← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

Chapter 210

ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်မှာ လမ်းဘေးရှိ နေရာကောင်းတစ်ခုတွင် တည်ရှိပြီး ထောက်ပံ့ရေးနှင့် စျေးကွက်သမဝါယမ နှင့် ကပ်လျက်ဖြစ်ကာ လမ်းဆုံလမ်းခွ မျက်နှာ ချင်းဆိုင်တွင်တည်ရှိသည်။

ထိုနေရာတွင် အမြဲတမ်း လူသွားလူလာများပြားပြီး သူမ စီးပွားရေးမှာ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ လူများ ပိုပိုလာရောက်သည်။

စွန်းယောင်ကျူ အော်ဟစ်သံများကို ကြားသောအခါ လူအများအပြားက တုံ့ဆိုင်းသွားပြီး လှမ်းကြည့်ကာ ထိုဆူညံပွက်လောရိုက်မှုများအကြောင်း လက်ညှိုးထိုးကာ တီးတိုးပြော ဆိုသည်။

စွန်းယောင်ကျူမှာ မကျေနပ်သေးဘဲ ဆက်လက် အော်ဟစ်တော့သည်။

"ရှဲ့ယင်းယန်၊ ရှဲ့ယင်းယန်... အပြင်ထွက်ခဲ့စမ်း"

စွန်းမော်က သူ့ကို ဖမ်းဆွဲရန် လက်မြှောက်သော်လည်း စွန်းယောင်ကျူမှာ ပြာယာခတ်သွားသည်။

"ဒါက လူလိမ်ဆိုင်ပဲ၊ လူမိုက်တွေက လူတွေကို ရိုက်တော့မယ်၊ သူတို့ လူတွေကို ရိုက်တော့မယ်ဟေ့"

ယွီရွေ့ကျူး တံခါးဝတွင် ရပ်ကာ သူ့ကို ကြည့်နေပြီး သူ့ အပြုအမူများမှာ လုံးဝ ရယ်စရာကောင်းသည်ဟုသာ ထင်မိသည်။

သူမက တည်ငြိမ်စွာ နေနေသော်လည်း အထဲရှိ ရှဲ့ယင်းယန်မှာမူ ဆက်လက် ငြိမ်မထိုင်နိုင်တော့ပေ။ သူမ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။

"အစ်မရွေ့ကျူး၊ အစ်ကိုချန်ယဲ့... ကျွန်မ ထွက်သွားတော့မယ်၊ သူနဲ့ ပြန်လိုက်သွားတော့မယ်၊ အစ်မတို့ကို ဒုက္ခမပေးတော့ပါဘူး"

သူမက ငိုကြွေးရင်း အမြောက်ဆံတစ်ခုအလား အပြင်သို့ ပြေးထွက်လာတော့သည်။

ဟော်ချန်ယဲ့ အလိုအလျောက်ပင် သူမကို တားရန် ကြိုးစားသော်လည်း ယွီရွေ့ကျူးက သူ့လက်ကို ဖမ်းဆွဲကာ ခေါင်းခါပြသဖြင့် ဟော်ချန်ယဲ့ လျင်မြန်စွာပင် လက်ကို ပြန်ရုပ်သည်။

အပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသော စွန်းယောင်ကျူမှာ အော်ဟစ်လွန်းသဖြင့် အသံပင် ဝင်လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ရှဲ့ယင်းယန် ထွက်လာသည်ကို သူ မမြင်ခဲ့ရပေ။ သို့တိုင် သူ့မျက်နှာပေါ်တွင် မည်သည့် ဒေါသမျှ မတွေ့ရဘဲ အနည်းငယ် စိတ်လှုပ်ရှားနေပုံပင်ပေါ်သည်။

ရှဲ့ယင်းယန်နှင့် သူ့ အိမ်ထောင်ရေးကို အသုံးပြုကာ အကြွေးများကို မည်သို့ ဆပ်ရမည်နည်းဟု သူ စိတ်ကူးယဉ်နေစဉ်မှာပင် ရှဲ့ယင်းယန်က မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရုတ်တရက် ထွက်လာသည်။

