← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

Chapter 177

ထိုသည်မှာ ယွီရွေ့ကျူး အသံပင် ဖြစ်သည်။

ဟော်ချန်ယဲ့ အလိုအလျောက်ပင် ခေါင်းမော့ကြည့်ပြီး ထိုနေရာရှိ ယွီရွေ့ကျူး လက်ကို ထိတွေ့နိုင်ရန် သူ့ လက်ဖဝါးကို ခါးပေါ်သို့ ဖိကပ်လိုက်သည်။

သူတို့ အိမ်ရောက်ချိန် အတော်လေး နောက်ကျနေပြီဖြစ် သည်။ အိမ်မှာ လမ်းကြားရှိ နောက်ဆုံးအိမ်ဖြစ်ပြီး ပြောင်းဖူးခင်းတစ်ခုနှင့် ကပ်လျက်ရှိသဖြင့် ခြံစည်းရိုးနံရံ အပြင်ဘက်ရှိ အရပ်ရှည်ရှည်နှင့် မှောင်မိုက်နေသော အရိပ်ကြီးမှာ လေတိုက်တိုင်း တရှဲရှဲ မြည်လေသည်။

သူါ ခါးကို တင်းကျပ်စွာ ဖက်ထားခြင်း ခံရသည်ကို ဟော်ချန်ယဲ့ ခံစားလိုက်ရသည်။

ယွီရွေ့ကျူး အားမှာ တဖြည်းဖြည်း တိုးလာပြီး သူမ လက် မောင်းများက သူ့ကို ဖက်တွယ်ထားရုံသာမက ခေါင်းကလည်း သူ့ ခါးအောက်ပိုင်းကို ဟိုဒီ ပွတ်တိုက်နေသည်။

သူမ အသက်ရှူသံများမှာ ဖရိုဖရဲ ဖြစ်လာသည်။ သူတို့မှာ အလွန် နီးကပ်နေသဖြင့် ယွီရွေ့ကျူး၏မြန်ဆန်နေသော အမောတကော အသက်ရှူသံများကို ဟော်ချန်ယဲ့ ကြားနိုင်သည်။

သူမ လက်မောင်းများ တဖြည်းဖြည်း တင်းကျပ်လာသည်နှင့်အမျှ သူမ ကိုယ်ဟန်အနေအထားမှာလည်း ပိုပိုအလျင်စလို ဖြစ်လာတော့သည်။

"ရွေ့ကျူး..."

ဟော်ချန်ယဲ့ တစ်ခုခု ပြောရန် ပြင်သော်လည်း စကားမပြောနိုင်မီမှာပင် ရုတ်တရက် ရပ်တန့်သွားသည်။

သူ ခေါင်းကို နောက်သို့ မော့လိုက်ရာ သူ့ အကြည့်များမှာ အရှေ့ဘက် အဝေးတစ်နေရာသို့ လွင့်မျောနေသော်လည်း သူ့ အာရုံများ အားလုံးမှာ သူ့ အနောက်ဘက်ရှိ ယွီရွေ့ကျူးအပေါ်သို့သာ ရောက်ရှိနေသည်။

ထိုစဥ် စိုစွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဤအရာက ဟော်ချန်ယဲ့ကို အသက်ရှူရပ်သွားစေပြီး သူ့ နှုတ်ခမ်းများ အလိုအလျောက် တင်းတင်းစေ့သွားသည်။

မိုးမရွာသော်လည်း သူ့ ခါးနေရာမှ အဝတ်အစားများမှာ စိုစွတ်လာသည်။ အကြောင်းမှာ ယွီရွေ့ကျူး ငိုနေလို့ပင်

ထိုအချက်ကို သတိထားမိသည်နှင့် ဟော်ချန်ယဲ့မှာ ချက်ချင်းပင် တောင့်တင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားတော့သည်။

သူ လှည့်ကြည့်မိသည်။ မှောင်မိုက်နေသည့်ကြားမှပင် ယွီရွေ့ကျူးမှာ အစပိုင်းတွင် သူမ ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားပြီး သူ့ကို မကြည့်မိစေရန် ခေါင်းကို အောက်သို့ ငုံ့ထားသော်လည်း မကြာမီမှာပင် ငိုထားသဖြင့် သူမ မျက်လုံးများ နီရဲလာပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။

သူမက ကြောက်လန့်ပြီး ငိုနေခြင်းပင်။

ဤကဲ့သို့သော ယွီရွေ့ကျူးကို ဟော်ချန်ယဲ့ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ မိုးကြိုးပစ်ချိန်တွင်ပင် သူမမှာ ဖြူဖျော့ကာ အနည်း ငယ် တုန်ရီနေရုံသာ ဖြစ်ပြီး ဤကဲ့သို့ ဘယ်သောအခါမျှ မဖြစ်ခဲ့ဖူးပေ။

