← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

Chapter 195

ဟော်ချန်ယဲ့မှာ မည်သည့် ရွံရှာဟန်မျှ မပြဘဲ ယွီရွေ့ကျူး ဖရဲသီးအရည်များ ပေကျံနေသော နှုတ်ခမ်းများကိုပင် လက်ဆန့်ကာ သုတ်ပေးသေးသည်။

ယွီရွေ့ကျူး ဖရဲသီးစားပြီးနောက် သူမ လက်များမှာ အနည်းငယ် စေးကပ်နေသည်။

သူက ကြိုတင်ပြင်ဆင်ထားသော ရေစိုတဘက်တစ်ထည်ကို ယူကာ သူမ လက်ကို စိတ်ရှည်လက်ရှည် ကိုင်ထားပြီး လက်ချောင်းလေး တစ်ချောင်းချင်းစီကို သေချာစွာ သုတ်ပေးသည်။

ထို့နောက်မှသာ သူက တဘက်ကို သွားရောက် ဆေးကြောလေသည်။ သူ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ချောမွေ့ပြီး သဘာဝကျလွန်းလှသဖြင့် ယွီမားမားနှင့် ယွီရှားတို့မှာ မှင်သက်သွားကြသည်။

'နေပါဦး...'

'ပြီးခဲ့တဲ့ တစ်ခေါက် အိမ်ပြန်လာလည်တုန်းက သူတို့ရဲ့ ဆက်ဆံရေးက အတော်လေး တင်းမာနေခဲ့တာ မဟုတ်ဘူးလား

ဒီလောက် အချိန်တိုလေး အတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ'

အိမ်ပြန်လာလည်စဉ်အတွင်း ဟော်ချန်ယဲ့က သူ့ဇနီးကို အထင်ကြီးစေရန် တမင်တကာ ဟန်ဆောင်နေမည့် လူစားမျိုးနှင့် မတူပေ။

ဟော်ချန်ယဲ့ကို ဂရုစိုက်ရန် ယခင်က ယွီရွေ့ကျူးအား သူမ မှာကြားခဲ့သည်ကို သတိရမိသော်လည်း ယခုအခါတွင်မူ ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို ဂရုစိုက်နေပြီး ဖရဲသီးခွံ့ကာ သူမ လက်များကို သုတ်ပေးနေသည်ကို မြင်ရသဖြင့် ယွီမားမားမှာ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။ သူမ ယခင် စိုးရိမ်ပူပန်မှုများ အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားတော့သည်။

'ဒီလူငယ် ဇနီးမောင်နှံက... ဆက်ဆံရေး တော်တော်လေး ကောင်းပုံရသား'

'ဒါပေမဲ့ သူတို့ ဆက်ဆံရေး ကောင်းတယ်ဆိုရင် ဘာလို့ ကလေး မရကြသေးတာလဲ'

ယွီမားမား စိတ်ထဲတွင် အတွေးများ ပြေးလွှားနေတော့သည်။ လူကြီးပိုင်းများမှာ အလေ့အကျင့်အရ သူတို့ကို ကလေးယူရန် တိုက်တွန်းချင်ကြသော်လည်း ယွီရွေ့ကျူးအား အသေးစိတ် မေးမြန်းရန် သူမ အနေရခက်နေသဖြင့် တိုးတိုးလေး ချောင်းဟန့်ကာ တိတ်ဆိတ်စွာ နေတော့သည်။ ယွီရွေ့ကျူး ထောင်ဟွာရွာ တွင် အဆင်ပြေနေကြောင်း သိရသဖြင့် သူမ စိတ်သက်သာရာ ရသွားတော့သည်။

မွန်းတည့်ချိန်လောက်တွင် သူတို့ လျင်မြန်စွာ ချက်ပြုတ်ပြီးစီးသွားပြီး အနားယူသည်။

နေ့လယ်စာ အဆင်သင့်ဖြစ်နေပြီး အပြင်ဘက်တွင် ဖြတ်သွားဖြတ်လာ လုပ်နေကြသော လူများက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကို လှမ်းကြည့်ကြသည်။

