အခန်း ၁၆၆
Vol. 17 Ch. 166
Chapter 166
ထိုတင်းရင်းပြီး လှပသော ကြွက်သားများနှင့် ကိုင်တွယ်ရ သက်တောင့်သက်သာရှိသော အမာရွတ်များကို တွေးမိသောအခါ ယွီရွေ့ကျူးက မျက်လုံးများကို သိမ်မွေ့စွာ မှေးမိသည်။
'ကြည့်ကောင်းပေမဲ့လည်း မလုံလောက်သေးဘူး'
'သူ့ကို ဆက်ပြီး အလိုလိုက်ထားလို့ မဖြစ်တော့ဘူး၊ မနေ့ညက မူးနေလို့က တစ်မျိုး၊ နောက်ဆိုရင်တော့ ဒီလို ခွင့်ပြုလို့ မရဘူး'
ကန့်သတ်ချက်တစ်ခုတော့ ထားရမည်။ သူမ သက်တောင့်သက်သာ ရှိမှသာ ဖြစ်မည်။ ဟော်ချန်ယဲ့ စရိုက်နှင့် လူမဆန်သော ခံနိုင်ရည်စွမ်းအားများကြောင့် နေ့တိုင်းသာ သူ့ကို အလိုလိုက်နေမည်ဆိုပါက သူမ သေးငယ်သော ခန္ဓာကိုယ်လေးမှာ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ဟော်ချန်ယဲ့က သူမကို သန့်ရှင်းရေးလုပ်ပေးပြီး ရေခြောက်အောင် သုတ်ပေးထားပုံရကာ သေချာစွာ ရေချိုးပေးခဲ့ပြီး ဖြစ်သည်။
ယခုအခါ သူမမှာ ခြောက်သွေ့ကာ သက်တောင့်သက်သာ ရှိနေပြီး ပွယောင်းယောင်း ညအိပ်ဝတ်စုံတစ်ထည်ကို ပြောင်းဝတ်ထားလျက် ရှိသည်။
သို့သော် ယွီရွေ့ကျူး အလိုအလျောက်ပင် သူမ ဝမ်းဗိုက်ပေါ်သို့ လက်တင််မိရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
ချက်ချင်းပေါ်လာမည့် လက္ခဏာများ မရှိသော်လည်း ဟော်ချန်ယဲ့က သူမကို ဂရုစိုက်ပေးခဲ့လိမ့်မည်ဟု ခန့်မှန်းမိသော်ငြား မူးယစ်နေစဉ်က ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ်များအရ ဟော်ချန်ယဲ့ လုပ်ခဲ့သည်ကို သူမ မှတ်မိဆဲပင်။
ထိုအရာကို ခံစားရဆဲဖြစ်သောကြောင့် သူမ ဗိုက်ကို ဆုပ်ကိုင်ထားမိသည်။
ယွီရွေ့ကျူးက ကလေးစောစော မယူချင်သေးကြောင်း ယခင်က ပြောခဲ့ဖူးသော်လည်း မနေ့ကမူ မူးယစ်နေမှုကြောင့် ဖြစ်ပေါ်လာသော မတော်တဆမှုကြောင့် အချိန်မရခဲ့ပေ။
သူမ မျက်မှောင်ကြုတ်ကာ တွေးတောနေစဉ်မှာပင် ဟော်ချန်ယဲ့က တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။
သူ့ ပါးလွှာသော နှုတ်ခမ်းများကို စေ့ထားပြီး ယွီရွေ့ကျူးကို ခိုးကြည့်နေသည်။ သူမ နိုးနေပြီဖြစ်ကြောင်း မြင်သောအခါ သူက အလျင်စလို ပြောသည်။
"ရွေ့ကျူး၊ ကိုယ် တောင်းပန်ပါတယ်..."
