← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

Chapter 186

မိုးရွာသွန်းမှုမှာ တဖြည်းဖြည်း လျော့ကျသွားချိန်တွင် ဟော်ချန်ယဲ့မှာ မဆုံးတော့ အောက်သို့ ငုံ့နေခြင်းကို ရပ်တန့်လိုက်သည်။

သူ ယွီရွေ့ကျူးကို မော့ကြည့်ရာ သူ့ မေးစေ့မှာ စိုရွှဲနေပြီး နှုတ်ခမ်းများမှာလည်း တောက်ပနေကာ မိုးရေကြောင့်လား သို့မဟုတ် ထိုအရာကြောင့်လား ဆိုသည်ကို ခွဲခြားရန် ခက်ခဲလှသည်။

ယွီရွေ့ကျူးက သူ့ကို မကြည့်ဘဲ အမောဖြေရန် ကြိုးစားဆဲပင်။ မျက်နှာများ နီမြန်းကာ ကုလားထိုင်ပေါ်တွင် ပျော့ခွေပြီး လုံးဝကို အမောဆို့နေသည်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူမ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထုံကျဉ်ဆဲပင်။ ဟော်ချန်ယဲ့က ရှေ့သို့ ကိုင်းညွတ်ကာ သူမကို နမ်းရန် ပြင်ချိန်တွင် ယွီရွေ့ကျူးက ရွံရှာဟန်ဖြင့် ခေါင်းကို လွှဲဖယ်ပြီး သူမ အပေါ်ထပ်အင်္ကျီကို သူ့လက်ထဲသို့ ထိုးထည့်ကာ မျက်နှာနီနီ ဆံပင်ဖရိုဖရဲဖြင့် ပြောသည်။

"ရှင့်ကိုယ် ရှင် အရင် သုတ်လိုက်ဦး..."

"ကိုယ့်ဟာကိုယ် ဘာလို့ ရွံနေသေးတာလဲ၊ ရွေ့ကျူးက တအား ချစ်စရာကောင်းနေတုန်းပဲကို"

ဟော်ချန်ယဲ့ မျက်လုံးများ မှေးကျသွားသည်အထိ ပြုံးလာသည်။

သူ ဆက်လက် ဒူးထောက်နေပြီး ယွီရွေ့ကျူးကို သူါရင်ခွင်ထဲသို့ ဆွဲသွင်းရန် လက်မောင်းများကို ဆန့်ထုတ်သည်။ သူမ ဝမ်းဗိုက်အောက်ပိုင်းကို ချစ်ခင်ယုယစွာ ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီးနောက် အပြင်သို့ထွက်ကာ သူ့ နှုတ်ခမ်းများပေါ်ရှိ အရာများကို သုတ်ရန် မိုးရေအချို့ သွားခံသည်။

ထို့နောက်မှ ပြန်လှည့်လာပြီး ယွီရွေ့ကျူး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူမကို ထပ်မံ နမ်းရှိုက်ရန် သူမ ပါးစပ်ထဲသို့ ခေါင်းတိုးဝင်သွားတော့သည်။

"ချိုတယ်"

သူမကို နမ်းပြီးနောက် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို အနီးသို့ ဆွဲယူကာ ညင်သာစွာ နမ်းရှိုက်သည်။

"ရွေ့ကျူး... မင်း ကိုယ်သင်းနံ့လေးက တအား မွှေးတာပဲ"

သူ့ ကပ်ဖားရပ်ဖား အပြုအမူကို ယွီရွေ့ကျူး သည်းမခံနိုင်တော့ပေ။ သူမက စိုစွတ်နေဆဲဖြစ်သော မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး ယောင်ယမ်းနေသော နှုတ်ခမ်းများကို ထိတွေ့ကာ သူ့ကို တွန်းဖယ်သည်။

"ချိုရင်တောင်မှ ဒီလို လာမနမ်းနဲ့၊ အနေရခက်တယ်"

အပြင်ဘက်တွင် နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာချိန်မှာပင် ဟော်ချန်ယဲ့က တိုးညှင်းစွာ ရယ်မောသည်။

သို့သော် ဤအချိန်တွင်မူ ယွီရွေ့ကျူးမှာ ခွန်အား လုံးဝ မကျန်တော့ပေ။ သူမ ကုလားထိုင်ကိုသာ ပျင်းရိစွာ မှီထား သည်။

