← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

Chapter 191

ယွီရွေ့ကျူးကို အံ့အားသင့်စေခဲ့သည်မှာ ဟော်ချန်ယဲ့က သူမအတွက် ပစ္စည်းများ ဝယ်ပေးရသည်ကို စွဲလမ်းပုံရခြင်းပင်။

ညတိုင်း သူတို့ ကားအတူစီးကြချိန်တွင် သူက ယွီရွေ့ကျူးထံသို့ ပစ္စည်းအိတ်တစ်အိတ်ကို တိတ်တဆိတ် ကမ်းပေးတတ်သည်။

တစ်ခါတစ်ရံတွင် မုန့်များ ဖြစ်တတ်သည်။ တစ်ခါတစ်ရံတွင် သူမအတွက် သူ ချုပ်ပေးထားသော အဝတ်အစားများ ဖြစ်တတ်သည်။ တစ်ခါတစ်ရံတွင်မူ နာရီတစ်လုံး ဖြစ်လေသည်။

ဟုတ်ပါသည်။ နာရီတစ်လုံးပင်။ ဤခေတ်ကာလတွင် အလွန် ဈေးကြီးသော နာရီတစ်လုံးဖြစ်သည်။ ၎င်းကို ယွီရွေ့ကျူး ဘေးရှိ မုန့်များအနီးရှိ ဘူးငယ်လေးတစ်ခုထဲတွင် ထည့်ထားသည်။

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူမကို မော့ကြည့်လိုက်ချိန်တွင် သူ့ နက်မှောင်သော မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

"ဝတ်ကြည့်ပါဦး ရွေ့ကျူး၊ ကြိုက်ရဲ့လားလို့လေ"

ယွီရွေ့ကျူး ကိုယ်တိုင်က နာရီများကို သိပ်ပြီး ဂရုမစိုက်လှပေ။ မည်သို့ပင်ဆိုစေကာမူ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နာရီဈေးနှုန်းများမှာ အစွန်းနှစ်ဖက်သို့ ရောက်ရှိနေပြီး အလွန် ဈေးကြီးခြင်း သို့မဟုတ် အလွန် ဈေးပေါခြင်းတို့ ဖြစ်တက်သည်။

သူမ ယခင်က နာရီအချို့ ဝယ်ခဲ့ဖူးသော်လည်း လက်ကိုင်ဖုန်း ရပြီးနောက်တွင်မူ မဝတ်ဖြစ်တော့ဘဲ အိမ်တွင် ဖုန်တက်နေတော့သည်။

သူမ လက်ကောက်ဝတ်တွင် ပုတီးစေ့များ သို့မဟုတ် ကျောက်မျက်ရတနာ အချို့ကို ဝတ်ဆင်ထားခြင်းက နာရီထက် သူမကို ပိုကြည့်ကောင်းစေသည်။

သို့သော်လည်း ယခင်ခေတ်ကာလနှင့် ယခုခေတ်ကာလမှာ ကွာခြားလှသည်။

ယွီရွေ့ကျူး ဘူးကို ဖွင့်ကြည့်ရာ နာရီမှာ အတော်လေး လှပကြောင်း တွေ့လိုက်ရသည်။

အဖြူရောင် ရွှေကွပ်ထားပြီး အနည်းငယ် ရှေးကျသော ပုံစံရှိသည့် ချိတ်ပါသော နာရီတစ်လုံးဖြစ်ကာ လုံးဝန်းသော မျက်နှာပြင်ကို တလက်လက် တောက်ပနေသော ကျောက် သလင်း အဝိုင်းငယ်လေးများဖြင့် အလှဆင်ထားသည်။

သူမက စိတ်ဝင်တစားဖြင့် ဝတ်ကြည့်လိုက်သော်လည်း သူမ လက်ကောက်ဝတ်မှာ အနည်းငယ် သေးသွယ်ပြီး နာရီမှာ အနည်းငယ် ချောင်နေသည်ကို။

