အခန်း ၁၇၂
Vol. 18 Ch. 172
Chapter 172
ယွီရွေ့ကျူး "လာပါ၊ ပွဲတော်မတိုင်ခင် မနက်ဖြန် လူတိုင်း အလုပ်နားလို့ရတယ်၊ ထွန်စက် သွားယူကြရအောင်"
"ထွန်စက် သွားယူမလို့ ဟုတ်လား"
ဟော်ချန်ယဲ့ ခေတ္တမျှ မှင်သက်သွားပြီးနောက်မှ သဘောပေါက်သွားသည်။
သူတို့နှစ်ဦးစလုံးက ယခင်က ထွန်စက်ဝယ်ရန် တွေးခဲ့ဖူးသော်လည်း မွေးမြူရေးခြံ စတင်ရန် ငွေကြေးကျပ်တည်းမှုကြောင့် ယာယီ ရပ်ဆိုင်းခဲ့ရသည်။
လက်ရှိတွင် ဟော်ချန်ယဲ့ဖြစ်စေ၊ ယွီရွေ့ကျူးဖြစ်စေ ခရီးသွားပါက နှေးကွေးပြီး ကုန်ပစ္စည်းများများ မသယ်နိုင်သော နွားလှည်းများ သို့မဟုတ် မြင်းလှည်းများကိုသာ စီးနင်းကြရသည်။
မကြာသေးမီက ဆိုင်နှစ်ဆိုင်စလုံး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ထင်ရှားပြီး အထူးသဖြင့် ယွီရွေ့ကျူးမှာ ဆောင်းဦးပေါက်ပွဲတော်အတွင်း ငွေများစွာ ဝင်ခဲ့သည်။
ဟော်ချန်ယဲ့က သူ့ ကိုယ်ပိုင် ငွေသေတ္တာကို မကြည့်ရသေးသော်လည်း ယွီရွေ့ကျူးက ငွေသိမ်းရန် သေတ္တာပိုကြီးတစ်ခုသို့ ပြောင်းလိုက်ပြီဖြစ်ကြောင်းနှင့် အစုလိုက်အပြုံလိုက် လက်ဆောင်ဘူးများအတွက် သူမကို ဘူးများ ခေါက်ရာတွင်ပင် ကူညီပေးရသည်။
ဤကာလအတွင်း ယွီရွေ့ကျူးမှာ ယွမ်ငွေ ထောင်ဂဏန်းကျော် ရရှိခဲ့ကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
'ယွမ်ငွေ ထောင်ဂဏန်း...'
'ဝါး...'
ဟော်ချန်ယဲ့ပင်လျှင် အံ့အားသင့်မှုကို မထိန်းနိုင်ခဲ့ပေ။
ယွီရွေ့ကျူး ငွေရှာနိုင်စွမ်းမှာ တကယ်ကို အံ့မခန်းဖြစ် ကြောင်းဝန်ခံရမည်ပင်။ မည်သို့ပင်ဆိုစေကာမူ တစ်လမပြည့်မီ အချိန်အတွင်း အခြားသူများ နှစ်နှင့်ချီ၍ ရှာရမည့်ငွေကို သူမ တိတ်တဆိတ် ရှာဖွေနိုင်ခဲ့သည်။
သူ့ မျက်နှာအမူအရာမှာ တဖြည်းဖြည်း လေးနက်လာသည်။
'ငါ့ဇနီးက ဒီလောက်ကြိုးစားပြီး အလုပ်လုပ်နေတာ၊ ငါလည်း ပိုက်ဆံ ပိုရှာဖို့ လိုတယ်၊ ပြီးတော့ သားသတ်ရုံ စီမံကိန်းကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်သင့်ပြီ'
ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို ထွန်စက်တစ်စီး ဝယ်ရန် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
