတွေ့ပြီး အနည်းငယ် ကြမ်းတမ်းသည်ကို သတိထားမိသွားကာ လက်ကို ညင်သာစွာ ပြန်ချသည်။

ဟော်ချန်ယဲ့ တစ်ယောက်သာ ပြင်းပြင်းထန်ထန် မောဟိုက်နေပြီး ပူလောင်သော မျက်လုံးများဖြင့် သူမကို စူးစိုက်ကြည့်သည်။

ဟော်ချန်ယဲ့ အသံက အက်ရှရှဖြစ်ကာ ကြမ်းတမ်းသော လေသံပေါက်နေသည်။

"ရေချိုးချင်တာလား၊ ကိုယ် လာပြီ၊ နောက်မှ မင်း နောင်တမရဖို့ မျှော်လင့်တယ် ရွေ့ကျူး"

သူ မျက်လုံးများကို ကမန်းကတန်း မှိတ်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် စိုရွှဲနေသော သူ့အင်္ကျီကြယ်သီးများကိုဆွဲဖြုတ်ကာ ဘေးသို့ လွှင့်ပစ်လေသည်။

ယခင်ကဆိုလျှင် ဟော်ချန်ယဲ့မှာ နှမြောတသ ဖြစ်မိပေမည်။ ကြယ်သီးများ ပြန်တပ်ရမည့် ဒုက္ခနှင့်အင်္ကျီ ပျက်စီးသွားမည်ကိုစိုးရိမ်ဆဲပင်။

သို့သော် ယခုမူကား သူ့ခေါင်းထဲတွင် ဗလာကျင်းပြီး သူ့ရှေ့ရှိ ယွီရွေ့ကျူး တစ်ယောက်တည်းဖြင့်သာ ပြည့်နှက်နေသည်။

သူမက ရေချိုးစည်ပိုင်းထဲတွင် ပျင်းရိပျင်းတွဲ မှီလျောင်းလျက် သူမ အသားအရေမှာ တောက်ပနေမတတ် ဖြူဝင်းလာသည်။

သူမ နက်မှောင်ရှည်လျားသော ဆံပင်နှင့် နို့နှစ်ရောင်အသား အရေတို့ ဆန့်ကျင်ဘက်ဖြစ်မှုက ပေါ်လွင်နေပြီး ဟော်ချန်ယဲ့ကို သူမအား နေရာလပ်မကျန် နမ်းရှိုက်ချင်စိတ်များဖြစ်ပေါ်လာစေသည်။

ရေပေါ်တွင် ပေါ်လောပေါနေသော အဖြူရောင် အသားစိုင်နှစ်ခုမှာ အလင်းနှင့် အရိပ်အလိုက် ပြောင်းလဲနေပြီး ဟော်ချန်ယဲ့ကို တိုက်ရိုက် မကြည့်ဝံ့လောက်အောင် ဖြစ်စေကာ သူ့စိတ်များ ကယောက်ကယက် ဖြစ်သွားရသည်။ စောစောက သူ ခပ်ကြမ်းကြမ်းပုံစံဖမ်းခဲ့ပြီး ယွီရွေ့ကျူး ကျီစယ်မှုကြောင့် သူ စိတ်မရှည်သလို ဖြစ်ခဲ့ရသည်။

သို့သော် အဝတ်အစားများချွတ်ကာ ဝင်ရန် ပြင်ဆင်လိုက်ချိန်တွင်တော့ ဟော်ချန်ယဲ့ ကြက်သေသေသွားပြီး ရှက်ရွံ့မှုလှိုင်းလုံးကြီးတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။

အထူးသဖြင့် ယခုအချိန်တွင် ယွီရွေ့ကျူးက စည်ပိုင်းထဲတွင် ပျင်းရိပျင်းတွဲ မှီလျောင်းကာ သူ့ကို စူးစိုက်ကြည့်နေသောကြောင့်ပင်။

ပထမဦးစွာ သူမ အကြည့်များက သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများပေါ်သို့ ကျရောက်သွားပြီးနောက် အလိုအ လျောက်ပင် အောက်ဘက်သို့ ရွေ့လျားသွားသည်။

ထို့နောက် သူမ ရပ်တန့်သွားသည်။

သူမက အရက်ရှိန်ကြောင့် မျက်တောင်လေးများခတ်ကာ ခေါင်းကိုစောင်းပြီး သိချင်စိတ်ဖြင့် သူ့ကို မေးသည်။

"ဒီအတိုင်းဆို ရှင် စည်ပိုင်းအစွန်းနဲ့ မတိုက်မိဘူးလား၊ မနာဘူးလား"

"အင်္ကျီဝတ်ထားရင်ကျ ဘယ်မှာ ဖွက်ထားတာလဲ၊ ဘာလို့ ကျွန်မ လုံးဝ မမြင်ရတာလဲ၊ တကယ့်ကို အံ့သြစရာပဲ"

သူမ လက်လှမ်းကာ ထိတွေ့ရန်ပင် ကြိုးစားလာသော်လည်း ဟော်ချန်ယဲ့ မျက်နှာများနီရဲလျက် သူမကို တားသည်။

သူ စည်ပိုင်းထဲသို့ တိတ်ဆိတ်စွာ ဝင်ပြီးနောက် ဖြည်းညင်းစွာ ထိုင်ချလိုက်ရာ သူ့ အသက်ရှူသံများမှာ တင်းမာနေသည်။

စည်ပိုင်းက အမှန်ကို သေးငယ်လှသည်။ ယခင်က ယွီရွေ့ကျူး တစ်ယောက်တည်းဆိုလျှင် သူမက ပိန်သောကြောင့် အတော်အတန် ကျယ်ဝန်းသည်ဟု ထင်ရသော်လည်း သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် အနေတော်ဖြစ်နေသော ရေများက စတင်လျှံကျလာသည်။

ရေများ ကြမ်းပြင်တစ်ခွင်လုံးသို့ ဖိတ်စဉ်ကျသွားသည်။

ထိုအနေအထားအရ သူတို့နှစ်ယောက်လုံး မျက်နှာချင်းဆိုငိ ထိုင်နိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက ယွီရွေ့ကျူးကိုသာ ဖိမိနေမည်ဖြစ်ကာ သူလည်း ထိုင်၍ရမည် မဟုတ်ချေ။

ထို့ကြောင့် ဟော်ချန်ယဲ့ ယွီရွေ့ကျူး ခါးကိုဖက်ကာ သူ့ရင်ခွင်ထဲသို့ ထည့်ထားပြီး ရေအပူချိန်နှင့် စည်ပိုင်းနေရာအကျယ် အဝန်းကို ဖြည်းညင်းစွာ ချိန်ညှိရင်း သူတို့နှစ်ယောက်အတူ တကွထိုင်ကြသည်။

ဤကျဉ်းမြောင်းလှသော စည်ပိုင်းလေးထဲတွင် တစ်စုံတစ် ယောက်နှင့်အတူ အချိန်ဖြုန်းရလိမ့်မည်ဟု ဟော်ချန်ယဲ့ တစ်ခါမှ မတွေးကြည့်ခဲ့ဖူးပေ။

သူ့တစ်ကိုယ်လုံး တောင့်တင်းနေပြီး သစ်သားစည်ပိုင်းအစွန်းတွင် လက်များကို တင်ထားကာ အသက်ပင် ပြင်းပြင်း မရှူရဲပေ။

အထဲရှိ ကျဉ်းမြောင်းသော နေရာလေးက သူတို့နှစ်ယောက်အတွက် အလွန်ကြပ်တည်းနေသလို ခံစားရစေသည်။

All Chapters