အခန်း ၁၉၆
Vol. 20 Ch. 196
Chapter 196
သူ ထင်ယောင်ထင်မှား ဖြစ်နေတာလားဟု တွေးမိသော် လည်း ပုံမှန်အားဖြင့် သွယ်လျသော သူမခါးနှင့် ထင်ရှားသော ရင်သားများမှာ ယခုအခါ တင်းကျပ်သော အဖြူရောင် ဂါဝန်လေးထဲတွင် ထုပ်ပိုးခြင်း ခံထားရသည်။
သူမ ခန္ဓာကိုယ် အပေါ်ပိုင်း တင်းကျပ်မှုက ထိုအမှတ်အသားများကို ပိုထင်ရှားစေပြီး ကိုယ်ကျပ်စကတ်က သူမ တင်းရင်းသော တင်ပါးအကွေးအကောက်များကို ပေါ်လွင်စေသည်။
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး အရွယ်အစားကို သူကိုယ်တိုင် တိုင်းတာခဲ့သော ညကို ချက်ချင်းပင် ပြန်လည်သတိရလာသည်။
သူ့ လက်ဖဝါးများပင် ပူလောင်လာတော့သည်။
သူ နှုတ်ခမ်းကို တင်းတင်းစေ့ရာ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ အလိုအလျောက်ပင် ရှေ့သို့လှမ်းသွားပြီး ယွီရွေ့ကျူးကို အနောက်မှနေ၍ ဖက်လိုက်သည်။
"ရွေ့ကျူး..."
သူမ အနောက်တွင် လူတစ်ယောက် ရှိနေသည်ကို ယွီရွေ့ကျူး သတိမထားမိခဲ့ပေ။ ဟော်ချန်ယဲ့က သူမကို ဖက်လိုက်ချိန်မှသာ သူမ တုံ့ပြန်နိုင်ခဲ့သည်။
ယွီရွေ့ကျူး လန့်ဖြန့်သွားသဖြင့် သူ့ လက်မောင်းကို ရိုက်မိသည်။
"ဟော်ချန်ယဲ့၊ ရှင် ကျွန်မကို တအား တင်းအောင် ဖက်ထားတာပဲ၊ ဒီဂါဝန်က အရမ်းကျပ်နေတာကို၊ ပြီးတော့ သိပ်မတော်ဘူး၊ အနေရခက်လွန်းတယ်... လွှတ်... အာ့..."
ထိုဂါဝန်ကို ချွတ်ပြီး တခြားတစ်ခု ပြောင်းဝတ်ကြည့်ရန် လွှတ်ပေးဖို့ ဟော်ချန်ယဲ့ကို သူမ ပြောချင်ခဲ့သည်။ သို့သော် သူမ စကားမဆုံးမီမှာပင် သူမ နားရွက်များမှာ ပူလောင်လာသည်။
ချက်ချင်းပင် သူမ သူ့ကို ရှောင်ဖယ်ရန် ခေါင်းကို စောင်းပြီး အသက်ကိုပြင်းပြင်းရှူတိုင်း သူမ ညှပ်ရိုးတွင် နက်ရှိုင်းသော ချိုင့်ခွက်လေးတစ်ခု ပေါ်လာသည်။
သို့သော် သူ့ကို ရှောင်ဖယ်နိုင်မည့်အစား သူမ လည်ပင်းပေါ်တွင် ပူလောင်သော အပူငွေ့တစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာသည် ဟော်ချန်ယဲ့ နှုတ်ခမ်းများပင်။
သူ့ ပါးလွှာသော နှုတ်ခမ်းများက ယွီရွေ့ကျူး လည်ပင်းပေါ်သို့ ဖွဖွလေး ကျရောက်လာပြီး အနမ်းတစ်ချက်စီတိုင်းနှင့်အတူ သူ့ အသက်ရှူနှုန်းများမှာ ပိုမိုလျင်မြန်လာသည်။
ယွီရွေ့ကျူး သူ့ကို တားဆီးချင်သော်လည်း စကားမပြောနိုင်တော့ပေ။
