← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

Chapter 183

ဟော်ချန်ယဲ့မှာ ပုံမှန်အားဖြင့် အလွန်အေးဆေးတိတ်ဆိတ်သူ ဖြစ်သဖြင့် သူ မည်သို့ သီချင်းမျိုးများ ဆိုနိုင်မည်နည်းဟု ယွီရွေ့ကျူးမှာ တွေးတောင် မတွေးတတ်အောင် ဖြစ်နေတော့ သည်။

သူ့ နက်ရှိုင်းပြီး နူးညံ့သော အသံကို ကြားရချိန်တွင် ယွီရွေ့ကျူးမှာ သူ့ကို ကြည့်ရန် အလိုအလျောက်ပင် ခေါင်းမော့ကြည့်မိသော်လည်း သူ့ လက်များက သူမ နားရွက်များကို အုပ်ထားသဖြင့် ခေါင်းကို မော့၍ မရပေ။

သူမ ခေါင်းလေးမှာ ဟော်ချန်ယဲ့ မေးစေ့ကို သွားရောက် ပွတ်တိုက်မိပြီး သူ့ ပါးလွှာသော နှုတ်ခမ်းများကိုသာ ဝေဝါးစွာ မြင်နေရသည်။

ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး ရင်းနှီးကျွမ်းဝင်သော အချစ်သီချင်းများကို ဆိုနေခြင်း မဟုတ်ပေ။

၁၉၈၀ ပြည့်လွန်နှစ်များက ကျေးလက်ဒေသများ၊ အထူး သဖြင့် ထောင်ဟွာရွာကဲ့သို့သော ဝေးလံခေါင်သီသည့် တောင်ပေါ်ရွာလေးတွင် ထိုသီချင်းများမှာ ခေတ်မစားသေးပေ။

သူက ယွီရွေ့ကျူး တစ်ခါမျှ မကြားဖူးခဲ့သော ကလေးချော့တေး တစ်ပုဒ်ကို ညည်းဆိုနေခြင်း ဖြစ်သော်လည်း သီချင်း စာသားများကိုတော့ သူမ ဝေဝါးစွာ နားလည်နိုင်သည်။

ဟော်ချန်ယဲ့ သီချင်းဆိုသံမှာ မဆိုးလှပေ။ သူ့ အသံမှာ အလွန် ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် သူက အသံကို နှိမ့်ချကာ နူးညံ့သွားစေချိန်တွင် သီးခြားဖြစ်သော အက်ရှရှ အသံလေးတစ်ခု ထွက်ပေါ်လာသည်။

ယွီရွေ့ကျူး မျက်လုံးများ မှိတ်ကာ ခေါင်းကို နောက်သို့ မော့ထားရင်း အနည်းငယ် အိပ်ချင်လာသလိုပင် ခံစားရသည်။

ကောင်းကင်မှာ တအုန်းအုန်းမြည်နေပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်ဆဲပင်။

၎င်းတို့ ပတ်ဝန်းကျင်ရှိ မိုးရွာသွန်းမှုမှာလည်း တဖြည်းဖြည်း ပိုမို သည်းထန်လာကာ မြေကြီးပေါ်ရှိ ရေအိုင်လေးများပင် အနည်းငယ် မြင့်တက်လာသည်။

ဖရဲခင်းစောင့်တဲလေးထဲသို့ လေပြေတစ်ခု ဝင်လိုက်ထွက်လိုက် တိုက်ခတ်နေသည်။ ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ပူလောင်နေသော ရင်ဘတ်ကို မှီထားရင်း သူ့သီချင်းဆိုသံကို နားထောင်ကာ သူ စကားပြောချိန်တွင် ဖြစ်ပေါ်လာသော ရင်ဘတ်တုန်ခါမှု အကြိမ်ရေကို ခံစားနိုင်သည်။

သူမ တုန်ရီနေမှု အကြိမ်ရေမှာလည်း တဖြည်းဖြည်း လျော့ကျလာသည်။

ဤသည်မှာ ယွီရွေ့ကျူးအတွက် အထူးခြားဆုံးသော သီချင်းနားထောင်ခြင်း အတွေ့အကြုံပင် ဖြစ်လိမ့်မည်။

သူက သူမ နားရွက်များကို တင်းကျပ်စွာ အုပ်ထားဆဲဖြစ်ရာ သူ့ လက်ချောင်းများကြားမှတစ်ဆင့် ရောက်ရှိလာသည်မှာ ကောင်းကင်မှ နားကွဲလုမတတ် မိုးခြိမ်းသံများ မဟုတ်တော့ဘဲ သူမ နားနားသို့ ကပ်ကာ ကလေးချော့တေး ဆိုနေသော ဟော်ချန်ယဲ့ နက်ရှိုင်းပြီး နွေးထွေးသော အသံလေးပင် ဖြစ်သည်။

