← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

Chapter 178

သူ့အတိတ်က ကံဆိုးမှုများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ထိုကံဆိုးမှုများမှာ ယွီရွေ့ကျူးထံသို့ သူ့ကို ခေါ်ဆောင်လာရန် ကံကောင်းမှုများကို စုဆောင်းနေခြင်းသာ ဖြစ်မည်လား။

'ဒါဆို သူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူ ဖြစ်ရမယ်'

...

တစ္ဆေသရဲ ပုံပြင် အဖြစ်အပျက်ကြောင့် ယွီရွေ့ကျူးမှာ မကြာသေးမီက အမှောင်နှင့် ပတ်သက်သော စိတ်ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့သည်။

မှောင်သွားသည်နှင့် တစ်ပြိုင်နက် သူမ စိတ်များက ဟိုတွေးဒီတွေး လျှောက်တွေးမိတော့သည်။

ဤလွှမ်းမိုးမှုကို အနည်းဆုံးအထိ လျှော့ချရန် ရက်အနည်းငယ် ကြာမည်ဟု သူမ ခန့်မှန်းထားသဖြင့် နေ့စဉ်နေ့တိုင်း ဟော်ချန်ယဲ့က သူမကို အလုပ်အသွားအပြန် လိုက်ပို့ရပြီး အိမ်ရောက်သည်နှင့် တစ်ပြိုင်နက် သူမက သူ့ကို မနားတမ်း တွယ်ကပ်တော့သည်။

ဟော်ချန်ယဲ့မှာ ဤအခြေအနေကို အလွန် သဘောကျနေပြီး လိုလိုလားလား လက်ခံကာ ယွီရွေ့ကျူးက သူ့ကို တတ်နိုင်သမျှ အချိန်ကြာကြာ တွယ်ကပ်စေရန် တွေးမိသည်။

ယွီရွေ့ကျူးသည် သူ့ကို အေးစက်စက်ဖြင့် ငြင်းဆို‌လောက်သည်။

ရာသီဥတု တဖြည်းဖြည်း အေးလာသည်နှင့်အမျှ ဟော်ချန်ယဲ့ မွေးမြူရေးခြံမှာ ပုံမှန်အတိုင်း လည်ပတ်လာပြီး သားသတ်ရုံ တစ်ခု ဖွင့်လှစ်ရန် စတင် စီစဉ်သည်။

ယခင်က ယွီရွေ့ကျူး ကြည့်ထားခဲ့သော နေရာတစ်ခုမှာ ဟော်ချန်ယဲ့ အကြံဉာဏ်နှင့် တိုက်ဆိုင်လှသည်။

အချိန်အတော်ကြာ စွန့်ပစ်ထားခဲ့သော ကျောင်းဟောင်းလေးမှာ လမ်းဆုံလမ်းခွရှိ တြိဂံပုံ လမ်းမကြီးတစ်ဖက်တွင် တည်ရှိပြီး ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်နှင့် ဆိုင်ခန်း အနည်းငယ်သာ ကွာဝေးကာ လမ်းလျှောက်သွားလျှင် ခဏသာ ကြာသည်။

ကျောင်းမှာ မကြီးမားလှဘဲ စာသင်ခန်းများကို အခန်းငယ်လေးများဖြင့် ခွဲခြားထားသည်။

အဝင်ဝတွင် ကုန်တင်ကားများ ဖြတ်သန်းသွားလာနိုင်လောက်အောင် ကြီးမားသော တံခါးကြီးတစ်ခု ရှိပြီး ခြံဝင်းမှာလည်း ယခင်က ကစားကွင်း ဖြစ်ခဲ့သဖြင့် အတော်လေး ကျယ်ဝန်းသည်။

