← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

Chapter 184

ဟော်ချန်ယဲ့က သူ့အတွင်းမှ ထူးဆန်းမှုကို သတိမထားမိသယောင် ဟန်ဆောင်ကာ တည်ငြိမ်စွာနေနေသည်။

ယွီရွေ့ကျူး ခါးကို ဖက်ထားသော သူ့ လက်မောင်းက အနည်းငယ် တောင့်တင်းသွားပြီး ခန္ဓာကိုယ်မှာ သိမ်မွေ့စွာ ကွေးညွတ်သွားကာ ယခင်ကကဲ့သို့ တင်းကျပ်စွာ ကပ်မထားတောချေ။

သူက ပါးလွှာသော နှုတ်ခမ်းများကို စေ့ထားပြီး အနေရခက်စွာဖြင့် အကြည့်လွှဲသွားမိသည်။ သူတို့ ဘာမှမလုပ်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး မကြာသေးမီကမှ ရင်းနှီးကျွမ်းဝင်မှု စတင်ခဲ့သော ဟော်ချန်ယဲ့အတွက် လက်ရှိရင်းနှီးမှုမှာ အလွန်ပြင်းထန်လွန်းသည်ဟု ခံစားရသည်။

သို့သော် သူ့ခန္ဓာကိုယ်မှာ ပူးပေါင်းဆောင်ရွက်မှု မရှိပေ။

ယွီရွေ့ကျူးမှာ ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ အသက် ၂၅ နှစ်ကျော်လျှင် အမျိုးသားများ စွမ်းဆောင်ရည် ကျဆင်းလာသည်ဟူသော အယူအဆကို သူမ တွေးမိသွားပြီး ဟော်ချန်ယဲ့မှာ သူမထက် အများကြီး အသက်ကြီးနေသော်လည်း စိန်ပွင့်လေးတစ်ပွင့်အလား လူပျိုလေး ဖြစ်နေဆဲလားဟု တွေးမိသည်။

'ဒါက လူပျိုလေးတစ်ယောက်ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုများလား၊ ဒါမှမဟုတ် ဟော်ချန်ယဲ့ကပဲ တခြားသူတွေနဲ့ တကယ် ကွာခြားနေတာလား'

သူမ နားလည်နိုင်စွမ်း မရှိတော့သဖြင့် သူမတို့အတူ ထွန်စက်ဖြင့် အိမ်ပြန်လာစဉ်က ရွာသားများ စကားများကို ပြန် သတိရလာတော့သည်။

ယွီရွေ့ကျူး ခေါင်းမော့ပြီး မနေနိုင်ဘဲ ရယ်မောမိသည်။ သူမက သူ့ အင်္ကျီကော်လာကို ဆွဲကာ သူ့အနီးသို့ တိုးကပ်သွားပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောသည်။

"ရွာသားတွေ အားလုံးက အရင်က ပြောကြတယ်လေ၊ ဟော်ချန်ယဲ့က တအား စွမ်းတာ၊ သုံးည ဆက်တိုက် မနားတမ်း လုပ်နိုင်တယ် ဆိုတာလေ... အဲဒါ တကယ်ပဲလား"

ယွီရွေ့ကျူးကို လေကာပေးရန်နှင့် သူမ ခန္ဓာကိုယ်ကို နွေးထွေးစေရန် အပူတပြင်း ကြိုးစားနေခဲ့သော ဟော်ချန်ယဲ့မှာ ထိုစကားများကို ကြားလိုက်ရချိန်တွင် ဖရဲခင်းစောင့်တဲလေးထဲရှိ ခွေးခြေပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားသည်။

သူ့ မျက်နှာမှာ ရဲရဲနီသွားပြီး နားရွက်များမှာလည်း နီရဲလာသည်။ သူ အလိုအလျောက်ပင် လက်ကို မြှောက်ကာ ယွီရွေ့ကျူး ပါးစပ်ကို အုပ်ပြီး သူမကို တိတ်တိတ်နေစေရန် ကြိုးစားသည်။

"ရွေ့ကျူး..."