ဟော်ချန်ယဲ့ သူမ မျက်နှာအမူအရာကို အကဲခတ်နေသည်။

"ကြိုက်ရဲ့လား၊ အရွယ်အစားက အရေးမကြီးပါဘူး၊ ကိုယ် ဆိုင်ကို သွားပြီး ချိတ်လေး တစ်ခုလောက် ဖြုတ်ခိုင်းလိုက်မယ်၊ အဲဒါက ချိန်လို့ရတယ်လို့ သူတို့ ပြောတယ်၊ အစက ဒီနေ့ မင်းကို ကိုယ်တိုင် သွားဝတ်ကြည့်ခိုင်းမလို့ပဲ၊ ဒါပေမဲ့ ကိုယ်က မင်းကို အံ့အားသင့်စေချင်လို့"

သူ စကားပြောပြီးနောက် နှုတ်ခမ်းကို စေ့မိရာ သူ့ ဂျုံရောင်သန်းနေသော မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်လေး ပေါ်လာသည်။

ယွီရွေ့ကျူးက ပြုံးကာ သူမ လက်ကောက်ဝတ်ကို ဝှေ့ယမ်းသည်။

"ကျွန်မ အရမ်း သဘောကျတာပဲ၊ ဒါက တအား ဈေးကြီးမှာပဲနော် ဟော်ချန်ယဲ့"

"မကြီးပါဘူး၊ မင်း သဘောကျလို့ ကိုယ် ဝမ်းသာတယ်"

"ဒါက ဈေးမကြီးဘူးဆိုတော့ ရှင်လည်း တစ်လုံး မဝယ်ဘူးလား၊ ကျွန်မတို့ ဆင်တူ ဝတ်လို့ရတာပေါ့၊ တစ်ယောက် တစ်လုံးစီလေ၊ ဟော်ချန်ယဲ့... ဒါကို ဘယ်လိုခေါ်လဲ ရှင် သိလား၊ ဒါကို စုံတွဲ ဆင်တူလို့ ခေါ်တယ်"

ယွီရွေ့ကျူးက လက်ကို ဆန့်ထုတ်ကာ ဟော်ချန်ယဲ့ လက် ချောင်းများကို ဆုပ်ကိုင်ပြီး တင်းကျပ်စွာ ယှက်နွယ်သည်။ သူမက လက်ကို ထပ်မံ ဝှေ့ယမ်းပြီး သူမ ကြောင်မျက်လုံးလေးများဖြင့် သူ့ကို စောင်းကြည့်ရာ အလွန်လှပလွန်းလှသဖြင့် ဟော်ချန်ယဲ့မှာ အသက်ရှူရပ်သွားလုမတတ်ပင်။

"ကြည့်၊ စုံတွဲ ဆင်တူလေ"

"အဲဒီလိုဆိုရင် ကျွန်မတို့ အတူတူ လမ်းလျှောက်သွားရင် ကျွန်မတို့က စုံတွဲမှန်း မသိတဲ့ရှိမှာ မဟုတ်ဘူး ဟော်ချန်ယဲရဲ့"

ဟော်ချန်ယဲ့ အသက်ကို ပြင်းပြင်းရှူမိသည်။

သူ အစက သူ့ကိုယ် သူ ငွေမသုံးရက်ဘဲ ယွီရွေ့ကျူးအတွက် ဂါဝန်များနှင့် လက်ဝတ်ရတနာများ ပိုဝယ်ပေးရန်သာ ငွေစုချင်ခဲ့သော်လည်း ယွီရွေ့ကျူး စကားများကြောင့် ချက်ချင်းပင် စိတ်ပြောင်းသွားတော့သည်။

'စုံတွဲ ဆင်တူ...'

'သူတို့ စုံတွဲမှန်း လူတိုင်း သိသွားကြလိမ့်မယ်...'

