အခန်း ၂၀၉
Vol. 21 Ch. 209
Chapter 209
ဟော်ချန်ယဲ့က ကလေးကို မီးထဲမှ ကယ်တင်ရန် အသက်စွန့်ခဲ့သော်လည်း ထိုမိသားစုက ကျေးဇူးတင်စကား တစ်ခွန်းမျှပင် မဆိုခဲ့ပေ။
ဟော်ချန်ယဲ့ ဒဏ်ရာရပြီးနောက် သူတို့က ဆေးဖိုးအတွက် ငွေညှစ်မည်ကို စိုးရိမ်သဖြင့် သွားရောက် လည်ပတ်ရန်ပင် မရဲခဲ့ကြပေ။ ၎င်းတို့က နာကျင်စရာ စကားများစွာကိုပင် ပြောခဲ့ကြပြီး ဟော်ချန်ယဲ့က သိပ်မတော်လို့သာ ဒဏ်ရာရခဲ့တာဟု ပြန်ပြောခဲ့သည်။
အဆုံးတွင် သူက ရွာသို့ ပြန်လာရုံသာမက ဟော်ချန်ယဲ့ မွေးမြူရေးခြံတွင်ပါ အလုပ်လုပ်ချင်နေသေးသည်လား။ လူတစ်ယောက်က မည်မျှအရှက်မရှိနိုင်ရသနည်း။
ဝန်းရံနေသော လူအုပ်ကြီးထံမှ တီးတိုးပြောဆိုသံများနှင့် လက်ညှိုးထိုးမှုများ ထွက်ပေါ်လာသည်။
ရွှမ်ကျစ်မှာ ယခင်ကလည်း ဝေဖန်မှု အများအပြား ပစ်မှတ် ဖြစ်ခဲ့ဖူးပြီး ထိုအချိန်က ပြန်လည် ချေပရန် ရဲဝံ့ခဲ့သော်လည်း ယခုအခါတွင်မူ သူ့ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားပြီးနောက် အရောင်စုံ ဖိတ်ကျသွားသော ဆေးစပ်ခွက် တစ်ခုအလား အနေရခက်မှု၊ အရှက်ရမှုနှင့် ရှက်ရွံ့မှုများက မျက်နှာပေါ်တွင် ဖြတ်ပြေးသွားတော့သည်။
လမ်းဘေးမှ ကြွက်တစ်ကောင်လို ခံစားလိုက်ရပြီး သူတို့က ဟော်ချန်ယဲ့ကို တောင်းပန်ပြီးပြီဟု ပြောချင်သော်လည်း သူ့ မျက်နှာမှာ ပူထူနေသည်။
တောင်းပန်ရုံဖြင့် ဟော်ချန်ယဲ့က သူတို့ကို ခွင့်လွှတ်ပြီဟု မဆိုလိုပေ။
အဆုံးတွင် ရွှမ်ကျစ်မှာ ဆက်လက် သည်းမခံနိုင်တော့ပေ။ သူ အနေရခက်စွာဖြင့် သူ့ မျက်နှာကို ဖုံးကွယ်ရန် အင်္ကျီကော်လာကို ဆွဲပြီး အလွန်ရှက်ရွံ့ကာ မည်သူ့ကိုမျှ မျက်နှာမပြရဲတော့သဖြင့် တောင်ပေါ်မှ လျင်မြန်စွာ ဆင်းသွားတော့ သည်။
ယခုအခါ သူ နောင်တဆိုသည်မှာ ဘာလဲဆိုသည်ကို နားလည်သွားပြီး သူ့ လုပ်ရပ်များမှာ ကိုယ်ကျင့်တရားနှင့် မညီညွတ်ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားတော့သည်။ သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ပါးရိုက်ခံလိုက်ရသည့်အလား သူ့ မျက်နှာမှာ ပူထူနေတော့ သည်။
...