ယွီရွေ့ကျူးက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး အခွင့်ကောင်းယူကာ လက်ကို ဆန့်ထုတ်၍ သူ့ရေစိုနေသော ဝမ်းဗိုက်ကြွက်သားများကို ထိတွေ့သည်။

သူ့ ဝမ်းဗိုက်ကြွက်သား ရှစ်ကွက်နှင့် V ပုံစံ ကြွက်သား အကွေးအကောက်များကို ပွတ်သပ်ရာ သူမ အသက်ရှူငွေ့များက သူ့အနီးသို့ ကပ်လာပြီး တိုးတိုးလေး ပြောလေသည်။

"တကယ်ပဲ လူတွေ ထင်သလောက် ထူးဆန်းလား ဆိုတာကို ကျွန်မ ကြည့်ချင်တယ်"

'သူမ ထင်သလောက် ထူးဆန်းလား ဆိုတာကို သူမ မသိဘူးများလား'

ဟော်ချန်ယဲ့က မျက်နှာနီမြန်းစွာဖြင့် သူမကို ကြည့်မိသည်။

ရာသီဥတုနှင့် သူတို့ တင်းကျပ်စွာ ပွေ့ဖက်ထားမှုတို့ကြောင့် သူ့ အသားအရေ အပူချိန်မှာ မြင့်မားနေပြီဖြစ်ပြီး ယွီရွေ့ကျူး စကားများနှင့် လုပ်ရပ်များကြောင့် သူ့ပါးပြင်များမှာ ပို၍ပင် ပူလောင်လာတော့သည်။

သူ မျက်နှာပေါ်ရှိ အပူရှိန်ကို သက်သာစေရန် ခေါင်းငုံ့ကာ ယွီရွေ့ကျူး ပခုံးပေါ်တွင် ခေါင်းကို တင်ထားသည်။

သူ့ နားရွက်များမှာ နီရဲနေပြီဖြစ်ပြီး လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ပူလောင်နေသော သူ့ အသက်ရှူငွေ့များကို ဖိနှိပ်ထားရန် ရုန်းကန်နေရသည်။

အပြင်ဘက်တွင် လေနှင့် မိုးများ ဆက်လက် သောင်းကျန်းဆဲပင်။ စောစောက ဟော်ချန်ယဲ့သည် သူမ အာရုံလွှဲရန် နားနားကပ်၍ ကလေးချော့တေးများကို တိုးတိုးလေး ဆိုပြခဲ့သည်။

သို့သော် ယခုအခါ မိုးခြိမ်းသံများနှင့်အတူ ယွီရွေ့ကျူး နားထဲသို့ ရောက်ရှိလာသည်မှာ ဟော်ချန်ယဲ့ နက်ရှိုင်းပြီး နူးညံ့သော သီချင်းညည်းသံလေးများ မဟုတ်တော့ဘဲ သူ့ တိုးညှင်းသော အသက်ရှူသံများဖြစ်ပြီး ပူလောင်နေသော အထိအတွေ့များနှင့် ရောယှက်ကာ ထူးခြားသော တေးသွားတစ်ခုကို ဖန်တီးလေသည်။

ယွီရွေ့ကျူးက သူ့ ပူလောင်နေသော ပါးပြင်ကို ထိတွေ့ရာ ရှက်ရွံ့နေသော ဤအခြေအနေတွင် သူ့ ညည်းသံလေးများမှာပင် အတော်လေး လှပနေကြောင်း ခံစားမိသည်ယ

သို့သော် ယွီရွေ့ကျူးက ရှေ့သို့ ကိုင်းညွတ်ကာ သူ့စိုစွတ်နေသော ဆံပင်အုံများနှင့် နက်မှောင်သော မျက်လုံးများကို ကြည့်သည်။

သူ့ တင်းကျပ်စွာ စေ့ထားသော ပါးလွှာသည့် နှုတ်ခမ်းများနှင့် အသားအရေပေါ်ရှိ ပန်းရောင်သန်းနေသော မညီမညာ အမာရွတ်များကိုပါ သူမ မြင်နိုင်သည်။

သူမ ရှေ့သို့ ကိုင်းညွတ်ကာ သူ့ကို နမ်းသော်လည်း လျင်မြန်စွာပင် ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ ပြန်လည် ဆွဲသွင်းခံလိုက်ရပြီး အနမ်းခံလိုက်ရသည်။

သူ့ နှုတ်ခမ်းများမှ ပူလောင်မှုကြောင့် ယွီရွေ့ကျူး မျက်လုံးမှေးကျဥ်းသွားသည်။ သူမ မျက်လုံးများကို အနိုင်နိုင် ဖွင့်ကြည့်မိရာ ဟော်ချန်ယဲ့ ပူလောင်နေသော အကြည့်များနှင့် သူ့ မျက်ခုံးများကြားရှိ ဖိနှိပ်ထားသော တွန့်ချိုးမှုများကို မြင်ရသဖြင့် သူမကို နမ်းတော့မည့် သူ့ နှုတ်ခမ်းများကို မတွန်းဖယ်ဘဲ မနေနိုင်တော့ချေ။