"ဝယ်မယ်"

ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်လိုက်ရာ သူ့ မျက်နှာအမူ အရာမှာ လေးနက်သွားပြီး မျက်လုံးများမှာ တောက်ပလာသည်။

"မနက်ဖြန် ကိုယ် နောက်တစ်လုံး သွားဝယ်မယ်၊ ဆင်တူ ဖြစ်သွားအောင်လို့"

ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ အသံထွက် ရယ်မောမိသည်။

ဟော်ချန်ယဲ့မှာ နောက်ရ အလွန်လွယ်ကူလှသော်လည်း ထိုအချက်ကပင် သူမကို ပျော်ရွှင်စေခြင်း ဖြစ်သည်။

သူ့ စကားအတိုင်းပင် ဟော်ချန်ယဲ့က နောက်တစ်နေ့တွင် ယွီရွေ့ကျူး နာရီကြိုးကို သွားပြင်ခိုင်းပြီး သူ့အတွက် နာရီအသစ် တစ်လုံးကို လျင်မြန်စွာ ဝယ်ယူခဲ့သည်။

သူတို့နှစ်ဦး အတူတကွ ရပ်နေချိန်တွင် အထူးသဖြင့် စွန်းမော်ကဲ့သို့သော ဝန်ထမ်းများ အရှေ့တွင် သူက အမြဲတမ်း သူ့ ဆံပင်များကို သပ်တင်ခြင်း၊ အဝတ်အစားများကို ဆွဲဆန့်ခြင်း သို့မဟုတ် ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်ခြင်းများကို ပြုလုပ်လေ့ရှိကာ သူတို့ လက်ကောက်ဝတ်ရှိ တူညီသော နာရီများကို သိမ်မွေ့စွာ ပြသရန်ကြိုးစားတက်သည်။

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ မေးလာသောအခါ ဟော်ချန်ယဲ့မှာ ဝမ်းသာအားရဖြင့် ပြုံးလေ့ရှိသည်။

ဘေးတွင် ရပ်နေသော ယွီရွေ့ကျူးသည်တော့ သူ့ ကလေးဆန်မှုကြောင့် ခေါင်းသာခါယမ်းမိသည်။

သူမက အနည်းငယ် မထီမဲ့မြင် ဖြစ်သွားသော်လည်း မနေနိုင်ဘဲ လိုက်ပါပြုံးရယ်မိတော့သည်။

သူမ အိတ်ကပ်ထဲတွင် ဟော်ချန်ယဲ့ ပေးထားသော မုန့်တစ်ဆုပ်စာ အမြဲရှိတက်သည်။

သူမ အစ်မ ယွီရှားက တာတုန်းရွာ ရှိ မိဘအိမ်သို့ ပြန်ရန် ကားကြုံလိုက်ချင်သဖြင့် လာရောက်ရှာဖွေကြောင်း ကြားသော အခါ သူမ မငြင်းဆန်ခဲ့ပေ။

မြို့မှ တာတုန်းရွာ သို့ အကွာအဝေးမှာ တကယ်ကို အတော်လေး ဝေးကွာလှသည်။ စက်ဘီးဖြင့် သွားပါက အချိန်အတော်ကြာ ကြာမြင့်မည်ဖြစ်သော်လည်း ထွန်စက်ဖြင့် သွားပါက ခရီးစဉ်မှာ တစ်ဝက်နီးပါး သက်သာသွားနိုင်သည်။

ယွီရွေ့ကျူးမှာ မိဘအိမ်သို့ မပြန်ဖြစ်သည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။

ဆောင်းဦးပေါက်ပွဲတော် ကာလအတွင်း ဆိုင်တွင် အလုပ် များနေသည်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူမ မပြန်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ ပြဿနာတစ်ခု ဖြစ်လာတော့သည်။

သူမနှင့် ဟော်ချန်ယဲ့တို့မှာ သူမတို့ မင်္ဂလာဆောင်သည့် နေ့က တစ်ကြိမ်သာ ပြန်လည်လည်ပတ်ခဲ့ပြီး ထိုအချိန်မှစ၍ မပြန်ဖြစ်ခဲ့ကြောင်း တွေးမိသောအခါ ယွီရွေ့ကျူးက ခေတ္တမျှ စဉ်းစားပြီးနောက် လျင်မြန်စွာခေါင်းညိတ်သည်။

