← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

Chapter 175

ဟော်ချန်ယဲ့ ယွီရွေ့ကျူး လက်ထဲရှိ အနီရောင်ဖဲကြိုးလေးကို စိုက်ကြည့်ပြီး သူ့ နားရွက်များမှာ တဖြည်းဖြည်း နီမြန်းလာသည်။

သူ အကြည့်လွှဲပြီး ခေါင်းမာစွာ ငြင်းဆန်သည်။

"မဟုတ်ဘူး၊ လုံး၀ မဟုတ်ဘူး"

ယွီရွေ့ကျူးက တခစ်ခစ် ရယ်မောပြီး သူ့ရှေ့တွင် အနီရောင်ဖဲကြိုးလေးကို ဖြန့်ချပြသည်။

သူမက ခေါင်းလေးကို အနည်းငယ် စောင်းရာ တောက်ပနေသော သူမ မျက်လုံးအိမ် အမည်းရောင်လေးများထဲတွင် ကျီစယ်လိုသော အရိပ်အယောင်များ ကိန်းအောင်းနေသည်။

"ဒီဟာကို သစ္စာရှိမှု ပြသဖို့အတွက် လူနှစ်ယောက် အတူတူ ချိတ်ဆွဲရမယ်လို့ အစ်မက ပြောတယ်

အစ်မက အထူးတလည် ရေးပေးထားပြီး ကျွန်မတို့ အတူတူ ချိတ်ဆွဲဖို့ စောင့်နေတာ၊ ရှင် လာမကူတော့ဘူးလား"

ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လျင်မြန်စွာပင် ခပ်တိုးတိုး‌ တုန့်ပြန်သည်။

နွေရာသီ နေ့ရက်များမှာ အထူးသဖြင့် ပူအိုက်စိုစွတ်နေပြီး ပတ်ဝန်းကျင်တွင် လေတိုက်ခတ်ခြင်း လုံးဝမရှိပေ။

ပူလောင်သော ချွေးများ ဖုံးလွှမ်းနေခဲ့သည့် ဟော်ချန်ယဲ့ ပါးပြင်များသညိ ယခုအခါ အနည်းငယ် ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။

သူက ယွီရွေ့ကျူး ခါးလေးကို ဖက်လျကိ သူမကို အမြန် ပွေ့ချီပြီး သူ့ပေါ် တင်ကာ ခါးကို အနည်းငယ် မတ်သည်။

"ဝါး..."

ဤမျှ မြင့်မားသော ရှုထောင့်မျိုးကို ယွီရွေ့ကျူး တွေ့ကရခဲလှသည်။ သူမက အလွန်တရာကျေနပ်အားရစွာဖြင့် မျက်ခုံးများ ပင့်ပြီး နှုတ်ခမ်းများက ကျယ်ဝန်းသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားတော့သည်။

"ဟော်ချန်ယဲ့၊ ဒါက မြင်းစီးနေရသလိုပဲ"

သူမလက်ဖဝါးက ဟော်ချန်ယဲ့ ပခုံးကို ထိတွေ့နေပြီး အနည်း ငယ် လှုပ်ရှားလိုက်ချိန် အောက်သို့ မကျသွားစေရန် အလိုအလျောက်ပင် သူ့ ဆံပင်များကို လှမ်းဆွဲမိသည်။

သူ့ ဆံပင်များမှာ တိုတောင်းပြီး ထူထဲကာ သူ့ စရိုက်လက္ခဏာကဲ့သို့ပင် အနည်းငယ် စူးရှပြီး တောင့်တင်းနေသည်။

ဟော်ချန်ယဲ့က ခေါင်းကို နောက်သို့ မော့ရာ အနေရခက်မှုကြောင့် သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။

သူ့ နက်မှောင်သော မျက်လုံးများက အောက်သို့ ငုံ့ကြည့်နေသော ယွီရွေ့ကျူး အကြည့်များနှင့် ဆုံလေသည်။

"ဒီအမြင့်ဆို အဆင်ပြေရဲ့လား"

'အဆင်ပြေတာထက်တောင် ပိုနေသေးတယ်'

ဟော်ချန်ယဲ့မှာ အရပ် ၁.၉ မီတာကျော် ရှည်လျားပြီး မတ်တတ်ရပ်လျှင် သစ်ကိုင်းများကိုပင် လှမ်းကိုင်၍ရလုမတတ် ရှည်သည်။

