← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

Chapter 189

ဟော်ချန်ယဲ့ ပါးပြင်ပေါ်ရှိ အမာရွတ်များမှာ အနည်းငယ် မညီမညာဖြစ်နေပြီး ၎င်းက ယွီရွေ့ကျူးကို ပွတ်တိုက်မိသောအခါ သူမကို ယားကျိကျိ ဖြစ်စေသည်။

သူမ မနေနိုင်ဘဲ ရယ်မောမိပြီး သူ့ မျက်နှာကို တွန်းဖယ်ရန် လက်ကို မြှောက်သော်လည်း ဟော်ချန်ယဲ့က ရှေ့သို့ ကိုင်းညွတ်ကာ သူမ လက်ကို ဖမ်းဆုပ်ပြီး နမ်းသည်။ သူက မျက်မှောင်ကြုတ်ကာ သူမကိုမေးသည်ယ

"ကိုယ့် မျက်နှာပေါ်က အမာရွတ်ကို မင်း မကြိုက်တော့ဘူးလား၊ ခုနက မင်း ကိုယ့်ကို မနမ်းခဲ့ဘူးလေ"

ယွီရွေ့ကျူး "..."

'ဟော်ချန်ယဲ့က အခုတလော ပိုပြီး ဆိုးလာတာပဲ'

သူမက ဟော်ချန်ယဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရှေ့သို့ ကိုင်းညွတ်ပြီး သူ့ အမာရွတ်ကို နမ်းပြီးနောက် သူ့နှုတ်ခမ်းများကို နမ်းတော့သည်။ ထိုအချိန်မှသာ ဟော်ချန်ယဲ့မှာ ကျေနပ်သွားသည်။

ပွက်လောရိုက်မှုများ ပြီးဆုံးသွားပြီးနောက် ယွီရွေ့ကျူးမှာ ဗိုက်ဆာလာပြီး တစ်ကိုယ်လုံး စေးကပ်နေသဖြင့် ရေချိုးချင်လာသည်။

ယနေ့က အမှန်ကို ခက်ခဲကြမ်းတမ်းသော နေ့တစ်နေ့ပင်။ မနက်စောစော နိုးသည်နှင့် တစ်ပြိုင်နက် ဝက်ကို စတင် ရှာဖွေခဲ့ရပြီးနောက် လေအေးများကြားတွင် ဖရဲခင်းစောင့်တဲလေးထဲ၌ အချိန်အတော်ကြာ ပိတ်မိနေခဲ့ကာ ထို့နောက် ကလေး ရေထဲကျသော အဖြစ်အပျက်နှင့် ကြုံခဲ့ရသည်။

မိုးရေကြောင့် စိုရွှဲနေခဲ့သော သူမ အဝတ်အစားများမှာ ကလေးကို ကယ်တင်ရန် ရေထဲသို့ ခုန်ချပြီးနောက် ပိုစိုရွှဲသွားခဲ့ပြီး အပြန်လမ်းတွင် ဟော်ချန်ယဲ့ အဝတ်အစားများကို ဝတ်ဆင်ခဲ့ရသည်။

သူမက ဟော်ချန်ယဲ့ကို ထမင်းချက်ရန် အမြန် တွန်းထုတ်ပြီးနောက် ရေခြောက်အောင် သုတ်ကာ အဝတ်အစား လဲလိုက်ပြီး အပြင်သို့ မထွက်မီ သက်ပြင်းရှည်ကြီးတစ်ခု ချမိသည်။

အပြင်ဘက်တွင် မိုးက မတိတ်သေးဘဲ အနည်းငယ် လျော့ကျသွားသော်လည်း ကောင်းကင်မှာ မည်းမှောင်အုံ့ဆိုင်းနေဆဲဖြစ်ကာ မီးရောင်မရှိပါက အိမ်ထဲတွင် မြင်ရရန် ခက်ခဲသည်။

မီးဖိုဆောင်ထဲတွင် ဟော်ချန်ယဲ့က ခွေးခြေတစ်လုံးပေါ်တွင် ထိုင်ကာ မျက်လွှာချလျက် မီးမွှေးနေသည်။

ယနေ့သည် သူ့ အလုပ်အများဆုံး နေ့တစ်နေ့ဖြစ်ပြီး အိမ်ပြန်ရောက်ချိန်တွင် ရေစိုရွှဲနေသော အဝတ်အစားများကို ချွတ်ကာ သန့်ရှင်းသော အဝတ်အစားများကို လဲဝတ်ထားခဲ့သော်လည်း သူ့ ဆံပင်များမှာ တစ်ဝက်ခန့် စိုစွတ်နေဆဲဖြစ်ပြီး ပေါ်လွင်နေသော မျက်နှာသွင်ပြင်များကို အထူးသဖြင့် စူးရှစေသည်။

