← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

Chapter 218

ချင်လီလီက မဖြေပေ။ ခဏကြာပြီးနောက် သူမက ခေါင်းငုံ့ကာ ဗိုက်ကို ဖိထားသည်။

"ကြီးကြပ်ရေးမှူး၊ ကျွန်မ ဗိုက်နာနေလို့ပါ၊ အိမ်သာသွားမှ ရမယ်"

ကြီးကြပ်ရေးမှူးက သူမကို တစ်ချက် ကြည့်သည်။

"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့"

ချင်လီလီက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီးနောက် အခန်းထဲမှထွက်ကာ အိမ်သာဘက်သို့ လျှောက်သွားလိုက်သည်။

သို့သော် အိမ်သာသို့ မရောက်မီတွင် သူမ တုံ့ဆိုင်းသွားပြီး ထောင့်အချို့ကို ချိုးကွေ့ကာ အနီးရှိ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် နားနေခန်းထဲသို့ မဝံ့မရဲ ချောင်း ကြည့်လေသည်။

နားနေခန်း တံခါးမှာ ပိတ်ထားသော်လည်း မှန်ချပ်များမှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာသော နေရောင်ခြည်များကြောင့် အထဲတွင် ဘာဖြစ်နေသည်ကို ဝေဝါးစွာ မြင်နိုင် သည်။

ချင်လီလီက လက်သီးကို ဆုပ်ထားပြီး သတိထားကာ ချောင်းကြည့်ရာ သူမ လုံးဝ မှင်သက်သွားရသည်။

အခန်းထဲတွင် ယွီရွေ့ကျူးက နူးညံ့သော အမှုဆောင်ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်လုံးများကို သက်တောင့်သက်သာ မှေးထားလျက် ဟင်းချက်နည်း အချိုးအဆ ပြင်ဆင်ချက်များကို သူ့အား ရှင်းပြနေသည်။

'ချမ်းသာတာက တကယ်ကို ကောင်းတာပဲ'

ဟော်ချန်ယဲ့က ထိုဟင်းချက်နည်း အချိုးအဆများအကြောင်းကို သိပ်နားမလည်သော်လည်း ယွီရွေ့ကျူးကို ယုံကြည်သဖြင့် အရံအစားအစာ ထုတ်ကုန်များအတွက် သူ့ အနာဂတ် အစီအစဉ်များနှင့် အရောင်းလမ်းကြောင်းများကို ပြန်လည် ရှင်းပြသည်။

သူ ပြောလေလေ ယွီရွေ့ကျူးက ပိုအိပ်ချင်လာလေလေ ဖြစ်ပြီး မျက်လုံးများကို မှိတ်ထားကာ ဖွင့်ပင် မဖွင့်ချင်တော့ပေ။

ဟော်ချန်ယဲ့က စကားပြောရပ်လိုက်ပြီး သူမကို ငုံ့ကြည့်ကာ နူးညံ့သော လေသံဖြင့် မေးသည်။

"ရွေ့ကျူး... အခုတလော မင်း အိပ်ချင်လွယ်နေသလိုပဲ၊ နေမကောင်းလို့လား၊ ပင်ပန်းနေလို့လား၊ ဒါမှမဟုတ် တခြား အကြောင်းအရင်း တစ်ခုခု ရှိလို့လား"

ယွီရွေ့ကျူးက တီးတိုးလေး ပြန်ဖြေသည်။

"ဟင်... မဟုတ်ပါဘူး"

သူမက မသိမသာ မျက်မှောင်ကြုတ်ပြီး မျက်နှာလေး ရှုံ့မဲ့သွားသည်။

"အဲဒီလောက်ကြီး ပင်ပန်းစရာ ဘာမှမလုပ်ရပါဘူး၊ ဓမ္မတာ လာခါနီးလို့ ဖြစ်မယ်"

ဟော်ချန်ယဲ့က ဂရုတစိုက် ပြောသည်။

"ဒါဆို မင်း ဗိုက်နာနေမှာပေါ့၊ ကိုယ် ပွတ်ပေးမယ်လေ"

