← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

Chapter 181

ဝန်ထမ်းများ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် ယွီရွေ့ကျူး ရောက်လာသည်။

အပြင်ဘက်တွင် မိုးက သည်းကြီးမဲကြီး ရွာသွန်းနေဆဲဖြစ်ပြီး သူမ ဆောင်းထားသော ထီးမှာလည်း လေတိုက်လွန်းသဖြင့် အနိုင်နိုင် ကိုင်ထားရသည်။

ဟော်ချန်ယဲ့ ဝန်ထမ်းဆောင်းထားသော မိုးကာဦးထုပ်မှာလည်း လေကြောင့် ပွင့်ထွက်နေပြီး သူ့ ငယ်ရွယ်သော မျက်နှာလေးမှာ မိုးရေများဖြင့် စိုရွှဲနေကာ မျက်လုံးပင် ဖွင့်မရလုမတတ် ဖြစ်နေသည်။

သူမက ထိုဝန်ထမ်းလေးကို ထီးကမ်းပြီး လမ်းတစ်ဖက်ကူးမှ အမျိုးသားကို တစ်ချက်ကြည့်သည်။

သူက ရွာထဲမှ သူမတို့အိမ်ရှေ့ရှိ လမ်းတစ်ဖက်ကမ်းမှ အိမ်နီးချင်းတစ်ဦး ဖြစ်သည်။ ယွီရွေ့ကျူးက သူ့ကို သိပ်မရင်းနှီးသော်လည်း သူမ ရွာထဲတွင် ဝက်သားနှပ်များ ရောင်းချစဉ်က သူ လာဝယ်ဖူးပြီး ပြားအနည်းငယ်အတွက် အဆုံးအစမရှိ အငြင်းပွားခဲ့ဖူးသည်။

'ဒါကြောင့် ဒီနေ့ ဒီလို အချောင်နှိုက်စရာမျိုး တွေ့တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို အရေးမစိုက်တော့ဘဲ ဝက်တစ်ကောင်အတွက် ငါတို့နဲ့ အသေအလဲ လုနေတာ မဆန်းပါဘူး'

ယွီရွေ့ကျူးက သူ့ခြံဝင်းကို တစ်ချက်ဝေ့ကြည့်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောသည်။

"ဒါက ရှင့်ဝက်လို့ ရှင် ပြောတယ်ပေါ့၊ သူ့အလေးချိန် ဘယ်လောက်ရှိလဲဆိုတာ ရှင် သိလို့လား၊ သူ ဒီလောက် မြန်မြန်ကြီးထွားလာပြီး အသားတွေ အများကြီး ထွက်လာအောင် နေ့တိုင်း ဘာတွေကျွေးရလဲ သိလို့လား

ရှင့်မှာ ဝက်ခြံတောင် မရှိဘဲနဲ့ ဝက်တွေကို ဘယ်လို မွေးတာလဲ၊ ပြီးတော့ သူတို့ကို ဘာကျွေးတာလဲ၊ ခြံထဲမှာ ဝက်စာ ဒါမှမဟုတ် ပဲဖတ်တစ်စက်လေးတောင် မရှိဘဲနဲ့ ဒီဝက်က ရှင့်ဟာပါလို့ ပြောရဲသေးတယ်ပေါ့"

ယွီရွေ့ကျူးက သူနှင့် အငြင်းပွားရန် ပျင်းရိသဖြင့် ဘေးရှိ လူငယ်လေးကို ဝက်ကို ပြန်ယူသွားရန် တိုက်ရိုက်ပင် လက်ဟန်ပြသည်။

"ဒီဝက်က ဘယ်သူ့ဟာလဲဆိုတာ ရှင်းနေတာပဲလေ၊ ရှင် ဆက်ပြီး ဆူညံပွက်လောရိုက်ပြီး ကျွန်မတို့ ဝက်ကို ပြန်မယူသွားနိုင်အောင် ဟန့်တားနေမယ်ဆိုရင် သူတစ်ပါးပိုင်ဆိုင်မှုကို အလွဲသုံးစားလုပ်မှု မြောက်သွားလိမ့်မယ်