မနေ့ညက ပြင်းပြသော အနမ်းများနှင့် ရင်းနှီးမှုများမှာ မလုံလောက်ခဲ့သော်လည်း ပြီးဆုံးသွားပြီးနောက် သတိလစ်ကာ အိပ်ပျော်နေသော ယွီရွေ့ကျူးကို ကြည့်ရင်း သူ မည်မျှ အတိုင်းအတာအထိ လွန်ကျူးခဲ့မိကြောင်း နားလည်သွားခဲ့သည်။
ယွီရွေ့ကျူးက ရုန်းကန်ကာ မတ်တတ်ရပ်လာပြီး ခေတ္တမျှ တွေးတောပြီးနောက် ဟော်ချန်ယဲ့ကို လှည့်ကြည့်သည်။
"ဒီမှာ ကိုယ်ဝန်တားဖို့ ဘာတွေသုံးလဲ၊ ကိုယ်ဝန်တားဆေးတွေရောရှိလား၊ ရှိရင် ဆေးခန်းသွားပြီး ကျွန်မအတွက် နည်းနည်းလောက် သွားဝယ်ပေး၊ မရှိရင်လည်း ထားလိုက်တော့"
ဟော်ချန်ယဲ့မှာ ဤအရာများနှင့် မရင်းနှီးသလို အတွေ့အကြုံလည်း နည်းပါးလှသည်။ သို့သော် ယွီရွေ့ကျူး မေးခွန်းက သူ့ကို လျင်မြန်စွာပင် စိတ်သက်သာရာ ရသွားစေသည်။
"ကိုယ် ဆေးခန်းသွားပြီး မေးကြည့်လိုက်မယ်၊ ဒါနဲ့ ရွေ့ကျူး... ကိုယ် မင်းအတွက် ဆေးလူးပေးပြီးပြီ၊ စားစရာလည်း ပြင်ထားတယ်၊ စားဖို့ ယူလာခဲ့ပေးမယ်နော်၊ ကိုယ် ပြန်လာတာကို ခဏစောင့်..."
ယွီရွေ့ကျူး ခေါင်းညိတ်သည်။
သူမ ငုံ့ကြည့်ကာ ဝမ်းဗိုက်ကို ထိတွေ့ပြီး ကိုယ်ဝန်ရရန် ထိုမျှလောက် မလွယ်ကူနိုင်ဟု တွေးမိသည်။
သာမန် ဇနီးမောင်နှံများပင် ကိုယ်ဝန်ရရန် နှစ်ပေါင်းများစွာ ကြိုးစားကြရသည်ဖြစ်ရာ ဤသည်မှာ တစ်ကြိမ်တည်းသာ ရှိသေးသည်။
သူမ ဆွေမျိုးများနှင့် သူငယ်ချင်းများစွာမှာ ကိုယ်ဝန်ရရန် ဆေးထိုး၊ ဆေးစားခြင်းများ ပြုလုပ်ပြီး သားဥကြွေစေရန် လှုံ့ဆော်ခြင်း၊ တိုင်းရင်းဆေးနည်းများကိုပင် အသုံးပြုခဲ့ရကြောင်း ယွီရွေ့ကျူး မှတ်မိသဖြင့် သူမလည်း ထိုမျှ မြန်မြန်ဆန်ဆန် ရမည်မဟုတ်ဟု ယူဆလိုက်သည်။
သူမ ခေတ္တမျှ တွေးတောပြီးနောက် ရုန်းကန်ထကာ ဆန်ပြုတ်အနည်းငယ် စားသည်။
ဟော်ချန်ယဲ့မှာ အလုပ်လုပ်ရာတွင် အလွန် မြန်ဆန်သည်။ ယွီရွေ့ကျူး ဆန်ပြုတ်စား၍ပင် မပြီးသေးမီ သူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူ မျက်နှာနီမြန်းကာ သူမအား ပစ္စည်းတစ်ထွေးကို ကမ်းပေးသည်။