လူအများအပြားက ထွန်စက်ကို ဝိုင်းပတ်ကြည့်ရှုရင်း အချင်းချင်း စကားပြောနေသည်။

ယွီမိသားစု ခြံဝင်းမှာ ဤမျှ မစည်ကားသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။ ယခင်က မူလပိုင်ရှင်မှာ အချစ်ကို အရူးအမူး ဖြစ်နေခဲ့သဖြင့် ခြံဝင်းမှာ စည်ကားခဲ့သော်လည်း ရွာသားများ လှောင်ပြောင်ခြင်းကိုသာ ခံခဲ့ရသည်။

ယခုအခါတွင်မူ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ စွမ်းဆောင်ရည်များကို လေးစားအားကျမှုကြောင့် စည်ကားနေခြင်း ဖြစ်သည်။ အလွန်ကို ကွဲပြားခြားနားလှသည်။

နေ့လယ်စာအတွက် ခမ်းနားသော ဟင်းလျာများ မပါရှိဘဲ ရိုးရှင်းသော အကြော်အလှော် အနည်းငယ်သာ ပါရှိပြီး အားလုံးကို ယွီရွေ့ကျူး ကိုယ်တိုင် ချက်ပြုတ်ထားခြင်း ဖြစ်သော် လည်း အရသာရှိပြီး ကြည့်ကောင်းကာ မိသားစုတစ်ခုလုံး ကျေနပ်အားရစွာ စားသောက်ခဲ့သည်။

အထူးသဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ စိတ်လှုပ်ရှားကာ မနာလိုအားကျနေသော ရွာသားများ အသံကို ကြားရသော အခါ ယွီမိဘများမှာ ဝိုင်အချို့ကိုပင် ထုတ်ယူလာပြီး ဝမ်းသာအားရ သောက်သုံးကြတော့သည်။

မွန်းလွဲပိုင်းတွင် သူတို့ ဆက်လက် အလုပ်လုပ်ကြပြီး ခေါင်မိုးနှင့် အလယ်နံရံကို ပြုပြင်ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အလုပ်မှာ လျင်မြန်စွာ မပြီး စီးနိုင်ပေ။ ညနေစောင်းချိန်အထိ လုပ်စရာများအများအပြား ကျန်ရှိနေသေးသည်။

ယွီမိဘများက သူတို့ကို အလုပ်မပျက်စေရန် အိမ်ပြန်ဖို့ တိုက်တွန်းကြသော်လည်း ယွီရှားနှင့် ကျောက်ကျစ်ဖန်တို့မှာ အလုပ်နားရက် ရထားပြီးဖြစ်ကာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကလည်း ဆိုင်သို့ ကြိုတင် အကြောင်းကြားထားပြီး ဖြစ်လေသည်။ သူတို့ အလုပ်တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်ရာ မထွက်ခွာမီ အပြီးသတ် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုညက တာတုန်းရွသို့ မပြန်ပါက လူများစွာ အိပ်ရန် နေရာလုံလောက်မည် မဟုတ်ပေ။ ယွီမိသားစုအိမ် ဖွဲ့စည်းပုံမှာ ရွာထဲရှိ အခြားအိမ်များကဲ့သို့ပင်။

အရှေ့ခန်းနှင့် အနောက်ခန်းဟူ၍ အခန်းနှစ်ခန်းသာ ရှိလေသည်။ အခန်းတစ်ခန်းမှာ ပုံမှန်အားဖြင့် အလွတ်ဖြစ်ပြီး ပစ္စည်းအဟောင်းများ သိမ်းဆည်းရန် အသုံးပြုသော်လည်း ဧည့်သည်များ လာသောအခါ အိပ်ရန်နေရာအဖြစ် အသုံးပြုလေ့ရှိသည်။

