အခန်း ၂၁၁
Vol. 22 Ch. 211
Chapter 211
"ငါတို့မှာ ငါးထောင် မရှိဘူးဆိုတာကိုတော့ ထားလိုက်တော့... ရှိရင်တောင်မှ မင်းကို မပေးဘူး၊ ထွီ..."
ရှဲ့ချီက မည်သည့် ယဉ်ကျေးမှုမျှ မရှိဘဲ စွန်းယောင်ကျူ မျက်နှာကို တံတွေးနှင့် ထွေးပစ်သည်။
စွန်းယောင်ကျူမှာ အနေရခက်စွာဖြင့် သူ့ မျက်နှာကို လျင်မြန်စွာ သုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ပြန်သည်။
ရှဲ့ချီက သူ့ကို လျစ်လျူရှုကာ လှည့်ထွက်သွားပြီး စွန်းယောင်ကျူကို စွန်း မိသားစုနှင့် သေချာ ဆွေးနွေးနိုင်ရန် အိမ်သို့ ပြန်ခေါ်သွားရန် ပြင်သည်။
စွန်းယောင်ကျူက ရုန်းကန်ကာ အသံကို မြှင့်ပြောသည်။
"ရှဲ့ချီ၊ မင်းမှာ ပိုက်ဆံမရှိပေမဲ့ တခြားသူတွေမှာ ရှိတယ်လေ၊ ငါ့ ဝမ်းကွဲရဲ့ ဝမ်းကွဲ အစ်ကိုဟော်နဲ့ သူ့မိန်းမမှာရှိတယ်ထ သူတို့ ပိုက်ဆံတွေ ရှာနိုင်နေတာ မဟုတ်ဘူးလား
သူတို့ဆီမှာ ပိုက်ဆံရှိတယ်၊ သူတို့ဆီ သွားတောင်း၊ အဲဒီပိုက်ဆံရရင် ငါ ရှဲ့ယင်းယန် နဲ့ ကွာရှင်းပေးမယ်၊ မဟုတ်ရင် မင်းတို့ မိသားစု ငါ့ကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး
ငါ ရှဲ့ယင်းယန် ကို လာကြည့်ဖို့ နေ့တိုင်း မြို့ကို လာမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့မိန်းမပဲ၊ တကယ်လို့ မင်း ငါ့ကို လက်ဖျားနဲ့တောင် လာထိရင် ငါ ရဲခေါ်မယ်၊ လူတွေကို အကြမ်းဖက်နေတယ်၊ လူတွေကို အကြမ်းဖက်တယ်ဟေ့"
သူက လုပ်ရိုးလုပ်စဉ်များကို အသုံးပြုကာ မြို့ပေါ်တွင် ဆူညံပွက်လောရိုက်အောင် လုပ်ပြီး မြေကြီးပေါ်တွင် လှဲကာ ကလေးတစ်ယောက်အလား လူးလှိမ့်တော့သည်။
ပတ်ဝန်းကျင်မှ လူအများအပြားမှာ သူ့အစား ရှက်ရွံ့မိကြသည်။ ယွီရွေ့ကျူး ရုတ်တရက် ပြုံးပြီး ပြောလာသည်။
"ရှင် ပိုက်ဆံလိုချင်တာလား၊ ဟုတ်လား... ကောင်းပြီလေ"
ရှဲ့ချီက အံ့အားသင့်သွားပြီး ရုတ်တရက် လှည့်ကြည့်လာသည်။
ယွီရွေ့ကျူး ထိုစကားကို ပြောသည်နှင့် တစ်ပြိုင်နက် လူအများအပြားက သူမကို အကြိမ်ကြိမ် လှမ်းကြည့်လာသည်။
ဆိုင်တွင် အလုပ်လုပ်နေကြသော စွန်းရှိရှိနှင့် စွန်းမော် မောင်နှမနှစ်ယောက်မှာ မနေနိုင်ဘဲ တီးတိုး ပြောမိသည်။
"အစ်မက သူ့ကို တကယ် ပိုက်ဆံ မပေးသင့်ဘူး"
ပတ်ဝန်းကျင်ရှိ လူများထဲတွင် ဝမ်းသာအားရ ဖြစ်နေသူမှာ စွန်းယောင်ကျူ တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
သူက ကပျာကယာ ထရပ်ကာ အဝတ်အစားများကို ဖုန်ခါလိုက်ပြီး ယွီရွေ့ကျူး၏ ဖြူဖွေးသော မျက်နှာလေးကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ တောက်ပသွားပြီး မနေနိုင်ဘဲ ပြောသည်။
"ဒါ... ဒါက ဟုတ်တယ်လေ... မင်းက လှလည်းလှတယ်၊ ဉာဏ်လည်း ကောင်းတယ် မဟုတ်လား၊ အားလုံးအတွက် ကောင်းတဲ့ကိစ္စ ဖြစ်သင့်ပါတယ်
ပိုက်ဆံကို မြန်မြန်ပေးလိုက်ရင် ငါ ထပ်ပြီး ပြဿနာ မရှာတော့ပါဘူး၊ ငါလည်း မြန်မြန် ပြီးသွားရင် အိမ်ပြန်လိုရပြီလေ... ရှဲယင်းယန် နဲ့ ငါက ဘယ်တုန်းကမှ ခံစားချက် မရှိခဲ့ကြဘူး၊ ဒီအိမ်ထောင်ရေးက ငါတို နှစ်ယောက်စလုံးအတွက် နှိပ်စက်မှု တစ်ခုပဲ..."
