အခန်း ၂၀၄
Vol. 21 Ch. 204
Chapter 204
စုန့်ချင်းရှန်းမှာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည့်အလား ပြာနှမ်းသွားတော့သည်။
သူ့ နှုတ်ခမ်းများ တုန်ယင်နေကာ စကားဆက်မပြောနိုင်တော့ဘဲ ထိုနေရာတွင်ပင် ကျောက်ရုပ်လို ရပ်ကျန်ခဲ့သည်။
ယွီရွေ့ကျူး သူ့ကို လှည့်ပင်မကြည့်တော့ဘဲ ထွက်လာသည်။
အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သဖြင့် သူမ ကိုင်လာသော ရေခဲချောင်းများမှာ အရည်ပျော်နေပြီဖြစ်သည်။ ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို စိတ်ထဲမှ ကျိန်ဆဲပြီးနောက် ခေါင်းလှည့်လိုက်ရာ နံရံထောင့်ကို မှီနေသော ဟော်ချန်ယဲ့ကို မြင်လိုက်ရသည်။
ယွီရွေ့ကျူး မျက်ခုံးတစ်ဖက်ကို ပင့်မိသည်။
"အိုး... လောဘကြီးလိုက်တာ၊ ရှင် မစောင့်နိုင်လို့ ရေခဲချောင်းကို တံခါးဝအထိတောင် လာစောင့်နေတာလား"
ဟော်ချန်ယဲ့ "..."
သူက တိုးတိုးလေးချောင်းဟန့်ပြီး ယွီရွေ့ကျူး လက်ကောက် ဝတ်ရှိ နာရီကို တိတ်ဆိတ်စွာ ငုံ့ကြည့်ရာ သူ့ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာပြီး သူ့ စိတ် အခြေအနေမှာလည်း အလွန်ကောင်းမွန်လာသည်။
သူ ရှေ့သို့ တိုးလာပြီး ယွီရွေ့ကျူးထံမှ ရေခဲချောင်းများကို ယူကာ အခြားလက်တစ်ဖက်ဖြင့် သူမ လက်ကိုဆုပ်ကိုင် သည်။
"လာ၊ အိမ်ပြန်ကြစို့"
တစ်ခုခုကို ခိုးနားထောင်ထားသည့်အလား သိသာထင်ရှားနေသော ဟော်ချန်ယဲ့ မျက်နှာအမူအရာကို မြင်လိုက်သဖြင့် ယွီရွေ့ကျူး သူ့ကို တစ်ချက်ကြည့်ပြီးနောက် နှုတ်ခမ်းကိုတွန့်ကာ ပြုံးပြီး သူ့ လက်ကို ဆုပ်ကိုင်သည်။
"ကျွန်မ အရသာအပေါ့ဆုံး ရေခဲချောင်းကို စားချင်တယ်"
"ဟုတ်ပြီ"
အပူပြင်းဆုံး နေရောင်ခြည်အောက်တွင် ယွီမိသားစု အိမ် အမိုးအောက်၌ လူတစ်စုတန်းစီထိုင်ကာ ရေခဲချောင်းများ စားနေကြပြီး စုပ်ယူသံများက လေထုထဲတွင် ပျံ့လွင့်လာသည်။
အပြင်ဘက်တွင် စုန့်မားမားမှာ အသည်းအသန် ငိုကြွေးနေပြီး သူမနှင့် စုန့်ချင်းရှန်းတို့ကြား ဆူပူအော်ဟစ်သံများကို ရွာတစ်ရွာလုံး ကြားနေရသည်။
ပါတီအတွင်းရေးမှူး သမီးမှာ အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်ကာ တာတုန်းရွာမှ ထွက်သွားခဲ့ပြီး သူမ မထွက်သွားမီ ပြဿနာရှာသွားခဲ့သဖြင့် စုန့်မိသားစုမှာ ကမောက် ကမ ဖြစ်ကျန်ရစ်ခဲ့သည်ဟု ကြားရသည်။
ရေခဲချောင်းကို စားနေသော ယွီရှားက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
"လူတွေပြောကြသလို အရာတစ်ခုက နောက်အရာတစ်ခုကို နှိမ်နင်းနိုင်တယ် ဆိုတာ တကယ်ပဲ၊ အဒေါ်စုန့်က အရင်က အရမ်းမာနကြီးခဲ့တာ
နင့်အပေါ်ကိုလည်း သူမ အထက်စီးက ဆက်ဆံတာ၊ အခုတော့ သူနဲ့ ထိုက်တန်တာနဲ့ တွေ့သွားပြီ"
