← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

Chapter 188

အမျိုးသမီးက ဒူးထောက်ကာ အကူအညီတောင်းစဉ်က မထိတ်လန့်ခဲ့သော ဟော်ချန်ယဲ့မှာ ယခုအခါ သူ့ နှလုံးသားက တဒိတ်ဒိတ် ခုန်ကာ ပြင်းထန်စွာ တုန်ရီမိသည်။

ယွီရွေ့ကျူးမှာ အချိန်မရွေး ရေထဲ မျောပါသွားမည်ကို စိုးရိမ်သဖြင့် သူ မျက်တောင်တစ်ချက်မျှပင် မခတ်ရဲတော့ပေ။

'အောက်မှာ တအား အန္တရာယ်များလွန်းတယ်'

ကြမ်းတမ်းသော ရေစီးက လှိုင်းတစ်ခုပြီးတစ်ခု ရိုက်ခတ်နေပြီး အထူးသဖြင့် မိုးရွာနေသဖြင့် ပိုဆိုးလေသည်။

မိုးက ယခင်ကလောက် မသည်းတော့သော်လည်း အမြင်အာရုံကို ဖုံးကွယ်ရန် လုံလောက်နေဆဲဖြစ်ပြီး အထူးသဖြင့် သူမမှာ ရေထဲတွင် ရှိနေကာ လက်တစ်ဖက်က ကလေးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က ကျောက်တုံးကို ကိုင်ကာ အစွမ်းကုန် ရေကူးရန် ကြိုးစားသည်။

ရှုပ်ပွနေသော သူမ ဆံပင်များနှင့် စိုစွတ်နေသော မျက်တောင်များကို သပ်တင်ရန် လက်တစ်ဖက်မျှပင် မအားလပ်ပေ။

"ဒီကောင်မလေးအတွက် တအား အန္တရာယ်များလွန်းတယ်၊ ရေထဲကနေ လူကယ်ရတာ အားအများကြီးလိုတယ်၊ သူ ခံနိုင်ပါ့မလား... သူ အားကုန်သွားရင် နှစ်ယောက်စလုံး ဒုက္ခရောက်လိမ့်မယ်"

"အဲဒါ ဟော်ချန်ယဲ့ မိန်းမ ယွီရွေ့ကျူး မဟုတ်ဘူးလား၊ ဘာလို့ ဟော်ချန်ယဲ့ ကိုယ်တိုင် ရေထဲဆင်းမကယ်ဘဲ သူ့မိန်းမကို ကယ်ခိုင်းနေတာလဲ"

"ဟော်ချန်ယဲ့ တစ်ယောက်ပဲ ရေထဲဆင်းပြီး လူဆွဲတင်ရဲတာလေ၊ ယွီရွေ့ကျူးက တော်တော် သတ္တိရှိတာပဲ၊ တကယ်ကို အံ့ဩစရာပဲ"

"ဟော်ချန်ယဲ့ တစ်ယောက်ပဲ လူတွေကို ဆွဲတင်ရဲတာ၊ အခုနှစ်တွေတစ်လျှောက် သူ လူဘယ်နှစ်ယောက်တောင် ကယ်ခဲ့လဲ ပြီးတော့ မင်းတို့ အားလုံးက သူ့ကို အဲဒီလို ဆက်ဆံကြတယ်ပေါ့၊ သူ့မှာ အမာရွတ်ရှိတော့ရော ဘာဖြစ်လဲ... သူက လူကယ်ရင်းနဲ့ အဲဒီ အမာရွတ် ရခဲ့တာလေ၊ မင်းတို့က ကျေးဇူးကန်းကြတာ"

"..."

ကြိတ်ကြိတ်တိုး ဆူညံသော လေထုမှာ ရုတ်တရက် တိတ် ဆိတ်သွားပြီး လူအများအပြားက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်မှာ တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်အထိပင်။

"သူ ထွက်လာပြီ!၊သူ ထွက်လာပြီ"

"ဘုရားရေ... သူက တကယ်ကို အံ့ဩစရာပဲ"

"ယွီရွေ့ကျူး ဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်ဘူး၊ ဒီဇနီးမောင်နှံက တကယ်ကို ထူးခြားတာပဲ"

လူအများအပြား လျင်မြန်စွာ ငုံ့ကြည့်ရာ ယွီရွေ့ကျူးနှင့် ကလေးမှာ ရေစုန်သို့ မျောပါသွားပြီးကြိုးကို တွယ်ကပ်ကာ ဘေးဘက်သို့ တဖြည်းဖြည်း တိုးသွားနေကြသည်ကို မြင်လိုက်သည်။

လှုပ်ရှားလိုက်တိုင်း မှန်ကန်သော နေရာကို သေချာစွာ ရှာဖွေကြလေသည်။

ဟော်ချန်ယဲ့မှာ သူ့ ခံစားချက်များကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ တင်းမာသော မျက်နှာထားနှင့် တွန့်ချိုးနေသော မျက်ခုံးများဖြင့် မြစ်ကမ်းပါးသို့ သွားကာ ယွီရွေ့ကျူးကို ဆွဲတင်ရန် လက်ကို ဆန့်ထုတ် သည်။