စက်ဘီးပိုင်ဆိုင်ခြင်းကပင် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေသော ဤခေတ်တွင် ထွန်စက်တစ်စီးမှာ ချမ်းသာကြွယ်ဝမှု သင်္ကေ တတစ်ခု ဖြစ်ပြီး ရွာအနည်းငယ်ကသာ ပိုင်ဆိုင်ကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထွန်စက်တစ်စီး ပိုင်ဆိုင်ပါက ၎င်းကို မောင်းနှင်သည့် အချိန်တိုင်း တစ်ရွာလုံးက ဝိုင်းအုံလာကြပြီး သိချင်စိတ်၊ အားကျစိတ်များဖြင့် စိုက်ကြည့်ကြမည်မှာ သေချာလှသည်။
ကားကမူ မျက်စိနောက်စရာ ကောင်းပြီး သူတို့အတွက် အသုံးမဝင်သဖြင့် ယွီရွေ့ကျူးက ကားဝယ်ရန် မရည်ရွယ်ပေ။
ရွာများကြား သွားလာရန် လိုအပ်သော်လည်း ၎င်းမှာ မရှိမဖြစ် မဟုတ်ဘဲ သူတို့ ငွေရှာမည့် အစီအစဉ်များအောက်တွင် ဒုတိယ ဦးစားပေးသာဖြစ်သည်။
ထွန်စက်ဝယ်မည့်နေရာကို ရှာရန် လွယ်ကူလှသည်။ မြို့တစ်ခုလုံးတွင် တစ်နေရာတည်းသာ ရှိလေသည်။
သူတို့ ရောက်သွားသောအခါ ဝန်ထမ်းများမှာ အလွန်တရာ ဖော်ရွေပျူငှာနေကြသည်။ အကြောင်းမှာ ဤခေတ်ကာလတွင် ထွန်စက်ဝယ်နိုင်သူတိုင်းမှာ သာမန်လူ မဟုတ်ကြောင်း သေချာသောကြောင့်ပင်။
ဟော်ချန်ယဲ့မှာ ဉာဏ်ရည်ထက်မြက်ပြီး လျင်မြန်စွာ သင်ယူနိုင်စွမ်း ရှိသည်။
ဝန်ဆောင်မှုပေးသူများက လုပ်ဆောင်ချက်များကို အကြိမ်အနည်းငယ် ရှင်းပြပြီးနောက် ယွီရွေ့ကျူးကို ချက်ချင်းပင် ခေါ်ဆောင်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဤခေတ်ကာလတွင် ပုံမှန် ယာဉ်ကြောပိတ်ဆို့မှုမျိုး မရှိသေးပေ။
လမ်းများပေါ်တွင် လမ်းလျှောက်သူများသာ အများစုဖြစ်ပြီး ဟော်ချန်ယဲ့မှာ အချိန်တိုအတွင်းမှာပင် အနည်းငယ် နှေးကွေးသောအရှိန်ဖြင့် ကျွမ်းကျင်စွာ မောင်းနှင်နိုင်သွားတော့သည်။
ထွန်စက် အရှေ့ပိုင်းမှာ ကြီးမားလှပြီး အဝေးမှပင် ကြားနိုင်လောက်အောင် ဆူညံသောအသံများ ထွက်ပေါ်နေသဖြင့် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်ကြောင်း ရှင်းလင်းလှသည်။
ဟော်ချန်ယဲ့ မောင်းနှင်လာစဉ် လမ်းပေါ်ရှိ လူတိုင်းနီးပါးက သူနှင့် ယွီရွေ့ကျူးကို လှည့်ကြည့်နေကြသည်။
"ဝါး... ထွန်စက်ကြီးဟ"
"အရမ်းလှတာပဲ၊ တကယ်ကို မိုက်တာပဲ၊ အကြီးကြီးပဲ"
"ဒါကြီးက ဘယ်လောက်တောင် ပေးရမလဲ"
ထွန်စက်အသစ်၏အရှေ့ဘက်တွင် တောက်ပသော အနီရောင်ဖဲကြိုးတစ်ခု ချိတ်ဆွဲထားပြီး မောင်းနှင်နေစဉ် လေပြေထဲတွင် အနည်းငယ်လွင့်ဝဲနေကာ အလွန်တရာ ခန့်ညားပြီး လွတ်လပ်ပေါ့ပါးနေပုံပေါ်သည်။
ဟော်ချန်ယဲ့မှာ သူတို့အပေါ် ကျရောက်လာသော အကြည့်များကို အသားမကျသေးပေ။ သူ မျက်လွှာချလိုက်ပြီး ယွီရွေ့ကျူးကို အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားလိုသော် လည်း ယွီရွေ့ကျူး သူ့ကို တားသည်။