လူအများအပြားက ထိုနေရာကို လာရောက် စုံစမ်းခဲ့ကြသော်လည်း ပထမအချက်မှာ ကျောင်းက ဧရိယာ ကျယ်ဝန်းရန် လိုအပ်သဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် မသင့်လျော်သလို ဒုတိယအချက်မှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့် နေရာများမှာ အလွန် တန်ဖိုးကြီးသဖြင့် ဧရိယာ ပိုကျယ်ပါက ငှားရမ်းခ ပိုများမည် ဖြစ်သည်။

နေရာကောင်းသော်လည်း ဝယ်ယူမည့်သူများကို အဟန့်အ တား ဖြစ်စေခဲ့သဖြင့် ထိုနေရာမှာ စွန့်ပစ်ခံထားရခြင်း ဖြစ်သည်။

ဟော်ချန်ယဲ့က ခြံဝင်းနှင့် အထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်ရှုပြီးနောက် အရွယ်အစားနှင့် အခြားအချက်များမှာ အတော်လေး ကျေနပ်စရာ ကောင်းသည်ကို တွေ့ရှိခဲ့သည်။

ယွီရွေ့ကျူးနှင့် တိုင်ပင်ပြီး ဈေးနှုန်း ညှိနှိုင်းပြီးနောက် အဆုံးတွင် ထိုနေရာကို ငှားရမ်းသည်။

ဤသည်ဖြင့် ဟော်ချန်ယဲ့မှာ စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုလုံးကို အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီး တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဝန်ဆောင်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ကြက်ဘဲ မွေးမြူရေးခြံက ကြက်ဘဲများကို မွေးမြူမည်၊ ထို့နောက် ၎င်းတို့ကို ထွန်စက်ဖြင့် သားသတ်ရုံသို့ သယ်ဆောင်ကာ သတ်ဖြတ်မည်။

ကြိုတင်မှာယူထားသော ကြက်ဘဲများကို ဖြန့်ဝေပြီး ကျန်ရှိနေသည်များကို သားသတ်ရုံများတွင် ရောင်းချမည်ဖြစ် သည်။

အကယ်၍ အနာဂတ်တွင် စီးပွားရေးလုပ်ငန်း အောင်မြင်လာပါက အရံပစ္စည်းများ ထုတ်လုပ်ရန် သားသတ်ရုံဘေးတွင် ထုတ်လုပ်ရေးလိုင်းတစ်ခု တည်ဆောက်နိုင်ပြီး သူတို့ မွေးမြူထားသော ကြက်ဘဲများ အစိတ်အပိုင်းတိုင်းကို အသုံးချနိုင်သည်။

သားသတ်ရုံတွင် လူအင်အား လိုအပ်သဖြင့် ဟော်ချန်ယဲ့က ဝန်ထမ်းများ စတင် ထပ်ခေါ်ယူသည်။

အလုပ်သမား အများအပြား လိုအပ်ခြင်းနှင့် သားသတ်ရုံရှိ အလုပ်မှာ မွေးမြူရေးခြံရှိ အလုပ်နှင့် ကွဲပြားခြင်းတို့ကြောင့် ၎င်းမှာ နှစ်ဦးနှစ်ဖက် ရွေးချယ်ရသော လုပ်ငန်းစဉ် ဖြစ်သည်။

အလုပ်မှာ ညစ်ပတ်ပြီး ပင်ပန်းသဖြင့် အခြားသူများက ဤအလုပ်ကို ရွေးချယ်ရန် ဂျီကျသလို ဟော်ချန်ယဲ့ကလည်း ကျွမ်းကျင်မှုနှင့် ခွန်အားလိုအပ်သဖြင့် သေချာရွေးချယ်ရသည်။

ထို့အပြင် ထုတ်လုပ်ရေးလိုင်း ကြီးကြပ်ရေးမှူးများနှင့် ဝန်ထမ်းများ အပါအဝင် အလုပ်အကိုင်များလည်း ကွဲပြားသည်။

