အခန်း ၂၀၅
Vol. 21 Ch. 205
Chapter 205
ဟော်ချန်ယဲ့က သူ့ လက်ချောင်းများကို လျင်မြန်စွာ ပြန်ရုပ်သည်။ ယွီရွေ့ကျူး လျက်လိုက်သဖြင့် စိုစွတ်ကာ ယားကျိကျိ ဖြစ်သွားသော ခံစားချက်က ကျန်ရစ်နေဆဲပင်။ သူက မျက်နှာလွှဲသည်။
"မစနဲ့"
ယွီရွေ့ကျူးမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
'စောစောက စုန့်ချင်းရှန်းနဲ့ စကားပြောနေတာကို ခိုးနားထောင်နေတဲ့သူက ဘယ်သူများလဲ'
'အခုတော့ ငါနည်းနည်း စမိတာနဲ့ မျက်နှာတွေ နီရဲလာပြီးတော့ မစဖို့ ပြောနေတယ်ပေါ့လေ'
သူမက ဟော်ချန်ယဲ့ လည်ပင်းကို ဖက်တွယ်ပြီး သူ့ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သူမခြေတံများဖြင့် သူ့ သွယ်လျသော ခါးကို ရစ်ပတ်သည်။
ထို့နောက် သူမ ကြောင်မျက်လုံးလေးများကို မော့ကာ နီရဲသော နှုတ်ခမ်းများကို အနည်းငယ် ကွေးညွတ်သွားသည်။
"ဒီလို လုပ်တာကိုမှ စနောက်တယ်လို့ ခေါ်တာ"
ဟော်ချန်ယဲ့မှာ မမျှော်လင့်ထားဘဲ ရုတ်တရက် အရှိန်ကြောင့် လှုပ်ယိမ်းသွားပြီး အလိုအလျောက်ပင် ကိုယ်ကို ပြန်လည် ထိန်းမတ်လိုက်ရသည်။
သူ့ လက်ဝါးကြီးများက ယွီရွေ့ကျူး၏ ခါးနှင့် တင်ပါးကို ဖက်တွယ်ထားသည်။
သူ အသက်ရှူရပ်သွားပြီး အရှိန်ကို အသုံးချကာ သူမကို နံရံတွင် ကပ်ထားလိုက်ပြီး သူမကို ငုံ့ကြည့်သည်။ ခုတင်ဘေးတွင် အမှောင်ထု ကြီးစိုးလာသည်နှင့်အမျှ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။
ခေါင်မိုးပေါက်မှတစ်ဆင့် လရောင်များ မှိန်ပျပျ ဖြာကျလာသည်။ ပိုးကောင်လေးများ အော်သံနှင့် ကလေးတစ်ယောက် ငိုသံမှလွဲ၍ အခန်းထဲတွင် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေသည်။
ဟော်ချန်ယဲ့ လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး သူ့ လက်ဖဝါးများမှာ ပူလောင်လာတော့သည်။ အဝတ်အစားများကြားမှပင် သူမ အသားအရေမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် နူးညံ့သော အထိအတွေ့ကို သူ ခံစားနရသည်။
သူ့ အကြည့်များမှာ ပြင်းပြလာပြီး ရှေ့သို့ ကိုင်းညွတ်ကာ ယွီရွေ့ကျူးကို နမ်းရန် ပြင်သည်။
သူတို့ လက်ထပ်ထားသည်မှာ အချိန်တစ်ခု ကြာမြင့်နေပြီဖြစ်ပြီး အကြိမ်ကြိမ်လည်း နမ်းခဲ့ကြပြီးဖြစ်သည်။
ယွီရွေ့ကျူးက သဘာဝကျကျပင် ခေါင်းကို နောက်သို့ မော့ကာ သူ့ အနမ်းကို တုံ့ပြန်လိုက်သည်။
သို့သော် ဟော်ချန်ယဲ့၏ နှုတ်ခမ်းများက အောက်သို့ ဆက်လက် ရွေ့လျားချင်နေပုံရပြီး သူ့ လက်ဖဝါး အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်ကို သူမ လျင်မြန်စွာ သတိထားမိသည်။
ယွီရွေ့ကျူးက သူ့လက်ကို ဖိချကာ ယောင်ယမ်းနေသော နှုတ်ခမ်းများဖြင့် ခေါင်းခါပြသည်။