ရွှမ်ကျစ် တောင်ပေါ်သို့ တက်သွားကြောင်းနှင့် သူ အငြင်းခံရပြီး အလုပ်မရခဲ့ကြောင်းကို ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ မသိခဲ့ကြပေ။
ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင် အရှေ့ဘက်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ယခင်က ပြဿနာလာရှာခဲ့သော ယင်းယန်ယောက်ျားမှာ ထပ်မံ ရောက်လာပြန်သည်။
ယွီရွေ့ကျူး သမ်းဝေပြီး တစ်ကိုယ်တည်း တွေးမိသည်။
"ဘာလို့ ဒီလို အမှိုက်ကောင်တွေ အားလုံးက တစ်ယောက်ပြီး တစ်ယောက် တန်းစီပြီး ရောက်လာကြတာလဲ"
သူမက တံခါးဝတွင် ပြဿနာလာရှာနေသော အမျိုးသားကို ကြည့်ရန် ပျင်းရိစွာအပြင်ထွက်ပြီးနောက် ပြန်လှည့်ကာ စွန်းမော်ကို လက်ဟန်ပြသည်။
အရပ် ၆ ပေကျော် ရှည်လျားသော စွန်းမော်က သူ့ လက် ကောက်ဝတ်ကို လှည့်ကာ ခေါင်းကိုစောင်းပြီး ရှေ့သို့ လှမ်းသွားကာ ထိုအမျိုးသားကို ငုံ့ကြည့်သည်။
သို့သော် သူ မလွှတ်ပေးနိုင်မီမှာပင် လက်တစ်ဖက်က လှမ်းလာပြီး ထိုအမျိုးသားအင်္ကျီကော်လံကို ဆွဲကာ ဆိုင်အပြင်သို့ ဒရွတ်တိုက် ဆွဲထုတ်သွားတော့သည်။
ထိုလူမှာ ဟော်ချန်ယဲ့ပင်။
ဟော်ချန်ယဲ့မှာ စွန်းမော်ထက် အရပ်ပိုရှည်ပြီး ပိုမို သန်မာကာ ကြွက်သားများ ပိုမိုထွားကျိုင်းလေသည်။ သူ့ နက်မှောင် သော မျက်လုံးများက မည်သည့် ခံစားချက်မျှ မပါဘဲ လှမ်းကြည့်လိုက်ချိန်တွင် သူ့ အေးစက်သော အမူအရာက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
ထိုအမျိုးသားမှာ တောင့်တင်းသွားပြီး သူ့ရှေ့ရှိ တုတ်ခိုင် သော အမျိုးသားကြီးနှစ်ဦးကို ကြည့်ရန် ခေါင်းကို နောက်သို့ မော့ကြည့်သည်။ သူ လည်ပင်းကို ဆန့်ကာ အော်လေသည်။
"မင်းတို့ ဘာလုပ်နေတာလဲ၊ ငါက ရှဲ့ယင်းယန်ကို လာတွေ့တာကွ၊ သူ့ ကို အပြင်ထွက်လာခိုင်းလိုက်"
ဟော်ချန်ယဲ့ လှောင်ပြောင်လိုက်သည်။
"ဒါက မင်း လူလာရှာတဲ့ ပုံစံလား၊ ဟိုတစ်ခေါက်က ငါ့မိန်းမ ဆိုင်မှာ လာပြဿနာရှာတာ မင်း မဟုတ်ဘူးလား၊ မင်း ငါတို့ စီးပွားရေးကို ထိခိုက်အောင်လုပ်ခဲ့တာ၊ ငါတို့ရဲ့ စီးပွားရေး နစ်နာမှုအတွက် ဘယ်လို လျော်ကြေးပေးမလဲ"
လျော်ကြေးအကြောင်း ကြားသောအခါ ထိုအမျိုးသား မျက်နှာမှာ နီရဲသွားပြီး လည်ပင်း သွေးကြောများ ထောင်ကြွလာတော့သည်။