သူမက ယခင်က နွားလှည်းစီးစဉ်ကကဲ့သို့ ဟော်ချန်ယဲ့ ဘေးတွင် ယှဉ်လျက် ထိုင်နေသည်။
လေပြေညင်းလေးက သူမ ဆံပင်များကို ဝေ့ဝဲသွားစေပြီး သူမ မျက်နှာအမူအရာကို ကျေနပ်စွာ ပြေလျော့သွားသည်။
"အိမ်မပြန်သေးနဲ့ဦး၊ ဆိုင်ကို အရင် ပြန်သွားကြရအောင်"
ဟော်ချန်ယဲ့က ခေါင်းညိတ်သည်။
"အင်း"
ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို ပစ္စည်းအချို့ ပြန်ယူရန် ဆိုင်သို့ ပြန်ခေါ်သွားခြင်းပင်။ လမုန့် လက်ဆောင်ဘူးများနှင့် ဝက်အူချောင်းများကို ထွန်စက်ပေါ်သို့ တင်လိုက်ရာ နောက်ခန်းမှာ လျင်မြန်စွာပင် ပြည့်သွားတော့သည်။
ယွီရွေ့ကျူး မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးလိုက်သည်။
"ဒါက လင်မယား နှစ်ယောက်ပိုင်တဲ့ ဆိုင်လေ၊ ကျွန်မ ဝန်ထမ်းတွေက ဒီလို အကျိုးခံစားခွင့်တွေ ရတယ်ဆိုတော့ ရှင့် ဝန်ထမ်းတွေလည်း ရသင့်တာပေါ့
မဟုတ်ရင် သူတို့ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ၊ ဒါတွေ အားလုံးက သူဌေးကတော်က ဝန်ထမ်းတွေအတွက် ပြင်ဆင်ပေးထားတာတွေချည်းပဲ
နောက်ကျရင် ဝက်သားနှပ်ဆိုင်က ဝန်ထမ်းတွေ ကျွန်မတို့ ဆိုင်ကိုလာပြီး လက်ဆောင်တွေ လာယူလို့ ရတယ်၊ ထွန်စက်ပေါ်ကဟာတွေကတော့ ရွာကို သယ်သွားပြီး မွေးမြူရေးခြံက လူတွေကို ပေးလိုက်လို့ ရတယ်"
သူမ ဤမျှလောက်အထိ တွေးတောပေးလိမ့်မည်ဟု ဟော်ချန်ယဲ့ မမျှော်လင့်ထားခဲ့ပေ။ ထိုမျှများပြားသော လက် ဆောင်ဘူးများကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာသည်။
သူက ဟန်ဆောင်ပန်ဆောင် မနေတော့ဘဲ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်ပြီ"
ဆိုင်ဝန်ထမ်းများကို နှုတ်ဆက်ပြီးနောက် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ရွာသို့ပြန်သွားကြသည်။
ထွန်စက်မှာ နွားလှည်း သို့မဟုတ် မြင်းလှည်းထက် ပိုမြန်ပြီး ပိုငြိမ်ကြောင်းဝန်ခံရမည်။ လေလည်းကာပေးထားသဖြင့် ယွီရွေ့ကျူးမှာ ယခင်ကလောက် မပူအိုက်တော့ပေ။
သူတို့ ရွာသို့ ရောက်သောအခါ လူအများအပြားမှာ ညနေခင်း လေညင်းခံနေသည်။ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ မောင်းနှင်လာသော ထွန်စက်ကိုမြင်သောအခါ ရွာတစ်ဝက်ခန့်မှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံပွက်လောရိုက်သွားသည်။