သူ့ ထောက်ပံ့မှုဖြင့် ယွီရွေ့ကျူးမှာ ပိုမြင့်မားသော နေရာသို့ ရောက်နိုင်သွားသည်။ သူမ ခေါင်းပေါ်ရှိ ထူထပ်လှသော အနီရောင်ဖဲကြိုးများနှင့် မျက်နှာ သွားရောက် ပွတ်တိုက်မိချိန် သူမ ကိုယ်တိုင်ရေးထားခဲ့သော အနီရောင်ဖဲကြိုးလေးကို ဘေးဖယ်ထားပြီး အမြန် ချိတ်ဆွဲသည်။

"ကွက်တိပဲ၊ ကွက်တိပဲ"

ထူးဆန်းသည်မှာ လူတိုင်း အနီရောင်ဖဲကြိုးများမှာ ဘုရားကျောင်းမှ ပေးထားခြင်းဖြစ်ပြီး ပစ္စည်းအမျိုးအစား အတူတူပင် ဖြစ်သော်လည်း ယွီရွေ့ကျူး ဖဲကြိုးလေး ချိတ်ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က ၎င်းမှာ သူတို့ ဖဲကြိုးဖြစ်ကြောင်း ရှင်းလင်းစွာ မှတ်မိသည်။

လေငြိမ်ပြီး ထိုင်းမှိုင်းနေသော မွန်းတည့်ချိန်တွင် ရုတ်တရက် လေပြေတစ်ခု တိုက်ခတ်လာပြီး သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲထားသော အနီရောင်ဖဲကြိုးများကို အနည်းငယ် ယိမ်းနွဲ့သွားစေသည်။

ဟော်ချန်ယဲ့က ခေါင်းကို နောက်သို့ မော့ကာ အထက်ရှိ အနီရောင်ဖဲကြိုးများကို စူးစိုက်ကြည့်ပြီး ၎င်းတို့ပေါ်တွင် ရေးထားသော နာမည်များကို လျင်မြန်စွာ မှတ်မိသွားတော့သည်။

[ယွီရွေ့ကျူး၊ ဟော်ချန်ယဲ့၊ ထာဝရပျော်ရွှင်သော ဇနီးမောင်နှံဖြစ်ကြပါစေ]

သူ ရုတ်တရက် ရပ်တန့်သွားပြီး နှလုံးများ တဒိတ်ဒိတ် ခုန်လာကာ မျက်လုံးများထဲတွင် နွေးထွေးမှုတစ်ခု တက်လာတော့သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေနွေးနွေးလေးထဲတွင် စိမ်ထားရသသည့်အလား ခံစားရပြီး နှလုံးသားမှာလည်း ပျားရည်သောက်လိုက်သလိုကို ချိုမြိန်သွားသည်။

ဤမျှ လွယ်ကူစွာ ပျော်ရွှင်မျမည်ကို ဟော်ချန်ယဲ့ တစ်ခါမျှ မတွေးမိခဲ့ပေ။ ယှဉ်တွဲရေးသားထားသော ရိုးရှင်းလှသည့် နာမည်တစ်စုံကပင် သူ့ကို ပျော်ရွှင်မှု၊ အတိုင်းမသိဝမ်း မြောက်မှုများဖြင့် ပြည့်နှက်သွားစေရန် လုံလောက်သည်။

ဟော်ချန်ယဲ့မှာ သူ့ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။

သူ အထက်သို့ မော့ကြည့်ရာ အသက်ရှူနှုန်းများ တဖြည်း ဖြည်း မြန်ဆန်လာပြီး သူ့ ပခုံးပေါ်တွင် ခွထိုင်နေသော ယွီရွေ့ကျူးကို စူးစိုက်စွာ ကြည့်ကာ ခေါ်မိသည်။

"ရွေ့ကျူး..."

ယွီရွေ့ကျူးက ကမ္ဘာပေါ်တွင် အတော်ဆုံး တိရစ္ဆာန်ယဉ်ပါးအောင် လေ့ကျင့်ပေးသူ တစ်ဦးအလား သူ့ လည်ပင်းနှင့် ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ငုံ့၍ နမ်းရှိုက်သည်။

"လိမ္မာတယ်၊ လိမ္မာတယ်"

သို့သော် အနေအထားကြောင့် ဤအနမ်းမှာ အနည်းငယ် အားစိုက်ရပြီး သူမ လည်ပင်းကို ညောင်းစေသည်။

ယွီရွေ့ကျူးက ခွာလိုက်ချိန်မှာပင် ဟော်ချန်ယဲ့က ခေါင်းကို နောက်သို့ မော့ကာ သူမ ခေါင်းကို ပြန်ဖိချပြီး ထပ်မံ နမ်းရှိုက်ပြန်သည်။

"အွန်း..."