ဟော်ချန်ယဲ့မှာ ရှေ့သို့ ကိုင်းညွတ်ကာ သူမကို ထပ်မံ နမ်းရှိုက်လိုစိတ်ကို မထိန်းချုပ်နိုင်သော်လည်း ယွီရွေ့ကျူးက သူ့ကို တွန်းဖယ်ကာ တားဆီးသည်။

သူ အနည်းငယ် မကျေမနပ်ဖြစ်ကာ ခေါင်းငုံ့ပြီး သူမကို ပွတ်သီးပွတ်သပ် လုပ်နေသဖြင့် သူ့ဆံပင်မည်းများမှာ ဖရိုဖရဲ ဖြစ်သွားရှာသည်။

ယွီရွေ့ကျူးမှာလည်း အနမ်းကြောင့် ခြေထောက်များ အနည်းငယ် ယိမ်းယိုင်နေပြီး အသက်ရှူနှုန်းများ ဖရိုဖရဲဖြစ်ကာ နှုတ်ခမ်းများ နီရဲနေသော်လည်း ဟော်ချန်ယဲ့မှာ သူမထက်ပင် ပိုဖရိုဖရဲ ဖြစ်နေပုံရသဖြင့် သူမအား ပိုကျေနပ်သွားစေသည်။

လက်သီးများကို ဆုပ်ကာ ထူးထူးခြားခြား နီမြန်းနေပြီး အောက်သို့ ငုံ့ထားသော ဟော်ချန်ယဲ့ မျက်နှာကို ကြည့်ရင်း ယွီရွေ့ကျူးက သူ့ ရင်ခွင်ထဲတွင် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မတ်မတ်ထိုင်ကာ အပြုံးတစ်ခုဖြင့် တမင်တကာ နောက်ပြောင်တော့သည်။

"ဟော်ချန်ယဲ့... ဒီလိုဆို မဖြစ်ဘူးလေ၊ ဒီနေ့ ကျွန်မတို့ ဒီမှာ ဘာလို့ ပိတ်မိနေတာလဲ ရှင် မေ့သွားပြီလား၊ ကျွန်မတို့က ဝက်လာရှာတာလေ"

"ဝက်က အခု ရွာထဲက တစ်နေရာရာမှာ ပုန်းနေလောက်တယ်၊ အနီးအနားမှာတောင် ဖြစ်နိုင်တယ်..."

"ရှင် စိတ်ကို ထိန်းမှရမယ်၊ မဟုတ်ရင် ဝက်က ရှင့်ကို မြင်သွားရင် ဝက်ခြံပိုင်ရှင်ကြီးဖြစ်တဲ့ ရှင်က ဘယ်လောက်တောင် မျက်နှာပူစရာ ကောင်းလိုက်မလဲ"

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က သူမ ပခုံးပေါ်မှ ခေါင်းကို မော့ကြည့်လာသည်။

စောစောက မိုးရေကြောင့် စိုစွတ်နေသော သူ့ဆံပင်များမှာ အောက်သို့ တွဲလောင်းကျနေပြီး ပါးပြင်ပေါ်ရှိ အမာရွတ်များနှင့် သူ့ မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မြင်နေရသည်။

ပုံမှန်အားဖြင့် စူးရှသော သူ့ မျက်ခုံးများမှာ ယခုအခါ အနည်းငယ် တွန့်ချိုးလေသည်။ သူက ရှင်းလင်းစွာပင် တည်ငြိမ်ရန် ကြိုးစားသော်လည်း ပါးပြင်ပေါ်ရှိ နီမြန်းမှုများက သူ့ ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ချေ။

ယွီရွေ့ကျူး စကားများကြောင့် သူ့ မျက်လုံးများက ပတ်ဝန်းကျင်သို့ လွင့်မျောသွားတော့သည်။

ထူထပ်သော ခြုံနွယ်များဖြင့် ဝန်းရံထားသော စိမ်းလန်းစိုပြေသည့် ဖရဲခင်းတစ်ခုတွင် မိုးများ မရပ်မနား ရွာသွန်းနေလေသည်။ လေအေးများ တိုက်ခတ်နေသော်လည်း ဟော်ချန်ယဲ့မှာ ထူးဆန်းစွာ ပူအိုက်သည်ဟုသာ ခံစားရသည်။

ထူးဆန်းသော ဂနာမငြိမ်ဖြစ်မှုတစ်ခုက သူ့ အတွင်းစိတ်တွင် မီးတောက်လာသည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူး နီရဲနေသော နားရွက်တွင် မျက်နှာအပ်ကာ သူမ ညှပ်ရိုးကို ကိုက်ပြီး ညင်သာစွာ လျက်လိုက်သည်။

"ကိုယ့်ကို မစပါနဲ့ ရွေ့ကျူးရယ်..."

All Chapters