ပုံမှန်အားဖြင့် သူတို့ ငါးယောက်စလုံး အခန်းနှစ်ခန်းထဲတွင် ကြိတ်ခဲ၍ အိပ်နိုင်သော်လည်း ယခု သမီးနှစ်ယောက်စလုံးမှာ ယောင်္ကျားများ ရှိနေကြပြီဖြစ်ရာ အားလုံးကို နေရာချထားရန် အခန်းများမှာ သေးငယ်လွန်းလှသည်။

လူနေသည့် အခန်းခေါင်မိုးမှာလည်း မပြင်ရသေးသဖြင့် ထိုနေရာတွင် နေထိုင်ရန် ပိုခက်ခဲသည်။

ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် ယွီမိသားစု၏ ဆွေမျိုးများ ရှိနေပြီး ယွီမိဘများက သူတို့ ခရီးဆောင်အိတ်များကို သယ်ဆောင်ကာ ဆွေမျိုးများအိမ်တွင် တစ်ည သွား ရောက် တည်းခိုရန် ပြင်ဆင်ပေးသည်။

ယွီရွေ့ကျူး၊ ယွီရှားနှင့် သူတို့ ခင်ပွန်းများမှာမူယွီ မိသားစုအိမ်တွင် ကျန်ရစ်ခဲ့သည်။

သူတို့ကို အခန်းများ ရွေးချယ်ခွင့်လည်း ပေးထားသည်။

ယွီရွေ့ကျူး "..."

ယွီရှား "..."

အခန်းတစ်ခန်းမှာ ပုံမှန်အားဖြင့် အုတ်ခုတင်ကို အပူမပေးထားသော ပစ္စည်းသိုလှောင်ခန်းဖြစ်သည်။ နောက်တစ်ခန်းမှာမူ မပြင်ရသေးသော ခေါင်မိုးတွင် အပေါက်ကြီးတစ်ခု ရှိသည်။

အခန်းနှစ်ခန်းစလုံးမှာ သိပ်မကောင်းလှပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် ယွီရွေ့ကျူးက ခေါင်မိုးပေါက်နေသော အခန်းကို ရွေးချယ်လေသည်။ ထိုအရာသည် လေအေးပေးစက် အလကားရသလို ဖြစ်ပြီး အခန်းထဲတွင် ပိုမိုအေးမြနေမည်ဟု တွေးမိသည်။

ယွီရှားကမူ အနောက်ဘက် အခန်းကို ရွေးချယ်သည်။

ယွီမိဘများ အိမ်တွင် မရှိဘဲ လူငယ် ဇနီးမောင်နှံ နှစ်စုံသာ နေထိုင်ရပြီး တစ်စုံက အရှေ့ခန်းတွင်၊ နောက်တစ်စုံက အနောက်ခန်းတွင် နေရသည်မှာ သူတို့ အိမ်ထောင်မကျမီ အချိန်များနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အနေရခက်လှသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အနေရခက်ရန် အချိန်သိပ်မရှိပေ။ ဇနီးမောင်နှံ နှစ်စုံစလုံးမှာ အခန်းများကို ရှင်းလင်းရန်နှင့် ဟင်းချက်ရန် အလုပ်များနေသည်။

အနောက်ဘက် အခန်းတွင် ပုံမှန်အားဖြင့် လူမနေသဖြင့် ယွီရှားက အုတ်ခုတင်ကို သန့်ရှင်းရေးလုပ်ကာ သုတ်သင်နေစဉ် ကျောက်ကျစ်ဖန် တုံ့ဆိုင်းစွာဖြင့် သူမကို တွန်းကာ တံခါးကို ဖွင့်ပြီး သူမကို မီးဖိုချောင်ထဲသို့ တွန်းထုတ်လေသည်။