သူက ရှေ့သို့ တိုးကပ်သွားသည်။

သူ ယွီရွေ့ကျူးကို ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး သူ့ လက်တံ ရှည်ကြီးကို သူမ ခါးပေါ်သို့ တင်ကာ မေးစေ့ကို သူမ ခေါင်းပေါ်တွင် မှီထားသည်။

သူ့ လက်ဖဝါးကြီးကို သူမ ဗိုက်ပေါ်တွင် ညင်သာစွာ တင်ထားပြီးနောက် ဖြည်းညှင်းစွာ စက်ဝိုင်းပုံစံ ပွတ်သပ်ပေးနေတော့ သည်။

ဤကဲ့သို့ ရင်းနှီးသော ကိုယ်ဟန်အနေအထားမှာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့အတွက် ပုံမှန်ကိစ္စသာ ဖြစ်သည်။

သူတို့က နေ့စဉ်လိုလို ဖက်ထားတတ်ပြီး ညဘက်တွင်ပင် ခွဲမရနိုင်လောက်အောင် ဖြစ်ကာ ယွီရွေ့ကျူးမှာ ညတိုင်း ဟော်ချန်ယဲ့ ရင်ဘတ်ပေါ်တွင် ခေါင်းအုံးပြီးမှသာ အိပ်ပျော်နိုင်သည်။

ယွီရွေ့ကျူးကော ဟော်ချန်ယဲ့ပါ ဤကိစ္စကို ဘာမှမထူးဆန်းဟု ထင်မှတ်ထားသော်လည်း မြင်တွေ့ရသူများအဖို့တော့ အလွန် အံ့သြစရာပင်။

အထူးသဖြင့် ချင်လီလီက သူမ စကားပြောချင်ရုံလေးကိုပင် ဟော်ချန်ယဲ့က အေးစက်စွာ ငြင်းဆန်ခဲ့ပုံကို ပြန်လည် သတိရသွားသည်။

ယခု သူမ မျက်မြင်တွေ့နေရသော နူးညံ့ကြင်နာမှုများနှင့် နှိုင်းယှဉ်လိုက်ရာ ၎င်းမှာ လုံးဝ မယုံကြည်နိုင်စရာပင် ဖြစ်နေတော့သည်။

အထဲတွင်တော့ ဟော်ချန်ယဲ့က ယွီရွေ့ကျူး ဗိုက်ကို အတန် ကြာ ပွတ်သပ်ပေးနေသည်။ သူမ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ အကြောအခြင်များ ပြေလျော့စေရန် အကြောများကို နှိပ်နယ်ပေးခြင်းအကြောင်း စက်ရုံဝန်ထမ်းများပြောခဲ့သည်ကို သတိရသွားသည်။ သူ မဝံ့မရဲဖြင့် မေးသည်။

"ရွေ့ကျူး... မင်းခေါင်းကို ကိုယ် နည်းနည်းလောက် နှိပ်ပေးရမလား"

ယွီရွေ့ကျူး ပြန်ဖြေသည်။

"ဟင်... အင်း၊ ကောင်းတာပေါ့"

ဟော်ချန်ယဲ့က ဤပညာကို တစ်ခါမျှ သင်ယူဖူးခြင်း မရှိသလို အကြောအခြင်များနှင့် ပတ်သက်၍လည်း ဘာမျှ နားမလည်ပေ။

သူ ယွီရွေ့ကျူး ဦးရေပြားကို နှိပ်နယ်ပေးခြင်းမှာ သူ့ လက် ဖဝါးကြီးများဖြင့် ညင်သာစွာ ထိတွေ့ကာ တစ်ခါတစ်ရံ ကုတ်ဖဲ့ပွတ်သပ်ပေးခြင်းသာ ဖြစ်သည်။ သူ မျက်မှောင် ကြုတ်သွားပြီး နောက်ပိုင်းတွင် အကြောနှိပ်နည်းကို သင်ယူသင့်သည်ဟု တွေးမိသည်။