မိုးခြိမ်းသံကြောင့် သူမ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီသွားသော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားသည်။

ဟော်ချန်ယဲ့က မေးစေ့ကို အနည်းငယ် မော့ကာ မတ်တတ် ရပ်ပြီး သူမကို ပွေ့ချီလျက် နားထဲသို့ အက်ရှရှအသံဖြင့် တိုးတိုးလေး ပြောသည်။

"နောက်တစ်ခါ မိုးသက်မုန်တိုင်းကျပြီး မိုးခြိမ်းသံ ကြားရင်လေ ရွေ့ကျူး... အရင်က ကိုယ် မင်းကို သီချင်းဆိုပြခဲ့တဲ့ အသံကို သတိရရုံတင် မကဘူး ခုနက မင်း ကိုယ့်ဆံပင်တွေကို ဆွဲကိုင်ထားတုန်းက ခံစားရတဲ့ ခံစားချက်ရယ်၊ ဒီဖရဲခင်းစောင့်တဲလေးထဲမှာ ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ဖက်ထားခဲ့တဲ့ မြင်ကွင်းရယ်ကိုပါ မင်း သတိရနေလိမ့်မယ်"

သူ့ လက်ဝါးကြီးများက ရှည်လျားသော ယွီရွေ့ကျူး ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးပြီး သူ့အသံမှာ နူးညံ့နေသည်။

"မိုးခြိမ်းတာကို မကြောက်ပါနဲ့ ရွေ့ကျူး၊ မိုးသက်မုန်တိုင်းတွေက ကြောက်စရာ မကောင်းပါဘူး၊ ဒီနေ့ ဖြစ်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးကြည့်၊ ဒီမှတ်ဉာဏ်က အတိတ်က ကြောက်စရာကောင်းတဲ့ ပုံရိပ်တွေကို ဖုံးလွှမ်းသွားလိမ့်မယ်၊ ပြီးရင် မင်း မိုးခြိမ်းတာကို ကြောက်တော့မှာ မဟုတ်ဘူး"

ယွီရွေ့ကျူးက မျက်လွှာချပြီး အနည်းငယ် ပင်ပန်းနေကာ စကားမပြောမီ ခေတ္တမျှ ရပ်တန့်သွားသည်။

"အင်း..."

အဖြစ်အပျက် နှစ်ခု ပြီးဆုံးသွားပြီးနောက် ဖရဲခင်းစောင့်တဲလေးမှာ နှစ်ဖက်စလုံး လေဝင်လေထွက် ကောင်းသော်လည်း အချို့သော အနံ့အသက်များမှာ ကျန်ရစ်ဆဲပင်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ မျက်နှာပေါ်ရှိ သဘာဝမကျသော အမူအရာကို သတိထားမိပြီး တခစ်ခစ် ရယ်မောကာ အကြည့်လွှဲသွားသည်။

သူမက ဖရဲခင်းစောင့်တဲလေး အပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ချင်ရုံ သက်သက်သာ ဖြစ်ပြီး မိုးမည်မျှ သည်းနေကြောင်းနှင့် ရေမျက်နှာပြင် မည်မျှ မြင့်တက်လာကြောင်းကို ကြည့်ချင်ခြင်း ဖြစ်သည်။

သို့သော် ဤပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်က ယွီရွေ့ကျူး အကြည့်ကို ရုတ်တရက် တောင့်တင်းသွားစေသည်။

သူမက ဟော်ချန်ယဲ့ လက်မောင်းကို အပူတပြင်း ရိုက်ပုတ်တော့သည်။ ယခင်က ပျင်းရိနေသော သူမ စိတ်ခံစားမှုမှာ ချက်ချင်းပင် လန်းဆန်းတက်ကြွလာပြီး ကုလားထိုင်ပေါ်မှပင် မတ်မတ် ထိုင်မိသည်။

ဟော်ချန်ယဲ့မှာ နားမလည်နိုင်စွာဖြင့် သူမကို ငုံ့ကြည့်သည်။

"ဘာဖြစ်လို့လဲ ရွေ့ကျူး"

"ဟော်ချန်ယဲ့... ဝက်တစ်ကောင်..."

