← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

Chapter 179

သားသတ်ရုံ စတင်လည်ပတ်လာသည်နှင့်အမျှ ဟော်ချန်ယဲ့မှာ ယခုအခါ ပိုအလုပ်များလာသည်။

သားသတ်ရုံ အချိန်ဇယားမှာ ပုံမှန်နှင့်မတူဘဲ ကွဲပြားလေသည်။ သတ်ဖြတ်ခြင်းများကို ညသန်းခေါင်ကျော် အချိန်များတွင် ပြုလုပ်ပြီး လတ်ဆတ်သော အသားများကို မနက်ပိုင်းတွင် ဖြန့်ဝေပေးပို့ရသည်။

ထုတ်လုပ်ရေးလိုင်း စနစ်ဖြင့် လုပ်ဆောင်ခြင်းက သတ်ဖြတ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များကို အလွန်လျင် မြန်သွားစေသည်။

သားသတ်ရုံ စတင်လည်ပတ်သည့် အစောပိုင်းရက်များတွင် ဟော်ချန်ယဲ့မှာ ထိုင်ရသည်ဟူ၍ပင် မရှိသလောက်ပင်။

နေ့ခင်းဘက်တွင် မွေးမြူရေးခြံများနှင့် ဝက်သားနှပ်ဆိုင်များသို့ သွားရောက် စစ်ဆေးပြီး ညဘက်တွင်မူ အသားများကို စစ်ဆေးရန် သားသတ်ရုံသို့ သွားရသည်။

သူသည် လူရှစ်ယောက်စာ အလုပ်ကို တစ်ယောက်တည်း လုပ်နေရပြီး သူ့ သန်မာသော ခန္ဓာကိုယ်နှင့် ခံနိုင်ရည်စွမ်း အားများကြောင့်သာ ပင်ပန်းနွမ်းနယ်ပြီး လဲကျမသွားခဲ့ခြင်း ဖြစ်သည်။

သူ့ ထူးခြားသော လိုက်လျောညီထွေဖြစ်မှု စွမ်းရည်ဖြင့် လျင်မြန်စွာပင် ဟန်ချက်ညီမှုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဝန်ထမ်းများထံမှ ယုံကြည်မှုကို တဖြည်းဖြည်းရရှိလာကာ အနည်း ငယ် အသက်ရှူချောင်လာသည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ အိမ်ပြန်ရောက်သည်နှင့် ထမင်းပင် မစားနိုင်တော့ဘဲ အုတ်ခုတင်ပေါ်သို့ ပစ်ကျကာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားသည်ကို ကြည့်နေသည်။

သူသည် နောက်တစ်နေ့ တစ်ရက်လုံး အိပ်ပျော်သွားပြီးနောက်မှ လန်းဆန်းတက်ကြွစွာဖြင့် ပြန်လည် နိုးထလာသည်။

သူမ သက်ပြင်းတစ်ချက် ချပြီး သူ့ကို အပျော်သဘောဖြင့် ခပ်ဖွဖွထိုးကာ သတိပေးလိုက်သည်။

"ပိုက်ဆံအတွက်နဲ့ ကိုယ့်အသက်ကို အန္တရာယ်မဖြစ်စေနဲ့လေ"

ဟော်ချန်ယဲ့ ရယ်မောလာပြီး သူမကို တောက်ပသောမျက် လုံးများဖြင့် ကြည့်သည်။

"မဟုတ်ပါဘူး၊ ကိုယ်က ဇနီးလေးအတွက် ပိုက်ဆံရှာဖို့ ကြိုးစားအလုပ်လုပ်နေတာပါ၊ ဒါပေမဲ့ အဲဒီပိုက်ဆံတွေကို သုံးဖို့ ကိုယ်က သူ့ဘေးမှာ ရှိနေရဦးမှာလေ၊ ကိုယ့် အတိုင်း အတာကို ကိုယ်သိပါတယ်"

ယွီရွေ့ကျူးလည်း ပြန်ပြောသည်။

"အဲဒါ အကောင်းဆုံးပဲ"

သူမက နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာ တီးတိုးရေ ရွတ်ရင်း မွန်းလွဲပိုင်း တစ်ခုလုံး အချိန်ယူပြင်ဆင်ထားခဲ့သော အစားအစာများကို ထုတ်ယူလာသည်။

သူမ ကိုယ်တိုင် ဟင်းမချက်ဖြစ်သည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။ ယခင်က အချိန်မရခဲ့သော်လည်း ယခုအခါ သူတို့နှစ်ဦးစလုံးအတွက် ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေးနိုင်ပြီဖြစ်သည်။

မကြာသေးမီက ဟော်ချန်ယဲ့မှာ နေ့ရောညပါ အလုပ်လုပ်ခဲ့ရသဖြင့် သူ့ ကျန်းမာရေးကို ထိခိုက်စေခဲ့သည်။