သို့သော် မထင်မှတ်ထားဘဲ ဤရိုးရှင်းသော နှိပ်နယ်မှုလေးက အတော်လေး အကျိုးသက်ရောက်မှု ရှိပုံပေါ်သည်။

အနည်းဆုံးတော့ ယွီရွေ့ကျူး တင်းကျပ်စွာ တွန့်ချိုးနေသော မျက်မှောင်များမှာ တဖြည်းဖြည်း ပြေလျော့သွားသည်။

ဟော်ချန်ယဲ့ တင်းမာနေသော စိတ်များလည်း ပြေလျော့သွားတော့သည်။ သူ မျက်လွှာများကို ချထားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လွင်နေကာ ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်မျှ မရှိတော့ပေ။

ဤနားနေခန်းထဲတွင် သူ၏ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်နှင့် လုံးဝ ကွဲပြားခြားနားစွာဖြင့် ယွီရွေ့ကျူးကို အလွန် နူးညံ့သိမ်မွေ့စွာ နှိပ်နယ်ပေးသည်။

ပြတင်းပေါက် အပြင်ဘက်မှ ကြည့်နေသော ချင်လီလီမှာ အိပ်မက်မက်နေသလိုပင် ခံစားလိုက်ရသည်။

သူမ ဆက်၍ သည်းမခံနိုင်တော့ဘဲ အလုပ်ရုံသို့ ပြန်သွားခဲ့သော်လည်း သူမ စိတ်ထဲတွင် ဟော်ချန်ယဲ့က ယွီရွေ့ကျူးအား အကြောနှိပ်ပေးနေသည့် မြင်ကွင်းသာ ပြည့်နှက်နေသည်။

'နေပါဦး... ဒါက ငါ လုပ်ရမယ့် အလုပ်လေ၊ သူဌေးက ဘယ် လိုလုပ် သူများရဲ့ အကြံဉာဏ်ကိုခိုးပြီး ငါ့ရဲ့ လုပ်ရည်ကိုင် ရည်ကို သူများအကျိုးအတွက် အသုံးချရတာလဲ'

'ပြီးတော့ အခန်းထဲက အဲဒီ နူးညံ့သိမ်မွေ့တဲ့သူက တကယ်ပဲ ငါတို့ စက်ရုံက ခပ်တည်တည်နဲ့ အမြဲတမ်း တိတ်ဆိတ်နေတတ်တဲ့ သူဌေးဟော် ဟုတ်ရဲ့လား

အဲဒီတုန်းက သူက ငါ့အပေါ်ကို အရမ်း အေးစက်ခဲ့တာလေ… ဒါဆို သူက သူ့မိန်းမ အပေါ်မှာပဲ ကြင်နာတတ်တာပေါ့'

အစောပိုင်းက သူမ ဝမ်းကွဲအစ်မဖြစ်သူ တွေဝေနေသော အမူအရာက ဘာကိုဆိုလိုသနည်းဆိုတာကို ချင်လီလီ အဆုံးတော့ နားလည်သွားတော့သည်။

သူမ ပါးပြင်များမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားပြီး အလွန်အ မင်း ရှက်မိသွားသဖြင့် နောက်ပိုင်း လအနည်းငယ်ကြာသည်အထိ သူဌေးဟော်ကို ကြောင်ကိုတွေ့သော ကြွက်လို ရှောင်ပုန်းမိသည်။

သူ့ကို နှိပ်နယ်ပေးမည်ဟု ပြောခဲ့သော ဝန်ထမ်းအဖြစ် သူမကိုမှတ်မိမည်ကိုပင် အလွန်ကြောက်ရွံခဲ့သည်။

ထို့နောက် ဆောင်းဦးရာသီ နောက်ဆုံးသစ်ရွက်ကြွေကျချိန်နှင့် ဟော်ချန်ယဲ့ စက်ရုံသစ် ဖွင့်လှစ်တော့မည့် အချိန်တွင်တော့ ပြဿနာများ စတင် ရိုက်ခတ်လာတော့သည်။

All Chapters