← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

Chapter 163

နွေးထွေးသော ရေများက သူတို့ကို ဝန်းရံထားပြီး အနည်း ငယ် လှုပ်ရှားသည်နှင့် သူမ ခန္ဓာကိုယ်က သူ့အပေါ် တင်း ကျပ်စွာ ဖိကပ်လာသည်ကို ဟော်ချန်ယဲ့ ခံစားမိသည်။

သူမက သူ့ပေါင်ပေါ်တွင် ထိုင်နေပြီး သူမ ကျောပြင်က သူ့ရင်ဘတ်နှင့် ဖိကပ်ထားကာ အိပ်ချိန်များတွင် သူတို့ အမြဲတမ်း လုပ်လေ့ရှိသည့်အတိုင်းပင်။

ကွာခြားချက်မှာ အိပ်ချိန်တွင် သူတို့က လှဲလျောင်းကြပြီး ယခုမူကား ထိုင်နေကြခြင်းသာဖြစ်သည်။

ဟော်ချန်ယဲ့ စိတ်များမှာ လုံးဝကို ကမောက်ကမဖြစ်နေ သည်။ သူ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အသက်ရှူသံများ ပို၍ပို၍ မြန်ဆန်လာကာ သူ့ဘေးရှိ တဘက်ကို လှမ်းယူရင်း ပါးလွှာသော နှုတ်ခမ်းများကို စိထားသည်။

"ကိုယ်... ကိုယ် မင်းကို ရေချိုးပေးမယ်..."

ရေအပူချိန်က အနေတော်ဖြစ်သော်လည်း သူ ဝင်လာသော ကြောင့် နေရာကျဉ်းကျပ်ကာ သက်တောင့်သက်သာမရှိ ဖြစ်သွားပုံရသည်။

ယွီရွေ့ကျူးကမူ ခန္ဓာကိုယ်ကို ရွှေ့ပြီး ထိုတင်းမာမှုကို လျှော့ချရန် ပိုကောင်းသော ထောင့်တစ်ခုကို ရှာဖွေသည်။

သို့သော် အတန်ကြာအောင် လှည့်ပတ်လှုပ်ရှားပြီးနောက် သူမ ရသမျှမှာ အနောက်ဘက်မှ ပြင်းထန်သော အသက်ရှူသံများနှင့် သူမ ခန္ဓာကိုယ်ပေါ်သို့ ဖိကပ်လာသော ပူလောင်သည့် လက်ဖဝါးတစ်ခုသာ။

ဟော်ချန်ယဲ့က သူမကို ချော့မော့ရန် ကြိုးစားပြီး အသံများက အက်ရှနေသည်။

"ရွေ့ကျူး၊ မလှုပ်နဲ့တော့"

သူ နှုတ်ခမ်းများကို သပ်လျက် အောက်နှုတ်ခမ်းကို တင်း ကျပ်စွာစိထားသည်။ ပုံမှန်အားဖြင့် တည်ကြည်ပြီး အေးတိ အေးစက်နိုင်သော သူ့မျက်နှာမှာ ယခုအခါ နီရဲကာ နဖူးပေါ်တွင် ချွေးပေါက်များ သီးနေကာ ပါးပြင်တစ်လျှောက် စီးကျနေသည်။

သူ မြှောက်လိုက်သော လက်က ရေထဲတွင်ပင် ချောမွေ့နေဆဲဖြစ်သော သူမ ပိုးသားကဲ့သို့ ဖြူဝင်းသော အသားအရေကို ထိမိသွားပြီး သူ မသိလိုက်ဘဲ ထိတွေ့မိသွားသော ပြည့်ဖြိုးမှုက ဟော်ချန်ယဲ့ စိတ်ထဲသို့ လျှပ်စစ်စီးသွားသလို ခံစားရသည်။ သူ လက်သီးများကို ဆုပ်ထားပြီး ပျာယာခတ်သွားသည်။

