← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

Chapter 192

တအုန်းအုန်းမြည်သံမှာ အလွန် ရှင်းလင်းလှပြီး လူအများအပြားက အံ့အားသင့်ကာ နားမလည်နိုင်စွာဖြင့် မော့ကြည့်ရာ ဟော်ချန်ယဲ့၊ ယွီရွေ့ကျူးနှင့် သူတို့အဖွဲ့က ရွာထိပ်မှနေ၍ သူတို့ဆီသို့ ထွန်စက် မောင်းနှင်လာသည်ကို မြင်သွားသည်။

ရွာသားများမှာ မှင်သက်သွားတော့သည်။

"အဲဒါ ဘာလဲ၊ ထွန်စက်တော့ မဟုတ်လောက်ပါဘူးနော်၊ အရင်က ငါ့ဦးလေးအိမ်မှာ မြင်ဖူးတယ်၊ အဲဒီက ချမ်းသာတဲ့ မိသားစုတွေက ပြောင်းဖူးရိုးတွေ သယ်ဖို့ ဒီထွန်စက်တွေကို သုံးကြတာ၊ တအား အဆင်ပြေတာပဲ"

"ငါတို့ဆီမှာ ဘယ်လိုလုပ် ဒီလိုဟာမျိုး ရောက်နေတာလဲ၊ ဘယ်သူ့အိမ်ကလဲ၊ ငါ မမှတ်မိဘူး"

"နေပါဦး... အဲဒါ ယွီမိသားစုက ကောင်မလေး ယွီရွေ့ကျူးနဲ့ တူတယ်နော်၊ သူ့ဘေးကဟာက သူ့ယောက်ျား ဖြစ်ရမယ်"

"ဘာ၊ ယွီရွေ့ကျူး ပြန်လာတာလား၊ ပြီးတော့ သူတို့က ထွန်စက်နဲ့တောင် ပြန်လာတာလား"

"..."

ပြီးခဲ့သော အကြိမ်က သူမ ပြန်လာစဉ် ရွာသားအများအပြားက ယွီရွေ့ကျူးကို တိတ်တဆိတ် လှောင်ပြောင်ခဲ့ပြီး သူမ အရှက်ကွဲသည်ကို မြင်လိုခဲ့ကြသည်။

သို့သော် သူတို့နှစ်ဦးက ဖြတ်လမ်းမှ သွားခဲ့သဖြင့် လူအများအပြားနှင့် မဆုံတွေ့ခဲ့ရဘဲ ပြင်းထန်သော တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။

သို့သော် ယခုအခါတွင်မူ မွန်းတည့်ချိန်ဖြစ်ပြီး လူအများအပြား ရှိနေသဖြင့် လူတိုင်းကို အံ့အားသင့်သွားစေသည်။

အမျိုးမျိုးသော အကြည့်များက ယွီရွေ့ကျူးနှင့် သူမ ဘေးရှိ ဟော်ချန်ယဲ့ အပေါ်သို့ ကျရောက်လာသည်။

ဤခန္ဓာကိုယ် မူလပိုင်ရှင်ကို လှောင်ပြောင်ခဲ့ကြသော ရွာသားများကို မှတ်ဉာဏ်များထဲမှတစ်ဆင့် ယွီရွေ့ကျူးက အလွယ် တကူ မှတ်မိနိုင်သည်။ သို့သော်လည်း ယခုအခါ သူတို့က သူမကို မလှောင်ပြောင်ရဲကြတော့ပေ။

သူတို့ထဲမှ အများအပြားမှာ မြို့ပေါ်ရှိ ယွီရွေ့ကျူး စီးပွားရေးလုပ်ငန်း အကြောင်းကို ကြားဖူးကြပြီး အချို့ဆိုလျှင် သူမက ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမတွင် လမ်းဘေးဆိုင် ဖွင့်ထားသည်ကိုပင် မြင်ဖူးကြသည်။