သူ့ နေလောင်ထားသော ကြွက်သားများမှာ တင်းရင်းနေပြီး ထိုင်နေချိန်တွင် အရိပ်ကြီးတစ်ခု ကျရောက်လေသည်။

သူ့ တုတ်ခိုင်သော လက်မောင်းများက မီးခြစ်ဆံများကို ဆုပ်ကိုင်ကာ တစ်ချောင်းပြီး တစ်ချောင်း ခြစ်လျက် မျက်ခုံးများမှာ တွန့်ချိုးနေသည်။

တစ်ခုခု မှားယွင်းနေကြောင်း ယွီရွေ့ကျူး သတိထားမိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထင်းများနှင့် အခြားပစ္စည်းများ စိုရွှဲသွားသဖြင့် မီးမွှေး၍ မရနိုင်ဘဲ မီးမွှေးရန် ကောက်ရိုးများပင် စိုစွတ်သွားပုံရသည်။

မဆုံးတွင် သူက သိုလှောင်ခန်းထဲမှ ထင်းခြောက်အချို့ကို သွားယူခဲ့သော်လည်း မီးမွှေးရန် ခက်ခဲဆဲပင်။ သို့သော် သူက အလုပ်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေဆဲဖြစ်သည်။

သူမ နမ်းပြီးနောက် အနည်းငယ် မညီမညာဖြစ်နေသော အမာရွတ်မှာ သူ့ ပါးပြင်ပေါ်ရှိ အသားအရေကဲ့သို့ပင် စိုစွတ်ကာ ပန်းရောင်သန်းလျက်ပင်။

သူမက ၎င်းကို ထိတွေ့ချိန်တွင် သူက မျက်မှောင်ကြုတ်လေ့ရှိပုံနှင့် သူ့ အာရုံခံစားလွယ်သော မျက်နှာအမူအရာအပြင် ယခင်က သူမကို နမ်းရန် တောင်းဆိုခဲ့ပုံတို့ကို သတိရသွားသောအခါ ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ ရယ်မောမိသည်။

သူမက အနားသို့ တိုးကပ်သွားပြီး သူ့ပါးပြင်ကို ဖွဖွလေး ထိုးကာ ခေါင်းလေးကို စောင်း၍ သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။

"ဒါဆို... ဒီအမာရွတ်ကလည်း လူကယ်ရင်း ရခဲ့တာပေါ့"

ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး မော့ကြည့်ကာ ‌ပြန်ဖြေသည်။

"အင်း"

သူ့ သဘောထားမှာ အနည်းငယ် ပေါ့ပျက်ပျက် နိုင်သွားသည်ဟု ခံစားရသဖြင့် ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ကာ ယွီရွေ့ကျူး တောက်ပသော သူငယ်အိမ် အမည်းရောင်လေးများကို ကြည့်ရင်း ထပ်မံ ပြောလိုက်သည်။

"ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်မှာ အိမ်ထဲကို ဆန်တွေ သယ်ထည့်နေတုန်း ကလေးတချို့က မတော်တဆ အိမ်ကို မီးရှို့မိသွားတာ၊ အဲဒီအချိန်က ကိုယ်က စစ်တပ်ကနေ ပြန်လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ သူတို့ကို ကယ်ဖို့ ဝင်သွားခဲ့တာ"

သူက ယွီရွေ့ကျူးကို ကြည့်ကာ မျက်လွှာကို အနည်းငယ် ချထားသည်။

"ဒါပေမဲ့ မီးက နည်းနည်း ကြီးသွားပြီး ခေါင်မိုးပေါ်က သစ်သားတန်းတွေ ပြုတ်ကျလာတာ၊ ကိုယ့် ရင်ခွင်ထဲက ကလေးကို ကာကွယ်ဖို့ ကိုယ့်မျက်လုံးတွေ အပူဟပ်သွားတာပဲ"

ယွီရွေ့ကျူးက ဤအရာကို ကြိုတင် မျှော်လင့်ထားပြီးဖြစ်သော်လည်း သူမ မနေနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားကာ မျက်ခုံးများကို တင်းကျပ်စွာ တွန့်ချိုးမိသည်။

"ပြီးတော့ရော"

"နောက်တော့... အဲဒီအချိန်တုန်းက ကိုယ့်မျက်နှာက တအား ဆိုးရွားပုံပေါ်နေတော့ အဲဒီမိသားစုက ကိုယ် ဆေးဖိုးတွေ တောင်းမှာကြောက်ပြီး ထောင်ဟွာရွာကနေ အမြန်ပြောင်းသွားကြတာ၊ ပြန်တောင် မလာကြတော့ဘူး"

သူတို့ကလေးကို ကယ်တင်ခဲ့ချိန်တွင် ဟော်ချန်ယဲ့မှာ ဘေးမှနေ၍ ဝင်ရောက် ကူညီပေးခဲ့ခြင်းသာ။