ထို့ကြောင့် ယွီရွေ့ကျူးက သူ့အတွက် အထူးတလည်အား ဖြည့်စွပ်ပြုတ် တစ်ခွက်ကို ပြင်ဆင်ထားပြီး ဝက်ရိုးများကိုလည်း အိုးကြီးတစ်လုံးဖြင့် နှပ်ထားသည်။

ယခုအခါ စားပွဲပေါ်တွင် ဝက်နံရိုးနှပ်များနှင့် ဝက်သားပြားကြော်များ အပါအဝင် အသားဟင်းများ၊ အအေးစာများနှင့် သက်သတ်လွတ် ဟင်းလျာများဖြင့် ပြည့်နှက်နေလေသည်။ သူမက ပဲနီလေးထမင်းကိုလည်း ပေါင်းထားပြီး ဖြူဖွေးအိစက်နေသော ပေါက်စီများကိုလည်း ပြုလုပ်ထားသေးသည်။

ဟော်ချန်ယဲ့မှာ စားပွဲအပြည့် တင်ထားသော အစားအစာများကို ကြည့်ပြီး မှင်သက်သွားတော့သည်။

သူ တူကို ကိုင်ထားရင်း ဘယ်က စစားရမှန်းပင် မသိဖြစ်နေသည်။

"ဒီလောက် အများကြီးလား"

ဤသည်မှာ အမှန်ကို ခမ်းနားသည့် စားသောက်ပွဲကြီးပင်။

အစားအစာများမှာ ရွာထဲရှိ စားသောက်ပွဲများထက်ပင် ပိုမို ခမ်းနားနေပြီး ယခင်နှစ်များက နှစ်သစ်ကူး အစားအစာများထက်ပင် ပိုကောင်းသေးသည်။

သူ မနေနိုင်ဘဲ မေးမိသည်။

"ဒီနေ့က ဘာနေ့မို့လို့လဲ ရွေ့ကျူး၊ ဘာလို့ ဟင်းတွေ ဒီလောက်အများကြီး ချက်ထားတာလဲ၊ ဒါတွေ အားလုံး မင်းတစ်ယောက်တည်း ချက်ထားတာလား၊ မင်း..."

ယနေ့ ယွီရွေ့ကျူး ပင်ပန်းနေမည်လားကို ဟော်ချန်ယဲ့ မေးချင်သော်လည်း စကားမဆုံးမီမှာပင် ယွီရွေ့ကျူးက သူ့ ပါးစပ်ထဲသို့ ပေါက်စီတစ်လုံး ထိုးထည့်ကာ တားလေသည်။

ယွီရွေ့ကျူး သူ့ကို တစ်ချက်ကြည့်သည်။

"ဘာလို့ စကားတွေ ဒီလောက်များနေရတာလဲ၊ အခု ကျွန်မတို့ အဆင်ပြေနေပြီလေ၊ စားချင်တာ အကုန်စားလို့ ရနေပြီ၊ အရင်ကလို မဟုတ်တော့ဘူး၊ ပြီးတော့ ရှင်လည်း ဒီတလော တအား ပင်ပန်းနေတာဆိုတော့ အားဖြည့်အစားအစာ ကောင်းကောင်းလေး စားဖို့ ကွက်တိပဲ"

သူမက ဟော်ချန်ယဲ့အတွက် စွပ်ပြုတ်တစ်ပန်းကန် ခပ်ပေး လိုက်သည်။

"ရော့... ဒါလေး မြည်းကြည့်၊ မွန်းလွဲပိုင်း တစ်ခုလုံး အချိန်ယူပြီး ကျိုထားတာ၊ အထဲမှာ စွန်ပလွံသီး၊ ပိုရီးယားမှို၊ မျောက်ဥ... အဲဒါတွေ အများကြီး ထည့်ထားတယ်"

ယွီရွေ့ကျူးက သူမ စွပ်ပြုတ်ထဲရှိ ဆေးဘက်ဝင် အပင်များကို လက်ချောင်းများဖြင့် ရေတွက်ပြနေစဉ် ခေါင်းမော့ကြည့်ရာ ဟော်ချန်ယဲ့မှာ ပန်းကန်ထဲမှ စွပ်ပြုတ်များကို တစ်ကျိုက်တည်းနှင့် သောက်ပြီး နှုတ်ခမ်းသပ်ကာ သူမကို တောက်ပ သော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ရွေ့ကျူး... နောက်ထပ် ရှိသေးလား၊ နောက်တစ်ပန်းကန်လောက် ပေးပါဦး"

ယွီရွေ့ကျူး "..."