အပြင်ဘက်ရှိ ဆူညံပွက်လောရိုက်မှုက ရွာသားအများအပြားကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့သည်။ မနက်ခင်းက မည်မျှပင် မနာလိုဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ သူတို့ကို လှောင်ပြောင်ကြသည်။
ယွီရွေ့ကျူးက ထိုအသံများအားလုံးကို နောက်ခံတေးဂီတအဖြစ်သာ သတ်မှတ်ထားပြီး ရေခဲချောင်းစားရန်ကိုသာ အာရုံစိုက်ထားသည်။
ရေခဲချောင်းမှာ အလွန်လျင်မြန်စွာ အရည်ပျော်ကျပြီး အလွန်အေးစက်လှသည်။ အရည်များက ယွီရွေ့ကျူး လက်ချောင်းများမှတစ်ဆင့် လက်ကောက်ဝတ်ဆီသို့ပင် စီးကျနေသည်။
ယွီရွေ့ကျူးက သူမ နီရဲနေသော လျှာလေးဖြင့် လျက်ရင်း တစ်ချိန်တည်းမှာပင် ထိုအရည်များကို သုတ်ပစ်ရသည်။ အရောင်လက်နေသော ရေခဲချောင်း အကြွင်းအကျန်များက သူမ နှုတ်ခမ်းများတွင် ကပ်နေသဖြင့် ၎င်းတို့ကို တောက်ပကာ စိုစွတ်နေဟန် ရှိစေသည်။
သူမ ဘေးတွင် ရပ်နေသော ဟော်ချန်ယဲ့မှာ ခေတ္တမျှ မှင်သက်သွားပြီး သူ့ နက်မှောင်သော မျက်လုံးများက သူမထံတွင်သာ စူးစိုက်နေကာ သူ့ ကိုယ်ပိုင် ရေခဲချောင်းကို စားရန်ပင် မေ့လုမတတ် ဖြစ်သွားရသည်။
ယွီရွေ့ကျူးမှာ ဇဝေဇဝါဖြစ်သွားပြီး သူမ ရေခဲချောင်းကိုလည်းမစားနိုင်တော့သဖြင့် ယိုယွဲနေသော ရေခဲချောင်းကို ဟော်ချန်ယဲ့ လက်ထဲသို့ ထိုးထည့်လေသည်။
ဟော်ချန်ယဲ့က ဂရုစိုက်ဟန် မပေါ်ဘဲ ၎င်းကို ခေတ္တမျှငုံ့ ကြည့်ပြီးနောက် သူ့ ပါးစပ်ထဲသို့ တိတ်ဆိတ်စွာ ထည့်ကာ အကိုက်အနည်းငယ်ဖြင့်ပင် အကုန်စားပစ်သည်။
ယွီရွေ့ကျူး အံ့သြသွားသည်။ သူက အေးစက်မှုကို မခံစားရဘူးလား။ သို့သော်လည်း မီးဖိုတစ်ခုကဲ့သို့ ပူနွေးနေတတ်သော ဟော်ချန်ယဲ့ အပူဓာတ်ကို တွေးမိသောအခါ ယွီရွေ့ကျူး ချက်ချင်းပင် နားလည်သွားသည်။
'ဒါ အရမ်းကောင်းတာပဲ၊ မိန်းကလေးတစ်ယောက်သာ ဒီလို ကိုယ်ခံစွမ်းအားမျိုး ရှိမယ်ဆိုရင် ဓမ္မတာလာချိန် ဗိုက်နာတာမျိုးဖြစ်မှာမဟုတ်ဘူး'
အတွေးနယ်ချဲ့နေရင်း ယွီရွေ့ကျူး လက်ဆေးရန် မတ်တတ်ရပ်သည်။
သူတို့ ထင်မှတ်မထားသည်မှာ နှစ်ရက်အတွင်း ပြီးစီးမည်ဟု အစပိုင်းက ထင်ထားခဲ့သော အမိုးနှင့် နံရံများမှာ တစ်နေကုန် အလုပ်လုပ်ပြီးသည့်တိုင် အနည်းငယ် လိုအပ်နေသေးခြင်းပင်။ သူတို့ ဒီည တာတုန်းရွာတွင် နောက်ထပ် တစ်ည အိပ်ရဖို့ သေချာသလောက် ရှိသည်။
ယွီရွေ့ကျူးမှာ ဒေါသထွက်နေလရသည်။
ထိုညနေခင်းတွင် သူမက ရေတစ်ဇလုံကို အိမ်ထဲသို့ ယူလာပြီး ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် ကန့်သတ်ချက်များရှိနေသော အခြေအနေအောက်တွင်ပင် ကိုယ်လက်သန့်စင်ရန် ပြင်ဆင်သည်။
အိမ်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က သူမ အိတ်ကပ်ထဲသို့ တစ်စုံတစ်ရာ ထိုးထည့်လာသည်ကို ယွီရွေ့ကျူး ခံစားရသည်။
ယွီရွေ့ကျူး "?"