"ဟင့်အင်း"
သူမက ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်ပြီး ဘေးခန်းကို ညင်သာစွာ လက်ညှိုးထိုးပြကာ ထပ်မံ ခေါင်းခါသည်။
ဟော်ချန်ယဲ့ ခေါင်းငိုက်စိုက်ကျသွားပြီး သူမ ပခုံးပေါ်တွင် ခေါင်းတင်ထားသည်။ သူ သူမကို ညင်သာစွာပွတ်သီးပွတ် သပ်လုပ်ကာ တိုးတိုးလေး တုန့်ပြန်သည်။
"အင်းပါ"
လောလောဆယ်တွင် သူ အတော်လေး ဒုက္ခရောက်နေပြီး ဤနေရာမှ ဘယ်အချိန်ပြန်နိုင်မည်နည်းဟု တွေးမိသည်။ ယခင်က သူ အလျင်မလိုခဲ့သော်လည်း ယခုအခါ ထောင်ဟွာရွာ သို့ ချက်ချင်းပင် ပျံသန်းသွားချင်သည်။
သူ့ ပုံစံကို မြင်သောအခါ ယွီရွေ့ကျူးမှာ မနေနိုင်ဘဲ ရယ်မောမိတော့သည်။
အထူးသဖြင့် ဟော်ချန်ယဲ့က သူမကို တင်းကျပ်စွာ ဖက်ထားချိန်တွင် သူ့ ပုံမှန်မဟုတ်သော အခြေအနေကို ရှင်းလင်းစွာ ခံစားနေရသဖြင့် သူမ ပိုရယ်ချင်လာသည်။
ဟော်ချန်ယဲ့ ဤမျှ လွယ်ကူစွာ အရှုံးပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူတို့ ရင်းနှီးမှု မရှိခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သောကြောင့်လား။
တွေးကြည့်မည်ဆိုလျှင် ၎င်းမှာ အမှန်တကယ်ပင် ဖြစ်ပုံရသည်။ စုစုပေါင်း သူတို့ နှစ်ကြိမ်သာလုပ်ခဲ့ကြသေးသည်။
ဟော်ချန်ယဲ့ကို အနည်းငယ် သနားမိသွားစဉ် ကလေးငိုသံများ ပိုကျယ်လောင်လာသည်ကို သူမ ကြားလိုက်ရသည်။
'ဘယ်သူ့ကလေးကများ ဒီလောက် ဂျီကျနေရတာလဲ၊ ကလေးက တိတ်မယ့် အရိပ်အယောင်မပြဘဲ အချိန်အတော်ကြာအောင် ငိုနေတာ
သူ့ရဲ့ ကျယ်လောင်တဲ့ ငိုသံတွေက ပတ်ဝန်းကျင်က ဆူညံသံတွေကိုတောင် ဖုံးလွှမ်းသွားပြီး အနီးအနားက အိမ်တွေ အများကြီး မီးဖွင့်လာကြပြီး ညည်းညူလာကြပြီ'
ယွီရွေ့ကျူး မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားတော့ သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမ လက်ကို ဆန့်ထုတ်ကာ ဟော်ချန်ယဲ့ အင်္ကျီကော်လံကို လှမ်းဆွဲသည်။
"ရှင် နည်းနည်း ညင်ညင်သာသာ လုပ်နိုင်လား"
ကလေးငိုသံများက ဖုံးကွယ်ထားသဖြင့် တခြား ဘာသံမှ ကြားရလိမ့်မည် မဟုတ်ပေ။
ဟော်ချန်ယဲ့ မျက်လုံးများ တောက်ပသွားပြီး အမြန်ရှေ့သို့ ကိုင်းညွတ်လာသည်။ သူ ယွီရွေ့ကျူး နှုတ်ခမ်းများကို နမ်းရန် ပြင်ချိန်မှာပင် အနမ်းကိုပင် မခံစားလိုက်ရမီ ယွီရွေ့ကျူးက ရုတ်တရက် မျက်လုံးဖွင့်ကာ သူ့ကို တွန်းဖယ်သည်။
ယွီရွေ့ကျူး မျက်မှောင်ကြုတ်ကာ တစ်ခုခုကို သတိရသွားပြီး တစ်ဖက်သို့ လှည့်ကာ ပြောသည်။
"မရဘူး... အကာအကွယ် မရှိဘဲနဲ့ဆို ကျွန်မ ကိုယ်ဝန်ရသွားလိမ့်မယ်... ဟင့်အင်း"
"ကိုယ့်မှာပါတယ်"
ဟော်ချန်ယဲ့က တောက်ပသော မျက်လုံးများဖြင့် အက်ရှရှ အသံဖြင့် ပြန်ပြောသည်။
ယွီရွေ့ကျူး "..."