ယွီရွေ့ကျူးက မျက်မှောင်ကြုတ်ကာ နောက်သို့ဆုတ်ပြီး သူမ အသံမှာ တိုးနေကာ အိပ်ချင်မူးတူးနှင့်ပင်။

"ကျွန်မ မလှုပ်ပါဘူး၊ အိပ်ချင်လိုက်တာ၊ ဟော်ချန်ယဲ့... ဘယ်တော့ ရေချိုးပေးလို့ ပြီးမှာလဲ၊ ကျွန်မ အိပ်ချင်ပြီ၊ မြန်မြန်လုပ်"

"အင်းပါ"

ဟော်ချန်ယဲ့ အံ့ကြိတ်ကာ ခက်ခက်ခဲခဲ ပြန်ဖြေရသည်။

အမှန်တော့ ယွီရွေ့ကျူးက အလွန်အသားဖြူပြီး ချွေးနံ့ လုံးဝ မထွက်ပေ။ သူမထံမှ အမြဲတမ်း အနံ့အသက်ကောင်းများ ထွက်နေတတ်သော်လည်း အလွန် သန့်ရှင်းရေး ကြိုက်ပြီး အိပ်ရာမဝင်မီ နေ့တိုင်း ရေချိုးရန်တောင်းဆိုတတ်သည်။ သူမက ကျေးလက်လူတစ်ယောက်အတွက် ထူးထူးခြားခြားကို သန့်ရှင်းလွန်းလှသည်။

ယွီရွေ့ကျူးနှင့် ပတ်သက်မှုကြောင့် သူလည်း ဤဇိမ်ကျကျ နေတတ်သည့် အကျင့်ကို တဖြည်းဖြည်းရရှိလာခဲ့ခြင်းပင်။

ယွီရွေ့ကျူးက သူ့ပေါင်ပေါ်တွင် ထိုင်သဖြင့် သူမ ကျောပြင်က သူ့ရင်ဘတ်နှင့် ဖိကပ်နေသည်။ သူ အနည်းငယ်ရွှေ့သော အခါ သူမ နက်မှောင်သော ဆံကေသာများ ဖုံးကွယ်ထားသည့် ဖြူဝင်းသော အသားအရေမှာ ပေါ်လွင်လာသည်။

သူက ဆံပင်များကို ညင်သာစွာ ဖယ်ရှားပေးပြီး သူမ ရင်ဘတ်ပေါ်သို့ တင်ပေးသည်။ ထို့နောက် ဟော်ချန်ယဲ့က သူမ အသားအရေပေါ်သို့ ရေအနည်းငယ် ပက်ပြီး တဘက်ကို တင်ကာ ညင်သာစွာ သုတ်သည်။ ထိုသို့လုပ်ပြီးပြီးချင်းပင် သူ နောင်တရသွားတော့သည်။

တဘက်က ကြမ်းတမ်းနေပြီး ဤကဲ့သို့သောအရာများနှင့် ရှင်းရှင်းလင်းလင်းပင် အကျွမ်းတဝင် မရှိသော ယွီရွေ့ကျူးက မသိလိုက်ဘဲ နှစ်ချက်ခန့် ညည်းတွားမိသည်။ သူမ လှည့်ကြည့်သောအခါ သူမ မျက်လုံးများထဲတွင် အံ့သြမှုနှင့် အပြစ်တင်မှုများ ပြည့်နှက်နေသည်။

ညင်သာစွာ သုတ်လိုက်ခြင်းကပင် သူမ ဖြူဝင်းသော ကျောပြင်ပေါ်၌ အနီရောင် အမှတ်အသားတစ်ခု ချန်ထားခဲ့ရာ အလွန်ကြမ်းတမ်းသွားပုံရသည်။ သူမ အသားအရေက လွန်ကဲစွာ နူးညံ့လွန်းသည်။

'ယွီရွေ့ကျူး အရင်က ရေချိုးတဘက် တစ်ခါမှ မသုံးဖူးဘူးလား၊ သူ ဘာကို သုံးခဲ့တာလဲ'

