← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

Chapter 182

ယခုအခါ ထီးကျိုးသွားပြီး ရေစိုရွှဲသွားသဖြင့် သူမ ပါးလွှာသော အပေါ်ထပ်အင်္ကျီလေးမှာ စိုရွှဲနေပြီဖြစ်ရာ ချွတ်ထားရသည်။

အောက်ခံ ပါးလွှာသော ညအိပ်ဝတ်စုံလေးမှာ သူမ ခါးကို တင်းကျပ်စွာ ကပ်နေပြီးစေးကပ်ကပ်ဖြစ်ကာ နေရခက်စေသည်။

သူမ အနောက်ဘက်မှ ပူလောင်သော အကြည့်တစ်ချက်ကို သူမ ဝေဝါးစွာ ခံစားရသည်။

ယွီရွေ့ကျူး အနောက်သို့ လှည့်ကြည့်ရာ ဟော်ချန်ယဲ့ မျက်လွှာချကာ သူ့တင်းရင်းပြီး နေလောင်ထားသော ကြွက်သားများကို မြင်ရစေရန် အင်္ကျီကို ဆွဲဖွင့်ထားပြီး လက်မောင်းများက လက်တိုအင်္ကျီကို ဆုပ်ကိုင်ကာ ရေညှစ်နေသည်ကို မြင်လိုက်သည်။

မြေကြီးမှာ စိုစွတ်နေသဖြင့် တဖျပ်ဖျပ် အသံများ ထွက်ပေါ်နေသည်။ဘဟော်ချန်ယဲ့က သူမကို ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

"ရွေ့ကျူး၊ မင်း အဝတ်အစားတွေ ကိုယ် ရေညှစ်ပေးရမလား၊ အဝတ်အစား အေးအေးကြီး ဝတ်ထားရင် အအေးမိဖို့ လွယ်တယ်"

ယွီရွေ့ကျူးက ခေတ္တမျှ တွေးပြီးနောက် ငြင်းဆန်သည်။

"ဟင့်အင်း၊ ကျွန်မရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားရဦးမယ်၊ ရေကြီးလို့ ကျွန်မတို့ ဒီမှာ ယာယီ ပိတ်မိနေတယ် ဆိုပေမဲ့ တကယ်လို့ လူတစ်ယောက်ယောက် လာရင် ဘယ်လိုလုပ်မလဲ"

သူမ ဗလာကျင်းနေသည်ကို မည်သူ့ကိုမျှ အမြင်မခံလိုပေ။ ဟော်ချန်ယဲ့က လျင်မြန်စွာ ခေါင်းညိတ်ပြသည်။

"အိုကေ"

သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမအနီးသို့ တိုးကပ်လာပြီး အနောက်မှနေ၍ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ့ပေါင်ပေါ်တွင် ညင်သာစွာ ထိုင်ခိုင်းသည်။

သူက သူမကို ကလေးတစ်ယောက်လို ဖက်ထားပြီး သူမ ပခုံးပေါ်တွင် သူ့ မေးစေ့ကို တင်ထားသည်။

သူမ အနောက်ဘက်ရှိ ဟော်ချန်ယဲ့ ရင်ဘတ်မှာအဝတ်အစား မရှိဘဲ နွေးထွေးပြီး နူးညံ့သော အပူငွေ့လေးက မီးဖိုငယ်လေးတစ်ခုလို သူ့ထံမှ ထွက်ပေါ်နေကာ ထူးဆန်းစွာ သက်တောင့်သက်သာ ရှိလှသည်။

ယွီရွေ့ကျူးက မျက်လုံးမှေးကာ ခေါင်းကို နောက်သို့ မော့ပြီးမေးသည်။

"ရှင် ဘာလုပ်နေတာလဲ"

ဟော်ချန်ယဲ့ သူမ ပါးပြင်ကို နမ်းလာသည်။

"တဲထဲမှာ လေတိုက်နေတယ်၊ အဝတ်အစား အစိုတွေ ဝတ်ထားပြီး ချမ်းနေရင် အအေးမိလိမ့်မယ်၊ ဒါဆိုရင် မင်း ပိုနွေးနေလိမ့်မယ်"

သူ စကားပြောနေစဉ် ယွီရွေ့ကျူးအနီးသို့ ပိုမိုတိုးကပ်လာကာ သူ့ရင်ဘတ်က တဒိတ်ဒိတ် ခုန်နေပြီး ကိုယ်လက်အင်္ဂါများမှာ ပူလောင်နေကာ သူ့ ကိုယ်ငွေ့ဖြင့် သူမ အဝတ်အစားများကို ခြောက်သွေ့စေရန် ကြိုးစားနေသည့်အလားပင်။