"ကိုယ် မေးကြည့်ပြီးပြီ ရွေ့ကျူး... ဆေးပြားတွေ မရှိဘူးတဲ့၊ ဆေးထိုးရတာပဲ ရှိတာ၊ မင်း ဆေးထိုးရင် နာမှာစိုးလို့ ကိုယ်မယူခဲ့ဘူး၊ ဒါတွေက ကွန်ဒုံးတွေတဲ့၊ ဆရာဝန်ချင်က အကန့်အ သတ်နဲ့ပဲ ရတယ်ဆိုလို့ ကိုယ် ရှိတာအကုန် ယူလာခဲ့တာ"
'ကိုယ်ဝန်တားဆေးထိုးရမယ်'
ယွီရွေ့ကျူးမှာ ဆေးထိုးအပ်ကို ကြောက်ရွံ့သူဖြစ်သည်။ သူမ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မထိုးရန် ဆုံးဖြတ်မိ သည်။ ကိုယ်ဝန်တားဆေးပြားများ မရှိနိုင်သည့် အခြေအနေကို သူမ ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ဟော်ချန်ယဲ့ ဤသို့ပြောလာသောအခါ သူမ သိပ်ပြီး စိတ်ပျက်မသွားခဲ့ပေ။
ကွန်ဒုံးများ ရှိနေမည်ဟု သူမ မမျှော်လင့်ထားချေ။ ဤခေတ် ကာလတွင် ၎င်းတို့ရှိနေသော်လည်း အတော်လေး ရှားပါးလိမ့်မည်။ ဝေးလံခေါင်သီသော ယခုလထု တောင်ပေါ်ရွာလေးတွင် ထိုအရာများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
'အာ...'
ဟော်ချန်ယဲ့က ဆရာဝန်ချင် အကြောင်း ပြောသွားခဲ့သည်ကို ယွီရွေ့ကျူး နောက်ကျမှ သတိထားမိသွားသည်။ ချင်စုလန် မျက်နှာလေးနှင့် မနေ့က စားသောက်ပွဲတွင် သူမ အသွင်အ ပြင်ကို တွေးမိသောအခါ ယွီရွေ့ကျူး မျက်နှာအမူအရာမှာ ကျေနပ်သွားတော့သည်။
ကွန်ဒုံးသွားယူခြင်းအတွက် ဟော်ချန်ယဲ့ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ၎င်းတို့သည် လူငယ်စုံတွဲများအတွက် ကိုယ်ဝန်တားပစ္စည်းများဖြစ်သည်။
ချင်စုလန် ယခင်က စိတ်နေသဘောထားနှင့် အတွေးများအရ သူမက ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့မှာ ဆက်ဆံရေး အဆင်မပြေဟု အမြဲတမ်း ထင်မြင်နေခဲ့ပုံရသည်။
သို့သော် ယခု ကိုယ်ဝန်တားပစ္စည်းများ သွားရောက်ယူငင်လိုက်ခြင်းက အလွန်ကိုရှင်းလင်းသွားစေသည်။
ဟော်ချန်ယဲ့က ကိုယ်ဝန်တားပစ္စည်းများအကြောင်း မေးမြန်းချိန်တွင် ချင်စုလန် မျက်နှာအမူအရာ မည်သို့ရှိနေမည်ကို ယွီရွေ့ကျူး တွေးတောင် မတွေးရဲချေ။