'ဒါက ကျူးပါကျဲ ဂျင်ဆင်းသီး စားနေသလိုပဲ၊ ငါ့ စကားတောင် မဆုံးသေးဘူး၊ သူက အကုန်သောက်လို့တောင် ပြီးသွားပြီ'

သူမ နှုတ်ခမ်းဆူကာ ပန်းကန်လုံးကို သူ့ထံ လှမ်းပေးလိုက်ပြီး သူ့ဟာသူ ခပ်သောက်စေကာ သတိပေးရန်လည်း မမေ့ခဲ့ပေ။

"ဖြည်းဖြည်းသောက်နော်၊ ပူတယ်"

"အိုကေ"

ထိုသို့ပြောကာ သူ့ အမြန်နှုန်းကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ကြိုးစားသော်ငြား ဟော်ချန်ယဲ့မှာ အလွန်မြန်ဆန်စွာ သောက်သုံးနေဆဲဖြစ်ပြီး အစားကိုလည်း အလွန်မြန်ဆန်စွာ စားသောက်နေသည်။

စားပွဲပေါ်တွင် အရသာရှိသော အစားအစာများ အပြည့်ရှိနေပြီး ဟော်ချန်ယဲ့ မျက်လုံးများမှာ တောက်ပသွားပုံရသည်။

ပေါက်စီတစ်လုံးကိုပင် စား၍ မပြီးသေးသော ယွီရွေ့ကျူးမှာ ဖြည်းညင်းစွာ ခေါင်းမော့ကြည့်ရာ ဟော်ချန်ယဲ့မှာ ထမင်းနှစ်ပန်းကန်နှင့် အခြား ပေါက်စီတစ်လုံးကိုပင် စားပြီးနေပြီဖြစ်ကြောင်း မြင်လိုက်သည်။

'သူ့ရဲ့ ဒီအလေ့အကျင့်ကို ပြင်ပေးမှ ရမယ်'

ယွီရွေ့ကျူး တွေးပြီးနောက် သူမ အစားအစာကို ဖြည်းညင်း စွာ ဆက်လက်စားသောက်နေသည်။

ဤညစာမှာ အမှန်ကို ကောင်းမွန်လှသည်။ သူတို့နှစ်ဦးစလုံး အလွန် မြိန်ယှက်စွာ စားသောက်ခဲ့သည်။ စားပွဲသိမ်းပြီးနောက် သူတို့နှစ်ဦး အုတ်ခုတင်ပေါ်တွင် လှဲလျောင်းနေကြရာ ပြတင်းပေါက်အပြင်ဘက်မှ ညနေခင်း လေပြေညင်းလေးက သာယာစွာ တိုက်ခတ်နေသည်။

သူတို့နှစ်ဦး ပွေ့ဖက်ကာ အိပ်ပျော်သွားကြပြီး အလွန်သက်တောင့်သက်သာနှင့် နွေးထွေးလှသည်။

ဟော်ချန်ယဲ့မှာ အလိုလိုပြုံးမိသည်။

ဤသည်မှာ သူ အမြဲတမ်း အိပ်မက်မက်ခဲ့ရသော ဘဝမျိုးဖြစ်ပြီး ယခုအခါလက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အမှန်ကို အံ့သြစရာကောင်းလှသည်။

မကြာသေးမီက သူတို့နှစ်ဦးစလုံး ပင်ပန်းနေခဲ့ကြသဖြင့် လျင်မြန်စွာပင် အိပ်ပျော်သွားခဲ့ကြသည်။

ညသန်းခေါင်ကျော် အချိန်တွင် မိုးဖွဲဖွဲလေး ရုတ်တရက် စတင် ရွာသွန်းလာသည်။

ထို့နောက် မိုးက တဖြည်းဖြည်း သည်းလေသည်။

မိုးပေါက်များက ပြတင်းပေါက် မှန်ချပ်များကို ရိုက်ခတ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယွီရွေ့ကျူးက ထိုအသံကို ချော့သိပ်တေးတစ်ခုလို သဘောထားကာ ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ၏ အလွန်တရာအိစက်နေသော ရင်အုပ်ကြွက်သားများကို ညင်သာစွာ ညှစ်ပြီးနောက် ပြန်လည် အိပ်ပျော်သွားတော့သည်။

သို့သော်လည်း ဟော်ချန်ယဲ့မှာမူ နိုးလာခဲ့ပြီး ယွီရွေ့ကျူး နိုးသွားမည်ကို စိုးရိမ်သဖြင့် သူမကို လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲတွင် ဖက်ထားကာ ကိုယ်ကို မတ်ပြီး မိုးရေများ အခန်းထဲသို့ မပက်စေရန် ပြတင်းပေါက်ကို ပိတ်လိုက်သည်။

ထို့နောက် သူနှင့် ယွီရွေ့ကျူးတို့ ခေါင်းချင်းဆိုင်ကာ ပြန်လည်အိပ်ပျော်သွားပြန်သည်။