ကျွန်မ ရဲခေါ်ပြီး ရှင့်ကို ဖမ်းခိုင်းလို့ရတယ်၊ ဒီဝက်ကလေး တစ်ကောင်အတွက်နဲ့ ထောင်ထဲ သွားချင်လို့လား"

ထောင်ထဲ သွားရနိုင်သည်ဟူသော စကားကို ကြားသောအခါ ထိုအမျိုးသား မျက်လုံးများမှာ ချက်ချင်းပင် အတော်လေး ကြည်လင်လာသည်။

သူ တုံ့ဆိုင်းသွားပြီးနောက် အံ့ကို ကြိတ်ကာ ဆက်လက် ရုန်းကန်နေဆဲပင်။

"အဲဒီဝက်က ငါတို့ဝက်ကွ၊ ငါတို့ဝက်ပဲ၊ မင်းတို့ အတင်း ယူသွားမယ်ဆိုရင် ငါတို့ကို လျော်ကြေးနည်းနည်းပေးရမယ်၊ ငါသာ ခြံထဲမှာ မထားခဲ့ရင် သူ ထွက်ပြေးသွားတာ ကြာလှပြီ"

သူ့ဘေးရှိ လူငယ်လေးက မနေနိုင်ဘဲ တီးတိုးရေရွတ်သည်။

"ဦးလေးသာ ခြံထဲမှာ မထားခဲ့ရင် ကျွန်တော်တို့က အစော ကြီးကတည်းက ရှာတွေ့နေလောက်ပြီ၊ ဒီနေ့ မိုးသည်းလို့ တောင်ပေါ်ကနေ ထွက်ပြေးလာတဲ့ ဝက်တွေ အများကြီးရှိပေမဲ့ ဒီတစ်ကောင်ကိုရှာရတာ အချိန်အကြာဆုံးပဲ..."

ထိုအမျိုးသားမှာ ချက်ချင်းမျက်နှာပူသွားသည်။

ယွီရွေ့ကျူးက သူ့ကို မဲ့ပြုံးတစ်ချက်ဖြင့် ကြည့်ပြီးနောက် လူငယ်လေးနှင့် ဝက်ကို ခေါ်ကာ ထွက်သွားပြီး ထိုအမျိုးသားမှာတော့ တိတ်တဆိတ် နောင်တရနေဆဲပင်။

"ငါ သူ့ကို မြေအောက်ခန်းထဲမှာ ထိုးထည့်ထားခဲ့သင့်တာ၊ အဲဒီလိုမှ မဟုတ်ရင်လည်း ငါ ဆေးဆိုးပစ်လို့ ရတာပဲဟာကို၊ တောင်ပေါ်မှာ မွေးတဲ့ ဝက်တွေ အားလုံးက အဖြူတွေချည်းပဲ

ငါ့အိမ်မှာ ဝက်မည်းတစ်ကောင် မွေးထားတာကို သူတို့က အတင်းအကျပ် လာလုလို့ မရဘူးလေ၊ ဟူး... ဒေါသထွက်လိုက်တာ၊ ငါ့ဝက်လေး နှမြောစရာကြီး၊ သူတို့က ဘယ်လိုလုပ် အဲဒီလောက် မြန်မြန်ရှာတွေ့သွားရတာလဲ"

အပြင်ဘက်တွင် ဝက်ကို ရှာဖွေနေသော လူအနည်းဆုံး အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိကြောင်း မသိရှာသော သူက သက်ပြင်းရှည်ကြီးတစ်ခု ချမိသည်။ ဤရွာငယ်လေးတွင် ဝက်တစ်ကောင်ကို ရှာဖွေရသည်မှာ သဘာဝအားဖြင့် မနှေးကွေးလှပေ။