သူမ မေးချင်စိတ်ကို မြိုသိပ်ကာ ဟော်ချန်ယဲ့ လက်ကို ပုတ်ပြီး သူ့ကို ချီးကျူးသည်။
"တော်တယ်၊ အဲဒီဟာကို သေချာသိမ်းထား၊ နောက်ဆို တစ်ခုခုလုပ်တိုင်း ရှင် အမြဲတမ်း ဒါကို သုံးရမယ်"
ဟော်ချန်ယဲ့ ခေတ္တရပ်သွားပြီး သူ့ လက်ထဲရှိ လေးထောင့်ပုံစံ ပစ္စည်းငယ်လေးကို ထိတွေ့ရာ သူ့ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်သွားသည်။
ယခုအခါ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့သည် နေ့စဉ်ဆိုင် ခင်းရသော လမ်းဘေးဈေးသည်များ မဟုတ်တော့ပေ။ ဆိုင်တွင် အမြဲတမ်း ဝန်ထမ်းများ ရှိနေသဖြင့် သူတို့ နေ့တိုင်း သွားနေရန် မလိုအပ်ချေ။
ယွီရွေ့ကျူးမှာ မနေ့က အလွန် ဆူညံပွက်လောရိုက်ခဲ့သဖြင့် တစ်ရက်ခန့် အလွယ်တကူ အနားယူနိုင်သော်လည်း သူမ ယခုလေးတင်မှ အနားယူခဲ့ရုံသာ ရှိသေးပြီး ဆိုင်အတွက်လည်း စိတ်ပူမိသည်။
သို့ဖြစ်ရာ အနည်းငယ် သက်သာသွားသည်နှင့် ပွယောင်းယောင်း ဂါဝန်တစ်ထည်ကို ပြောင်းဝတ်ကာ မြို့ပေါ်သို့ သွားရန် ပြင်ဆင်လသည်။
ဟော်ချန်ယဲ့က သူမကို စိတ်ပူသဖြင့် နောက်မှ လိုက်လာခဲ့သည်။
မွန်းတည့်ချိန်တွင် နေမင်းက အထွတ်အထိပ်သို့ ရောက်နေသည်။ ယွီရွေ့ကျူးက အစွန်းတွင် ဇာဖြူလေးများ ကွပ်ထားသော နေကာဦးထုပ်ကို ဆောင်းထားရာ သူမ ရှည်လျားပြီး လေလွင့်နေသော ဆံကေသာများနှင့် ပေါင်းစပ်သောအခါ ဖက်ရှင်ကျပြီး လှပစေသည်။
လမ်းတစ်လျှောက်လုံး ယွီရွေ့ကျူး မြင်းလှည်းပေါ်တွင် ထိုင်လာရာ လမ်းတွင် တွေ့ဆုံရသော အမျိုးသား၊ အမျိုးသမီးတိုင်းက သူမကို အလိုအလျောက်ပင် လှည့်ကြည့်သွားကြပြီး သူမကို လှည့်ကြည့်သူ အရေအတွက်မှာ အလွန်များပြားလှသည်။
သို့သော်လည်း သူမသည် အခြားသူများ အကြည့်များကို ဂရုစိုက်ရန် စိတ်မပါဘဲ မြင်းလှည်း ယိမ်းထိုးမှုကြောင့် သေလုမတတ် နာကျင်နေသော ခါးကိုသာ ဆုပ်ကိုင်ထားရသည်။
'အား...'