နောက်တစ်နေ့တွင် ဟော်ချန်ယဲ့က ပုံမှန်အတိုင်း ယွီရွေ့ကျူးအတွက် နံနက်စာပြင်ဆင်ရန် အစောကြီး ထသည်။

သို့သော်လည်း သူ နိုးလာချိန်တွင် အပြင်ဘက် ကောင်းကင်မှာ မှောင်မိုက်နေပြီး မိုးရွာသံများမှာလည်း မရပ်မနား ထွက်ပေါ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တစ်ညလုံး မိုးရွာနေခဲ့ပုံရပြီး မိုးပေါက်များမှာ အတော်လေး ကြီးနေပုံပင်။

မီးမွှေးရန် ကောက်ရိုးပုံမှ ကောက်ရိုးများ ယူရန် သူ တံခါးကို ဖွင့်လိုက်သည်။ ထီးဆောင်းကာ အပြင်သို့ ထွက်လိုက်ချိန်တွင် ရေမြောင်းပိတ်နေ၍လား သို့မဟုတ် အခြားအရာတစ်ခု ခုကြောင့်လားမသိ ခြံထဲရှိ ရေမျက်နှာပြင်မှာ ခြေကျင်းဝတ်အထိ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိသည်။

ကောင်းကင်ကို မော့ကြည့်ရာ ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မည့်အလား မည်းမှောင်အုံ့ဆိုင်းနေသည်။

သူ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကောက်ရိုးများကို အိမ်ထဲသို့ ယူလာပြီး ယွီရွေ့ကျူးအတွက် ဟင်းချက်ကာ အစားအစာများကို အိုးထဲတွင် နွေးနေစေရန် ထားပြီးနောက် မိုးက မတိတ်သေးဘဲ ပိုမိုသည်းလာမည့် အရိပ်အယောင်များ ပြသနေသည်ကို သတိထားမိသည်။ ဟော်ချန်ယဲ့ တောင်ပေါ်ရှိ သူ့ မွေးမြူရေးခြံဆီ အတွေးရောက်လေသည်။

အသစ်တည်ဆောက်ထားသော မွေးမြူရေးခြံမှာ တောင်ခါး ပန်းတွင် တည်ရှိသည်။ မိုးရွာပြီးနောက် တိရစ္ဆာန်ခြံများ ရေလွှမ်းသွားမည်လား သို့မဟုတ် တိရစ္ဆာန်များလန့်ဖြန့်သွားမည်လားဟု သူ တွေးပူမိသည်။

တောင်ပေါ်လမ်းများမှာ မူလကတည်းက သွားလာရန် ခက်ခဲပြီး မိုးရွာထားသဖြင့် ပိုလို့ရွှံ့ဗွက်ထနေလေသည်။ ဟော်ချန်ယဲ့က ထီးတစ်လက်ဆောင်းကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

မှိန်ပျပျ အလင်းရောင်တွင် သူ သေချာမမြင်ရဘဲ ချော်မကျစေရန် ခြေလှမ်းတိုင်းကို သေချာစွာ စမ်းသပ်လျှောက်နေရသည်။

သူ တောင်ထိပ်သို့ ရောက်ချိန်တွင် အတော်လေးနောက်ကျနေပြီ ဖြစ်သည်။

သူက မွေးမြူရေးခြံ ဧရိယာတစ်ခုစီ ပတ်ဝန်းကျင် အနေအ ထားနှင့် ဝက်များ၊ နွားများနှင့် အခြားတိရစ္ဆာန် အရေအ တွက်ကို သွားရောက် စစ်ဆေးသည်။ မွေးမြူရေးခြံ တစ်ဝက်ခန့်ကို သူ စစ်ဆေးပြီးမှသာ ဝန်ထမ်းများရောက်ရှိလာကြသည်။

သူတို့အားလုံးမှာ ဖရိုဖရဲဖြစ်နေပြီး အချို့မှာ ရွှံ့များ ဖုံးလွှမ်းနေကာ ချော်လဲကျပြီး ပြန်ထလာခဲ့ရကြောင်း ရှင်းလင်းလှသည်။

ဟော်ချန်ယဲ့က သူတို့ကို သန့်ရှင်းရေးလုပ်ရန် ပြောပြီးနောက် ဝက်ခြံများဆီသို့ သွားသောအခါ အရေအတွက်မှာ တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိသွားသည်။ ဓာတ်မီးများဖြင့် စစ်ဆေးကြည့်ရာ နံရံတစ်ခုတွင် အပေါက်ကြီးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဟော်ချန်ယဲ့ မျက်လုံးများ ချက်ချင်းကျုံ့သွားရတော့သည်။

All Chapters