ဝက်များကို တစ်ကောင်ပြီးတစ်ကောင် တောင်ပေါ်ရှိ မွေးမြူ ရေးခြံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ထိုနေ့ကဲ့သို့ ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် သူတို့ကို ထားရှိသော နေရာကို သေချာစွာ ပြုပြင်မွမ်းမံပြီး အားဖြည့်ပေးခဲ့သည်။

သို့သော်လည်း အရေအတွက် စစ်ဆေးချိန်ရောက်သောအခါ ဝက်တစ်ကောင် ပျောက်ဆုံးနေပုံရသည်ကို သူတို့ တွေ့ခဲ့ကြသည်။

ယွီရွေ့ကျူးမှာ တောင်ပေါ်သို့ တက်ရသဖြင့် ပင်ပန်းနေသဖြင့် ရွာထိပ်တွင် ဟော်ချန်ယဲ့ ဆင်းလာမည့်အချိန်ကို စောင့်နေခဲ့သည်။ ဟော်ချန်ယဲ့ အလောတကြီး ဆင်းလာသည်ကို သူမ မြင်လိုက်သည်။

သူမ ခေတ္တမျှ ရပ်တန့်သွားပြီး ထီးကိုဖွင့်ကာ သူ့ကို မော့ကြည့်သည်။

"ဝက်တွေ အကုန် ပြန်မတွေ့သေးဘူးလား"

ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ထားပြီး သူ့ စူးရှသော မျက်နှာသွင်ပြင်ကိုသာ မြင်ရသော အနက်ရောင် မိုးကာအင်္ကျီကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်သို့ ကျရောက်နေသော မိုးပေါက်ကြီးများကြောင့် သူ့ ပါးပြင်များမှာ စိုရွှဲနေသည်။

သူက ယွီရွေ့ကျူးကို နှစ်သိမ့်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

"ရွေ့ကျူး... မင်း အရင် ပြန်သွားနှင့်ပါ၊ ဝက်တစ်ကောင်ပဲ ပျောက်တော့တာ၊ ကိုယ့်ဟာကိုယ် ရှာလို့ရပါတယ်၊ မင်း ပြန်ပြီး အနားယူလိုက်ပါ"

"ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ဖြုန်းနေတာပဲဟာကို"

ယွီရွေ့ကျူးက ထီးဆောင်းကာ မတ်တတ်ရပ်သည်။ သူတို့ မရှာရသေးသော အခြား မည်သည့်နေရာများ ရှိသေးသနည်းဟု သူမ တွေးမိသည်။

ဟော်ချန်ယဲ့နှင့်အတူ ပြောင်းဖူးခင်းများကို အချိန်အတော်ကြာ လိုက်လံရှာဖွေခဲ့သည်။ ထီးဆောင်းထားရသဖြင့် သိပ်ပြီး အဆင်မပြေလှဘဲ သူမ ပါးပြင်များမှာလည်း သစ်ရွက်များ လာရောက် ပွတ်တိုက်မိသဖြင့် စပ်ဖျဉ်းဖျဉ်း ဖြစ်မိသည်။

ထိုမျှလောက် ရှာဖွေပြီးသည့်တိုင်အောင် ပျောက်ဆုံးနေသော ဝက်ကို သူတို့ မတွေ့ရသေးပေ။

သူမ မနေနိုင်ဘဲ စုပ်သပ်မိသည်။

"ဒီဝက်က ပုန်းတာ တအားတော်တာပဲ၊ တူတူပုန်းတမ်း ကစားရတာ ဆရာကျနေတာပဲ"

ဟော်ချန်ယဲ့မှာ မနေနိုင်ဘဲ လှည့်ကာ ရယ်မောမိသည်။ သူမ ပါးပြင်များ အနည်းငယ် နီမြန်းနေသည်ကို မြင်သောအခါ သူက လက်ကို လှမ်းကာ သူမ ခေါင်းကို ပွတ်သပ်ပြီး ချော့မော့းသည်။