ထိုအဖြစ်အပျက်အပြီးတွင် သူတို့ထံမှ ဆေးဖိုးဝါးခ တောင်းရန် သူတစ်ခါမျှ မတွေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ကလေးကိုကယ်တင်ခြင်းက အခြား မည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည် မဟုတ်ပါလား။

သို့သော် တစ်ဖက်လူက သူ ငွေတောင်းမည်ကို ကြောက်ရွံ့၍ ရှောင်ဖယ်သွားရုံသာမက သူတို့ လုပ်ရပ်အတွက် ရွာသားများက ကောလာဟလများနှင့် ဝေဖန်မှုများကြောင့် ဒေါသထွက်ကာ ရွာထဲတွင် ရမ်းကားမှုများပင် ပြုလုပ်ခဲ့သည်။

"ဘာ ကျေးဇူးရှင်လဲ၊ ငါ့သားကို ကယ်တာက ကောင်းတဲ့ကိစ္စ ဆိုပေမဲ့ ငါတို့က သူ့ကို ကယ်ပေးပါလို့ သွားတောင်းပန်နေတာမှ မဟုတ်တာ"

"သူ့ဟာ သူ မစွမ်းဆောင်နိုင်လို့ မတော်တဆ ဖြစ်တာကို ဘာလို့ ငါတို့ကို လာအပြစ်တင်နေတာလဲ၊ ညက ငါတို့ သူ့ကို မီးထဲ အတင်း တွန်းပို့ခဲ့တာမှ မဟုတ်တာ"

"ဟော်ချန်ယဲ့ကို ဘယ်သူက သူရဲကောင်း လုပ်ခိုင်းလို့လဲ၊ ဟော်ချန်ယဲ့ အကူအညီ မပါဘဲနဲ့တောင် သူ ဝင်မကယ်ရင်တောင် ငါ့ကလေးက သူ့ဟာ သူ ထွက်လာနိုင်တယ်"

"ငါတို့က ဟော်ချန်ယဲ့ကို အကြွေးတင်နေသလိုမျိုး လုပ်ပြီး ဆေးဖိုးတွေ ပေးမယ်လို့ မမျှော်လင့်နဲ့၊ ငါတို့က ဘာလို့ ပေးရမှာလဲ၊ ဘာလို့ ငါတို့ မိသားစုကို လာပြီး အပြစ်တင်နေရတာလဲ၊ အကုန်လုံး ဟော်ချန်ယဲ့ အမှားတွေချည်းပဲ၊ ဘာလို့ ငါတို့ကို အပြစ်တင်တာလဲ၊ ငါ့ကလေးကလည်း နစ်နာသူပဲ"

ထိုမှတ်ဉာဏ်များကို ပြန်လည် တွေးတောမိသောအခါ ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်သွားပြီး ထိုအသေးစိတ် အချက် အလက်များကို ယွီရွေ့ကျူးအား မပြောပြခဲ့ပေ။

သို့သော် ယွီရွေ့ကျူး ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူတို့သည် ယနေ့ ရေထဲကျသွားသော ကလေး မိသားစုကဲ့သို့ ကျေးဇူး ကန်းသူများ ဖြစ်ကြောင်းကို သူမ မခန့်မှန်းနိုင်ဘဲ နေမည်နည်း။

သူမ ဒေါသစူပွတ်သွားသဖြင့် ပါးလေးများ ဖောင်းသွားသည်။

"သူတို့က ဘယ်လို လူစားမျိုးတွေလဲ၊ အရှက်မရှိတာ၊ အခု သူတို့ ဘယ်မှာလဲ၊ ဘယ်လို နေနေလဲဆိုတာကို ကျွန်မ တကယ် သိချင်တယ်၊ ကျွန်မ လက်စားမချေရသရွေ့တော့ စိတ်အေးမှာ မဟုတ်ဘူး"

သူမ ကလေးဆန်သော မျက်နှာအမူအရာကို မြင်သောအခါ ဟော်ချန်ယဲ့မှာ မနေနိုင်ဘဲ ရယ်မောမိပြီး သူ့ နှလုံးသားမှာ တုန်ရီသွားကာ အကြည့်များမှာ ပိုနူးညံ့သွားတော့သည်။

ထိုစကားများကို ဟော်ချန်ယဲ့က သူ့နားဖြင့် ကိုယ်တိုင် ကြားခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က သူ့ မျက်လုံးများမှာ ဝေဝါးနေဆဲဖြစ်ပြီး မီးခိုးငွေ့များ အများအပြား ရှူရှိုက်မိထားသဖြင့် လည်ချောင်းမှာလည်း အက်ရှနေခဲ့သည်။