စွန်းယောင်ကျူက အရှက်မရှိစွာဖြင့် အနီးသို တိုးကပ်လာပြီး ယွီရွေ့ကျူးကို ပြုံးပြကာ လက်ဆန့်ထုတ်လျက် ပြောသည်။
"သူတို မပေးရင်လည်း တခြားတစ်ယောက်က ပေးမှာပေါ့၊ ရှဲယင်းယန်က ဒီနားမှာ အလုပ်လုပ်နေတယ်လို ကြားတယ်
မင်းရဲ့ ဝက်သားနှပ်ဆိုင်ကလည်း အရောင်းအဝယ် ကောင်းနေတာပဲ၊ မင်းမှာ ပိုက်ဆံရှိတာပဲ... ဘာလို သူ့အတွက် မပေး လိုက်တာလဲ
ယွမ်ငွေ ငါးထောင်ဆိုတာ မင်းအတွက် ဘာမှ မဟုတ်ပါဘူး၊ ခဏနေရင် ပြန်ရှာလိုရတဲ့ ဟာကို"
သူက ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်ကို မျက်စိကျနေကြောင်း ရှင်းလှသည်။ သူက ဤနေရာတစ်ဝိုက်ကို စောင့်ကြည့်ခဲ့ခြင်း သိုမဟုတ် တစ်စုံတစ်ယောက်က ဆိုင် အမြတ်အစွန်းများအကြောင်း သူ့ကို ပြောပြထားခြင်းဖြစ်ပေမည်။
ယွီရွေ့ကျူး မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး သူ့ လောဘကြီးကာ မျှော်လင့်ချက် ကြီးမားနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ အကြည့်လွှမိသည်။ သူမက လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ကစားကာ မှုတ်ထုတ်လိုက်ပြီး ပြောသည်။
"ယွမ်ငွေ ငါးထောင်က ဘာမှ မဟုတ်ဘူး ဟုတ်လား၊ ရှင့်ရဲ့ စွန်းမိသားစုက အတော်လေး ချမ်းသာတာပဲ၊ ဒါကြောင့် ယင်းယန် ရဲ့ ကွာရှင်းစာချုပ်အတွက် ဒီလောက် စိုးရိမ်ပူပန်နေစရာ မလိုပါဘူး၊ အမှန်တိုင်း ပြောရရင် ယွမ်ငွေ ငါးထောင်ကို တွေးတောင် မတွေးနဲ့"
သူမ စကားများကြောင့် မမျှော်လင့်ဘဲ အံ့အားသင့်သွားသော စွန်းယောင်ကျူမှာ ပြာယာခတ်သွားသည်။
"ငါတိုမှာ ပိုက်ဆံမရှိပါဘူး၊ မင်းတိုမှာ ပိုက်ဆံရှိတာလေ၊ ယွမ်ငွေ ငါးထောင်တည်းကို... မင်းတို မိသားစုက ဒီလောက် ကြီးကျယ်ခမ်းနားနေတာ၊ ဒီလောက်လေးအတွက် ငါနဲ့ ဈေးဆစ်မနေပါနဲ့"
ယွီရွေ့ကျူးက သူ့ကို တစ်ချက်မျှပင် မကြည့်တော့ပေ။ မတ်တတ်ရပ်ရသည်ကို ပင်ပန်းလာသဖြင့် သူမက ဟော်ချန်ယဲ့ ရင်ဘတ်ကို မှီကာ သူ့ လက်မောင်းပေါ်ရှိ တင်းရင်းသော ကြွက်သားများကို ပွတ်သပ်ရင်း ကျေနပ်စွာဖြင့် မျက်လုံးများကို တစ်ဝက်မှိတ်ထားသည်။ လက်တစ်ချောင်း ထောင်ပြကာ စွန်းယောင်ကျူကို ပြောသည်။
"တစ်ထောင်"
စွန်းယောင်ကျူ "..."