ဝန်ထမ်းခေါ်ယူမှုမှတစ်ဆင့် ဟော်ချန်ယဲ့က အနီးနားရှိ ရွာအချို့မှ လူအယောက် နှစ်ဆယ်ကျော်ကို ခေါ်ယူနိုင်ခဲ့သည်။ အများစုမှာ လူငယ် အမျိုးသား အမျိုးသမီးများဖြစ်ပြီး အားလုံးမှာ ခွန်အားကောင်းပုံပေါ်သည်။

ပုံမှန်အားဖြင့် ကျောင်းထွက်ပြီးနောက် သူတို့မှာ လယ်လုပ်ခြင်း သို့မဟုတ် ကြုံရာကျပန်း အလုပ်များသာ လုပ်ကိုင်နိုင်ပြီး ငွေအနည်းငယ်သာရရှိကာ အမြဲတမ်းအလုပ်များရသည်။

ယခု ဟော်ချန်ယဲ့က အလွန် ကောင်းမွန်သော ရာထူးတစ်ခုကို ကမ်းလှမ်းလာသောအခါ ထိုလူငယ်များမှာ အကျိုးခံစားခွင့်များကို မြင်တွေ့ပြီး ဝင်ရောက်လုပ်ကိုင်လိုသည်။

ယွီရွေ့ကျူးက တစ်ချက်လှမ်းကြည့်ပြီး မနေနိုင်ဘဲ စုပ်သပ်ကာ အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။

'ဟော်ချန်ယဲ့ရဲ့ ဝန်ထမ်း အရေအတွက်က တိုးလာနေပြီး စုစုပေါင်း အယောက် ငါးဆယ်လောက် ရှိနေပြီ၊ သူက တကယ်ကို သူဌေးကြီး ဖြစ်လာနေပြီပဲ'

'ငါ‌လေးမှာက ဝန်ထမ်း ဆယ်ယောက်တောင် မပြည့်သေးဘူး'

'ဒီလိုဆို မဖြစ်သေးဘူး၊ ဟော်ချန်ယဲ့ ထက် အောက်ကျခံလို့ မဖြစ်ဘူး၊ ပိုက်ဆံရမယ့် တခြားနည်းလမ်းတွေ စဉ်းစားရမယ်'

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို တစ်ချက်လှမ်းကြည့်ရာ မကြာသေးမီက သားသတ်ရုံတွင် အလုပ်လုပ်ရသဖြင့် သူ အတော်လေး ပင်ပန်းနေသည်ကို မြင်သောအခါ သူမ သွားမနှောင့်ယှက်တော့ပေ။

ထိုညနေခင်းတွင် သူ့အတွက် အရသာရှိသော အစားအစာတစ်ခုခု လုပ်ပေးရန် တွေးတောရင်း ခြံဝင်းတံခါးမှ လျင်မြန်စွာ ဖယ်ခွာကာ ဝက်သားနှပ်ဆိုင်သို့ ပြန်သွားတော့သည်။

ခြံဝင်းထဲတွင် ဝန်ထမ်းတစ်တန်းလုံး သတိအနေအထားဖြင့် ရပ်ကာ ဟော်ချန်ယဲ့ ချမှတ်ပေးနေသော ဝန်ထမ်း စည်းကမ်းချက်များကို အာရုံစိုက်ကာ နားထောင်ကြပြီး သူတို့မျက်နှာ များမှာ လေးနက်လွန်းသည်။

'သူဌေးက နည်းနည်းရုပ်တည်ကြီးပဲ၊ အလုပ်ပြုတ်မသွားအောင် အလုပ်ကို သေချာလုပ်မှဖြစ်မယ်'

လူအုပ်ထဲမှ မိန်းကလေးတစ်ဦးက ဟော်ချန်ယဲ့အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

'ဒါ ဝမ်းကွဲအစ်မစုလန်ပြောတဲ့ ချန်ယဲ့ ဆိုတာလား၊ သူက တကယ်ကို ခန့်ညားတာပဲ

သူဌေးကြီးဖြစ်နေတာ အံ့သြစရာမဟုတ်တော့ဘူးပဲ'

All Chapters