ယွီရွေ့ကျူး အားအင်ကုန်ခမ်းတော့မည့် အချိန်မှာပင် သူက လက်ဆန့်ကာ သူမ လက်ကို ခိုင်မာစွာ ဆုပ်ကိုင်ပြီး မြစ်ကမ်း ပါးဘက်သို့ တဖြည်းဖြည်း ဆွဲခေါ်သည်။

သူမ ကမ်းပေါ်သို့ ခြေချသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က သူမကို ချက်ချင်းဖက်ထားတော့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ သက်ပြင်းချနိုင်သွားကြတော့ သည်။ ကလေးမှာ ငိုကြွေးကာ မြေကြီးပေါ်တွင် တုန်ရီစွာ လှဲလျောင်းပြီး တစ်ကိုယ်လုံး စိုရွှဲနေသည်။

"မေမေ၊ မေမေ... တအား ကြောက်ဖို့ကောင်းတာပဲ ဝါး..."

အမျိုးသမီးမှာ အရူးတစ်ယောက်လို ဘေးဘက်မှ ပြေးလာပြီး သူ့ကို ဖက်ကာ မရပ်မနား ငိုကြွေးနေပြီး ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကိုလည်း ကျေးဇူးတင်စကား ဆိုသည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ရင်ဘတ်ကို မှီကာ မိခင်နှင့် သားဖြစ်သူ ဖက်ငိုနေသည်ကို အတန်ကြာ ကြည့်နေပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောချသည်။

"ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေတာကို ရှင်က ဘာလို့ ဟော်ချန်ယဲ့ကိုပဲ အကူအညီတောင်းရတာလဲ၊ အဲဒါက ကိုယ်ကျင့်တရားနဲ့ ခြိမ်းခြောက်တာဆိုတာ ရှင် သိလား၊ ဟော်ချန်ယဲ့က ရှင့်ကို ကူညီဖို့ တာဝန်မရှိဘူးဆိုတာ ရှင် သိရဲ့လား"

အမျိုးသမီးက ဗလုံးဗထွေးဖြင့် ပြောသည်။

"ငါ၊ ငါ... ဒါပေမဲ့ ဟော်ချန်ယဲ့ တစ်ယောက်ပဲ လူကယ်နိုင်တာ၊ ဘယ်သူမှ မကယ်နိုင်ဘူး..."

"သူတို့ မကယ်နိုင်တာ မဟုတ်ဘူး၊ ရှင်က သူတို့ကို အားကိုးဖို့ ကျင့်သားရနေတာ... ကျွန်မက ရှင့်ထက် ပိုသန်မာလို့လား၊ ကျွန်မ လုပ်နိုင်ရင် ရှင်က ဘာလို့ မလုပ်နိုင်ရမှာလဲ"

သူမ စကားပြောပြီးနောက် ရင်းနှီးကျွမ်းဝင်သော အမျိုးသမီး မျက်နှာကိုကြည့်ကာ သူမ မျက်နှာအမူအရာမှာ အေးစက် သွားသည်။

"ရှင့်ကို ကျွန်မ မှတ်မိတယ်၊ အရင်က ဒီနားမှာ ကျွန်မတို့ အဝတ်တူတူ လျှော်ခဲ့ဖူးတယ်လေ၊ ရှင်က ဟော်ချန်ယဲ့ရဲ့ အမာရွတ်တွေနဲ့ မျက်နှာက ရုပ်ဆိုးတယ်၊ သူ့ တစ်ကိုယ်လုံးက အမာရွတ်တွေက သရဲနဲ့တူတယ်လို့ဝောာင် ရှင် ပြောခဲ့တယ်လေ"

ဤအခြေအနေအောက်တွင် ယွီရွေ့ကျူးက အခြားအမျိုး သမီးကို ပွင့်ပွင့်လင်းလင်းပင် ဖော်ထုတ်လာရာ ၎င်း မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး ယခင်က သရော်လှောင်ပြောင်သော အမူအရာများ လုံးဝ ပျောက်ကွယ်သွားကာ စကားပင် မပြောနိုင်တော့ပေ။

ယွီရွေ့ကျူးက သူမ ပြောလာမည်ကို မမျှော်လင့်ထားပေ။ သူမက လေးနက်စွာဖြင့် ဆက်ပြောသည်။

"ရှင် ဟော်ချန်ယဲ့ကို တောင်းပန်ဖို့ အကြွေးတင်နေတယ်"

"သူက ရှင့်ဆွေမျိုး မဟုတ်ဘူး၊ ဒီလို အန္တရာယ်များတဲ့ အခြေအနေမှာ သူ ရှင့်ကို ကူညီတာကို ကျေးဇူးတင်ရမှာပဲ၊ ရှင့်ကို ကူညီဖို့ သူ့မှာ တာဝန်ရှိတာ မဟုတ်ဘူး၊ ရှင် အကူ အညီလိုတဲ့အခါ ဟော်ချန်ယဲ့ဆီ သွားပြီး အကူအညီမလိုတဲ့အခါ သူ့ရဲ့ အမာရွတ်တွေနဲ့ မျက်နှာကို လှောင်ပြောင်တာမျိုး မလုပ်သင့်ဘူး၊ အဲဒါက တအားလွန်လွန်းတယ်"