ယွီရွေ့ကျူးက အလျင်စလို အော်ဟစ်ပြီး ဖရဲခင်းဘေးရှိ ခြုံနွယ်များကို လက်ညှိုးထိုးပြကာ အဆုံးတော့ တွေ့ရှိသွားပြီဖြစ်သော ဝက်ကလေး လန့်ပြေးသွားမည်ကို စိုးရိမ်သဖြင့် အသံကို နှိမ့်ထားရန် ကြိုးစားသည်။

ဤအခိုက်အတန့်တွင် သူမ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး ရှေ့သို့ စိုက်ကြည့်နေသော မျက်လုံးများမှာလည်း တောက်ပနေသည်။

ထိုစကားကို ကြားသောအခါ ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး ယွီရွေ့ကျူး လက်ညှိုးထိုးပြသော နေရာသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ သူ့ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။

ထင်သည့်အတိုင်းပင် အရပ်ရှည်ပြီး ထူထပ်သော စိမ်းလန်းသည့် ခြုံနွယ်များက အများစု ဖုံးကွယ်ထားသော်လည်း ဖြူတိုတိုနှင့် ပန်းရောင်သန်းနေသော တင်ပါးလေး အစိတ် အပိုင်း အနည်းငယ်နှင့် ဟိုဘက်ဒီဘက် ရိုက်ခတ်နေသော ဝက်မြီးလေးကိုသာ ချန်ထားခဲ့ရာ ဝကိတည်နေရာကို ဖော်ပြနေသည်။

ဟော်ချန်ယဲ့က အနီးအနားတွင် လှန်းထားသော သူ့ မိုးကာအင်္ကျီကို ပြန်ဝတ်ပြီး ဖရဲခင်းစောင့်တဲလေးထဲမှ လျင်မြန်စွာ ထွက်ခွာသွားကာ ဝက်ရှိရာသို့ တိတ်တဆိတ် လျှောက်သွားသည်။

သူတို့ ယခင်က ရှာမတွေ့ခဲ့သော နောက်ဆုံး ဝက်တစ်ကောင်မှာ ဤနေရာတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။

ယွီရွေ့ကျူး ပြောခဲ့သည်မှာ မှန်ပေသည်။

စောစောက သူ့ ဝမ်းဗိုက်ကြွက်သားအောက်ပိုင်း ဧရိယာကို ထိတွေ့ကာ နီမြန်းနေသော မျက်နှာကိုမြင်ချိန်တွင် ဝက်က သူတို့ကို ကြည့်နေနိုင်သဖြင့် သတိထားရန် သူမ ပြောခဲ့သည်။

ထို့အပြက် ဝက်က အမှန်ပင် ရှိနေသည်။

ဟော်ချန်ယဲ့က သူ့ရှက်ရွံ့မှုကို မြိုသိပ်ပြီး နက်မှောင်သော မျက်လုံးများက အရှေ့ဘက် မြက်ခင်းထဲရှိ ဝက်အပေါ်သို့သာ စူးစိုက်ထားကာ ယွီရွေ့ကျူး စိုးရိမ်တကြီး အကြည့်များက သူ့ နောက်ကျောပေါ်သို့ ကျရောက်သွားသည်။ သူ လျင်မြန် ပြတ်သားစွာ လှုပ်ရှားလိုက်သည်။

အနီးသို့ ရောက်သွားသည့် အခိုက်အတန့်တွင် သူက လက်ဆန့်ကာ ဖမ်းဆွဲလိုက်ပြီး ဝက် အသည်းအသန် အော်ဟစ် ရုန်းကန်မှုများကို ဂရုမစိုက်ဘဲ သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပိုက်ထားသည်။

ဖရဲခင်းစောင့်တဲလေးသို့ ပြန်ရောက်သောအခါ ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို ကြည့်ကာ ခေါ်လေသည်။

"လာတော့ ရွေ့ကျူး၊ ဝက်ကို တွေ့ပြီ၊ မိုးလည်း တိတ်သွားပြီဆိုတော့ ကိုယ်တို့ ပြန်ကြစို့"

ယွီရွေ့ကျူးက ခေါင်းညိတ်သော်လည်း ဖရဲခင်းစောင့်တဲလေးထဲမှ ထွက်ခွာရန် ပြင်ချိန်တွင် သူမ တုံ့ဆိုင်းသွားတော့ သည်။

'ရေက... တအား နက်နေတာပဲ၊ ငါတို့ ဘယ်လို ပြန်ရမှာလဲ'

All Chapters