နားမလည်နိုင်ဖြစ်သွားသော ယွီရှားက နံရံကိုကိုင်ကာ အနည်းငယ် ဒေါသထွက်သွားသည်။

"ရှင် ဘာလုပ်နေတာလဲ၊ ကျွန်မ အလုပ်လုပ်လို့ မပြီးသေးဘူးလေ"

အိမ်ထဲရှိ ကျောက်ကျစ်ဖန်က တံခါးကို ဖွင့်ကာ သူမကို မေးသည်။

"ငါပြောတာ သေချာကြားရလား"

"သေချာပေါက် ကြားရတာပေါ့"

ယွီရှား သူ့ကို စိတ်တိုစွာဖြင့် ကြည့်သည်။

"ပါးတို့ မားတို့ အိမ်က အိမ်ဟောင်းကြီးလေ၊ အသံလုံတာမှ မဟုတ်တာ၊ သူတို့ ဘာပြောလဲဆိုတာ အလွယ်တကူ ကြားနိုင်တာပေါ့"

"အဲဒါ နည်းနည်း ပျင်းစရာမကောင်းဘူးလား"

ကျောက်ကျစ်ဖန်က မကျေမနပ်ဖြစ်ကာ နှာခေါင်းရှုံ့မိသည်။

ယွီရှားမှာ အစပိုင်းတွင် သဘောမပေါက်ခဲ့သော်လည်း လျင်မြန်စွာပင် ဘာဖြစ်နေသနည်းဆိုတာကို နားလည်သွားပြီး မျက်နှာနီမြန်းသွားသည်။ သူမက ဒေါသတကြီးဖြင့် သူ့ကို ထုရန် လက်သီးကို ရွယ်လေသည်။

"ရှင် ဘာလုပ်နေတာလဲ... ပါးနဲ့ မားကို ခေါင်မိုးပြင်ပေးဖို့ ကျွန်မတို့ ဒီရောက်နေတာလေ၊ ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ အဲဒီလို အသုံးမကျတဲ့ ကိစ္စတွေကို တွေးနေတာ ရပ်လို့မရဘူးလား၊ အရှက်မရှိတဲ့ လူကြီး"

သူ့ကို ဆူပူပြီးနောက် ဘေးခန်းမှ ယွီရွေ့ကျူး ကြားသွားမည်ကိုစိုးရိမ်သဖြင့် သူမ လျင်မြန်စွာပင် ကျောက်ကျစ်ဖန်၏ ပါးစပ်ကို အုပ်ကာ အိမ်ထဲသို့ တွန်းသွင်းတော့သည်။

ကျောက်ကျစ်ဖန် မှာ စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်လုံးလှန်မိသည်။

"ဟေး ယွီရှား... မင်းက မင်းယောက်ျားကို သတ်ဖို့ ကြိုးစားနေတာလား၊ အသံမလုံတာက အဲဒီလောက် မဆိုးပါဘူး၊ တံခါးနှစ်ပေါက်လုံး ပိတ်ထားရင် စကားတစ်ခွန်းမှ မကြားရဘူး၊ မင်း အော်မနေသရွေ့ အဆင်ပြေမှာပါ"

"အဲဒါလည်း မရဘူး၊ အခုကစပြီး စကားတစ်ခွန်းမှ မဟနဲ့"

ယွီရှားက ကျောက်ကျစ်ဖန် ထံသို့ တံမြက်စည်း တစ်ချောင်း ထိုးပေးပြီး စိတ်တိုစွာဖြင့် အမိန့်ပေးသည်။

"ကြမ်းပြင် လှည်းလိုက်၊ အဲဒါပြီးရင် ဟင်းချက်စားပြီး အိပ်ကြမယ်၊ မနက်ဖြန် အလုပ်ပြီးရင် ငါတို့ ပြန်ကြမယ်"

"အင်းပါ"