'အရမ်းကို ရင်းနှီးလွန်းတယ်'

ဖရဲခင်းစောင့်တဲလေးမှာ သေးငယ်ပြီး အဓိကအားဖြင့် ကိရိယာများ သိမ်းဆည်းရန် အသုံးပြုခြင်း ဖြစ်သည်။ ရှုပ်ပွနေသော ကိရိယာများ ဘေးတွင် ဖရဲခင်းစောင့်သူ အိပ်ရန် ကုတင်တိုလေးတစ်ခုနှင့် လှုပ်ပုခတ်တစ်လုံး ရှိသည်။

ဖရဲခင်းများကို စောင့်ကြည့်ရန် လွယ်ကူစေရန် ဘေးနှစ်ဖက်စလုံးတွင် လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ထားသည်။

လေဝင်လေထွက်ကောင်းသော တဲလေးထဲတွင် လေတိုက်သံများ တဝီဝီ မြည်နေပြီး ယွီရွေ့ကျူးကို ထူးဆန်းစွာ ချမ်းအေးစေသည်။

ဟော်ချန်ယဲ့က သူမနှင့် အလွန် နီးကပ်စွာ ရှိနေပြီး သူ့ ကျယ်ပြန့်သော ကျောပြင်က လေအေးများကို ကာကွယ်ပေးကာ သန်မာသော လက်မောင်းများက သူမကို ရစ်ပတ်ထားသဖြင့် နွေးထွေးမှုကို ဆောင်ကြဉ်းပေးကာ ယခင်ကထက် အအေးဒဏ်ကို သက်သာစေသည်။

ယွီရွေ့ကျူး အလိုအလျောက်ပင် ဟော်ချန်ယဲ့ထံသို့ ပိုမို တိုးကပ်သွားပြီး သူ့ လုပ်ရပ်များမှာ အတော်လေး ထိရောက်ကြောင်း သဘောတူမိသည်။

အပြင်ဘက်တွင် လေနှင့် မိုးများ သောင်းကျန်းနေပြီး သူတို့နှစ်ဦးမှာ တဲလေးထဲတွင် ရင်းနှီးစွာ ဖက်တွယ်ထားကြကာ သူတို့ အသက်ရှူသံများ ရောယှက်နေသည်။

ရုတ်တရက်ဆိုသလို အပြင်ဘက်တွင် မိုးခြိမ်းသံတစ်ခုလည်း ထွက်ပေါ်လာသည်။

ဝုန်း...

နောက်ကျနေသော မိုးခြိမ်းသံက မည်းမှောင်နေသော တိမ်တိုက်များနှင့်အတူ အောက်သို့ ပြင်းထန်စွာ ဖိချလာပြီး လျှပ်စီးများက မည်းမှောင်နေသော ကောင်းကင်ကို လင်းထိန်သွားစေကာ လုံးထွေးနေသော အသံကြီးက ပြင်းထန်သော ဖိနှိပ်မှုကို သယ်ဆောင်သည်။

မိုးတိတ်တော့မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း မိုးခြိမ်းသံကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ အချိန်တိုအတွင်း ရပ်တန့်သွားမည် မဟုတ်ကြောင်း သိလိုက်သည်။

ယွီရွေ့ကျူး မိုးခြိမ်းသံကို ကြားသည့် အခိုက်အတန့်တွင်ပင် သူမ ခါးနှင့် ရင်ဘတ်ကို ရစ်ပတ်ထားသော ဟော်ချန်ယဲ့ လက်မောင်းများက လျင်မြန်စွာ မြင့်တက်လာပြီး ယွီရွေ့ကျူး နားရွက်များကို အုပ်ပေးသည်။

ပတ်ဝန်းကျင်မှ မိုးခြိမ်းသံများ အများစုကို ပိတ်ဆို့ထားနိုင်သော်လည်း ထိုအသံကြောင့် သူမ ခန္ဓာကိုယ်မှာ က် တုန်ရီနေဆဲပင်။

သို့သော် ယွီရွေ့ကျူးအတွက် ဤအခိုက်အတန့်တွင် သူမကို သတိအပြုမိဆုံး ဖြစ်စေခဲ့သည်မှာ အပြင်ဘက်မှ မိုးခြိမ်းသံ မဟုတ်ဘဲ သူမ အနောက်ဘက်ရှိ အလျင်စလို ခုန်ပေါက်နေသော ဟော်ချန်ယဲ့ နှလုံးခုန်သံပင်။

