← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

Chapter 180

သဲကြီးမဲကြီး ရွာသွန်းနေသော မိုးကြောင့် ဝက်များ လန့်ဖြန့်ကာ နံရံကို ထိုးဖောက်သွားခြင်းလား၊ သို့မဟုတ် ဆောက်လုပ်ရေး ညံ့ဖျင်းမှုကြောင့် မိုးရေများက မျောပါသွားခြင်းလား မသိရသော်လည်း ထိုဧရိယာရှိ ဝက်အကောင် နှစ်ဆယ်ခန့်လုံးနီးပါး ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဝက်ခြံမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

အပြင်ဘက်တွင် မိုးများ သဲကြီးမဲကြီး ရွာသွန်းနေပြီး နောက်မှ လိုက်လာကြသော ဝက်ထမ်းများမှာလည်း ထိုမြင်ကွင်းကြောင့် အလားတူပင် တုန်လှုပ်သွားတော့သည်။

ပြိုကျနေသော နံရံကို ဓာတ်မီးရောင်ဖြင့် ရှင်းလင်းစွာ မြင်နေရပြီး လေနှင့် မိုးရေများက သူတို့ မျက်နှာများကို လာရောက် ရိုက်ခတ်နေကာ လူအများအပြားမှာ ဖြူရော်ကာ အထိတ် တလန့် ဖြစ်မိသည်။

'ဝက်တွေ၊ ၀က်တွေ ပျောက်သွားပြီ'

'အဲဒါတွေက သူဌေးရဲ့ အသက်မွေးဝမ်းကျောင်းတွေလေ၊ ဝက်အကောင် နှစ်ဆယ်ကျော်တောင် အကုန် ပျောက်သွားတာ၊ သူတို့ ဘယ်လောက်တောင် အရှုံးပေါ်သွားမလဲ'

'ငါတို့ကိုများ လျော်ခိုင်းမှာလား'

မနေ့ညက တောင်ပေါ်တွင် ကင်းစောင့်ခဲ့ရသော အမျိုးသားမှာ ထိုမြင်ကွင်းကို မြင်သောအခါ သတိလစ်လုမတတ် ဖြစ်သွားပြီး မနေ့ညက ထိုနေရာတွင် ရှိနေခဲ့သူမှာ သူဖြစ်နေသဖြင့် တိတ်တဆိတ် ညည်းတွားမိသည်။

ဟော်ချန်ယဲ့က ပတ်ဝန်းကျင်ရှိ အထိတ်တလန့် ဖြစ်နေသော ဝန်ထမ်းများကို တစ်ချက်ကြည့်ပြီး အခြားဘာမှမပြောဘဲ မျက်မှောင်ကြုတ်ကာ လျင်မြန်စွာပြောသည်။

"ရှာကြ၊ တွေ့မတွေ့ သွားရှာကြ၊ ဝက်တွေက ဒီအတိုင်းထွက် ပြေးသွားလို့ မရဘူး၊ သူတို့ တောင်ပေါ်မှာပဲ ရှိနေလောက်သေးတယ်၊ တောင်ပေါ်မှာ မတွေ့ရင် အောက်က ရွာတွေမှာ သွားရှာကြ၊ ဝက်တွေ ဒီလောက် အများကြီးဆိုတော့ သိသာတယ်၊ အားလုံး သတိထားကြနော်၊ လူစုခွဲပြီး ရှာကြ"

ဟော်ချန်ယဲ့ စကားများကြောင့် ဝန်ထမ်းများမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး သူတို့ကိုယ်သူတို့ လျင်မြန်စွာ ပြန်လည် စုစည်းကာ မိုးကာအင်္ကျီများကို ဝတ်ဆင်ပြီး ဓာတ်မီးများဖြင့် နေရာအနှံ့ အပူတပြင်း ရှာဖွေ တော့သည်။

သို့သော်လည်း အပြင်ဘက်တွင် မိုးများ သဲကြီးမဲကြီး ရွာသွန်းနေဆဲဖြစ်ပြီး တောင်ပေါ်ဖြစ်သဖြင့် မွေးမြူရေး ဧရိယာ အပြင်ဘက်ရှိ နေရာအများအပြားတွင် သစ်ပင်များနှင့် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် လမ်းလျှောက်ရန် ခက်ခဲလှသည်။