သူမ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီး ဟော်ချန်ယဲ့ကို အထက်အောက် စုန်ဆန် ကြည့်မိသည်။
"ရှင် ဘာတွေ လုပ်နေတာလဲ ဟော်ချန်ယဲ့၊ ဒီလိုဟာမျိုးကို တာတုန်းရွာ အထိ ယူလာတယ်ပေါ့၊ ရှင်က ဒီမှာ ညအိပ်ရမယ်ဆိုတာ ကြိုသိနေလို့လား"
သူမ စကားများကြောင့် ဟော်ချန်ယဲ့ နားရွက်များ နီရဲသွားသည်။
သူက ဘယ်လောက်တောင် နှာဘူးကျလဲဟု သူမ ပြောနေသည့်အလားပင်။ ဟော်ချန်ယဲ့က နှုတ်ခမ်းကို သပ်ကာ အက်ရှရှ အသံဖြင့် လျင်မြန်စွာ ရှင်းပြသည်။
"မဟုတ်ပါဘူး၊ အရင်က ရွေ့ကျူး ပြောခဲ့ဖူးတယ်လေ၊ အဲဒါကို အမြဲတမ်း ဆောင်ထားဖို့ဆိုလို့ ကိုယ် ဆောင်ထားတာပါ"
ယခုအခါ ၎င်းမှာ တကယ်ကို အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
ယွီရွေ့ကျူး "...အို"
တိတ်ဆိတ်နေသော ညနက်တွင် ကလေးငိုသံများမှာ မရပ်မနား ထွက်ပေါ်ဆဲဖြစ်သော်လည်း ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့မှာ ဆူညံသည်ဟု မထင်မိတော့ပေ။
ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို ဆက်လက်ဖက်ထားပြီး သူမကို အုတ်ခုတင်ပေါ်သို့ ခေါ်ဆောင်သွားကာ ငုံ့၍ နမ်းရှိုက်လေသည်။
သူ့ နဖူးမှ ပူလောင်သော ချွေးများက ယွီရွေ့ကျူး ဖြူဖွေး သော အသားအရေပေါ်သို့ ကျဆင်းလာသဖြင့် သူမ တစ်ကိုယ်လုံး တုန်ရီစေသည်။
ဟော်ချန်ယဲ့က တံတွေးများကို ခက်ခက်ခဲခဲ မြိုချပြီး ယွီရွေ့ကျူးကို ငုံ့ကြည့်ရာ သူ့ နှုတ်ခမ်းထောင့်များ အလိုအ လျောက် ကွေးတက်သွားပြီး အသံမှာ အက်ရှနေသည်။
"ရွေ့ကျူး... အောင့်ထားနော်၊ ဘေးခန်းက လူတွေ ကြားလောက်အောင် အသံမထွက်စေနဲ့"
ယွီရွေ့ကျူးက သူ့ကို လျစ်လျူရှုကာ သူမဟာသူ မျက်လုံးများ မှိတ်ထားသည်။
ယခင်က ဖရဲခင်းစောင့်တဲလေးထဲတွင် မိုးသက်မုန်တိုင်း ကျစဉ်က ဟော်ချန်ယဲ့ ဆံပင်တိုများကို သူမ ဆွဲကိုင်ထားခဲ့ပြီး ယခုကဲ့သို့ပင် ထိန်းချုပ်မရသော ခံစားချက်ကြောင့် တစ်ကိုယ်လုံး ချွေးများ ပြန်လာခဲ့သည်။
ယခုအခါ သူမ အနည်းငယ် အသားကျနေပြီဖြစ်သော်လည်း သူမ အသားအရေမှာ ပန်းရောင်သန်းလာသည်ကိုတော့ မတားဆီးနိုင်သေးပေ။
ဟော်ချန်ယဲ့ အသက်ရှူငွေ့များမှာ တကယ်ကို ပူလောင်နေပြီး သူ့အသားအရေမှာလည်း ပူလောင်နေသည်။
သူ သူမကို ထိတွေ့လိုက်ချိန်တွင် ယွီရွေ့ကျူးမှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
ခေါင်မိုးရှိ အပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်မှ ကလေးငိုသံများက ရှင်းလင်းစွာ ဝင်ရောက်လာသည်။ ဟော်ချန်ယဲ့ အကာအကွယ်ကို လျင်မြန်စွာ စွပ်ပြီးနောက် ယွီရွေ့ကျူးကို ဖက်ထားသည်။
ဘေးခန်းမှ မှိန်ပျပျ အသံများထွက်ပေါ်လာသည်။ ကျောက်ကျစ်ဖန်မှာ သူ့ကို အိပ်မရအောင် အနှောင့်အယှက်ပေးနေသော ကလေးငိုသံကို ကျိန်ဆဲနေပုံရသည်။