ယွီရွေ့ကျူး ပြင်းထန်သော တုံ့ပြန်မှုကြောင့် ဟော်ချန်ယဲ့ အံ့အားသင့်သွားတော့သည်။ ချက်ချင်းဆိုသလို နောင်တရသွားကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ခါးကိုကိုင်းကာ ယွီရွေ့ကျူး မျက်လုံးထောင့်မှ မျက်ရည်များကို လျင်မြန်စွာ သုတ်ပေးမိသည်။ သူ မျက်မှောင်ကြုတ်ကာ သူမကို ငုံ့ကြည့်ရင်း ပြောသည်။

"မငိုပါနဲ့ ရွေ့ကျူးရယ်၊ ကိုယ့် အမှားပါ... မင်းကို ကြောက်အောင် ကိုယ် တစ္ဆေသရဲ ပုံပြင် မပြောပြခဲ့သင့်ဘူး၊ အားလုံး ကိုယ့်အမှားပါ"

ယွီရွေ့ကျူးက သူ့ ခါးနေရာမှ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ဟော်ချန်ယဲ့ ပြောပြခဲ့သော တစ္ဆေသရဲ ပုံပြင်မှာ သူမ စိတ်ထဲတွင် ပြန်လည် ပဲ့တင်ထပ်နေဆဲပင်။ မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် သူမ ပတ်လည်ရှိ အရာတိုင်းအပြင် အထူးသဖြင့် အနီးအနားရှိ ပြောင်းဖူးခင်းများတွင် တစ်ခုခု ပုန်းအောင်းနေမည်ဟု သူမ ခံစားရသည်။

အလွန်မှောင်မိုက်နေသဖြင့် မြေကြီးထဲတွင် လူတစ်ယောက် သို့မဟုတ် သရဲတစ်ကောင် လှဲလျောင်းနေမည်လားဟုပင် သူမ တွေးမိသည်။

အိမ်ထဲတွင်ပင် လုံးဝ မှောင်မိုက်နေသည်။ ယွီရွေ့ကျူး အိမ်ထဲတွင် တစ်ယောက်တည်း ရှိချိန်က နေရာတိုင်းတွင် သရဲများရှိသည့်အလားခံစားခဲ့ရသည်။

ဟော်ချန်ယဲ့ကို ရှာရန် သူမ အလောတကြီး အပြင်ထွက်လာချိန်တွင် တစ်စုံတစ်ရာက သူမကို လိုက်ဖမ်းနေသည့်အလားပင်။

ထို့ကြောင့် သူမ ပိုမြန်မြန်လမ်းလျှောက်ခဲ့ပြီး ဟော်ချန်ယဲ့ ပုံရိပ်ကို မြင်မှသာ စိတ်ခံစားမှုများ ပေါက်ကွဲထွက်လာကာ သူ့ကို တင်းကျပ်စွာ ဖက်ထားမိခြင်းဖြစ်သည်။

ယခုအခါ ငိုထားသဖြင့် သူမ မျက်တောင်လေးများမှာ စိုစွတ်နေပြီး ရှက်ရွံ့မှုကြောင့် မနေနိုင်တော့ဘဲ ရှိုက်ငိုကာ ဟော်ချန်ယဲ့ကို အပြစ်တင်တော့သည်။

"ဒီလောက် နောက်ကျနေပြီကို ဘာတစ္ဆေသရဲ ပုံပြင် လာပြောနေတာလဲ၊ ရှင် ဘာလို့ ဒီလောက် ဆိုးရတာလဲ... ဟော်ချန်ယဲ့၊ တအား စိတ်ညစ်ဖို့ ကောင်းတာပဲ"

ဟော်ချန်ယဲ့က ပြန်လည် မငြင်းခုံဘဲ သူ့ ပါးလွှာသော နှုတ်ခမ်းများကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စွာဖြင့် တင်းကျပ်စွာ စေ့ထားပြီးနောက် မျက်လွှာချကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းမိသည်။ သူက သူမ လက်ကို ဆုပ်ကိုင်ကာ အက်ရှရှ အသံဖြင့် ‌ပြောသည်။

"...ကိုယ့် အမှားပါ ရွေ့ကျူးရယ်"

မှောင်မိုက်နေသည့်ကြားမှပင် ယွီရွေ့ကျူး နှလုံးသားမှာ တဒိတ်ဒိတ် ခုန်နေပြီး သရဲပုံပြင်နှင့် ပတ်ဝန်းကျင် အနေအထားကြောင့် ကြောက်လန့်မိဆဲပင်။