ရေဇလုံကို ချထားပြီးနောက် ယွီရွေ့ကျူးက ၎င်းကို ထုတ်ယူကြည့်ရာ စွန်ပလွံပျားရည် သကြားလုံးဖြစ်နေသည်ကို သိလိုက်သည်။
ဟော်ချန်ယဲ့ အသံက တိုးညင်းစွာထွက်ပေါ်လာသည်။
"မင်း ကြိုက်ရင် ကိုယ့်ဆီမှာ အများကြီး ရှိသေးတယ်"
ယွီရွေ့ကျူး မော့ကြည့်သောအခါ အနည်းငယ် နီရဲနေသော ဟော်ချန်ယဲ့ နားရွက်များကိုသာ မြင်လိုက်သည်။
သူမက ၎င်းကို ရယ်စရာကောင်းသည်ဟု ထင်သွားသဖြင့် တမင်သက်သက် ခေါင်းကို နောက်သို့ ဆုတ်ကာ တမင်ပင် ပြောသည်။
"အဲဒါဆိုရင် အခွံနွှာပြီး ကျွန်မကို ခွံ့ကျွေးလေ"
စွန်ပလွံပျားရည်ကို သကြားလုံးချောင်းများတွင် အသုံးပြုသော စက္ကူမျိုးဖြင့် ထုပ်ပိုးထားသည်။
ဟော်ချန်ယဲ့က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းညိတ်လာသည်။
"အင်း"
သူ့ လက်ချောင်းများမှာ သွယ်လျရှည်လျားပြီး လက်ဆစ်များပေါ်ရှိ အသားမာများက သကြားလုံး မျက်နှာပြင်ကို ထိတွေ့နေသည်။
ယွီရွေ့ကျူး အကြည့်အောက်တွင် သူ့ လက်ချောင်းများမှာ သဘာဝမကျစွာဖြင့် အနည်းငယ် တောင့်တင်းသွားပြီးနောက်မှ အခွံကို ဖြည်းညင်းစွာခွာသည်။
နက်မှောင်နေသော သကြားလုံးမှာ ဟော်ချန်ယဲ့ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိနေပြီး မူလက သူက ယွီရွေ့ကျူး နှုတ်ခမ်းများဆီသို့ တေ့ပေးရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ် သည်။
မထင်မှတ်ဘဲ ယွီရွေ့ကျူးက ရှေ့သို့ တိုးလာပြီး သူ့ လက် ချောင်းများကို စုပ်ယူကာ သူမ လျှာလေးက စွန်ပလွံပျားရည်ကိုရစ်ပတ်သွားပြီး စိုစွတ်သော အထိအတွေ့ကို ချန်ရစ်ထားခဲ့သည်။
ဟော်ချန်ယဲ့ လက်ဖဝါးမှာ အလိုအလျောက် တုန်ယင်သွားပြီး ယားကျိကျိ အထိအတွေ့ကို ခံစားလိုက်ရသဖြင့် သူ့ လက် ချောင်းများမှာ ချက်ချင်းပင်ကွေးတက်သွားတော့သည်။
သူ ငုံ့ကြည့်ရာ ပါးစပ်ထဲတွင် သကြားလုံးကို ငုံထားလျက် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို အလေးအနက် မျက်နှာထားဖြင့် ကြည့်နေသော ယွီရွေ့ကျူးကို မြင်လိုက်သည်
"ဒီလိုကျတော့ ပိုချိုသွားပြီး"
ဟော်ချန်ယဲ့ အသက်ရှူသံများ ရပ်တန့်သွားပြီး သူ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရတော့သည်။