ယွီရွေ့ကျူးကမူ ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ကာ အသံများ အားလုံးကိုမြိုသိပ်ပြီးနောက် ဟော်ချန်ယဲ့က ထိုအသံများကို သူ့ ပါးစပ်ထဲသို့ ယူဆောင်သွားကာ သူတို့ နှုတ်ခမ်းများကြားတွင် တိတ်ဆိတ်သွားစေသည်။
သူမမှာ ချွေးများ ပြန်လာကာ ဟော်ချန်ယဲ့နှင့် တင်းကျပ်စွာ ထိကပ်ထားသဖြင့် သူ့ ကိုယ်သင်းနံ့နှင့် ဆံပင်ရနံ့များက သူမကို လွှမ်းခြုံထားသည်။
သူ့ ဆံပင်များမှာ ပြေကျလာကာ ယွီရွေ့ကျူး ပခုံးများပေါ်သို့ ကျဆင်းနေပြီး နက်မှောင်သော ဆံပင်များက သူမ ဖြူဖွေး သော အသားအရေနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ပြတင်းပေါက်အပြင်ဘက်မှ ညဉ့်ယံ အလင်းရောင်အောက်တွင် သူမ အသားအရေမှာ တဖြည်းဖြည်း ပန်းရောင်သန်းလာသည်နှင့်အမျှ ယခင်ကထက် ပိုဆွဲဆောင်မှု ရှိလာကာ သူမ ယခင်ပုံစံနှင့် လုံးဝကိုကွဲပြားသည်။
သူမ မခံနိုင်တော့ချိန်တွင် နှုတ်ခမ်းများကို အုပ်ထားခြင်းကပင် တိမ်ဝင်နေသော ညည်းသံများကို မဖုံးကွယ်နိုင်တော့ပေ။
ယွီရွေ့ကျူး နားရွက်များ နီရဲလာကာ နှလုံးများတဒိတ်ဒိတ် ခုန်လာပြီး သူမ တစ်ကိုယ်လုံး အလိုအလျောက် တောင့်တင်းသွားတော့သည်။
ဘေးခန်းရှိ သူမ အစ်မယွီရှားမှာလည်း ကလေးငိုသံကြောင့် နိုးလာခဲ့သည်။ သူမက သူမ ဘေးတွင် ညည်းတွားကာကျိန် ဆဲနေသော ကျောက်ကျစ်ဖန် ကို စိတ်တိုစွာဖြင့် ဖြောင်းဖျလာသည်။
"မပြောပါနဲ့တော့... ကျူးအာတို့ နိုးသွားပါဦးမယ်"
"သူတို့ နိုးတော့ရော ဘာဖြစ်လဲ၊ ဒီလောက် ကျယ်ကျယ်လောင်လောင် ငိုနေတာ၊ သူတို့ နိုးရင်တောင် အဲဒီကလေးကြောင့်ပဲ၊ ငါ့ကြောင့် မဟုတ်ဘူး ပြီးတော့ ဘေးခန်းက ဘာအသံမှ မကြားရပါဘူး၊ သူတို့ တအား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတာ"
ကျောက်ကျစ်ဖန် ဒေါသတကြီးဖြင့် ပြန်လည် ချေပသည်။
ထိုစကားကို ကြားသောအခါ ယွီရှားက ဘေးခန်းမှ အသံများကို အလိုအလျောက်ပင် နားစွင့်ကြည့်သော်လည်း ကံမကောင်းစွာဖြင့် ကလေးငိုသံများကြောင့် ဆူညံသံများမှာ လွှမ်းမိုးခံလိုက်ရပြီး အခြား ဘာသံမှမကြားရပေ။
မှိန်ပျပျထူးဆန်းသော တိမ်ဝင်နေသည့် ညည်းသံတစ်ခု ကြားလိုက်ရသော်လည်း သူမ နားကြားမှားခြင်းသာဖြစ်မည်။
ယခုအချိန်ဆို ကျူးအာ အိပ်ပျော်နေလောက်သည်။ သူမက အမြဲတမ်း အစောကြီး အိပ်တတ်သည်။
ယွီရှားက ခေါင်းခါပြီး ဆက်မတွေးတော့ဘဲ ချက်ချင်းပင် လှဲလျောင်းလိုက်ကာ နားထဲသို့ တစ်ခုခု ဆို့ထားပြီးနောက် တစ်ဖက်သို့ လှည့်ကာ အိပ်ပျော်သွားသည်။
နံရံတစ်ခုသာ ခြားထားသော်လည်း လေထုမှာ လုံးဝ ကွဲပြားခြားနားနေကြောင်း သူမ မသိရှာပေ။
ဟော်ချန်ယဲ့က လည်ပင်းကို ဆန့်ထုတ်လိုက်ရာ သူ့ လက် မောင်းများမှ သွေးကြောများ ထောင်ကြွနေပြီး ယွီရွေ့ကျူးကို တင်းကျပ်စွာ ဖက်ထားသည်။
အပြင်ဘက်မှ ကလေးများ၏ငိုသံမှာ အကျယ်လောင်ဆုံး အခြေအနေသို့ ရောက်ရှိလာချိန်တွင် သူက အမောတကော အသက်ရှူနေရသည်။