ဆောင်းဦးပေါက်ပွဲတော် လွန်သွားပြီးနောက် နေ့ရက်များမှာ အေးမြလာပြီး အထူးသဖြင့် ညဘက်တွင် လေအေးအေးလေး တိုက်ခတ်နေသော်လည်း ဟော်ချန်ယဲ့ ခန္ဓာကိုယ်မှာ အမြဲလိုလို နွေးထွေးသည်။

ယွီရွေ့ကျူးက သူ့ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး လက်စားချေသည့် အနေဖြင့် စိုစွတ်နေသော မျက်ရည်စများကို ဟော်ချန်ယဲ့ ရင်ဘတ်ပေါ်တွင် သုတ်ပစ်သည်။ သူ ရှိုက်ငိုကာသူ့ကို ကျိန်ဆဲနေဆဲပင်။

သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့်အပြင် အခြားသော ခံစားချက်များကလည်း ဟော်ချန်ယဲ့ နှလုံးသားထဲတွင် ရိုက်ခတ်လာသည်။

'ယွီရွေ့ကျူးက ရဲရင့်ပြီး သရဲတွေကို မကြောက်တတ်ဘူးဆိုတဲ့ ယွီမားမားက ပြောခဲ့တာ'

'ဒါပေမဲ့ အခု... သူ့ရင်ခွင်ထဲက ယွီရွေ့ကျူးက သရဲတွေကို အရမ်းကြောက်နေတယ်'

'သူတို့ရဲ့ မင်္ဂလာဦးညကစပြီး လူနှစ်ယောက်က လုံးဝကို ကွဲပြားခြားနားနေပြီ၊ သူတို့ရဲ့ စရိုက်လက္ခဏာတွေ၊ အလေ့ အကျင့်တွေက အစွန်းရောက်လောက်အောင်ကို ကွဲပြားနေတာပဲ၊ ယွီရွေ့ကျူးမှာ စိတ်ရောဂါလည်းမရှိဘူးဆိုတော့...'

ဟော်ချန်ယဲ့က ယခင်က နတ်ဘုရားများ၊ ဘုရားများနှင့် သဘာဝလွန် အဖြစ်အပျက်များကို တစ်ခါမျှ မယုံကြည်ခဲ့ပေ။

သူ လိုအပ်သမျှကို ကိုယ်ပိုင် စွမ်းရည်ဖြင့်သာ ရယူခဲ့သည်။ သို့သော် ယခုအခါ သူ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

'သူ့ရွေ့ကျူးနဲ့ ယွီရွေ့ကျူးတို့က မတူညီတဲ့ လူနှစ်ယောက်ပဲ'

ဤကောက်ချက်ချမှုသို့ ရောက်ရှိသွားသောအခါ ဟော်ချန်ယဲ့မှာ အလွန် အံ့အားသင့်သွားသည်။

သူ မည်သည့် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုကိုမျှ မခံစားရဘဲ ထူးခြားသော ဝမ်းမြောက်ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကိုသာ ခံစားရသည်။

ဤအခိုက်အတန့်တွင် သူ့ရင်ခွင်ထဲရှိ ယွီရွေ့ကျူးမှာ မျက် လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး သူ့ကို အပြစ်တင်ဆဲပင်။ စိုစွတ်နေသော သူမ ကြောင်မျက်လုံးလေးများဖြင့် သူ့ကို စူးရဲစွာ ကြည့်ကာ သူမ လက်သီးလေးများဖြင့် သူ့ရင်ဘတ်ကို ထုနှက်လာသည်။

ဟော်ချန်ယဲ့က သူမ လက်သီးလေးကို ဆုပ်ကိုင်ပြီး ညင်သာစွာ မနမ်းဘဲ မနေနိုင်တော့ပေ။ သူ့ အကြည့်များမှာ ပြင်းပြသော ချစ်ခြင်းမေတ္တာများဖြင့် တောက်လောင်နေသည်။

'ဒါက သူသိတဲ့ တစ်ဦးတည်းသော သူ့ရဲ့ ရွေ့ကျူးလေ'

အိပ်မက်တစ်ခုလိုပင်။ သူ့ရှေ့ရှိ ယွီရွေ့ကျူးမှာ ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးလေး တစ်ပါးကဲ့သို့ မည်သည့် သတိပေးချက်မျှ မရှိဘဲ သူါ ဘေးတွင် တိုက်ရိုက် ပေါ်လာခြင်း ဖြစ်သည်။

ပြန်တွေးကြည့်ပါက လက္ခဏာများစွာ ရှိခဲ့သော်လည်း ထိုအချိန်က သဝန်တိုမှုများကြောင့် သူ့ မျက်လုံးများ ကန်းခဲ့ပြီး ရှင်းလင်းစွာ မမြင်ခဲ့ရခြင်းပင်။