လှပပြီး ကြီးမားသော မျက်လုံးတစ်စုံမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သူမ ဖြူဖွေးသော မျက်နှာလေးမှာ ရှုံ့မဲ့ကာ ဝမ်းနည်းနေပုံရပြီး မတရားခံရသည့် ပုံစံပေါက်နေရုံသာမက အလွန် ငယ်ရွယ်ပုံလည်း ပေါက်သည်။

"ကျွန်မ ရှင်နဲ့ ပြန်လိုက်ခဲ့ပါ့မယ်၊ ကျေးဇူးပြုပြီး ဒီမှာ ပြဿ နာမရှာပါနဲ့တော့ ကျွန်မ ရှင်နဲ့ ပြန်လိုက်ခဲ့ပါ့မယ်၊ ဟုတ်ပြီလား"

အနီးအနားတွင် မြင်ကွင်းကို ကြည့်ရှုနေကြသော ဖြတ်သွားဖြတ်လာများက ရှဲ့ယင်းယန်နှင့် စွန်းယောင်ကျူတို့ အသွင် အပြင်ကို မြင်သောအခါ အလိုအလျောက်ပင် ရှဲ့ယင်းယန်ဘက်မှ ရပ်တည်သွားသည်။

သန့်ရှင်းသပ်ရပ်ပုံပေါက်သော ဤကောင်မလေးငယ်လေးအပေါ် သူတို့ ပြင်းထန်သော ကိုယ်ချင်းစာစိတ်နှင့် သနားစိတ်များကို ၀င်လာသည်။

'သူမက အရမ်း နုနယ်ပြီး အပြစ်ကင်းပုံပေါက်တယ်၊ သူမက ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ၊ သူမကို ထွက်သွားအောင် အတင်း ဖိအားပေးခဲ့တာ အဲဒီယောက်ျား မှားတာပဲ ဖြစ်ရမယ်'

စွန်းယောင်ကျူ အသံမှာ အက်ရှနေပြီး သူက အမောတကော အသက်ရှူသော်လည်း သူ့ကို မလိုလားအပ်သော အကြည့်များစွာဖြင့် ဝိုင်းရံထားပြီး မကျေနပ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်ကိုသာ တွေ့လိုက်ရသည်။

စွန်းယောင်ကျူမှာ မှင်သက်သွားတော့သည်။

"???"

'မဟုတ်ဘူးလေ... ဒီလူတွေ ရူးနေတာပဲ'

သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး သူ့ဘေးရှိ ရှဲ့ယင်းယန်ကို တစ်ချက်လှမ်းကြည့်ရာ ပိုစိတ်ပျက်သွားတော့သည်။ သူ မနေနိုင်ဘဲ သူမကို မေးသည်။

"မင်း ငါနဲ့ မကွာရှင်းဘူးလား၊ ငါနဲ့ တကယ် ပြန်လိုက်ခဲ့ချင်တာလား"

ရှဲ့ယင်းယန်မှာ အနည်းငယ် မျက်စိလည်သွားသည်။ ကွာရှင်းခြင်း ဆိုသည့် အယူအဆကို သူမ သေချာ နားမလည်သလို ၎င်းမှာ မှန်လား မှားလားဆိုတာကိုလည်း မသေချာပေ။

သို့သော် စွန်းယောင်ကျူ ဆိုလိုသည်ကိုတော့ သူမ နားလည် သည်။

ကွာရှင်းခြင်းဆိုသည်မှာ သူမ ဤနေရာတွင် ဆက်နေနိုင်ပြီး အစ်မရွေ့ကျူး၊ အစ်ကိုချန်ယဲ့၊ အစ်မရှို့ရှို့တို့နှင့်အတူ ဆက်လက် ရှိနေနိုင်ခြင်းဖြစ်ပြီး ပြန်လိုက်သွားခြင်းဆိုသည်မှာ သူမ ဘဝဟောင်းသို့ ပြန်သွားကာ စွန်းယောင်ကျူ မိသားစုထံမှ အဆက်မပြတ် လှောင်ပြောင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံရမည် ဖြစ်သည်။