"ဘာ လျော်ကြေးလဲ၊ ငါက ဘယ်တုန်းက ပြဿနာရှာလို့လဲ၊ မင်းတို့ လုပ်မယ်ဆိုရင် သက်သေလိုတယ်နော်၊ ငါ မင်းတို့နဲ့ ဒီအကြောင်း လာပြောနေတာ မဟုတ်ဘူး၊ ရှဲ့ယင်းယန်ကို အပြင်ထွက်လာဖို့ ပြောလိုက်၊ ငါက သူ့ယောက်ျား၊ ငါ သူ့ကို လာတွေ့တာ"
ဤအမျိုးသားမှာ ထောင်ဟွာရွာမှ မဟုတ်ပေ။ သူသည် ဟော်ချန်ယဲ့ အဒေါ်ဘက်မှ ဆွေမျိုးတစ်ဦးဖြစ်ပြီး ဝေးကွာကာ ရှုပ်ထွေးသော ဆက်ဆံရေးမျိုးပင်။
မိသားစု နှစ်စုမှာ သိပ်ပြီး အဆက်အသွယ် မရှိကြတော့သလို ဟော်ချန်ယဲ့လည်း သူ့ကို အကြိမ်များစွာ မတွေ့ဖူးခဲ့ပေ။ ယခု သူ့ကို မြင်သောအခါ ထိုအမျိုးသားမှာ ပိုပိန်သွားကြောင်း သတိထားမိသည်။
ယွီရွေ့ကျူးလည်း အပြင်သို့ ထွက်လာပြီး တံခါးဝတွင် လက်ပိုက်ကာ ကြည့်နေသည်။
ထိုအမျိုးသားမှာ ယွီရွေ့ကျူး မှန်းဆထားသည့်အတိုင်းပင် အရပ် ၁.၇ မီတာခန့်သာ ရှိပြီး ပိန်ပိန်ပါးပါးနှင့် အသားအရေ အလွန် ဖြူဖျော့ကာ စုန့်ချင်းရှန်းကဲ့သို့ ကြက်ပေါက်လေး တစ်ကောင်လို ပိန်ကပ်နေသော အလှလေး တစ်ယောက်နှင့် တူသည်။
'ဒီလို ခန္ဓာကိုယ်မျိုးနဲ့ သူက ယင်းယန်ရဲ့ ခွန်အားကို ညည်း တွားပြီး သူမကို မကောင်းဆိုးဝါးလို့ ခေါ်တာ မဆန်းပါဘူး'
ယင်းယန်က ခွန်အားကြီးနေခြင်း မဟုတ်ဘဲ ဤအမျိုးသားမှာ အားနည်းနေခြင်း ဖြစ်ပြီး ဤနှိုင်းယှဉ်ချက်က သူ့ သနားစရာကောင်းသော မာနကို ထိခိုက်စေသဖြင့် ဒေါသထွက်ခြင်း ဖြစ်သည်။
ယွီရွေ့ကျူး မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းလာပြီး ရှဲ့ချီကို အပြစ်မတင်ဘဲ မနေနိုင်တော့ပေ။
"ယင်းယန်အတွက် ဒီလို အိမ်ထောင်ဖက်မျိုးကို သူ ဘယ်လိုများရွေးပေးခဲ့ရတာလဲ၊ သူက ငါတို့ ယင်းယန်နဲ့ တအား ကွာခြားတာပဲ၊ မျောက်တစ်ကောင်လို ပိန်ပိန်သေးသေးလေးကို"
ရှဲ့ချီမှာ ဒေါသထွက်သော်လည်း သူ့ မျက်နှာချင်းဆိုင်ရှိ မျောက်လေး တစ်ကောင်နှင့်တူသော ထိုအမျိုးသားမှာ သူ့ထက်ပင် ပိုစိတ်မရှည်နိုင် ဖြစ်နေသည်။
စွန်းယောင်ကျူ အမည်ရသော ထိုအမျိုးသား ဒေါသတကြီးဖြင့် ပြန်အော်ဟစ်သည်။
"ဘယ်သူက မျောက်လဲ၊ စကားကို သေချာ မပြောတတ်ဘူးလား... ငါက အပြင်ပန်းကြည့်ရင် ပိန်ပေမဲ့ အတွင်းထဲမှာတော့ အသားတွေချည်းပဲကွ"
သူက ရှဲချီကို စူးရဲစွာ ကြည့်သော်လည်း တံခါးဝတွင် ရပ်နေသော ယွီရွေ့ကျူးကို မြင်ရချိန်တွင် စကားမပြောနိုင်တော့ပေ။ သူ့ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာပင်လျှင် လျော့ကျသွားပြီး မှင်သက်သွားတော့သည်။