အမျိုးသမီးမှာလည်း မှားမှန်းသိသဖြင့် အချိန်အတော်ကြာ တုန်ရီနေပြီးနောက် အနေရခက်စွာဖြင့် ခေါင်းငုံ့သွားသည်ာ

"ဟုတ်ကဲ့၊ တောင်းပန်ပါတယ်... ကျွန်မ မှားသွားပါတယ်၊ နောက် အဲဒီလိုစကားတွေ ထပ်မပြောတော့ပါဘူး"

ယွီရွေ့ကျူး သူမကို တစ်ချက်လှမ်းကြည့်သည်။

"ပိုအရေးကြီးတာက ရှင်တို့ကိုယ်ရှင်တို့ ဘယ်လို ကယ်တင်ရမလဲဆိုတာ သင်ယူသင့်တယ်၊ ဟော်ချန်ယဲ့က တစ်ယောက် တည်း ရှိတာလေ၊ တကယ်လို့ တစ်ခုခု ဖြစ်ရင် ရှင်တို့က သူလာကယ်တာကိုပဲ တစ်ယောက်ပြီး တစ်ယောက် စောင့်နေကြမှာလား

ပြီးတော့ ရှင့်ရဲ့ စိတ်ဓာတ်နဲ့ဆိုရင် ဟော်ချန်ယဲ့က အားလုံးကို မကယ်နိုင်ခဲ့ရင် ရှင့်ဘက်က သူ့ကို ထပ်ပြီး အပြစ်တင်ဦးမှာ သေချာတယ်

ရှင်တို့ကိုယ်ရှင်တို့ ဘယ်လို ကယ်တင်ရမလဲဆိုတာ သင်ယူတာ ပိုကောင်းလိမ့်မယ်၊ အဲဒါမှ တခြားလူတွေကို သွားပြီး တောင်းပန်စရာ မလိုမှာ"

"ပြီးတော့ လူကယ်ဖို့ ဟော်ချန်ယဲ့ကို ကိုယ်ကျင့်တရားနဲ့ သွားမခြိမ်းခြောက်ပါနဲ့၊ အခု သူ့မှာ မိသားစုရှိနေပြီ၊ သူ့ရဲ့ ဇနီးတစ်ယောက်အနေနဲ့ သူ တစ်ခုခုဖြစ်သွားမှာကို ကျွန်မ မလိုလားဘူး"

ယွီရွေ့ကျူး စကားပြောပြီးနောက် ဟော်ချန်ယဲ့ ပခုံးကို ပုတ်ကာ သူမကို ချရန်လက်ဟန်ပြသည်။

ဟော်ချန်ယဲ့ သူမကို နက်ရှိုင်းစွာကြည့်ကာ ခေါင်းညိတ်ပြသည်။

ပတ်ဝန်းကျင်ရှိ လူအများအပြားက ယွီရွေ့ကျူး စကားများကိုကြားသောအခါ သူတို့ မျက်နှာများမှာ အနေရခက်မှုနှင့် ရှက်ရွံ့မှုတို့ကြောင့် နီမြန်းသွားကြပြီး ခေါင်းငုံ့ကာ မော့မကြည့်ရဲကြတော့ပေ။

ရွာထိပ်မှ ရွာသူကြီး အသံထွက်ပေါ်လာပြီး တောင်ပေါ်တက်မည့် အဖွဲ့ထံသို့ ပြန်ခေါ်ကာ မြစ်ကမ်းပါးကို ပြုပြင်ပြီးပြီဖြစ်ကြောင်း အသိပေးလိုက်ချိန်မှသာ လူအများအပြားမှာ အိပ်မက်ထဲမှ နိုးလာသည့်ပမာ သက်ပြင်းချနိုင်သွားကြသည်။

သူတို့ နောက်သို့ လှည့်ကြည့်ရာ ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့မှာ ထိုနေရာတွင် မရှိကြတော့ပေ။

ဟော်မိသားစု ခြံဝင်းထဲတွင် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို အိမ်ထဲသို့ ပွေ့ချီလာပြီး အုတ်ခုတင်ပေါ်တွင် ချထားပေးသည်။

ဟော်ချန်ယဲ့က သူမ အန္တရာယ်ကို လျစ်လျူရှုမှုအတွက် ဆူပူမည်ကို ယွီရွေ့ကျူး ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း အိမ်ပြန်ရောက်ပြီးနောက် ဟော်ချန်ယဲ့က သူမကို ဖက်ထားကာ သူ့ မျက်နှာပေါ်ရှိ အမာရွတ်များဖြင့် သူမ မျက်ခွံများကို ညင်သာစွာ ပွတ်တိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ အက်ရှရှအသံဖြင့် သူမ နာမည်ကို ထပ်ခါထပ်ခါ ခေါ်နေသည်။

"ရွေ့ကျူး..."

All Chapters