'ဥပမာပြောရရင် ယွီရွေ့ကျူးက ဗီရိုထဲက အဝတ်အစားတွေကို ရုတ်တရက် မနှစ်သက်တော့ဘဲ ပြန်လည်မွမ်းမံချင်လာပြီး သူမရဲ့ ဝတ်စားဆင်ယင်မှု စတိုင်က အထူးသဖြင့် ဖက်ရှင်ကျပြီး လှပလာတာတွေ'

'သူမမှာ ရှင်းပြလို့မရတဲ့ အံ့သြစရာကောင်းတဲ့ အကြံဉာဏ်တွေ အများကြီး ရှိနေပြီး ထူးခြားတဲ့ ဟင်းချက်စွမ်းရည်နဲ့ ဟင်းချက်နည်းတွေ ပိုင်ဆိုင်ထားတာ

မြို့တစ်ခုလုံးမှာ သူမနဲ့ ဆင်တူတဲ့ အရသာမျိုး ဘယ်သူမှ မရှိသလို သူမ ဘယ်မှာ သင်ခဲ့လဲဆိုတာလည်း သူ လုံးဝ မသိဘူး'

'သူက တစ်ခါတလေ အရမ်း နူးညံ့သိမ်မွေ့ပြီး မြင်းလှည်းတွေ၊ စက်ဘီးတွေက မသက်မသာဖြစ်လို့ ကားတစ်စီး ဝယ်ချင်နေတာမျိုး

ပြီးတော့ ထွန်စက်စီးတဲ့အခါ ပထမဆုံးအကြိမ် ယာဉ်ကို ထိတွေ့ဖူးတဲ့ တခြားလူတွေလို ပျော်ရွှင်စိတ်လှုပ်ရှားမှုမျိုး မရှိဘဲ အရမ်းကို တည်ငြိမ်လွန်းနေတာ'

'ပြီးတော့ အရေးအကြီးဆုံးက သူနဲ့ စုန့်ချင်းရှန်း အပေါ်ထားတဲ့ သူမရဲ့လုံးဝကွဲပြားခြားနားတဲ့ သဘောထားတွေနဲ့ သူမရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ အလှအပ ခံစားမှုတွေပဲ'

အရာအားလုံးကို အတည်ပြုပြီးနောက် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို ခေတ္တမျှ စူးစိုက်ကြည့်ပြီး သူမ လန့်နေစဉ်မှာပင် သူမကိုပွေ့ချီကာ အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

'ဒါက သူ့ရဲ့ဇနီး၊ သူ့ရဲ့ရွေ့ကျူး သူ့တစ်ယောက်တည်း ပိုင်ဆိုင်တဲ့သူ'

သူ မီးဖွင့်ပြီး မီးမွှေးလေသည်။

ဟော်ချန်ယဲ့က သူမအတွက် ရေနွေးကျိုပေးပြီး ယွီရွေ့ကျူးကို ချော့မော့ကာ အချိန်အတော်ကြာ ချော့သိပ်ပြီးမှသာ သူမ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

ခေတ္တမျှ သူမက ဟော်ချန်ယဲ့ကို တွယ်ကပ်ထားပြီး ရေနွေးကျိုနေချိန်မှာတောင်မှ သူသွားလေရာ နောက်သို့ တကောက်ကောက် လိုက်နေသည်။

ဟော်ချန်ယဲ့မှာ စိတ်ရှုပ်သည်ဟု မခံစားရပေ။ အမှန်တော့ သူ့ နှလုံးသားထဲတွင် ထူးခြားသော ချိုမြိန်မှုတစ်ခုကို ခံစားမိနေသည်။

မီးရောင်အောက်တွင် ယွီရွေ့ကျူးကို သူ ခိုးကြည့်ကာကြီး မားလှသော ပျော်ရွှင်မှုနှင့် သူမအပေါ် ပြင်းပြလှသော သိချင်စိတ်များကို ခံစားမိသည်။

'သူမက အဲဒီ ယွီရွေ့ကျူး မဟုတ်ဘူးဆိုရင် သူမက ဘယ်သူလဲ၊ သူမ နာမည်က ဘယ်လိုခေါ်လဲ၊ သူမရဲ့ ဝါသနာတွေက ဘာတွေလဲ၊ သူမ ဘာတွေ ကြုံတွေ့ခဲ့ရလဲ'

မှောင်မိုက်နေသည့် အခန်းထဲတွင် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တင်းကျပ်စွာ ဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် သူမ တဖြည်းဖြည်း အိပ်ပျော်သွားသည်ကို ကြည့်နေသည်။

ရှေ့သို့ ကိုင်းညွတ်ကာ အနည်းငယ် စိုစွတ်နေဆဲဖြစ်သော သူမ မျက်တောင်လေးများကို ညင်သာစွာ မနမ်းဘဲမနေနိုင်တော့ပေ။

All Chapters