နေရောင်အောက်တွင် ယွီရွေ့ကျူး ရှည်လျားပြီး နက်မှောင် သော ဆံပင်များမှာ ရွှေရောင်လွှမ်းနေသည့်အလား တောက်ပလေသည်။
သူမ မျက်နှာလေးမှာ ဖြူဖွေးပြီး မျက်နှာသွင်ပြင်များမှာလည်း အလွန်လှပလှသည်။ သူမ မျက်လုံးများမှာ ကြောင်တစ်ကောင်အလား တောက်ပနေပြီး နှုတ်ခမ်းများမှာလည်း ပြည့်ဖောင်းကာ နီရဲနေသည်။
စွန်းယောင်ကျူကမူ ဟော်ချန်ယဲ့ကို သိသော်လည်း ယွီရွေ့ကျူးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ အနည်းငယ် မူးဝေသွားသည်။
သူ့ကို ကြည့်မရဖြစ်နေပြီဖြစ်သော ရှဲ့ချီမှာ သူ ယွီရွေ့ကျူးကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ သရော်မိသည်။
"ဘာကြည့်နေတာလဲ၊ ဒါ ငါ့အစ်ကိုချန်ယဲ့ရဲ့ မိန်းမလေ၊ ဆွေမျိုးစပ်ကြည့်မယ်ဆိုရင် မင်းက သူ့ကို မရီးလို ခေါ်ရမှာ"
စွန်းယောင်ကျူမှာ အသံတိတ်သွားသည်။
သူ လှည့်ကြည့်ရာ ဟော်ချန်ယဲ့ အေးစက်ပြီး အထက်စီးဆန်သော အမူအရာကို မြင်လိုက်ရချိန်တွင် သူ့ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီသွားသည်။
သူက တည်ငြိမ်ရန် အတင်း ကြိုးစားကာ ရင်ကို ကော့လျက် ပြောသည်။
"ငါ အဲဒီလို အသုံးမကျတဲ့ ကိစ္စတွေအတွက် အချိန်မရှိဘူး၊ ငါက ရှဲယင်းယန်ကို လာရှာတာ၊ သူ့ကို အပြင်ထွက်လာခိုင်း လိုက်၊ သူ့ကို ငါ ပြန်ခေါ်သွားမယ်"
"သူ့ကို ပြန်ခေါ်သွားမယ် ဟုတ်လား"
ရှဲချီမှာ သူ့ဒေါသများကို မြိုသိပ်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ဟော်မိသားစုနှင့်ဆက်ဆံရေးကြောင့် ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူ မနေနိုင်တော့ဘဲ ကျိန်ဆဲတော့သည်။
"ငါတို ယင်းယန် အိမ်ပြန်ရောက်တုန်းက မင်း စကားတစ်ခွန်းမှ မဟခဲ့ဘူး၊ ဒီလောက် အချိန်တွေ ကြာတာတောင် မင်း တစ်ခေါက်လေးတောင် လာမကြည့်ခဲ့ဘူးလေ
အခု အရာအားလုံး တည်ငြိမ်သွားပြီဆိုမှ ယင်းယန်ကို ပြန်ခေါ်သွားချင်တယ်လို လာပြောနေတယ်ပေါ့လေ၊ ငါတို့ ယင်းယန်က မင်း ခေါ်ချင်ရင်လာ၊ မောင်းထုတ်ချင်ရင် ထွက်သွားရမယ့် သူများ ဖြစ်နေလိုလား"
စွန်းယောင်ကျူက စိတ်မရှည်စွာဖြင့် ပြန်ပြောသည်။