သူ တုတ်တစ်ချောင်းကောက်ကို မှီကာ မျက်နှာတွင် ပတ်တီးများ စည်းထားလျက် ကလေး အခြေအနေကို သွားရောက် စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း ထိုသို့သော စကားမျိုး ကြားရလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

မရေမတွက်နိုင်သော ညများစွာတွင် သူ အိပ်မပျော်နိုင်သည့်အခါတိုင်း သူ လုပ်ခဲ့သည့်လုပ်ရပ်မှာ မှန်လားဟု တွေးမိတတ်သည်။

သူက ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိသည်။ ဤသည်မှာလည်း သူ့ ပါးပြင်ပေါ်ရှိ အမာရွတ်နှင့် ပတ်သက်၍ သူ စိတ်မဖြောင့်နိုင်သေးခြင်း အကြောင်းရင်းပင်။

မုန်တိုင်းတိုက်ခတ်ချိန်တွင် ရေထဲကျသွားသော ကလေးကို ချက်ချင်း ခုန်ဆင်း မကယ်တင်ခဲ့ခြင်းမှာလည်း သူ့ နှလုံးသားထဲတွင် ကျော်လွှားမရနိုင်သော ဤအတားအဆီး ရှိနေခြင်းကြောင့်ဖြစ်သည်။

သို့သော် ယွီရွေ့ကျူးသည်တော့...

ဟော်ချန်ယဲ့က ရှေ့သို့ ကိုင်းညွတ်ကာ ယွီရွေ့ကျူး ခေါင်းကို မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။ သူ ဘာလုပ်ရမှန်း မသိလောက်အောင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ယနေ့ ကိုယ်ကျိုးစွန့်ကာ အသက်ကယ်တင်ခဲ့သော ယွီရွေ့ကျူး လုပ်ရပ်ကို မြင်တွေ့ရချိန်တွင် သူမ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကာ ကြောက်ရွံ့မှု၊ ဒေါသနှင့် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မှုအတွက် အပြစ်တင်မိသည်။

သို့သော် ငြင်းဆို၍မရနိုင်သည်မှာ သူ့နှလုံးသားထဲရှိ အထုံးအဖွဲ့ တစ်ခု ပြေလျော့သွားခြင်းပင်။

'ဒါက ပုံမှန်ပဲ၊ လူကယ်တာက မမှားဘူး၊ မမှန်တာက တခြားသူတွေ'

သူက ထိုကလေးကို မီးထဲမှ ကယ်တင်ခဲ့ပြီး သူ လုံးဝနောင်တ မရခဲ့ပေ။

သူ့ ပါးပြင်တွင် ဒဏ်ရာရခဲ့ပြီး ကြောက်ရွံ့မှုများနှင့် လှောင် ပြောင်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ဤအမာရွတ်က ကလေးတစ်ယောက် အသက်ကို ကယ်တင်ခဲ့သည်ဟု တွေးမိသောအခါ သူ့ကို တည်ငြိမ်သွားစေသည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို သနားသွားသဖြင့် ရှေ့သို့ ကိုင်းညွတ်ကာ သူမ လက်ချောင်းများကို သူ့ လက်ချောင်းများနှင့် ယှက်နွယ်လိုက်ပြီးနောက် သူ့ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးသည်။

ဟော်ချန်ယဲ့ ဆံပင်များမှာ သူ့ စရိုက်ကဲ့သို့ပင် ကြမ်းတမ်းပြီး တောင့်တင်းသော်လည်း ကိုင်တွယ်ရ လွယ်ကူကြောင်း ဝန်ခံရမည်။

"ဂွီ... ဂွီ..."

လေထုမှာ ပြီးပြည့်စုံနေပြီး ယွီရွေ့ကျူးက ရှေ့သို့ ကိုင်းညွတ်ကာ သူ့ ဝမ်းဗိုက်ကြွက်သားများကိုပင် ထိတွေ့ချင်လာသော်လည်း အချိန်အတော်ကြာ ဗိုက်ဟောင်းလောင်း ဖြစ်နေခဲ့သော သူမ အစာအိမ်က ဆန္ဒပြလာတော့သည်။

ယွီရွေ့ကျူး "..."

'စိတ်အနှောင့်အယှက် ဖြစ်စရာပဲ'

ဟော်ချန်ယဲ့ သူမ ဘေးတွင် တိုးညှင်းစွာ ရယ်မောလိုက်သည်။

ယွီရွေ့ကျူး အောက်သို့ ငုံ့ကြည့်ရာ ဟော်ချန်ယဲ့တွင် ခြောက်သွေ့သော မီးခြစ်ဆံဗူးပင်မရှိဘဲ အချိန်အတော်ကြာ မီးမွှေးရန် ရုန်းကန်နေရသည်ကို မြင်လေသည်။

သူမ ရိုးရိုးရှင်းရှင်းပင် ထရပ်လိုက်သည်။

All Chapters