သူမမှာ ဟော်ချန်ယဲ့ ပခုံးပေါ်တွင် ထိုင်နေဆဲဖြစ်ရာ အနေအ ထားမှာ အနည်းငယ် ထူးဆန်းနေသော်လည်း ဝန်ခံရမည်ဆိုလျှင် ဤအနမ်းက သိပ်ကို ချိုမြိန်လွန်းသည်။

သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးတစ်ခုမှာ လေပြေထဲတွင် တချွင်ချွင် မြည်နေပြီး လွင့်ဝဲနေသော အနီရောင်ဖဲကြိုးများနှင့်အတူ ယိမ်းနွဲ့နေသည်။

အနီရောင်ဖဲကြိုးများက သူမ အသားအရေကို လာရောက် ပွတ်တိုက်မိသဖြင့် ယွီရွေ့ကျူး မျက်လုံးများမှာ အနည်းငယ် ယားယံလာသည်။

သို့သော် ပါးပြင်ပေါ်ရှိ ယားယံမှုထက် ပို၍ သည်းမခံနိုင်စရာ ကောင်းသည်မှာ သူမ နှုတ်ခမ်းများပေါ်မှ တဖြည်းဖြည်း ထုံကျဉ်လာသော ခံစားချက်ပင် ခံစားရသည်။

ကံကောင်းထောက်မစွာဖြင့် ဟော်ချန်ယဲ့မှာ အလွန် ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူ့မျက်လုံးများမှာ တောက်လောင်နေသော်လည်း သူကိုယ်သူ အတင်းအကျပ် ထိန်းချုပ်ကာ နှုတ်ခမ်းများကို အကြိမ်ကြိမ် သပ်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခု ချရင်း သူမ နှုတ်ခမ်းများကို လွှတ်ပေးလာတော့ သည်။

သို့သော်လည်း အပြုံးတစ်ခုက သူ့ မျက်နှာပေါ်တွင် စွန်းထင်းသွားတော့သည်။

"ရွေ့ကျူး..."

"ရွေ့ကျူး"

သူ့ အပြုံးမှာ အတော်လေး ထူးဆန်းနေပြီး မျက်လုံးများမှာ ထူးထူးခြားခြား တောက်ပနေကာ ပျော်ရွှင်ကြည်နူးမှု လေထုမှာ ထိတွေ့နိုင်လောက်အောင်ပင် သိသာထင်ရှားနေသဖြင့် ယွီရွေ့ကျူးအတွက် လျစ်လျူရှုထားရန်မဖြစ်နိုင်တော့ပေ။

သူမက စိတ်ရှည်လက်ရှည်ဖြင့် ဟော်ချန်ယဲ့ ခေါ်သံများကို ပြန်လည် ထူးပေးနေပြီး မဆုံးတွင် သူ ငြိမ်သက်သွားကာ သူမကို ပခုံးပေါ်မှ ချပေးပြီး သူမ လက်ကို ညင်သာစွာ တင်းကျပ်နေအောင် ဆုပ်ကိုင်လေသည်။

နေရောင်ခြည်မှာ ပြီးပြည့်စုံပြီး ဟော်ချန်ယဲ့ မျက်နှာပေါ်ရှိ မူလက အေးစက်မှုများ အားလုံး ကင်းစင်သွားကာ အလွန်တရာ နူးညံ့ပျော့ပျောင်းသဖြင့် ယွီရွေ့ကျူးမှာ သူ့ကို လုံးဝကွဲပြားခြားနားသော လူတစ်ယောက်ဟုပင် ထင်မှတ်မိတော့သည်။

သူက အက်ရှရှအသံဖြင့် သူမ နာမည်ကို ခေါ်လာရာ သူ့မျက်လုံးများမှာ ယွီရွေ့ကျူးကို လောကကြီးတစ်ခုလုံး အဖြစ် သတ်မှတ်ထားသည့်အလား အလွန်တရာ လေးနက်နေသည်။

...