သူ့ အသက်ရှူငွေ့များက သူမ လည်ပင်းကို ခပ်ဖွဖွ လာရောက် ပွတ်တိုက်နေပြီး ပူနွေးသော လေငွေ့များကြောင့် ယွီရွေ့ကျူး အသားအရေမှာ အနည်းငယ် နီမြန်းလာသည်။

ယွီရွေ့ကျူးက အနည်းငယ် ယားကျိကျိ ဖြစ်လာသော ခံစားချက်ကို မြိုသိပ်ကာ သူ့ကို မေးသည်။

"ရှင် ဒါကို ဘယ်မှာ သင်ခဲ့တာလဲ၊ ဒီသီချင်းကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး"

စစ်သားဟောင်း တစ်ဦးဖြစ်သော ဟော်ချန်ယဲ့က သူမကို စစ်တပ်မှ သီချင်းတစ်ပုဒ် ဆိုပြမည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သောိ ထိုမျှ နူးညံ့ပြီး လန်းဆန်းစေသော သီချင်းတစ်ပုဒ် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဟော်ချန်ယဲ့မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းငုံ့ကာ တိုးညှင်းစွာ ပြောသည်။

"ဒါက ကိုယ် ငယ်ငယ်တုန်းက အမေ ကိုယ့်ကို ဆိုပြနေကျ သီချင်းလေးလေ၊ အဲဒီတုန်းက ကိုယ်က အရမ်း ဆိုးတာ၊ အမြဲတမ်း ဂျီကျနေတော့ ညတိုင်း ကိုယ် မအိပ်ဘူးဆိုရင် အမေက ကိုယ့်ကို ချော့သိပ်ဖို့ ဒီသီချင်းလေးကို ဆိုပြလေ့ရှိတယ်၊ ကိုယ် ကြီးလာတော့ အဲဒါကို တတ်သွားတာပဲ"

သို့သော် ယခုအချိန်တွင် သူ့ မိခင်မှာ သူ့အနီးတွင် မရှိတော့ပေ။

ထူးခြားနေသော သူ့စိတ်အတက်အကျကို ယွီရွေ့ကျူး သတိထားမိသည်။ ဤလေးလံသော အကြောင်းအရာကို သူမ စကားလွှဲသင့်သော်လည်း ထိုအခိုက်အတန့်တွင် သူမက ဟော်ချန်ယဲ့ မိဘများ အပါအဝင် သူ့ အတိတ်ကို အလွန် သိချင်မိသည်။

ထို့ကြောင့် သူမက သူ့ဘက်သို့ လှည့်ကာ မေးသည်။

"ဟော်ချန်ယဲ့၊ ရှင့် မိဘတွေ ဘာဖြစ်သွားခဲ့တာလဲ၊ သူတို့ နှစ်ယောက်လုံးက ဘယ်လိုလုပ်ပြီး အဲဒီလို ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာလဲ"

ဟော်ချန်ယဲ့က သူမ လည်ပင်းနောက်ရှိ နူးညံ့သော အသားလေးကို ညင်သာစွာ ပွတ်သပ်ရင်း သူမ ကြည်လင်သော မျက်လုံးများကို စိုက်ကြည့်သည်။

အခြားသူများ သူ့ကို မေးမြန်းချိန်တွင် ခံစားရလေ့ရှိသော ထူးဆန်းသည့် ခံစားချက်မျိုးကို သူ မခံစားရတော့ဘဲ ပထမဆုံးအကြိမ်အဖြစ် လေ့လာသူ တစ်ဦးကဲ့သို့ အလွန်တရာ တည်ငြိမ်သော သဘောထားဖြင့် ထိုအဖြစ်အပျက်များကို ပြန်လည် ပြောပြမိသည်။

"အဲဒီတုန်းက ကိုယ့် အဖေနဲ့ မင်းရဲ့ အဖေက ကျောက်မီး သွေးတွင်း တစ်ခုတည်းမှာ အလုပ်တူတူ လုပ်ခဲ့ကြပြီး သူတို့ အချင်းချင်းလည်း တော်တော်လေး တည့်ကြတယ်၊ သူတို့ ဇနီးသည် နှစ်ယောက်စလုံးကလည်း ကိုယ်ဝန်ရှိနေတော့ မိသားစု နှစ်စုက ရွာမတူဘဲ တောင်တစ်လုံး ခြားနေပေမဲ့ သူတို့က ဒီရေစက်ကို အံ့သြသွားပြီး ကလေးတွေအတွက် စေ့စပ်ပေးခဲ့ကြတာ"