အခက်အခဲကို ပိုမို ဆိုးရွားစေသည်မှာ မည်းမှောင်အုံ့ဆိုင်းနေသော ကောင်းကင်နှင့် အလင်းရောင် အားနည်းမှုတို့ကြောင့် ရှာဖွေရ ပိုမို ခက်ခဲနေခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် ဝက်အချို့မှာအဝေးသို့ မရောက် သေးဘဲ လျင်မြန်စွာ ပြန်လည် တွေ့ရှိခဲ့ရသည်။ ဤသည်မှာ အားတက်စရာ လက္ခဏာတစ်ခု ဖြစ်ပုံရပြီး ရှာဖွေနေသော ဝန်ထမ်းများမှာ ပိုစိတ်အားထက်သန်လာသည်။

...

ရှေ့ဘက်မှ မိုးရွာသံကြောင့် ယွီရွေ့ကျူး နိုးသွားသည်။

မိုးများမှာ အလွန် သည်းထန်စွာ ရွာသွန်းနေပြီး ကြိုးတန်းများကဲ့သို့ ကျဆင်းနေကာ မှန်များကို ရိုက်ခတ်နေသော အသံက ယွီရွေ့ကျူးကို ချက်ချင်း နိုးစေခြင်းဖြစ်သည်။

သူမ မျက်လုံးများ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှာ မည်းမှောင်အုံ့ဆိုင်းနေသဖြင့် သူမ ခေတ္တမျှ မျက်စိလည်သွားပြီး နေ့နှင့် ညကိုပင် မခွဲခြားနိုင်တော့ပေ။

အချိန်အတန်ကြာပြီးနောက် သူမညစိတ်များ ကြည်လင်လာပြီး တဖြည်းဖြည်း ပြန်လည် အသိဝင်လာသည်။

သူမ လှည့်ကြည့်ရာ ဘေးရှိ စောင်များမှာ အေးစက်နေပြီ ဖြစ်သည်။ အပြင်သို့ ထွက်ကြည့်သောအခါ မီးဖိုပေါ်တွင် ဟော်ချန်ယဲ့ ချန်ထားရစ်ခဲ့သော စာတိုလေးကို တွေ့လေသည်။

အိုးထဲတွင် အစားအစာများ ရှိကြောင်းနှင့် သူ တောင်ပေါ်သို့ သွားပြီး မကြာမီ ပြန်လာမည်ဖြစ်ကြောင်း ရေးသားထား သည်။

ယွီရွေ့ကျူးက မီးဖိုအနီးသို့ ခွေးခြေတစ်လုံး ယူလာပြီး ထိုင်ကာ စားသောက်သည်။ သူမ ပါးပြင်များမှာ ဝါးနေသဖြင့် ဖောင်းကားနေပြီး စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် တံခါးအပြင်ဘက်သို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်မိသည်။

'မိုးက ဒီလောက် သည်းနေတာကို သူ တောင်ပေါ်ကို သွားတာလား၊ သူ သွားတာ ဘယ်လောက်ကြာပြီလဲ၊ တစ်ခုခုများ ဖြစ်နေလို့လား'

ထိုသို့ တွေးမိသောအခါ သူမ ထပ်မစားသောက်နိုင်တော့ချေ။

သူမက ထီးတစ်လက်ကို ယူကာ အပြင်သို့ ထွက်လာခဲ့ပြီး မကြာမီမှာပင် လူများ အငြင်းပွားသံကို ကြားလိုက်ရသည်။

ရွာသားများ အငြင်းပွားနေကြခြင်းပင်။ ထီးဆောင်းထားသော ယွီရွေ့ကျူးက ထိုသူများထဲမှ တစ်ဦးမှာ ဟော်ချန်ယဲ့ ဝန်ထမ်းဖြစ်ကြောင်း ဝေဝါးစွာ မှတ်မိသဖြင့် သူတို့ စကားများကို ပိုမိုရှင်းလင်းစွာ ကြားရရန် အနီးသို့ တိုးသွားသည်။

အမျိုးသားနှစ်ဦးမှာ ဝက်တစ်ကောင်ကို ဆွဲလုနေသည်။

ထိုဝက်မှာ ရွှံ့များ ပေကျံကာ စိုရွှဲနေပြီး သိပ်ကြီးမားပုံ မပေါ်သော်လည်း ထိုအမျိုးသားက ရွံရှာဟန်မပြဘဲ ၎င်းကို ဖမ်းဆွဲကာ ဆွဲလုသည်။ သူ့ မျက်နှာမှာ နီမြန်းလျက် ငြင်းဆိုသည်။