ရှဲ့ယင်းယန် ပြတ်သားစွာ ခေါင်းခါသည်။

"ကျွန်မ ရှင်နဲ့ မလိုက်ဘူး၊ ကျွန်မ ကွာရှင်းချင်တယ်"

စွန်းယောင်ကျူမှာ သက်ပြင်းရှည်ကြီးတစ်ခုချပြီး သူ့မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။

'နောက်ဆုံးတော့ ဒီအခြေအနေကို ရောက်လာပြီပဲ'

ထို့ကြောင့် မေးစေ့ကို မော့ကာ သူမကို ကြည့်ပြီး ပြောသည်။

"ကွာရှင်းဖို့က အဲဒီလောက် မလွယ်ဘူး၊ အဲဒီအကြောင်း ပြောရတာ တအား ရှက်စရာကောင်းတယ်၊ မင်းက အရှက်ကွဲတာကို ဂရုမစိုက်ပေမဲ့ ငါတို့ စွန်း မိသားစုကတော့ ဂရုစိုက်တယ်

မင်းကို ယူဖို့ ငါတို့က တင်တောင်းငွေ ပေးခဲ့ရတယ် ပြီးတော့ ဒီလောက် အချိန်တွေ ကြာတာတောင် မင်း ငါတို့ စွန်း မိသားစုအတွက် ကလေး တစ်ယောက်လေးတောင် မမွေးပေးနိုင်ခဲ့ဘူး

ယောက္ခမတွေကိုလည်း ကောင်းကောင်း မလုပ်ကျွေးခဲ့ဘူး၊ အတိုချုပ် ပြောရရင် ရှဲ့ယင်းယန်... မင်း ကွာရှင်းချင်ရင် ငါတို့ စွန်း မိသားစုကို ပိုက်ဆံနည်းနည်း ပေးရမယ်

မဟုတ်ရင် ငါက ရုတ်တရက် မုဆိုးဖို တစ်ယောက် ဖြစ်သွားမှာ၊ အဲဒီတော့ နောက်ထပ် မိန်းမ တစ်ယောက် ရှာဖို့ ခက်သွားမှာပေါ့၊ မင်း ငါ့ကို လျော်ကြေး မပေးသင့်ဘူးလား"

စွန်းယောင်ကျူ အစစ်အမှန် ရည်ရွယ်ချက်များ ပေါ်လာသည်။

သူ့ စကားများကြောင့် စွန်းရှို့ရှို့၊ စွန်းမော်နှင့် အခြားသူများမှာ ဒေါသထွက်သွားသည်။ သူတို့က ထိုပိန်ကပ်ကပ် အမျိုးသားကို စူးရဲစွာ ကြည့်ပြီး ယင်းယန်ကဲ့သို့ ချစ်စရာကောင်းသော ကောင်မလေးတွင် ဤမျှ အဓိပ္ပာယ်မဲ့လွန်းသော အိမ်ထောင်ဖက်မျိုး ရှိလိမ့်မည်ဟု မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

သို့သော် ရှဲ့ချီမှာမူ တည်ငြိမ်နေဆဲပင်။ စွန်းယောင်ကျူ ကာလကြာရှည် ဆူညံပွက်လောရိုက်မှုများမှာ ပိုက်ဆံအတွက် ဖြစ်ကြောင်း သူ ခန့်မှန်းမိပြီး ဖြစ်သည်။ သို့မဟုတ်ပါက သူ သဘောမကျသော ယင်းယန်ကိုရှာရန် ဤမျှ ခရီးဝေး သွားလာမည် မဟုတ်ပေ။