ဘုရားပွဲတော် ပြီးဆုံးသွားသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့မှာ ၎င်းကို ရှင်းလင်းစွာ မှတ်မိဆဲပင်။

နေ့စဉ်နေ့တိုင်း သူ ယွီရွေ့ကျူး နောက်သို့ တကောက်ကောက် လိုက်ကာ ခေါင်းလေးစောင်း၍ သူမကို ကြည့်ရင်း နှုတ်ခမ်းများတွင် အပြုံးတစ်ခုက ရှိတက်သည်။

သူမ ရေးခဲ့သော စက္ကူစလေးပေါ်တွင် စုန့်ချင်းရှန်း နာမည်များ ပါနေမည်လာဟု သူ စိုးရိမ်တကြီး တွေးတောခဲ့ဖူးသော်လည်း လွင့်ဝဲနေသော အနီရောင်ဖဲကြိုးလေးပေါ်ရှိ နာမည်ကို မြင်ရချိန်တွင် မသေချာမရေရာမှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။ သူ့ ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ပင်။

ဤအချက်က ဟော်ချန်ယဲ့ကို အလွန် ပျော်ရွှင်စေခဲ့သဖြင့် ညစဉ်ညတိုင်း ယွီရွေ့ကျူးကို တင်းကျပ်စွာ ဖက်ထားပြီး သူမ ဆံပင်များနှင့် သူ့မေးစေ့ကို ပွတ်တိုက်ကာ ဘယ်သောအခါမှ မဝနိုင်သည့်အလား သူမ နာမည်ကို ထပ်တလဲလဲ ခေါ်မိတော့သည်။

ဟော်ချန်ယဲ့ ရင်ထဲတွင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ချိုမြိန်နေသော်လည်း တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။

ယွီရွေ့ကျူး၏ စိတ်နေသဘောထားနှင့် စရိုက်လက္ခဏာများမှာ အလွန်သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခင်က စုန့်ချင်းရှန်း အပေါ် ယွီရွေ့ကျူး ရန်လိုသော သဘောထားမှာ သံယောဇဉ် အကြွင်းအကျန်များသာ ဖြစ်ပြီး အလွယ်တကူ မရနိုင်အောင် ဟန်ဆောင်နေခြင်းသာ ဖြစ်မည်ဟု သူ အထင်မှားခဲ့ဖူးသည်။ သို့သော် ယခု ကြည့်ရသည်မှာ သူမက စုန့်ချင်းရှန်း ကို ရိုးရိုးရှင်းရှင်းပင် မနှစ်သက်ဘဲ ရွံရှာပုံပင်။

သူတို့ မင်္ဂလာဦးညတွင် ခေါင်းကို ဆောင့်မိကာ သတိလစ်သွားပြီးကတည်းက သူမ သဘောထားများမှာ သိသိသာသာကို ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ယွီမိသားစုအိမ်သို့ သွားလည်စဉ်က သူမ သမီးဖြစ်သူ မိုးကြိုးကြောက်တတ်ခြင်းရှိမရှိ ယွီမားမားကို သူ မေးခဲ့သည်ကို ဟော်ချန်ယဲ့ မှတ်မိနေဆဲပင်။

သူမက မကြောက်တတ်ဘူးလို့ ဖြေခဲ့သည်။

သို့သော်လည်း ထိုမိုးသက်မုန်တိုင်း ကျစဉ်က ယွီရွေ့ကျူးမှာ ဖြူဖျော့ကာ တုန်ရီနေသော မျက်နှာဖြင့် သူ့ကို ဖက်တွယ်ထားခဲ့သည်ကို ဟော်ချန်ယဲ့ ရှင်းလင်းစွာ မှတ်မိပြီး ၎င်းမှာ ဟန်ဆောင်နေပုံ မပေါ်ချေ။

ထိုအချိန်က ယွီမားမားက ယွီရွေ့ကျူး အလေ့အကျင့်များနှင့် ပတ်သက်၍ အကြောင်းအရာ များစွာကို သူ့ကို ပြောပြသည်။

လူကြီးတစ်ယောက် ရှုထောင့်မှ ကြည့်လျှင် ၎င်းမှာ အိမ် ထောင်သည်သစ်များ အချင်းချင်း ပိုမိုနားလည်လာစေရန် ကူညီပေးခြင်းသာ ဖြစ်နိုင်သော်လည်း ဟော်ချန်ယဲ့၏ အမြင်တွင်မူ အတူတကွ အချိန်ဖြုန်းပြီးနောက် သူ့ စိတ်ထဲတွင် ဝေဝါးသော သံသယတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယွီရွေ့ကျူးမှာ ဘာကိုမှ မကြောက်တတ်ဘဲ အလွန် ရဲရင့်ကြောင်း၊ တစ္ဆေသရဲပုံပြင်များကို နောက်ပြောင်ကာ ပြောဆိုရသည်ကို နှစ်သက်ပြီး လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေပြီးနောက် အားရပါးရ ရယ်မောတတ်ကြောင်း ယွီမားမား ပြောခဲ့သည်ကို သူ ပြန်လည် သတိရလာတော့သည်။

ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားသည်။

All Chapters