ဟော်ချန်ယဲ့ တုံ့ဆိုင်းသွားပြီး ရေချိုးတဘက်ကို ဆက်မသုံးရဲတော့ပေ။ ခဏတာ စဉ်းစားပြီးနောက် တဘက်ကို လက်ဖဝါးဖြင့် ထိကာ ရေနွေးများလောင်းချပြီး ထိုနေရာကိုဖြည်း ညင်းစွာ ဖုံးအုပ်ကာ ညင်သာစွာသုတ်ပေးသည်။

စောစောက အမှတ်အသားက သိသာလွန်းသည်။ ဟော်ချန်ယဲ့ ငုံ့ကြည့်တိုင်း ၎င်းကို မြင်နေရသည်။ သူ့ပါးပြင်ပေါ်ရှိ အပူရှိန်များ မကျသေးသလို သူ့ခန္ဓာကိုယ်ထဲရှိ ဂဏာမငြိမ်မှုများကလည်း ရပ်တန့်မသွားခဲ့ပေ။ အမှန်တော့ ရေထဲမှ သိမ်မွေ့သော ထိတွေ့မှုကြောင့် ပိုလှုံ့ဆော်ခံလိုက်ရသေးသည်။

လှုပ်ရှားမှုတိုင်းနှင့်အတူ ယွီရွေ့ကျူး ကျောပြင်က သူ့ရှေ့တွင် ယိမ်းနွဲ့နေပြီး၊ ဟော်ချန်ယဲ့ စိတ်ထဲတွင် ယခင်က မြင်ကွင်းတစ်ခု ပြန်ပေါ်လာသည်။

သူမအတွက် ဂါ၀န်လေး ချုပ်ပေးချိန်က သူမ နှုတ်ခမ်းများနှင့် သူ့နှုတ်ခမ်းများ ထိတွေ့ခဲ့ရသည့် ခံစားချက်ပင်။

ဟော်ချန်ယဲ့က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။ သူ့ လည်စေ့က လှုပ်ရှားသွားပြီး မှတ်ဉာဏ်ထဲကအတိုင်း ယခင်က သူချန်ထားခဲ့သော အမှတ်အသားတစ်လျှောက် ထပ်မံ ထိတွေ့မိသည်။

ယွီရွေ့ကျူးက ခပ်တိုးတိုး ညည်းလာသည်။

"အာ့"

သူမ ခေါင်းကို လှည့်ပြီး သူမ ခန္ဓာကိုယ်ကလည်း တုံ့ပြန်သည့်ဖြင့် တုန်ရီလေသည်။

ကျဉ်းမြောင်းသော သစ်သားစည်ပိုင်းထဲတွင် ဤမျှ ကြီးမား သော လှုပ်ရှားမှုများလုပ်ရန်ခက်ခဲသည်။ ရေများ ထပ်မံလျှံကျလာပြီး ကြမ်းပြင်ပေါ်သို့ ဖိတ်စဉ်သွားသည်။

ဟော်ချန်ယဲ့ ဒူးများက သူမ ပေါင်များကို ထိမိသွားပြီး သူ့ နွေးထွေးသော အထိအတွေ့ကလည်း သူမ ခါးကို ပွတ်တိုက်မိသည်။

ယွီရွေ့ကျူး သူ့ရင်ခွင်ထဲတွင် မှီခိုရင်း သူ့ကို မော့ကြည့်လာသည်။ သူမ ဝမ်းဗိုက်ပေါ်မှ ခံစားမှုကြောင့် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ထိကြည့်ရန် လက်လှမ်းလေသည်။

ဟော်ချန်ယဲ့ ပါးပြင်များနီရဲသွားပြီး သူ့ နက်မှောင်သော မျက်လုံးများ ချက်ချင်းပြူးကျယ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတော့သည်။

ယွီရွေ့ကျူးကမူ သူ့ကို မျက်တောင်လေးခတ်ကာ ကြည့်လိုက်သည်။ သူမ မျက်နှာထားက အနည်းငယ် အရက်မူးနေသော်လည်း အလေးအနက်ရှိဆဲပငိ။