ဟော်ချန်ယဲ့က သူမ နားရွက်လေးကို နမ်းလာသည်။ သူမက အသံမထွက်စေရန် နှုတ်ခမ်းများကို အုပ်ထားသော်လည်း တိုးညှင်းသော ညည်းသံလေးတစ်ခု ထွက်သွားဆဲပင်။
နီမြန်းမှုတစ်ခုက သူမ ပါးပြင်များပေါ်တွင် ပျံ့နှံ့လာသည်။
ယွီရွေ့ကျူး နားရွက်တွင် အနီရောင် မှည့်လေးတစ်ခု ရှိသည်။ ၎င်းမှာ ဟော်ချန်ယဲ့ အထူးသဘောကျသော မှည့်လေးဖြစ်ပြီး သူ မကြာခဏ စိုက်ကြည့်လေ့ရှိသော အရာဖြစ်သည်။
ယခုအခါ အနောက်မှနေ၍ ကိုင်းညွတ်ကာ သူက အထူး အာရုံစိုက်နေသဖြင့် ယွီရွေ့ကျူး နားရွက်များမှာ အလွန် ပူထူလာသလို ခံစားရသည်။
မကြာမီမှာပင် ပိုသန်မာပြီး ကြွက်သားအပြည့်ရှိသော လက်မောင်းများက သူမ ခါးကို ရစ်ပတ်လာသည်။
ကံကောင်းထောက်မစွာဖြင့် ဟော်ချန်ယဲ့မှာ ထိန်းချုပ်နိုင်စွမ်းရှိပြီး သူတို့ ယွီ မိသားစုအိမ်တွင် ရောက်နေကြောင်း သတိရှိသည်။
ဟော်ချန်ယဲ့ ပွတ်သည်းပွတ်သပ် အပြုအမူကို ယွီရွေ့ကျူး သည်းမခံနိုင်တော့သဖြင့် သူ့ကို နှစ်သိမ့်ရန် နှစ်ကြိမ်ခန့် နမ်းလိုက်ရသည်။
ထိုအချိန်မှသာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြစ်ကာ ယွီရွေ့ကျူး နားရွက်လေးမှ စိတ်မပါ့တပါဖြင့် ဖယ်ခွာသွားတော့သည်။
ယွီရွေ့ကျူးက သူမ နားရွက်ကို ပွတ်သပ်ရန် လက်ကို မြှောက်မိသည်။ ၎င်းမှာ စိုစွတ်နေပြီး ရေစက်များဖြင့် တလက်လက် တောက်ပနေကာ သူမ နားရွက်လေးမှာ မီးလောင်နေသည့်အလား နီရဲလာတော့သည်။
သူမ မနေနိုင်ဘဲ ဟော်ချန်ယဲ့ကို ဒေါသတကြီး စူးရဲစွာ ကြည့်မိသည်။ သို့သော်လည်း သူမ ပါးပြင်များမှာ နီမြန်းဆဲဖြစ်ပြီး နားရွက်များမှာလည်း နီရဲနေကာ မျက်လုံးများမှာ စိုစွတ်လျက် မျက်တောင်များ ပုတ်ခတ်လုပ်ကာ သူ့ကို လှမ်းကြည့်သည်။
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည်ဖြစ်လျက် လက် သီးများကို ဆုပ်ကာ သူ့အကြည့်များက သူမအပေါ်တွင်သာ စွဲကပ်နေသည်။
'ဒါက သူမ သူ့ကို အပြစ်တင်နေတာနဲ့ မတူဘဲ စွဲဆောင်တာနဲ့ ပိုတူတယ်'
တင်းကျပ်စွာ ပွေ့ဖက်ထားမှုထဲမှ သူ့ ပုံမှန်မဟုတ်သော အခြေအနေကို ယွီရွေ့ကျူး သတိထားမိသွားသည်။
ယွီရွေ့ကျူး "..."
မကြာသေးမီက သူတို့ ဘာမှမလုပ်ဖြစ်ကြသဖြင့် ဟော်ချန်ယဲ့ တစ်ယောက် ထူးထူးဆန်းဆန်း ဖြစ်နေလားဟု တွေးရင်း သူမက နားရွက်များကို စိတ်ရှုပ်စွာဖြင့် ပွတ်သပ်မိသည်။
'သူက ဘာလို့ မကျေနပ်နိုင်သလို ဖြစ်နေရတာလဲ... ဒီလောက် လွယ်လွယ်လေးနဲ့...'