အမှန်တွင် ယခုက ပွဲတော်ရက် မဟုတ်ပေ။ ယွီရှားက သူတို့နှစ်ဦးစလုံး အလုပ်နားချိန် အနည်းငယ် ရသောကြောင့်သာ ပြန်ခြင်းဖြစ်ပြီး တာတုန်းရွာတွင် မှိုများ ခူးနိုင်သော တောင်များ ရှိလေသည်။

ရာသီဥတု အေးလာပြီးနောက် တောင်ပေါ်တွင် ဟေဇယ်မှို အများအပြားရှိပြီး ခူးယူကာ ဆောင်းတွင်းစားရန် အခြောက် ခံထားရန် အလွန်သင့်လျော်သည်။

သို့သော်လည်း ဆုံးဖြတ်ချက်မှာ အနည်းငယ် အလျင်စလို နိုင်လှသည်။ လမ်းတစ်ဖက်ကူးရှိ ဆိုင်ပိုင်ရှင် ဖြစ်သော ဟော်ချန်ယဲ့က သူတို့ကို လိုက်မပို့မီ ရှဲ့ချီကို ညွှန်ကြားချက်များ အများအပြား ပေးခဲ့သည်။

သူတို့က မွန်းတည့်ချိန်လောက်တွင် ထွက်ခွာခဲ့ကြပြီး မွန်းလွဲပိုင်းလောက်တွင် ရောက်ရှိမည်ဟု မျှော်လင့်ထားကြသည်။

ယခင်က ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ သူမ မိဘအိမ်သို့ စက်ဘီးများဖြင့် ပြန်ခဲ့ကြသည်။ တောင်ပေါ်လမ်းများမှာ အလွန် ကြမ်းတမ်းပြီး ရှည်လျားသဖြင့် အတော်လေး နေရခက်ခဲ့သည်။

ယခုအခါ ထွန်စက်သို့ ပြောင်းလဲစီးနင်းလာသော်လည်း ၎င်းမှာ စက်ဘီးထက်များစွာ ပိုမိုတည်ငြိမ်ပြီး မြန်ဆန်လှသည်။

ယွီရွေ့ကျူးက အရှေ့ခန်းတွင် ထိုင်ကာ ဟော်ချန်ယဲ့ လက် မောင်းကို ဖက်တွယ်ထားပြီး အိပ်ချင်မူးတူးဖြင့် သမ်းဝေကာ သူ့ ပခုံးကို မှီထားသည်။

သူတို့ အနောက်ဘက်ရှိ ထွန်စက် နောက်ခန်းတွင်မူ ယွီရှားနှင့် ကျောက်ကျစ်ဖန်တို့က ယာဉ်အတွင်းအပြင်ကို အံ့အားသင့်စွာဖြင့် ဟိုဟိုဒီဒီ အကဲခတ်နေကြသည်။

ယွီရှား မနာလိုစွာဖြင့် တိုးတိုးလေး မေးသည်။

"ဒါက ထွန်စက်လား၊ ဝါး... အံ့ဩစရာပဲ၊ နင်းဖို့တောင် မလိုဘဲ သူ့ဟာ သူ သွားနေတာ၊ ဘယ်လို လုပ်တာလဲ"

ကျောက်ကျစ်ဖန်ကလည်း ထွန်စက် လက်ရန်းကို ကိုင်ရန် လက်ဆန့်ရာ သူ့ မျက်လုံးများမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း မထီမဲ့မြင် လေသံဖြင့် သရော်ဆဲပင်။ ထွန်စက် တအုန်းအုန်းမြည်သံများကြားမှ သူက အသံကို နှိမ့်ကာ ပြောလာသည်။