"ရှဲယင်းယန်က ငါတို စွန်းမိသားစုရဲ့ ချွေးမလေ၊ သူ့ကို ပြန်ခေါ်သွားတာက မှန်ကန်တဲ့ကိစ္စပဲ၊ မင်းက သူ့အစ်ကို ဖြစ်ပြီးတော့ သူနဲ့ ငါ ပြန်လည် သင့်မြတ်မှာကို ဘယ်လိုလုပ် တားဆီးရက်ရတာလဲ၊ မင်း ညီမနဲ့ ငါ အတူတူ ရှိနေတာကို မင်း ကြည့်မရဖြစ်နေတာ မဟုတ်လား"
သူ စကားပြောနေစဉ် ယင်းယန်ကို ရှာရန် ဆိုင်ထဲသို ဝင်ရန် ပြင်သည်။
ရှဲ့ချီက သူ့ကို ဖမ်းဆွဲလိုက်သည်။
ပုံမှန်အားဖြင့် ရှဲချီမှာ နောက်ပြောင်တတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သူ ဖြစ်သည်။ ယွီရွေ့ကျူးက ယင်းယန်နှင့် ပတ် သက်၍ သူ့ကို မကြာခဏ အပြစ်တင်လေ့ရှိသော်လည်း ရှဲချီမှာ ပုံမှန်အားဖြင့် တိတ်ဆိတ်စွာသာ နေလေ့ရှိသည်။
ယခုအခါ သူ့မျက်နှာမှာ အေးစက်သွားပြီး မျက်နှာအမူအရာမှာလည်း တဖြည်းဖြည်း မည်းမှောင်လာကာ ပိုလေးနက်ပြီး အေးစက်လာပုံရကာ သူ့ပုံမှန် ပျင်းရိသော အမူအရာများပင် ပျောက်ကွယ်သွားတော့သည်။
ရှဲ့ချီ စွန်းယောင်ကျူကို ကြည့်လိုက်သည်။
"မင်းနဲ့ ငါ့ညီမ ကွာရှင်းသင့်တယ်၊ အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်ကြ၊ ဘယ်လိုပဲဖြစ်ဖြစ် အပြင်မှာ မင်းမှာ တခြား မိန်းမတွေ ရှိတယ်လို ငါ ကြားထားတယ်၊ ငါ့ညီမ ဘဝကို မဖျက်ဆီးနဲ့"
သူ့ ရုတ်တရက် လေးနက်သွားမှုက အနည်းငယ် ခြိမ်းခြောက်သည့်အလားပင်။ အနည်းဆုံးတော့ စွန်းယောင်ကျူမှာ ဒေါသတကြီး ပြန်မအော်မီ ခေတ္တမျှ မှင်သက်သွားသည်။
"မင်း ဘာဆိုလိုတာလဲ၊ မင်းညီမကို ငါက ဖျက်ဆီးတယ်လို ပြောချင်တာလား၊ မင်းတို ရှဲမိသားစုက ဘာတွေ ဖြစ်နေတာလဲ၊ မင်းညီမ ငါတို မိသားစုထဲ ဝင်လာတုန်းကဆို မင်းတို ဒီလိုမျိုး လုံးဝ မဟုတ်ခဲ့ဘူးလေ
အဲဒီတုန်းက မင်းတိုက စကားချိုချိုလေးတွေ အများကြီး ပြောခဲ့ပြီး အခု ပိုက်ဆံလည်း ရှာနိုင်လာပြီဆိုတော့ ချက်ချင်း ပြောင်းလဲပြီး ငါ့ကို စွန့်ပစ်ချင်နေတာလား၊ ဘယ်ရမလဲ"
"ယောင်ကျူ..."
သူက အော်ဟစ်လေသည်။
"ရှဲ့ယင်းယန်၊ ရှဲ့ယင်းယန်... မင်း ဘယ်မှာလဲ၊ အပြင်ထွက်ခဲ့စမ်း၊ မင်း ယောက်ျားကို မတွေ့ချင်ဘူးလား၊ ငါတို မတွေ့ရတာ တော်တော် ကြာပြီလေ၊ မင်း ငါ့ကို မလွမ်းဘူးလား
ဒါမှမဟုတ် မင်း ဒီဝက်သားနှပ်ဆိုင်မှာ အလုပ်လုပ်၊ ပိုက်ဆံတွေ ရှာနိုင်ပြီဆိုတော့ မင်း ယောက်ျားကိုစွန့်ပစ်ပြီး နှလုံးသားမဲ့တဲ့ မိန်းမတစ်ယောက် ဖြစ်သွားပြီလား၊ အားလုံးပဲ လာကြည့်ကြပါဦးဗျို"