"ဒါပေမဲ့ အမေ ကိုယ့်ကို မွေးဖို့ လုပ်နေတုန်းမှာ အဖေ့ရဲ့ ကျောက်မီးသွေးတွင်း ပြိုကျပြီး အဖေ သေသွားတယ်၊ ရွာကို သတင်းရောက်လာတော့ အမေက ချက်ချင်း ဗိုက်နာလာပြီး အခက်အခဲကြီးစွာနဲ့ ကိုယ့်ကို မွေးခဲ့ရတယ်၊ ဒါပေမဲ့ သူ့ ကျန်းမာရေးက အတော်လေး ယိုယွင်းနေပြီဆိုတော့ နှစ်အနည်းငယ် အကြာမှာ အမေ ဆုံးသွားပြီး ကိုယ် တစ်ယောက်တည်း ကျန်ခဲ့တာပဲ"

ဟော်ချန်ယဲ့မှာ ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့ဖြစ်သွားပြီး သူ့ အဒေါ်က ခေါ်ယူမွေးစားခဲ့ကြောင်း ယွီရွေ့ကျူး သိထားသော်လည်း ဤသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

သူ မိဘများကို ဆုံးရှုံးခဲ့ရချိန်တွင် အလွန် ငယ်ရွယ်နေသေးမည်မှာ သေချာလှသည်။ သူမ မှန်းဆထားသည်ထက်ပင် များစွာ ငယ်ရွယ်ဦးမည်။

ခြံဝင်းထဲတွင် တစ်ယောက်တည်း ရပ်နေသော ဟော်ချန်ယဲ့လေး ပုံရိပ်မှာ သူမ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူ့မိဘများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။

ယွီရွေ့ကျူး အလိုအလျောက်ပင် သူ့ လက်မောင်းကို ဆုပ်ကိုင်မိပြီး မျက်မှောင်ကြုတ်မိသည်။

ထိုသည်မှာ အလွန်ကို ခက်ခဲကြမ်းတမ်းခဲ့မည်မှာ သေချာလှသည်။

ဟော်ချန်ယဲ့ အောင်မြင်မှုများနှင့် အထူးသဖြင့် သူမ ကူးပြောင်းမလာမီကတည်းက ယွမ်ငွေ တစ်သောင်းကျော် စုဆောင်းနိုင်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစားပါက အမှန်ကို အံ့မခန်းပင်။

သူမ ခေါင်းကို နောက်သို့ မော့ကာ ဟော်ချန်ယဲ့ ပါးပြင်ကို လျင်မြန်စွာ နမ်းပြီး သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ မျက်လုံးချင်း စိုက်ကြည့်ရင်း သူ့ကို ချီးကျူးမိသည်။

"ဟော်ချန်ယဲ့... ရှင်က တကယ်ကို အံ့ဩစရာကောင်းတဲ့ သူပဲ၊ အဲဒီတုန်းက ရှင့်ကို မသိခဲ့ရတာ တကယ် နှမြောဖို့ ကောင်းလိုက်တာ၊ မဟုတ်ရင် ကျွန်မ ပြေးလာပြီး ရှင့်ကို ဖက်ထားမှာ ပြီးတော့ နောင်တစ်ချိန်ကျရင် ရှင်က တအား တော်တဲ့ သူဌေးကြီး ဖြစ်လာမှာလို့ ပြောပြပြီး လူဆိုးတွေကို တိုက်ထုတ်ဖို့ ကူညီပေးမှာ"

ဤစကားများမှာ အနည်းငယ် ကလေးဆန်သော်လည်း ဟော်ချန်ယဲ့မှာ အလွန်တရာ ကျေနပ်သွားတော့သည်။

သူ နားထောင်ရသည်ကို အလွန် နှစ်သက်ပြီး မနေနိုင်ဘဲ ပြုံးမိသည်။ သူ ခေါင်းငုံ့ကာ သူမ နဖူးနှင့် သူ့နဖူးကို ထိထားပြီး အချင်းချင်း ပွတ်သီးပွတ်သပ် လုပ်နေမိသည်။

သူ့ အသံမှာ အက်ရှရှဖြစ်နေသော်လည်း နူးညံ့စွာ ရယ်မောရင်း ပြန်ပြောသည်။

"ဟုတ်ပါပြီ ဒါပေမဲ့ အဲဒီတုန်းက မင်းက ကိုယ့်ကို မသိရုံတင် မကဘူး ရွေ့ကျူး... မင်း မမွေးသေးဘူးလေ"

ယွီရွေ့ကျူး "..."