'ခါးက ပြုတ်ထွက်တော့မလို ဖြစ်နေပြီ၊ အခုလို ယိမ်းထိုးနေတော့ ပိုဆိုးရော'
ကံကောင်းထောက်မစွာဖြင့် ဟော်ချန်ယဲ့က သူမ ဘေးတွင် ထိုင်နေသည်။
သူက ယွီရွေ့ကျူး အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေသည်။ သူမ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ သူက လျင်မြန်စွာပင် လက်ကို မြှောက်ကာ သူမကို ကာကွယ်ရန် ဖက်ထားလိုက်ပြီး သူမ ခန္ဓာကိုယ် မလှုပ်ခတ်စေရန် အစွမ်းကုန် ကြိုးစားပေးရှာသည်။
ထို့နောက် သူ့ လက်ဖဝါးက သူမ ခါးပေါ်သို့ ကျရောက်လာပြီး ညင်သာစွာ နှိပ်နယ်ပေးသည်။
ဟော်ချန်ယဲ့ လက်ဖဝါးမှာ ကြီးမားပြီး နွေးထွေးလှသည်။ သင်ယူထားသည့်အလား သူ့ နှိပ်နယ်မှု အထိအတွေ့က သူမ ခါးကို အတော်လေး သက်သာသွားစေပြီး ယွီရွေ့ကျူး မူလက တောင့်တင်းနေသော ခန္ဓာကိုယ်လေးမှာလည်း ပြေလျော့သွားတော့သည်။
ပတ်ဝန်းကျင် အပူချိန်ကြောင့် ပူအိုက်လာသဖြင့် ဟော်ချန်ယဲ့ ပခုံးပေါ်တွင် ပါးပြင်ကို မှီထားရင်း သူမ အတိတ်ဘဝက လေအေးပေးစက်၊ ရေခဲသေတ္တာနှင့် လျှပ်စစ်ပန်ကာတို့ကို အလွန်အမင်း သတိရတမ်းတမိသည်။
ကိုက်ခဲနေသော ခါးနာကျင်မှု သက်သာသွားသောအခါ ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ပခုံးကိုမှီကာ သူ့ထံမှ ထွက်ပေါ်နေသော ဆပ်ပြာသီးရနံ့ သင်းသင်းလေးကို ရှူရှိုက်သည်။ ကြမ်းတမ်းသော ခရီးစဉ် ယိမ်းထိုးမှုမှာ အိပ်မွေ့ချသည့်အလားပင်။
သူမ မျက်လုံးများ မှိတ်ကျသွားပြီး မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ပင်ပန်းနွမ်းနယ်မှု လှိုင်းတံပိုးတစ်ခုက သူမအပေါ် ရိုက်ခတ်လာသည်။
မြို့သို့သွားရသော ခရီးမှာ ပုံမှန်အားဖြင့် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ပြီး ယွီရွေ့ကျူးမှာ ထိုမိနစ်နှစ်ဆယ်ခန့်အတွင်း အိပ်ပျော်သွားသည်။
ခရီးစဉ် တစ်လျှောက်လုံးတွင် ဟော်ချန်ယဲ့ လက်များက သူမ ကျောပြင်ကို မရပ်မနား နှိပ်နယ်ပေးပြီး သူ့ လက်ဝါးကြီးများက သူမ ခါးပေါ်တွင် အလွန်ဂရုတစိုက်ဖြင့် တင်ထားသည်။
ယွီရွေ့ကျူး အိပ်ပျော်သွားပြီးနောက် ဟော်ချန်ယဲ့မှာ အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက သူမ နိုးသွားမည်ကို စိုးရိမ်သဖြင့် မလှုပ်မယှက်နေကာ သူမကို တတ်နိုင်သမျှ သက်တောင့်သက်သာ ရှိစေရန် ကြိုးစားပေးသည်။
မြို့သို့ရောက်သောအခါ လမ်းတစ်လျှောက်လုံး ယွီရွေ့ကျူး ခေါင်းအုံးအဖြစ် အသုံးပြုခဲ့သော သူ့ ပခုံးမှာ နာကျင်မှုကြောင့် ထုံကျဉ်လုမတတ်ပင် ဖြစ်နေသည်။
ဟော်ချန်ယဲ့ ပခုံးများကို ဆန့်ထုတ်ပြီး ယွီရွေ့ကျူးကို မြင်းလှည်းပေါ်မှ လျင်မြန်စွာ ဆင်းနိုင်ရန် ကူညီပေးသည်။
ဤနှစ်ရက် ကြာပြီးနောက် ဟော်ချန်ယဲ့က စွန်းမော်ကို ပြန်ကြည့်သောအခါ ယခင်ကဲ့သို့ သဝန်တိုမှု၊ ဆန့်ကျင်မှု၊ ရွံရှာမှုနှင့် ကာကွယ်လိုစိတ်များကို မခံစားရတော့ပေ။