အံ့သြခြင်း၊ တုန်လှုပ်ခြင်းများဖြင့် သူတို့က ဝိုင်းအုံလာကြပြီး ကိုင်ကြည့်ချင်သော်လည်း တုံ့ဆိုင်းမိကြကာ သူတို့ မနာလိုအားကျမှုများကို သိသာထင်ရှားစွာ မြင်နိုင်သည်။
"ဝါး... ဒါ ထွန်စက်ကြီးပဲ၊ သတင်းစာထဲမှာပဲ မြင်ဖူးတာ၊ တအား မိုက်တာပဲ"
"ဒါဆို ပိုက်ဆံ တော်တော်များများ ပေးရမှာပဲ၊ ငါ့တူ ပြောတာတော့ ဒါမျိုး တစ်စီးကို ယွမ်ငွေ ထောင်ဂဏန်းလောက် ရှိတယ်တဲ့၊ သူတို့က အဲဒါကို ဝယ်နိုင်တယ်လား၊ တကယ်ကို အံ့သြစရာပဲ"
"ချန်ယဲ့က အရမ်း ကံကောင်းတာပဲ၊ ရွေ့ကျူးနဲ့ လက်ထပ်ပြီးကတည်းက သူ့ဘဝက တစ်နေ့တခြား တိုးတက်လာတာ၊ အခုဆို ထွန်စက်တောင် ရှိနေပြီ၊ တကယ်ကို အားကျစရာပဲ"
ချမ်းသာကြွယ်ဝမှုများ တိုးပွားလာခြင်းကြောင့်လားမသိ ဟော်ချန်ယဲ့ ဆံပင်များ လန်နေချိန်တွင် မြင်ရသော အမာ ရွတ်များမှာ ရွာသားများအတွက် ယခင်ကလောက် မကြောက်မက်ဖွယ် မကောင်းတော့ဘဲ မနာလိုအားကျစိတ်များကိုပင် မထိန်းချုပ်နိုင်တော့ပေ။
"ဟေ့၊ ဘာလို့ သူက ချန်ယဲ့ကို သဘောကျရတာလဲ၊ အဲဒီကောင်က စကားတောင် သေချာ သိပ်မပြောတတ်တဲ့ သူကို၊ ပြီးတော့ မျက်နှာမှာလည်း အမာရွတ်ကြီးနဲ့၊ သူက တခြားသူတွေထက် ဘာများ သာနေလို့လဲ"
မနာလိုစိတ်များ လွှမ်းမိုးသွားသဖြင့် တစ်စုံတစ်ယောက်က ရုတ်တရက် ထုတ်ပြောမိသည်။
ယွီရွေ့ကျူး အကြည့်က ဝေ့ဝဲသွားပြီး ထိုပိန်ကပ်ကပ် အမျိုးသားအပေါ်သို့ လျင်မြန်စွာ ကျရောက်သွားသည်။
သူမ အေးစက်သော မျက်နှာအမူအရာဖြင့် တစ်ခုခု ပြောရန် ပြင်စဉ် သူ့ ဘေးရှိလူက သူ့ကို တံတောင်ဖြင့် တွတ်လာသည်။
"ဟေ့ကောင်၊ မင်းက ခေတ်နောက်ကျနေတာပဲ၊ ချန်ယဲ့က ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာ မင်း မသိဘူး"
"သူက တစ်ညလုံး ဆက်တိုက်လုပ်နိုင်တယ်လေ"
ထိုဝန်းရံနေသော မနာလိုအားကျသံများကြားတွင် ထင်ရှား စွာထွက်လာပြီး ပတ်ဝန်းကျင်ရှိလူများစွာအာရုံကို ဖမ်းစားသွားကာ အချို့မှာ မျက်နှာပင်နီမြန်းသွားသည်။
ယခင်က အေးစက်နေသော ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ မျက်နှာများမှာ ချက်ချင်းပင် တောင့်တင်းသွားသည်။
ထိုအရက်မူးနေသော ညတစ်ညလုံး ကြုံတွေ့ခဲ့ရသော အဖြစ် အပျက်များနှင့် ထင်ရှားလှသော အသံများကို သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း တွေးမိသည်။
"အဟွတ်..."
ဟော်ချန်ယဲ့ တစ်ယောက် တံတွေးသီးသွားရလေသည်။