"ထားလိုက်ပါတော့၊ တကယ်လို့ ရှာလို့ မတွေ့ဘူးဆိုရင်လည်း ဒီအတိုင်းပဲ ထားလိုက်တော့မယ်

ရွေ့ကျူး... မင်း အရင် ပြန်သွားနှင့်၊ ထီးဆောင်းထားရတာ အဆင်မပြေဘူးလေ

နောက်မှ ကိုယ့်ဟာကိုယ် ရွာထဲကို တစ်ပတ်လောက် ထပ်ရှာကြည့်လိုက်မယ်၊ တွေ့ရင် တွေ့တာပေါ့၊ မတွေ့ရင်လည်း နောက်မှပဲ ပြောကြတာပေါ့"

"အဲဒီလို ဘယ်ရမလဲ! ဝက်တစ်ကောင်က ပိုက်ဆံတွေ အများကြီး ပေးရတာကို"

ယွီရွေ့ကျူးမှာ ပိုက်ဆံကို အလွန်မက်မသူဖြစ်ရာ ဝက်တစ်ကောင်လုံးကို အပြင်ဘက်တွင် ထိုသို့ လေလွင့်နေစေရန် သူမ မစွန့်လွှတ်နိုင်ပေ။ တစ်စုံတစ်ယောက်သာ ကောက်သွားပါက သူမ အလွန် ရင်ကွဲရပေလိမ့်မည်။

"နောက်တစ်ခါ အတူတူ ထပ်ရှာကြည့်ရအောင်"

ယွီရွေ့ကျူးမှာ ယခုလောက် ထောင်ဟွာရွာ မြေပုံကို တစ်ခါမျှ မရင်းနှီးခဲ့ဖူးပေ။ ယခင်က တစ်ခါမျှ မရောက်ဖူးသော နေရာများကို ယခုအခါ တဖြည်းဖြည်း လိုက်လံ စူးစမ်းရလေသည်။

သို့သော်လည်း သတင်းဆိုးများက ဆက်တိုက် ရောက်လာနေဆဲပင်။

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ မတိတ်သေးဘဲ အောက်ဘက်ရှိ မြစ်ကမ်းပါးကိုပင် ရေများ မျောပါသွားစေသဖြင့် ရေမျက် နှာပြင်မှာ တဖြည်းဖြည်း မြင့်တက်လာသည်။

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ တောဝက်ကို ရှာမတွေ့ခဲ့ဘဲ အောက်ဘက်ရှိ ဖရဲခင်းတစ်ခုတွင် ပိတ်မိနေကြသည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဖရဲသီးများ အားလုံးနီးပါး ရေမြုပ်နေသည်။ ဤအခြေအနေမျိုးတွင် တောဝက်ကို ဆက်လက် ရှာဖွေရန် မသင့်လျော်တော့သဖြင့် မိုးခိုရန်နှင့် အနားယူရန် နေရာတစ်ခု ရှာရတော့သည်။

ယွီရွေ့ကျူး ထီးမှာ လမ်းတစ်ဝက်တွင် ကျိုးသွားခဲ့ပြီး သူမ အဝတ်အစားများမှာလည်း အများစု စိုရွှဲနေကာ အသား အရေနှင့် ကပ်နေသဖြင့် နေရခက်စေသည်။

ကံကောင်းထောက်မစွာဖြင့် ဖရဲခင်းနှင့် မလှမ်းမကမ်းတွင် ဖရဲခင်းထက် အနည်းငယ် ပိုမြင့်သော တဲလေးတစ်ခု ရှိပြီး လတ်တလောတွင် ရေမရောက်နိုင်သေးပေ။

ယွီရွေ့ကျူးက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်ပြီး ဟော်ချန်ယဲ့နှင့်အတူ မိုးခိုရန် သွားသည်။

ကောင်းကင်မှာ မည်းမှောင်အုံ့ဆိုင်းနေပြီး နေသာမည့် အရိပ်အယောင်များ မပြသဘဲ မိုးများက သဲကြီးမဲကြီး ရွာသွန်းနေကာ မိုးရေများ ကျဆင်းလာတိုင်း မြေကြီးပေါ်တွင် တဖျပ်ဖျပ် မြည်နေသည်။