သို့သော် ထိုအချိန်က ရွာထဲတွင် သတင်းပြန့်သွားစဉ် လူတိုင်းက အထင်သေးခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ လမ်းဘေးဆိုင် တစ်ဆိုင်မှ ငွေမည်မျှ ရနိုင်မည်နည်း။

လေထဲ မိုးထဲတွင် အလုပ်လုပ်ရခြင်းက ဂုဏ်သိက္ခာကျဆင်းစေသည်။ ထို့အပြင် ယွီရွေ့ကျူးတွင် ဘာကျွမ်းကျင်မှု ရှိသနည်း။ သူမတွင် ငွေအများကြီးရှာနိုင်မည့် ဘာစွမ်းရည် ရှိသနည်း။

ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက ထွန်စက်တောင် ဝယ်လိုက်ပြီလား

အချို့လူများက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ထွန်စက်မှာ ငှားလာခြင်း ဖြစ်မည်ဟု ထင်ကာ မယုံကြည်ကြပေ။

ဤခေတ်ကာလတွင် ထွန်စက်ကဲ့သို့ ဈေးကြီးသော ပစ္စည်းကို အခြားသူတစ်ဦးအား မည်သူက လိုလိုလားလား ငှားရမ်းမည်နည်းဆိုသည်ကို သူတို့ ထည့်မတွေးခဲ့ပေ။

သူတို့က ထွန်စက်နောက်သို့ အတန်ကြာ လိုက်သွားခဲ့ကြပြီး ယွီမိသားစုအိမ်သို့ ရောက်ချိန်တွင်ပင် လူအများအပြားက မြင်ကွင်းကို စောင့်ကြည့်ရန် စုဝေးလာကြဆဲပင်။

"ယွီရွေ့ကျူးနဲ့ ချင်းရှန်းတို့ ဖောက်ပြန်နေတယ်လို့ ပြောကြတယ် မဟုတ်လား၊ သူတို့ ဘာလို့ ကွာရှင်းမသွားကြသေးတာလဲ"

"ဒီလောက်တောင် ကြာနေပြီကို၊ သူတို့ ပြန်အဆင်ပြေသွားကြတဲ့ပုံပဲ၊ ဘာတွေ ဖြစ်နေတာလဲ"

"သူတို့က ထွန်စက်တောင် ဝယ်ထားသေးတယ်လား၊ မြို့ပေါ်က ယွီရွေ့ကျူးရဲ့ လမ်းဘေးဆိုင်က အခု ဘယ်လို အခြေအ နေ ရှိနေလဲ ဘယ်သူသိမှာလဲ"

"ဟေ့... ယွီရွေ့ကျူးက စုန့်ချင်းရှန်း အပေါ် သံယောဇဉ် ရှိနေတုန်းပဲလို့ မင်းတို့ ထင်လား၊ ဘယ်သူက ပိုအောင်မြင်လဲ၊ စုန့်ချင်းရှန်းလား၊ ဒါမှမဟုတ် သူ့ယောက်ျားလား"

လူအများအပြားက ရှင်းလင်းသော အဖြေမပေးနိုင်ဘဲ ဗလုံးဗထွေးဖြင့် ဝေဝါးသော အဖြေများကိုသာ ပေးကြသည်။

ပုံမှန်ဆိုလျှင် အစိုးရအလုပ် ရှိသည့် စုန့်ချင်းရှန်းမှာ ပိုမို တောက်ပသော အနာဂတ် ရှိသင့်သော်လည်းစုန့်ချင်းရှန်းက ဤမျှ ကြီးမားသော ထွန်စက်ကြီးကို ဝယ်နိုင်မည်လား။

'ဒီထွန်စက်က ယွမ်ငွေ ထောင်ဂဏန်းလောက် ပေးရတယ်လို့ သူတို့ ကြားဖူးတယ်၊ စုန့်ချင်းရှန်းကတော့ အရာရှိ တစ်ယောက် ဖြစ်သွားပေမဲ့ ရည်းစားရှိလို့ပဲ ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် မိသားစုဆီကနေ ပိုက်ဆံ အမြဲတမ်း တောင်းနေတာဆိုတော့ သူတို့ စုဆောင်းထားတာတွေတောင် ပြောင်လုနီးပါး ဖြစ်နေပြီတဲ့၊ စုန့် ရဲ့ မိခင်က တော်တော်လေး အိုမင်းသွားပြီး အိမ်မှာ နေ့တိုင်းငိုနေတာကို အိမ်နီးချင်းတွေ အားလုံးက ရှင်းရှင်းလင်းလင်း ကြားနေရတာ'