ပုံမှန်အားဖြင့် စွန်းယောင် စရိုက်လက္ခဏာအရ ယင်းယန်ကို သူ သဘောမကျပါက အပြင်တွင် အလွယ်တကူ နေကာ နောက်ထပ် မိန်းမများနှင့် နှစ်အနည်းငယ် ပျော်ပါးနေနိုင်ပြီး ယင်းယန် သူမ မိဘအိမ်သို့ ပြန်သွားသည်ဖြစ်စေ မပြန်သွားသည်ဖြစ်စေ သူ ဂရုစိုက်မည် မဟုတ်ပေ။

ရှဲ့ချီမှာ ဒေါသမထွက်ပေ။ ယင်းယန် ရှေ့တွင် ပိတ်ရပ်ကာ သူ့ စူးရှသော မျက်လုံးများဖြင့် စွန်းယောင်ကျူကို စိုက်ကြည့် သည်။

"မင်း ဘယ်လောက် လိုချင်တာလဲ"

ထိုစကားကို ကြားသောအခါ စွန်းယောင်ကျူ မျက်နှာအမူအရာမှာ ချက်ချင်းပင် လင်းလက်သွားပြီး သူ ကြိုတင် စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

သူက သူ့ လက်ချောင်းများဖြင့် စတင် ရေတွက်ပြသည်။

"မင်းတို့ မိသားစုကို ငါတို့ ပေးခဲ့တဲ့ တင်တောင်းငွေရယ်၊ ဒီနှစ်တွေ အားလုံးမှာ ရှဲ့ယင်းယန် ငါတို့ကို သားတစ်ယောက် မမွေးပေးနိုင်ခဲ့လို့ ငါတို့ မိသားစု မျိုးဆက်ပြတ်လုနီးပါး ဖြစ်ခဲ့ရတာရယ်

အိမ်မှာ သူ အမြဲတမ်း စိတ်ကောက်နေတာရယ်၊ သူ နူးညံ့သိမ်မွေ့မှု မရှိလို့ အချိန်အတော်ကြာ ငါ စိတ်မကြည်မလင်ဖြစ်ခဲ့ရပြီး ရေရှည် ဆေးသောက်ခဲ့ရတာရယ် ပြီးတော့ ငါ့ မိဘတွေအတွက်၊ အတိုချုပ် ပြောရရင် အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် ငါးထောင်"

သူက လက်ကို ဝှေ့ယမ်းကာ လက်ချောင်းများကို ဖြန့်ပြပြီး ရှဲ့ချီထံမှ တောင်းဆိုရင်း ပြုံးဖြီးဖြီး လုပ်လေသည်။

"ငါ့ကို ယွမ်ငွေ ငါးထောင်ပေး၊ အခုချက်ချင်း ရှဲ့ယင်းယန်နဲ့ ငါ ကွာရှင်းပေးမယ်၊ ငါ စာရွက်စာတမ်းတွေ အကုန် ယူလာတယ်"

'ငါးထောင်တောင်'

ဤကိန်းဂဏန်းကြောင့် ရှဲ့ချီနှင့် ရှဲ့ယင်းယန်သာမက စွန်းရှို့ရှို့နှင့် မြင်ကွင်းကို ကြည့်ရှုနေသူများပင် အံ့အားသင့်ကာ အသက်ရှူမှားသွားသည်။

ယွမ်ငွေ ငါးထောင်ဆိုသည်မှာ ပမာဏ အနည်းငယ် မဟုတ်ပေ။ ယနေ့ခေတ်တွင် လူနည်းစုသာလျှင် ဤမျှ များပြားသော ငွေကြေးကို တတ်နိုင်ကြသည်။

လူအများစုမှာ လက်ထပ်ပြီးနောက် အကြွေးတောင်ကြီး တစ်ခုနှင့် ရင်ဆိုင်ရပြီး အသက် သုံးဆယ်၊ လေးဆယ်အရွယ် ရောက်သည်အထိပင် အကြွေးဆပ်၍ မပြီးနိုင်ကြပေ။ ထိုမျှ ငွေများများ ရှိသူများမှာ အလွန် ရှားပသည်။