သူမ မနေနိုင်ဘဲ ဟော်ချန်ယဲ့ကို တွန်းဖယ်မိသည်။
"ကျွန်မ အဝတ်အစားလဲရဦးမယ်၊ ရှင် အရင် အပြင်ထွက်နေ"
ဟော်ချန်ယဲ့ လုံးဝမလှုပ်ပေ။ သူက ယွီရွေ့ကျူးကို စိုက်ကြည့်ကာ အက်ရှရှ အသံဖြင့်ပြောသည်။
"ကိုယ် မင်းကို ကူပေးမယ် ရွေ့ကျူး"
ယွီရွေ့ကျူးမှာ အားအများကြီး စိုက်ထုတ်ခဲ့သော်လည်း ဟော်ချန်ယဲ့ ရင်ဘတ်ကို တွန်းချိန်တွင် သူမ ကြိုးစားအား ထုတ်မှုများမှာ အချည်းနှီး ဖြစ်သည့်အလား မလှုပ်မယှက် ရှိနေသည်။
သူ့ စကားကို ကြားသောအခါ ယွီရွေ့ကျူးမှာ ဒေါသထွက်ပြီး မနေနိုင်ဘဲ ရယ်ချမိသည်။
သူမက ဟော်ချန်ယဲ့ အောက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ့ ဟန်ဆောင် တည်ငြိမ်နေမှုကို မော့ကြည့်ကာ ပြောစရာစကားပင် ပျောက်ရှသွားသည်။
သူ့ကို ယုံကြည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
အဓိက ပြဿနာမှာ ယွီရွေ့ကျူးက ဂါဝန်တစ်ထည် ဝတ်ဆင်ထားပြီး အင်္ကျီအဟောင်း ဖြစ်နေသဖြင့် အနည်းငယ်တင်း ကျပ်နေခြင်းပင်။ ယွီရွေ့ကျူး ဇစ်ကို ဖြုတ်ရန် လှမ်းဆွဲလိုက်သော်လည်း ၎င်းမှာ သံချေးတက်နေပုံရပြီး လုံးဝ မရွေ့ချေ။
ယွီရွေ့ကျူး "..."
သူမ လက်လျှော့ပြီး ဟော်ချန်ယဲ့ကို ဗလာကျင်းနေသော အမူအရာဖြင့် ကြည့်လေသည်။
"ရှင် လုပ်လိုက်တော့"
ဟော်ချန်ယဲ့ မျက်လုံးများမှာ လျင်မြန်စွာ တောက်ပသွားပြီး မျက်လွှာချကာ သူ့နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အင်း"
ဤကဲ့သို့သော ကိစ္စမျိုးအတွက် သူ အတော်လေး စိတ်အားထက်သန်နေပုံပေါ်သည်။ ယွီရွေ့ကျူးက သူမ ဆံပင်များ အားလုံးကို ရင်ဘတ်ဆီသို့ သပ်ချပြီး ခေါင်းငုံ့ကာ သူ့ကို ဇစ်ဆွဲခိုင်းပြီး အလျင်စလို ပြောသည်။
"မြန်မြန်လုပ်၊ ကျွန်မ အပြင်ထွက်ရဦးမယ်"
ဟော်ချန်ယဲ့ "အင်း..."
သူ တိတ်ဆိတ်နေပြီး မျက်လွှာကို လေးနက်စွာ ချထားသည်။ အနည်းငယ် ကြမ်းတမ်းနေသော လက်ချောင်းလေးများက သူမ လည်ပင်းကို လာရောက် ထိတွေ့လာသည်ကို ယွီရွေ့ကျူး ခံစားရသည်။
'ယားတယ်'
'ပြီးတော့ ငါ့ ဆံပင်တွေကို ရှင်းပေးဖို့ သူ ရှေ့ကို ကိုင်းလိုက်တဲ့ အချိန်မှာ သူရဲ့ အသက်ရှူငွေ့ နွေးနွေးလေးက ငါ့အသားအရေပေါ်ကို လာဟပ်လာတယ်'
'လေတောင် နည်းနည်းပူလာသလိုပဲ'