ဟော်ချန်ယဲ့ တဲထဲသို့ ဝင်လာစဉ် သူက ပြောဆဲပင်။

"ဝက်သွားရှာတဲ့ လူတွေ အားလုံး အိမ်ပြန်သွားကြလို့ တော်သေးတယ်၊ မဟုတ်ရင် ဒီလောက် မိုးသည်းနေတာ၊ တစ်ခုခု ဖြစ်သွားနိုင်တယ်"

"ကိုယ်တို့လိုပေါ့၊ ကိုယ်တို့လည်း လောလောဆယ် ပြန်လို့ မရသေးဘူးလေ"

သူက မိုးကာအင်္ကျီကို ချွတ်ပြီး ကပ်ခွာများကို ခွာစဉ် ရုတ်တရက် ဆွဲဖွင့်လိုက်ရာ အောက်တွင် ဝတ်ဆင်ထားသော ပါးလွှာပြီး တင်းကျပ်သော လက်တိုအင်္ကျီလေးမှာ ရေစိုရွှဲနေပြီး သူ့ အသားအရေ အရောင်ကို မြင်နေရသည်။

အင်္ကျီက သူ့ တင်းရင်းသော ကြွက်သားများကို ပိုမို ပေါ်လွင်စေပြီး ၎င်းတို့ ပုံပန်းသဏ္ဌာန်ကို အလွန် ရှင်းလင်းစွာ မြင်နိုင်သည်။

အထူးသဖြင့် သူ့ ဝမ်းဗိုက်ကြွက်သားများ အကောက်ကြောင်းများပင်။ တဲအရှေ့တွင် ရပ်ကာ သူမ ဆံပင်များကို သပ်တင်နေသော ယွီရွေ့ကျူးက အနောက်သို့ ပေါ့ပေါ့ပါးပါး လှည့်ကြည့်မိချိန် အဝတ်လျှော်ပျဉ်ပြားအဖြစ် အသုံးပြုရန် လုံလောက်သော ဟော်ချန်ယဲ့ ဝမ်းဗိုက်ကြွက်သားများကို အလွယ်တကူ မြင်သွားသည်။

အထူးသဖြင့် ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်ကာ စိုစွတ်နေသော အဝတ်အစားများကြောင့် အလိုအလျောက်ပင် အင်္ကျီကို အနည်းငယ် ဆွဲဖွင့်ပြီး အသက်ကို ခပ်ပြင်းပြင်း အနည်းငယ် ရှူချိန် ကျဉ်းမြောင်းလှသော တဲလေးထဲတွင် အရာအားလုံးက အလွန် ရှင်းလင်းလွန်းနေသဖြင့် သူမ နားရွက်များပင် အနည်းငယ် ပူထူလာသလို ခံစားရသည်။

ယွီရွေ့ကျူးက လျင်မြန်စွာ အကြည့်လွှဲပြီး မျက်ခုံးတစ်ဖက်ကို ပင့်မိသည်။

'ငါ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ မနေ့က ကိုင်လည်း ကိုင်ပြီးပြီ၊ ကြည့်လည်း ကြည့်ပြီးပြီပဲဟာကို၊ ဟွန်း'

အဓိက ပြဿနာမှာ သူမ အဝတ်အစားများက အသားအရေနှင့် ကပ်နေသဖြင့် နေရခက်စေခြင်းပင်။ သူမ အလိုအ လျောက်ပင် အဝတ်အစားများကို ဆွဲဆန့်မိသည်။

သူမ အိမ်မှ ညအိပ်ဝတ်စုံဖြင့် အလောတကြီး ထွက်လာခဲ့ခြင်းဖြစ်ပြီး အပြင်ဘက်တွင် အေးနေသဖြင့် အပေါ်ထပ်အင်္ကျီ တစ်ထည်ကိုသာ ကောက်စွပ်လာခဲ့ခြင်း ဖြစ်သည်။

All Chapters