ရှဲ့ချီ ရှေ့သို့ လှမ်းသွားကာ စွန်းယောင်ကျူ အင်္ကျီကော်လံကို ဆွဲလိုက်ပြီး သူ့ကို အေးစက်စွာ ငုံ့ကြည့်သည်။ သူ့ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

"မင်း ငါ့ကို နောက်နေတာလား စွန်းယောင်ကျူ၊ ဒါ ရယ်စရာ ကောင်းတယ်လို့ ထင်နေတာလား"

စွန်းယောင်ကျူမှာ မကျေမနပ် ဖြစ်သွားတော့သည်။ သူက ရုန်းကန်ကာ မျက်နှာနီမြန်းစွာဖြင့် ပြောသည်။

"ငါ နောက်နေတာ မဟုတ်ဘူး၊ ငါ ယွမ်ငွေ ငါးထောင် လိုချင်တယ်၊ အဲဒီပိုက်ဆံရရင် သူ့ကို ချက်ချင်း ကွာရှင်းပေးမယ်၊ မဟုတ်ရင် ငါ သူ့ကို တစ်သက်လုံး တွယ်ကပ်နေမှာပဲ

ဘယ်လိုပဲဖြစ်ဖြစ် သူက ပိုက်ဆံရှာနိုင်တာပဲ၊ အဲဒါက ငါတို့ နှစ်ယောက်စလုံးရဲ့ ပိုက်ဆံပဲဆိုတော့ ငါကတော့ ရှုံးစရာ မရှိပါဘူး"

ရှဲ့ချီမှာ ဒေါသထွက်သွားပြီး သူ့ ဒေါသများက သရော်လှောင်ပြောင်သော ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။

"စွန်းယောင်ကျူ၊ မင်းက ကွာရှင်းတာကို ပိုက်ဆံရှာတဲ့ ကိရိယာအဖြစ် သုံးနေတာပဲ မဟုတ်လား၊ ငါးထောင်ကို တွေးတောင် မတွေးနဲ့၊ တစ်ထောင်တောင် မရဘူး

မင်း ပေးခဲ့တဲ့ တင်တောင်းငွေက ငါးရာပဲ ရှိတာလေ၊ ယင်းယန် က မင်းနဲ့ လက်ထပ်ပြီးမှ အဲဒီ ငါးရာကို မင်း ချေးငှားလာတယ်ဆိုတာ သိခဲ့ရတာ၊ သူက မင်းရဲ့အကြွေးတွေကို ဆပ်ပေးနေရတာလေ၊ ငါးရာယွမ်က မင်း အိတ်ကပ်ထဲ ပြန်ရောက်သွားရုံတင် မကဘူး၊ သူပါ ငွေတွေ ရှုံးရတာ"

"ကလေးရဖို့ အကြောင်းတောင် မပြောနဲ့၊ မင်းတို့ လက်ထပ်ထားတာ အချိန်တိုလေးပဲ ရှိသေးတယ်၊ မင်းက အိမ်မှာ ဇနီးသည်နဲ့ နေဖို့နဲ့ လယ်ထဲမှာ အလုပ်လုပ်ဖို့ အာရုံမစိုက်ဘဲ နေရာတိုင်းမှာ လျှောက်သွားနေတာလေ

အဲဒီအစား မင်းက အပြင်မှာ ပျော်ပါးပြီး တခြား မိန်းမတွေနဲ့ နေ့တိုင်း တွေ့နေတာလေ၊ ယင်းယန်ကို ဘယ်သူနဲ့ ကလေးရခိုင်းနေတာလဲ

မင်းက အိမ်မှာရောနေလို့လား ဟမ်... ပြီးတော့ မင်းလို လူယုတ်မာမျိုးနဲ့ ယင်းယန်က ဘာလို့ ကလေးရရမှာလဲ၊ မင်း အိပ်မက်မက်နေတာလား"

"မင်းကို ပြောလိုက်မယ်၊ အိပ်မက်သာ ဆက်မက်နေလိုက်"

All Chapters