"ယားတယ်၊ ရှင်ချည်းပဲ ကျွန်မကို ရေချိုးပေးနေလို့ မရဘူးလေ၊ ကျွန်မလည်း ရှင့်ကို ကူညီပေးမှာပေါ့"

"အပြန်အလှန် ကူညီကြမယ်လေ၊ ကျွန်မက နားလည်မှုရှိတယ်လေ မဟုတ်ဘူးလား"

သူမက လက်တစ်ဖက် မြှောက်ကာ ဟော်ချန်ယဲ့ ရင်ဘတ်ကို ပွတ်သပ်လာသည်။ သူ့အသားနှင့် ဖိကပ်နေသော သူမ အသားအရေမှာ ရေနွေးထဲတွင် စိမ်ထားသောကြောင့် ဟော်ချန်ယဲ့ အသားအရေကိုပါ ပူလောင်သွားစေသည်။

သူ စကားမပြောနိုင်ဘဲ ညည်းတွားရုံသာ တတ်နိုင်တော့ သည်။ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး နဖူးမှ ချွေးများ စီးကျနေကာ သူ့ကြွက်သားများပင် တုန်ရီလာတော့သည်။

"မင်းက နားလည်မှု အရမ်းရှိတာပေါ့..."

အခန်းတွင်းရှိ အပူချိန်မှာ အလွန်ပြင်းထန်လှသဖြင့် ဟော်ချန်ယဲ့အတွက် အသက်ရှူရပင် ခက်ခဲနေသည်။

ယွီရွေ့ကျူး သူ့ရင်ခွင်ထဲ တိုးဝှေ့နေဆဲပင်။

စောစောက သူအသုံးပြုခဲ့သော ရေချိုးတဘက်မှာ ယခုအခါ ယွီရွေ့ကျူး လက်ထဲသို့ ရောက်ရှိနေပြီး သူမက ဟော်ချန်ယဲ့ ခန္ဓာကိုယ်အား အားရပါးရ ပွတ်တိုက်ပေးရန် လက်ကို မြှောက်လိုက်သည်။

သို့သော်လည်း မူလကတည်းက အားနည်းလှသော သူမအတွက် အရက်မူးနေမှုက ပိုအားအင်ကုန်ခမ်းသွားသည်။

ဟော်ချန်ယဲ့ ကြမ်းတမ်းပြီး ဂျုံရောင်သန်းနေသောကြွက် သားများပေါ်တွင် သူမ ပွတ်တိုက်လိုက်သည့် အရာအနည်းငယ်မျှပင် မထင်ကျန်ခဲ့ဘဲ သူမသာလျှင် အမောတ ကောဖြင့် ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။ သူမ ရင်ဘတ်အသားအရေသည် သူ့ ရင်အုပ်ကြွက်သားများနှင့် သွားရောက် ထိတွေ့မိသည်။

ဦးနှောက်က သိနားလည်ဖို့ အချိန်ပင်မရလိုက်ခင် ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လာသည်။

ကျဉ်းမြောင်းသော နေရာလေးထဲတွင် အနည်းငယ်မျှ လှုပ်ရှားလိုက်တိုင်း ရေပူလှိုင်းများက ရှေ့နောက် ယိမ်းထိုးသွားစေပြီး ရေထဲတွင် နိမ့်ချည်မြင့်ချည်ဖြစ်နေသော သူမ အသားအရေ အထိအတွေ့နှင့် ပေါင်းစပ်သွားသည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူး ခါးလေးကို ကိုင်ထားရင်း သူမကို ငုံ့ကြည့်ကာ သူ့စိတ်ကို ထိန်းချုပ်ရန် အလွန်တရာ ခက်ခဲနေသည်။

သို့သော်လည်း သူသည် ယွီရွေ့ကျူး လက်ထဲတွင် အနှောင့် အယှက်ဖြစ်ဟန်ဖြင့် တွန်းဖယ်ခြင်းကို ခံရဆဲပင်။

All Chapters