"ဒါက ငါ့ဝက်ကွ၊ ဘာလို့ မင်းဟာလို့ ပြောရတာလဲ၊ မင်းတို့က ချမ်းသာလို့ ကြီးကျယ်နေတာလား၊ ရွာသားတွေကို ဒီလို အနိုင်ကျင့်နေတာ ဘာလုပ်တာလဲ၊ ရွာသူကြီးဆီ တိုင်ပြောလိုက်မှာနော်၊ လွှတ်စမ်း"

ဟော်ချန်ယဲ့ ဝန်ထမ်းမှာ ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့ မျက်နှာမှာ စိတ်ညစ်မှုကြောင့် ရှုံ့မဲ့နေကာ အသည်းအသန် ရှင်းပြသည်။

"အဲဒီလို ပြောလို့ မရဘူးလေ၊ ဒါက ကျွန်တော်တို့ ဝက်ပါ"

"ဒီဝက်က ဒီနေ့ မိုးသည်းတုန်းက မွေးမြူရေးခြံ နံရံပေါက်ကနေ ထွက်ပြေးလာတာ၊ မင်းအိမ်က အရင်ဝက်မွေးဖူးတာ ဟုတ်၊ မဟုတ် မင်းတောင် မသိဘူးလား၊ ငါတို့ မွေးမြူရေးခြံကလွဲရင် ထောင်ဟွာရွာမှာ ဘယ်သူက ဝက်မွေးသေးလို့လဲ၊ ဒါ မင်းဟာ မဟုတ်ဘူး၊ ငါတို့ မွေးမြူရေးခြံကဟာ"

ထိုအမျိုးသားက ဝက်ကို တင်းကျပ်စွာဖက်ထားပြီး လွှတ် ပေးရန် ငြင်းဆန်လေသည်။

"ငါ့အိမ်က ဝက်မမွေးဘူးလို့ ဘယ်သူပြောလဲ၊ မင်းတို့ ဝက် ကလေးတွေ ဝယ်တုန်းက ငါတို့လည်း ဝယ်ထားတာပဲ၊ ဒါပေမဲ့ ဘယ်သူမှ မသိအောင် အိမ်မှာပဲ မွေးထားတာ၊ ဒါ ငါ့ဝက်ပဲ၊ မင်းက ဘာလာလုပ်တာလဲ၊ မင်းတောင်ပေါ်က ဝက်တွေ ထွက်ပြေးလို့ ငါ့ကို လာရှာနေတာလား၊ ငါ့ဝက်ကို လာမထိနဲ့"

ဟော်ချန်ယဲ့ ဝန်ထမ်းမှာ ဘာလုပ်ရမှန်းမသိဘဲ အကူအညီမဲ့နေသည်။

ယနေ့ခေတ်တွင် ဝက်များမှာ တန်ဖိုးရှိပြီး မိသားစု အများစုမှာ စားစရာ သိပ်မရှိကြပေ။ ဤဝက်မှာ အကောင်မကြီးသေးလျှင်တောင်မှ ၎င်းလက်ရှိ အရွယ်အစားက မိသားစုကြီး တစ်စုကို ရက်ပေါင်းများစွာ ကျွေးမွေးနိုင်ရန် လုံလောက်သည်။

ဤကဲ့သို့ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပေါ်မှ ဝက်များ ထွက်ပြေးလာပါက ပုံမှန်အားဖြင့် အချင်းချင်းပြန်လည် ဆုံတွေ့နိုင်ကြောင်း သိရှိထားသော သူများက ပြန်လည် ပေးအပ်လေ့ရှိပြီး အချို့က ရှာဖွေရာတွင်ပင် ကူညီပေးသည်။

သို့သော် ဤကဲ့သို့သော လူမျိုးကိုမူ သူတို့ ဘာမှမတတ်နိုင်ပေ။ မည်သည့်ခေတ်တွင်မဆို သေးငယ်သော အကျိုးအ မြတ်များကို မက်မောသူများမှာ ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးပင် မဟုတ်ပါလား။

All Chapters