"ဟွန်း... ဘာများ ထူးဆန်းလို့လဲ၊ ထွန်စက်ပါပဲ၊ ငါတို့ မဝယ်နိုင်တာမှ မဟုတ်တာ၊ ဒါက ဓာတ်ငွေ့နဲ့ မောင်းတဲ့ စက်လေ၊ မင်းလို မိန်းမအိုကြီးကို ရှင်းပြလည်း နားလည်မှာ မဟုတ်ပါဘူး၊ ငါလည်း တစ်နေ့ကျရင် ဒါမျိုး တစ်စီးလောက် ဝယ်ချင်သေးတယ်"

ယွီရှား ဆံပင်များကို သပ်တင်ပြီး ဘာပြောရမှန်း မသိဖြစ်သွားတော့သည်။ သူမ နှုတ်ခမ်းကို စေ့ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် စကားစလေသည်။

"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ... ဒီဟာက ဈေးကြီးတယ်လေ၊ ရှင် ဝယ်နိုင်တယ်လို့ပဲ ပြောလိုက်၊ ကျူးအာ တို့ ကြားသွားပါဦးမယ်... ရှက်စရာကြီး၊ ရှင်က ကားကြုံလိုက်လာတာကို ဒီလိုစကားတွေ ပြောနေသေးတယ်"

ကျောက်ကျစ်ဖန် သူမကို စူးရဲစွာ ကြည့်သည်။

"ငါတို့က ဘာလို့ မဝယ်နိုင်ရမှာလဲ၊ ငါက စက်ရုံအလုပ် သမား၊ ထိပ်တန်း ဝန်ထမ်းလေ၊ ငါ့မှာ ခိုင်မာတဲ့ အလုပ်ရှိတယ်၊ တစ်နေ့ကျရင် ငါ ဝယ်နိုင်မှာ၊ မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ၊ ယွီရွေ့ကျူးနဲ့ ဟော်ချန်ယဲ့တောင် ဝယ်နိုင်တာ ငါက ဘာလို့ မဝယ်နိုင်ရမှာလဲ"

ယွီရှားမှာ စကားမပြောနိုင်တော့ဘဲ သူ့ကို မကြည့်တော့ရန် ခေါင်းလွှဲသွားတော့သည်။

'ဟော်ချန်ယဲ့တို့ အဖွဲ့နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ဘာလို့ ကောင်း ကင်က ကြယ်တွေနဲ့ သွားမနှိုင်းယှဉ်တာလဲ၊ သူတို့က ဘယ် လိုလုပ် ယှဉ်နိုင်မှာလဲ... သူတို့ တစ်လလုံးစာ လစာကို ပေါင်းရင်တောင် ယွီရွေ့ကျူး ဆိုင်ရဲ့ တစ်နေ့စာ အမြတ်ကို မမီဘူးလေ'

ကျောက်ကျစ်ဖန် ဒေါသမှာ အံ့မခန်းပါပင်။ သူက သူ့တွင် မရှိသောအရာများကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကာ ချမ်းသာချင်ယောင်ဆောင်တက်သည်။

ထွန်စက်မှာ အလွန်မြန်ဆန်လှသည်။ အကယ်၍ သူတို့ စက်ဘီးနင်းလာပါက ထိုနေရာသို့ ရောက်ရန် မနက်ပိုင်း တစ်ခုလုံး အချိန်ယူရမည် ဖြစ်သော်လည်း ယခုအခါ တစ်ရေးအိပ်ချိန် အတွင်းမှာပင် ရွာသို့ ရောက်ရှိလုနေပြီဖြစ်သည်။

မွန်းတည့်ချိန်ဖြစ်ပြီး ရွာသားအများအပြားက နေ့လယ်စာ စားရန် ပြင်ဆင်ရင်း သူတို့ လယ်ယာသုံး ကိရိယာများကို အိမ်သို့ သယ်ဆောင်လာချိန်တွင် အဝေးမှ တဂျုံးဂျုံး မြည်သံကြီးကို ကြားလိုက်ရသည်။

All Chapters