ယွီရှားမှာ နားရွက်များ နီရဲလျက် အုတ်ခုတင်ကို စတင် သုတ်သည်။

ပြတင်းပေါက်အနီးတွင် ကြက်ခြံ ရှိနေသောကြောင့်လားမသိ သူမ ကြားနေရသည်မှာ ကြက်တွန်သံများသာ ဖြစ်ပြီး ယွီရွေ့ကျူးတို့ ဘက်မှ မည်သည့်အသံကိုမျှ မကြားရပေ။

'သူမတို့ ဘက်ကပဲ ဆူညံနေပုံပဲ၊ ကျောက်ကျစ်ဖန်က တကယ် ကပေါက်တိကပေါက်ချာပဲ၊ ဟော်ချန်ယဲ့ကတော့ ကျူးအာနဲ့ အတူတူ အိပ်နေလောက်ပြီ'

'ဟူး...'

ယွီရှားက စဉ်းစားခန်း ဝင်နေဆဲဖြစ်သော်လည်း ယွီရွေ့ကျူး အခြေအနေမှာလည်း သိပ်မကောင်းလှကြောင်း သူမ မသိရှာပေ။

သူမက ဤနေရာတွင် အိပ်ရန်ကြိုတင် ပြင်ဆင်မထားခဲ့သဖြင့် ယွီရွေ့ကျူးတွင် လဲဝတ်ရန် အဝတ်အစားများ ပါမလာခဲ့ပေ။

သူမက ပုံမှန်အားဖြင့် အိမ်တွင် သက်တောင့်သက်သာ ရှိစေရန် ညအိပ်ဝတ်စုံကိုသာ လဲဝတ်လေ့ရှိသည်။

ခေတ္တမျှ တွေးတောပြီးနောက် ထောင်ဟွာရွာသို့ မယူသွားဖြစ်ခဲ့သော အဝတ်အစားများ အိမ်တွင် ကျန်ရှိနေသေးသလားဟု မူလပိုင်ရှင်၏ ဗီရိုထဲတွင် သွားရောက် ရှာဖွေကြည့်သည်။

သူမ အချို့ကို တွေ့ရှိခဲ့သော်လည်း အားလုံးမှာ မူလပိုင်ရှင် ငယ်ရွယ်စဉ်က အဝတ်အစားများသာ ဖြစ်ပြီး အချို့မှာ သူမ ခန္ဓာကိုယ် မဖွံ့ဖြိုးမီက အဝတ်အစားများပင်။

ယွီရွေ့ကျူး တုံ့ဆိုင်းသွားပြီးနောက် အသင့်တော်ဆုံး တစ်ထည်ကို ရွေးချယ်ကာ ဝတ်ဆင်လေသည်။

ထိုအချိန်တွင် ဟော်ချန်ယဲ့မှာ ညနေစာ ကြက်ဥကြော်ရန် ကြက်သွန်မြိတ် အနည်းငယ် ခူးပြီး အပြင်မှ ပြန်ရောက်လာသည်။

သူ အိမ်ကို ရှင်းလင်းရန် တံခါးကို တွန်းဖွင့်လိုက်သော်လည်း ဝင်သည်နှင့် တစ်ပြိုင်နက် သူ့ မျက်လုံးများမှာ ကျဥ်မြောင်းသွားသည်။

ဟော်ချန်ယဲ့က အလိုအလျောက်ပင် တံခါးကို ဘိုင်းခနဲပိတ်ပြီးနောက် အမောတကော အသက်ရှူကာ အချိန်အတော်ကြာအောင် အကြည့်မလွှဲဘဲ ယွီရွေ့ကျူးကို စိုက်ကြည့်မိသည်။

သူ့ အကြည့်များမှာ ပိုပြင်းထန်လာသည်။

'ယွီရွေ့ကျူးရဲ့ ရင်သားတွေက ပိုပြည့်ဖြိုးလာပုံပဲ'

All Chapters