သူက သူမကျောပြင်နှင့် အလွန် နီးကပ်စွာ ကပ်ထားသဖြင့် ယွီရွေ့ကျူးမှာ သူ့ရင်ဘတ် တုန်ခါမှုများကိုပင် ခံစားနေရသည်။ သူက သူမ နားရွက်များကို အုပ်ပေးချိန်တွင် သူ့ အသက်ရှူသံများပင် ခေတ္တမျှ ပြင်းထန်သွားသည်။

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်လျက် သူမအတွက် စိုးရိမ်ပူပန်မှုများကြောင့် မျက်မှောင် ကြုတ်နေကာ နူးညံ့သော လေသံဖြင့် ချော့မော့ရန် ကြိုးစားလေသည်။

"မကြောက်နဲ့ ရွေ့ကျူး၊ မိုးခြိမ်းသံက ခဏနေရင် ပြီးသွားမှာပါ၊ မိုးခြိမ်းတာက ဘာမှ ကြောက်စရာ မရှိပါဘူး၊ ကိုယ် ငယ်ငယ်တုန်းကဆို အမေက မိုးကြိုးပစ်တာက လိမ်ညာတဲ့သူတွေကို အပြစ်ပေးတာလို့ ပြောဖူးတယ်၊ ရွေ့ကျူးက မလိမ်တတ်ဘူးလေ၊ ပြီးတော့ လိမ္မာတဲ့ ကလေးလေးပဲကို၊ မိုးကြိုးကို ကြောက်စရာ မလိုပါဘူး"

သူ့ ချော့မော့သော လေသံကို ယွီရွေ့ကျူး အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်မိသော်လည်း ဤအခိုက်အ တန့်တွင် အပြင်ဘက်မှ မိုးခြိမ်းသံကြောင့် သူမ ခန္ဓာကိုယ်မှာ အားနည်းနေပြီး ခွန်အား လုံးဝမရှိတော့ပေ။ သူမ မျက်နှာမှာလည်း ဖြူဖျော့နေသည်။

သူမ ခေါင်းကို နောက်သို့ မော့ပြီး ဟော်ချန်ယဲ့ဆီ အာရုံကို လွှဲပြောင်းရန် တမင်တကာ နောက်ပြောင်သည်။

"ကျွန်မ ကြောက်နေတုန်းပဲ၊ ချက်ချင်း ဖျောက်ဖျက်ပစ်လို့ မရတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုမျိုးလေ၊ ရှင် ကျွန်မကို ပုံပြင်လေး တစ်ပုဒ် ပြောပြတာ ဒါမှမဟုတ် သီချင်းလေး တစ်ပုဒ် ဆိုပြတာ ဘယ်လိုလဲ ဟော်ချန်ယဲ့၊ အဲဒါဆို မိုးခြိမ်းတိုင်း ကျွန်မ ပထမဆုံး တွေးမိမှာက မိုးခြိမ်းသံကို ကြောက်တာ မဟုတ်ဘဲ ရှင့်အသံ ဖြစ်နေမှာလေ၊ ဟုတ်တယ်မလား"

ဟော်ချန်ယဲ့ကဲ့သို့ ကြမ်းတမ်းသော အမျိုးသားတစ်ဦးက သူမကို ပုံပြင်ဖတ်ပြမည် သို့မဟုတ် သီချင်းဆိုပြမည်ဟု ယွီရွေ့ကျူး တွေးတောင် မတွေးရဲပေ။

သူ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း သူတို့က ထိုအရာများကို သင်ပေးပါ့မလား။

သို့သော် ဟော်ချန်ယဲ့က သူ လုပ်နိုင်ကြောင်း သက်သေပြလာသည်။

သူ ဤကဲ့သို့ ဘယ်သူ့ရှေ့မှာမှ တစ်ခါမျှ မလုပ်ခဲ့ဖူးကြောင်း ရှင်းလင်းလှသဖြင့် သူက နှုတ်ခမ်းကို စေ့ကာ အချိန်အတော်ကြာ အသက်ပြင်းပြင်းရှူပြီးနောက် အဆုံးတွင်စကားစသည်။

"ကိုယ် သိပ်မတော်ဘူး၊ ပုံပြင်ဆို ဘာပြောရမလဲ ကိုယ် မသိဘူး၊ ကိုယ် မင်းကို သီချင်းတစ်ပုဒ် ဆိုပြရမလား ရွေ့ကျူး"

ယွီရွေ့ကျူး "ဟမ်..."

All Chapters