သူတို့ သိပ်နားမလည်ကြသော်လည်း ထွန်စက်က ယွီမိသားစု ခြံဝင်းထဲသို့ ဝင်သွားချိန်တွင် ယွီရှားနှင့် သူမ ခင်ပွန်းတို့ နောက်ခန်းတွင် ထိုင်နေသည်ကို သူတို့ နောက်ကျမှ သတိထားမိသည်။

ထို့နောက် တံခါးပိတ်သွားသောအခါ စိတ်ဝင်စားစရာ မည်သည့်အရာကိုမျှ မြင်ရတော့မည် မဟုတ်ကြောင်း သဘော ပေါက်သွားပြီး လူအုပ်ကြီးမှာ စိတ်ပျက်လက်ပျက်ဖြင့် လူစုကွဲသွားသည်။

သို့သော် နောက်ရက်အနည်းငယ် အတွင်း ယွီရွေ့ကျူးမှာ ရွာထဲတွင် ရေပန်းအစားဆုံး သတင်းဖြစ်လာမည်ကို သူတို့ ခန့်မှန်းနိုင်သည်။

ယွီရှားမှာ ရွာသားများစွာ ရုတ်တရက် ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွားသည်။ သူမ မျက်နှာများ နီမြန်းသွားပြီး နောက်ခန်းမှ ဆင်းလာရာ ယွီရွေ့ကျူးက သူမကို ဖမ်းထိန်းပေးသည်။

ယွီရွေ့ကျူးမှာမူ ဤအရာများကို ကျင့်သားရနေပြီဖြစ်ကာ သိပ်ပြီး တုံ့ပြန်မှု မရှိလှပေ။

သူတို့ လေးယောက် မတ်မတ် ရပ်လိုက်သည်နှင့် ယွီမိဘများက သူတို့ကို နှုတ်ဆက်ရန် ထွက်လာကြသည်။ ယွီရွေ့ကျူး မော့ကြည့်ရာ ချက်ချင်းပင် မှင်သက်သွားတော့သည်။

သူမ မျက်တောင်ခတ်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်ကာ နေရာမှား ရောက်မလာကြောင်း သေချာအောင် စစ်ဆေး လသည်။

"ဒါက..."

ယွီမားမား မျက်လုံးများမှာ သူတို့ အနောက်ဘက်ရှိ ထွန်စက်ကို မြင်သောအခါ တောက်ပလာတော့သည်။ သူမက ယွီရွေ့ကျူးကို ပြန်လည် တုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က မိုးတွေ တအား သည်းတယ်လေ၊ ငါတို့ရဲ့ ငါးကန်တွေ ရေမြုပ်သွားတယ်၊ ဒါက ငါတို့ရဲ့ အိမ်ဟောင်းလေ၊ ကံဆိုးချင်တော့ လေနဲ့ မိုးကြောင့် အိမ်က ပြိုကျသွားတယ်၊ နင့်အဖေနဲ့ ငါ ပြန်ဆောက်မလို့ လုပ်နေတုန်း နင်တို့ ပြန်လာတယ်ဆိုတာ သိလိုက်ရတာ"

သူမက ခေတ္တမျှ စိုးရိမ်တကြီး စဉ်းစားပြီးနောက် ပြောသည်။

"နင်တို့က မွန်းတည့်မှ ရောက်လာတာ၊ အိမ်ကလည်း ဒီလို ပြိုကျနေပြီဆိုတော့ ဒီည မပြန်ဘူးဆိုရင် နေစရာနေရာ ရှိမှာ မဟုတ်ဘူး"

All Chapters