'အော် ဟုတ်သားပဲ၊ အဲဒီတုန်းက မိဘတွေရဲ့ ဗိုက်ထဲမှာ ရှိနေတာက သူမ အစ်မ ယွီရှားလေ၊ အစက ဟော်ချန်ယဲ့ နဲ့ စေ့စပ်ခဲ့တာက ယွီရှားပဲ ဒါပေမဲ့ မိသားစု နှစ်စုက နှစ်ပေါင်းများစွာ အဆက်အသွယ် မလုပ်ခဲ့ကြဘူး၊ ဟော်ချန်ယဲ့ မိဘတွေကလည်း ဆုံးသွားတာ ကြာပြီဆိုတော့ ယွီရှားက မြို့မှာ ရည်းစားရသွားပြီ၊ စေ့စပ်ထားတာက နာမည်ခံသက်သက်ပဲ ဖြစ်သွားတာ၊ မူလပိုင်ရှင်ရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေ ပြီးမှသာ သူမဆီကို လွှဲပြောင်းရောက်လာခဲ့တာပဲ'

ယွီရွေ့ကျူး ခေါင်းကို ဖြစ်ကတတ်ဆန်း ခါယမ်းပြီး သူ့ကို စူးရဲစွာ ကြည့်သည်။

"ကျွန်မ ဂရုမစိုက်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လူတွေက အတိတ်ကို ပြန်သွားလို့မှ မရတာ၊ အားလုံးက အိပ်မက်တစ်ခုပဲလေ၊ ကျွန်မ အိပ်မက်မက်တာ ဘာဖြစ်လဲ"

"ဟုတ်ပါပြီ... ဟုတ်ပါပြီ"

ဟော်ချန်ယဲ့က သူမကို အလိုလိုက်‌စွာ ကြည့်မိသည်။ ပတ်ဝန်းကျင်မှ လေကြောင့် သူမ အအေးမိသွားမည်ကို စိုးရိမ်သဖြင့် ရေညှစ်ထားသော သူ့ အပေါ်ထပ်အင်္ကျီကို လေကာရန် သူမအပေါ်သို့ လွှမ်းခြုံပေးပြီးနောက် ယွီရွေ့ကျူးကို ပိုမိုတင်းကျပ်စွာ ဖက်ထားကာ သူါကိုယ်ငွေ့ဖြင့် သူမ အဝတ်အစားများကို ခြောက်သွေ့စေရန် ကူညီပေးဖို့ ကိုယ်ဟန်အနေအထားကို ပြောင်းသည်။

အပြင်ဘက်တွင် မိုးခြိမ်းသံများနှင့် မိုးရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သော်လည်း ဟော်ချန်ယဲ့နှင့် စကားပြောနေခြင်းကြောင့်လားမသိ နားရွက်များကို အုပ်ထားသော သူ့ လက်များ အနည်းငယ် ဖယ်ခွာသွားချိန်တွင်ပင် ယွီရွေ့ကျူးမှာ မိုးခြိမ်းသံကို သိပ်ပြီး ဂရုမစိုက်မိတော့ပေ။

သူမ ခန္ဓာကိုယ်လေးသာ အလိုအလျောက် တုန်ရီနေခြင်း ဖြစ်သည်။

ဖရဲခင်းစောင့်တဲလေးထဲတွင် မိုးရေစက်များ ပုတ်ခတ်သံ၊ လေတိုက်သံနှင့် သူတို့ အသက်ရှူသံများကိုသာ ဝေဝါးစွာ ကြားရသည်။

ဟော်ချန်ယဲ့ ပေါင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်ပြီးနောက် ယွီရွေ့ကျူးက အနည်းငယ် လှုပ်ရှားချင်လာသော် လည်း အနည်းငယ်မျှ လှုပ်ရှားသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ ဝေဝါးစွာ သတိထားမိသည်။

ယွီရွေ့ကျူး "..."

သူမ အလိုအလျောက်ပင် ဟော်ချန်ယဲ့ကို မော့ကြည့်ရာ သူ့မျက်နှာအမူအရာမှာ ယခင်ကလောက် တည်ငြိမ်မှု မရှိတော့ သည်ကို သတိထားမိသည်။

ဟော်ချန်ယဲ့ ခန္ဓာကိုယ် အပူချိန်မှာ အလွန် မြင့်မားနေသည်။ စောစောက သူက သူမကို တင်းကျပ်စွာ ဖက်ထားပြီး အဝတ်အစားများ ခြောက်သွေ့စေရန် ကူညီပေးနေချိန်တွင် ယွီရွေ့ကျူး သတိမထားမိခဲ့ပေ။

သူမ စိတ်အာရုံများ အားလုံးမှာ အပြင်ဘက်မှ တအုန်းအုန်းမြည်နေသော မိုးခြိမ်းသံများအပေါ်သို့သာ ရောက်ရှိနေသည်။

ယခု သူမ စိတ်များ ပိုမိုကြည်လင်လာချိန်တွင် ငြင်းဆန်၍မရသော၊ အမြဲတမ်း ရှိနေသော ထိုပူနွေးမှုကို ရှင်းလင်းစွာ ခံစားနိုင်သွားသည်။

All Chapters