သူ ခေါင်းကို ကုတ်ကာ ကြိတ်ဆုံဆွဲရသော မြည်းအိုကြီး တစ်ကောင်အလား ချာချာလည်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံ ရသည်။
"မရဘူး"
သူက ဒေါသတကြီးဖြင့် ရှဲယင်းယန်ကို လှမ်းဆွဲသည်။
"မင်း ငါ့ကို နောက်နေတာလား၊ မင်းက ဒီလောက် လှနေတာကို ဘယ်လိုလုပ် ဒီလို ဈေးဆစ်နိုင်ရတာလဲ... ယွမ်ငွေ တစ်ထောင်လား၊ ဒါဆို ငါ မင်းနဲ့ မကွာရှင်းဘူး၊ ရှဲယင်းယန်၊ ငါနဲ့ လိုက်ခဲ့၊ အိမ်ပြန်ပြီး သာမန်ဘဝလေးပဲ နေကြမယ်"
စွန်းယောင်ကျူက ယင်းယန်ကို ငွေရှာသည့် ကိရိယာတစ်ခုအဖြစ် လုံးဝသဘောထားနေသည့်အလား ပြုမူလေသည်။ ယွီရွေ့ကျူးနှင့် အခြားသူများထံမှ မျက်နှာသာရရန် ကြိုးစားမှု မအောင်မြင်သောအခါ သူ့ မျက်နှာအမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
သူက ရှဲယင်းယန် သွယ်လျသော ခန္ဓာကိုယ်လေး နာကျင်သွားမည်ကို ဂရုမစိုက်ဘဲ သူမ လက်မောင်းကို အကြမ်းပတမ်း လှမ်းဆွဲကာ သူ့ဘက်သို အားကုန် ဆွဲလိုက်သည်။
'အာ... သူ သူမကိုဝောာင် မရွှေ့နိုင်ပါလား'
စွန်းယောင်ကျူ ထပ်ဆွဲသော်လည်း လုံးဝ မရပေ။
သူ ဒေါသထွက်ကာ ရှက်ရွံသွားသဖြင့် လူအုပ်ကြီးကိုဝေ့ကြည့်ရာ ဟော်ချန်ယဲ့ ယွီရွေ့ကျူးနှင့် ရှဲချီတို အားလုံးက လက်ပိုက်ကာ တည်ငြိမ်စွာ ရပ်နေကြပြီး သူ့ကို တားဆီးမည့် ရည်ရွယ်ချက် မရှိဘဲ ရှဲယင်းယန်ကို ဆွဲခွင့်ပေးထားသည်ကိုသာ တွေ့လေသည်။
ရုတ်တရက် အသိဝင်လာပြီး စွန်းယောင်ကျူက သူနှင့် ရှဲယင်းယန်ကြားရှိ ကြီးမားလှသော ခွန်အား ကွာခြားချက်ကို အနေရခက်စွာ ပြန်လည် သတိရလာသည်။
အိမ်တွင် သူက ပန်းကန် သိုမဟုတ် ခွက်တစ်ခုခုကို ခွဲရန် ကြိုးစားလျှင် ရှဲယင်းယန် ခွန်အားနှင့် ယှဉ်ပြိုင်ရန် ကြိုးစားလျှင်ပင် သူ အလွယ်တကူ ရှုးနိမ့်ကာ သနားစရာကောင်း သော အခြေအနေသို ရောက်လေ့ရှိသည်။
သူ ရှဲယင်းယန်ကို မတွေ့ရသည်မှာ အတန်ကြာပြီဖြစ်ပြီး သူမ ဖြူဖွေးနုဖတ်သော အသွင်အပြင်ကြောင့် အလွယ်တကူ လှည့်စားခံလိုက်ရသဖြင့် ယခုမှသာ စွန်းယောင်ကျူ ပြန် လည် သတိရလာခြင်းဖြစ်မည်။